မင်္ဂလာပါရွာသူရွာသားအပေါင်းသူတော်ကောင်းတို့ ရွာထဲဒီနေ့မှအင်တာနက်လေးကောင်းလို့ဝင်ကြည့်မိတယ်… အတော်လေးပြန်လည်စီကားနေတာတွေ့လို့….အံ့ဩဝမ်းသာဖြစ်မိကြောင်းပါ တကယ်တော့ပို့စ်တွေကိုကွန်မန့်တွေပေးကြရာမှာ ဖွဘုတ်တော်ကြီးပေါ်မှာထက်ဒီဂဇက်ရွာမှာမန့်ရတာပိုလေးနက်သလိုခံစားရသဗျ…..အာ့လေးလာပြောရင်း… တင်ခဲ့ဖူးတဲ့..ရွာသူသားပြန်ခေါ်စာလေးရီနယူးပြန်လုပ်ချင်လာသဗျို့ ရွာသူရွာသားအပေါင်း သူတော်ကောင်းတို့… ယနေ့သည်ကား မန္တလေးဂေဇက်ဝက်ဆိုက် ကြီးအတွက် အင်မတန်မှ မင်္ဂလာရှိလှသောနေ့ ကြီးတစ်နေ့ ဖြစ်ပေတော့သည် အဘယ့်ကြောင့်နည်းဟူမူကား… ရွာ၏လူကောင်း၊ လူဟောင်းများစွာ လူသစ်ပါဝင် ရွာထဲဝင်ကြ ရွာစည်လှ၍ သူကပို့စ်တင် ကိုယ်ကခင်နှင့် ကွန်မန့်တွေပေး ပျော်ကြသေးတော့ ဒီလိုမြင်ကွင်း မြင်ရခြင်းကြောင့် ကျုပ်၏ရင်ဝယ် ပီတိလှိုင်းခတ် ငတ်ခဲ့သည့် အချစ် ပြန်ရဘိသို့ ။   ဒီမှာသဂျီး  ဒီရွာကြီးဟာ သင်၏ရွာပါ  ဒါပေသော်ငြား ရွာဆိုသည်မှာ လူသူမရှိ တိတ်ဆိတ်ဘိငြား တစပြင်အလား ဖြစ်နေငြားက သင်၏ရွာသည် ရွာဟု မတွင် တစပြင်တည်း။   ယခုခါမူ ရွာမှမြို့တက် ရွာကိုမေ့လျှက် ရွာကိုမဝင် ရွာမခင်ဟန် မေ့ ခဲ့ […]


      ဒီနှစ်ဒီဇင်ဘာမှာ မန်းလေးကငယ်သူငယ်ချင်းတွေအတင်းခေါ်လို့ မန်းလေးကအလယ်တန်းကျောင်းဆရာဟောင်းကြီးများ ကန်တော့ပွဲကိုသွားဖြစ်ခဲ့ပါတယ်… ၅တန်း၊ ၆တန်း လောက်ကတည်းက အတူကျောင်းတက်ခဲ့ကြတဲ့ နှစ်ပေါင်း၄ဝကျော် မတွေ့ဖြစ်ကြတဲ့ ငယ်သူငယ်ချင်းများကို တွေ့ချင်တာလည်းပါပါတယ်။ ူငယ်ချင်းတွေပြန်တွေ့ကြတော့လည်း တစ်ယောက်ကိုတစ်ယောက် မနည်းကြည့်ပြီး ငယ်ရုပ်ဖမ်းယူရတယ်…ရီလည်းရီရပါရဲ့… ဒီကာတွန်းလေးထဲကအတိုင်းပေါ့   ယောက်ကျားလေးတွေကလည်းလူစုမိတာနဲ့ သောက်ထားကြပြီ…မိန်ကလေးတော်တော်များများကဝတုတ်တွေ…ခိခိ သူငယ်ချင်းတွေနဲ့စစ်ကိုင်းတောင်က ဆွမ်းဦးပုညရှင်၊ ကောင်းမှုတော်တို့လျောက်လည်ပြီး ကြုံရာဆိုင်မှာစားကြသောက်ကြပေါ့.. အပြန်ကျ ထုံးစံအတိုင်း ဦးပိန်ရောက်……ဦးပိန်မှာလည်းပိတ်ရက်မို့ လူအပြည့်…ဒါကြောင့်တံတားပေါ်တောင်မတက်ဖြစ်ပဲ လှေပဲပါတ်စီးပြီးဓါတ်သေရိုက်ခဲ့တယ်…တံတားတိုင်တွေအခြေအနေအတော်ဆိုးနေပြီဗျာ…..         နောက်နေ့မနက်ပိုင်းတော့ ကျောင်းတော်ကြီးမှာဆရာကန်တော့ပွဲပေါ့…ကျုပ်တို့နေခဲ့တုန်းကတော့ တပ်တွင်းတွဲဖက်အလကပေါ့ ခုတော့ အထကကျောင်းကြီးဖြစ်နေပါပြီ….ကျုပ်ဆိုတဲ့ကောင်ကလည်းတလွဲ..အောက်ပုံမှာပါတဲ့ဆရာတွေကြိုတဲ့အပေါက်ကဝင်ချသွားတာ အကန်တော့ခံလာတဲ့ဆရာမှတ်ပြီး ရင်ဘတ်တံဆိတ်အတင်းတတ်ပေးကြသဗျ…ကျုပ်လည်းအဲ့တံဆိတ်ကြီးနဲ့လျောက်သွားနေတာပေါ့ သူငယ်ချင်းတွေနဲ့တွေ့မှ အဖြစ်မှန်သိပြီးရီလိုက်ကြရတာ….. တံဆိတ်ဝိုင်းကမန်းကတန်းဖြုတ်ပစ်ရတယ်…မဟုတ်ရင်စင်ပေါ်ကြွပါလုပ်နေမှ အခက်… ငယ်ဆရာတစ်ယောက်က ဆို ကျုပ်ကိုခွေးမသား..ခုထိသောက်တလွဲလုပ်တုန်းဆိုပြီးပြုံးပြုံးကြီးပြောတော့ သူငယ်ချင်းတွေပွဲကျသွားပြန်ရော….         […]


ဒီဓါတ်ပုံလေးတွေကို…ဒီနေ့မနက် The Landslide Victory’ Post (FB) မှာတွေ့တော့ စိတ်ထဲခံစားမှုတချို့ဖြစ်ပေါ်လာတယ်ဗျ…. ဒေါ်စုပုံကတော့ ဒီနေ့ခေတ်လို ကင်မရာတွေ ၊ လက်ကိုင်ဖုန်းတွေပေါတဲ့ခေတ်မှာ သူ့အိုက်တင်အမျိုးမျိုး ၊ နေရာအမျိုးမျိုးမှာရိုက်ထားတဲ့ပုံတွေရနိုင်တာသိပ်မဆန်းလှ… ဗိုလ်ချုပ်တို့ခေတ်အခါက ကင်မရာဆိုတာတကယ့်ရှားပါးပစ္စည်း..လူတိုင်းတောင်မမြင်ဘူးနိုင်တဲ့ခေတ် ..ကျန်တဲ့ပုံတွေထက် လှေပေါ်တက်နေတဲ့ဗိုလ်ချုပ်ပုံကို အမိအရဖမ်းယူနိုင်ခဲ့တာ( ကင်မရာမန်းရိုက်ဖြစ်ခဲ့တာ) ထူးဆန်းတဲ့အထဲထည့်ရလိမ့်မယ်.. အခုလိုရှေးနဲ့ယခု ဓါတ်ပုံလေးတွေယှဉ်ပြတာတွေ့တော့…တူနိုင်ရက်လေခြင်းလို့တွေးမိပြီး အံ့ဩမိတာပါ…ဖအေတူသမီးအစစ်မို့တူတာပေမဲ့…..ဒီလောက်နဲ့တင် တူတာရပ်စေချင်စိတ် ရုတ်တရက်ပေါ်လာမိလို့..ဒီပို့စ်လေးကိုရေးတင်မိပါတယ်…. ဒီလောက်တူရင်တော်ပါတော့ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ..လို့သာ……..                   အားလုံးကိုခင်မင်လေးစားစွာဖြင့်…. ထာဝရလမ်းဆက်လျှောက်နေတဲ့.. ကြီးမိုက်။ ၅ ၊ ၁၂ ၊ ၂၀၁၅  


ခုတလော နိုင်ငံရေးပါတီအသီးသီးမဲဆွယ်နေကြရာမှာ သက်ဆိုင်ရာပါတီအသီးသီးရဲ့ အလံတွေကို သတိထားမိတော့ခပ်ဆင်ဆင်တွေ လည်းတွေ့နေရပါတယ်… ဒါကြောင့်စိုးရိမ်သူတွေက ပြည်သူအများထောက်ခံနေကြတဲ့ပါတီရဲ့အလံဟာဒီဟာပါ ဒီဟာမဟုတ်ဖူးနော်၊ မမှားကြနဲ့ဆိုပြီး လူမှုကွန်ယက်တွေကနေ သတိပေးနေကြတာလည်း တွေ့နေရပါတယ်….လူမှုကွန်ယက်မှာဖတ်ရသလောက်..အချို့တောနယ်တွေမှာ NLD ကိုမဲထည့်မယ်..ဒို့ကတော့အမေစုရဲ့ခမောက်ပဲမဲပေးမယ် ပြောနေကြသတဲ့ဗျ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက NLDရဲ့အထိန်းအမှတ်တံဆိပ်က ခမောက်ဖြစ်ခဲ့တာကိုး ဆိုတော့ ကျေးလက်ဒေသတွေအထိ သက်ဆိုင်ရာပါတီတွေကအရောက်ဆင်းရှင်းပြဟောပြော ဖို့လိုနေတာပေါ့…….ဒါတွေအသာထားပါလေ…ခုပြောချင်တာက..ဒီနေ့လူမှုကွန်ယက်ပေါ်တက်လာတဲ့ NLD ရဲ့ အလံနဲ့သူ့အဓိပ်ပါယ်လေးတွေ့လို့ မှတ်တမ်းဖြစ်ရအောင်ယူလာပြီးတင်ပြချင်တာပါ     .ကွန်မန့်ထဲမှာ မအိက “ဗကသ အလံထဲက ခွပ်ဒေါင်းပုံလေးက လှတယ် NLD ရဲ့အလံထဲက ခွပ်ဒေါင်းပုံက တုံးတိတိနဲ့ မလှမပ အလံထဲက ခွပ်ဒေါင်းနဲ့ ကြယ်ဖြူက အနေထားအမျိုးမျိုးဖြစ်နေလို့ အဖွဲ့ချုပ်ကနေ အလံကို အတိကျသတ်မှတ်ဖို့ လိုတယ်လို့ ပြောနေကြတယ်”….လို့ပြောထားလို့ NLD ရဲ့မူရင်းအလံပုံတင်ပေးလိုက်ပါတယ်  :))     […]


ဒီနေ့ သရုပ်ဖေါ်ကာတွန်းဇတ်ထုတ်လေးတစ်ခုပြန်ဖတ်ရသဗျ ပန်းချီသရုပ်ဖေါ်လက်ရာကတော့ တော်တော်ကောင်းလှသဗျာ……ဒီလို..ဒီလို                                                                                                       […]


ဘာရယ်ဟုတ်ပါဘူး…ခုတလောဓါတ်သေလေးတွေတင်နေကြတာရယ်.. တနေ့ကတော့ ဓါတ်ဖမ်းသမားကြီးကိုပေါက်က သူ့တောင်သမန်ပုံတစ်ပုံမှာ 25-12-2012 ကိုကြီးမိုက်နဲ့တွေ့ပြီးအပြန် ရိုက်ဖြစ်တယ်လို့ စာတန်းထိုးသွားတော့ မန်းလေးခရီးစဉ်ကိုပြန်သတိရသွားတယ်…အဲ့အခေါက်က အေးအေးဆေးဆေးလည်မယ်ဆိုပြီး မိသားစုလေးယောက်သွားခဲ့ကြတာ…ပြင်ဦးလွင်တောင်မရောက်လိုက်…အဖေ အသဲအသန်ဆေးရုံမှာ ဆိုတာနဲ့ ကမန်းကတန်းရန်ကုန်ပြန်ပြေးခဲ့ရတယ်….တကယ့်ကိုအမှတ်တရ ဖြစ်ခဲ့ရပါတယ် ( ၂၀၁၃ ဇန္နဝါရီ ၆ရက်မှာအဖေဆုံးပါတယ်..) ဒါနဲ့ပဲ ပုံဟောင်းလေးတွေအမှတ်တရ မန်းတလေးဆိုပြီးပြန်တင်လိုက်တာပါ အားပေးကြပါအုံးနော်… ခင်မင်ရင်းနှီးစွာဖြင့် ကြီးမိုက်။ ၆၊ ၆၊ ၂၀၁၅  


ပြောတောင်မပြောချင်ပါဘူးဗျာ… ဒါပေမဲ့လည်း ပြောပြပါရစေအုံး…  :p: ကျုပ်မှာအကျင့်တစ်ခုရှိသဗျ..အဲ့တာကတော့ နေ့စဉ်အလုပ်ကပြန်ရောက်တာနဲ့ အဝတ်အစားလဲ၊ ခဏတဖြုတ်ထိုင်နားပြီး လမ်းထိပ်ထွက် လဘက်ရည်ဆိုင်ထိုင်ပြီး မိတ်ဆွေတွေနဲ့လေပစ်လေ့ရှိတာပဲဗျ ပီးခဲ့တဲ့ စနေနေ့ကလည်း အလုပ်ကပြန်လာပြီး ထုံးစံအတိုင်း လမ်းထိပ်လက်ဘက်ရည်ဆိုင်ထွက်ခဲ့လိုက်တယ်.. အချိန်ကညနေလေးနာရီခွဲလောက်…လဘက်ရည်ဆိုင်မှာဘော်ဒါတွေနဲ့ လေကန်နေရင်း ၆ နာရီဝန်းကျင်လောက်မှာ ကိုဘလက်ဆီကဖုန်းဝင်လာတယ်…ထုံးစံအတိုင်းမတွေ့တာကြာလို့ ဆိုင်တစ်ဆိုင်ထိုင်ကြမယ်ပေါ့..ကိုအမတ်မင်းလည်းပါမတဲ့…ကျုပ်လည်း၆ခွဲလောက်အရောက်လာခဲ့မယ် ပြောပြီး လမ်းထိပ်ကဘော်ဘော်တွေနှုတ်ဆက်ပြီး လမ်းလျှောက်ပြီးအိမ်ပြန်ခဲ့တယ်… အိမ်ရောက်တော့..အဝတ်အစားလဲ..ပိုက်ဆံအိတ် ကလေးကိုင်ပြီး ထားနေကျ ဘုရားစင်ထောင့်က ကားသော့ယူဖို့ကြည့်တော့ ကားသော့ကမရှိ..မဒမ်မိုက်ကိုမေးတော့ သူလည်းကျုပ်ရုံးကပြန်လာတော့ အဲ့နေရာကားသော့ထားလိုက်တာမြင်ပါသတဲ့…ကျုပ်လည်းထိတ်ကနဲဖြစ်သွားပြီး ကမန်းကတန်း အိမ်ပြင်ထွက်၊ ကားရပ်ထားတဲ့နေရာသွားပြေးကြည့်တော့ ကားကမရှိ… အဲ့မှာတင်ငယ်ထိပ်မြွေပေါက်ခံရသလို ပူထူပြီးပျာယာခပ်တော့တာပဲ…  :b: တစ်အိမ်လုံးလည်းအုံးအုံးကျွက်ကျွက်တွေဖြစ်…ဘယ့်နယ်ညနေကြောင်တောင်ကြီးကားပျောက်ရတယ်လို့.. အိမ်ထဲဝင်ပြီးသော့ပါယူသွားတာဆိုတော့..တော်တော်စဉ်းစားရကြပ်ကုန်တယ်… ကျုပ်တို့အိမ်ကလည်း နေ့ဖက်ဆို ဈေးဆိုင်နဲ့အိမ် ကူးချည်သန်းချည်ဆိုတော့ အိမ်ရှေ့တံခါးမကြီးက လော့ချသော့ခတ်လေ့မရှိဘူးဗျ…အဲ့နေ့ကတော့ အိမ်မှာ မဒမ်မိုက်ပါရှိနေတာ…ဒါပေမဲ့သူက ကျုပ်လမ်းထိပ်သွားတော့ အဲကွန်းဖွင့်ပြီး အိပ်ခန်းထဲနှပ်နေတာ… ကျုပ်တို့နေတာကလည်းအိမ်ရာဝင်းလည်းဖြစ်၊ အင်းစိန်လမ်းနဲ့ […]


ခုတလော ရွာထဲမှာရော…မန်းဂဇက်ရွာသူားများ ဂရု ဖေ့ဘုတ်မှာပါ ရွာသူရွာသားများ တွေ့ဆုံပျော်ရွှင်နေကြတဲ့ ပုံလေးများကို တွေ့နေရတဲ့အပြင် ပုံအောက်မှာ အပြန်အလှန် ကွန်မန့်တွေနဲ့ ပြောကြဆိုကြ ၊ စကြ နောက်ကြ တာတွေဖတ်ပြီးကြည်နူးပီတိဖြစ်နေမိပါတယ်…ရိုက်ထားကြတဲ့ပုံတွေကလည်း ညီအကို မောင်နှ၊ တူဝရီး အရင်းအချာများလို နွေးနွေးထွေးထွေးရှိနေကြတာ သတိမပြုပဲမနေနိုင်အောင်ပါပဲ…ကျုပ်ကတော့ ဓါတ်ပုံတင်မက အပြင်မှာပါဆုံတွေ့ကြတဲ့အထဲ အမြဲလိုလိုပါနေတော့ လက်တွေ့မှာလည်း ရွာသူားတွေအချင်းချင်း တရင်းတနှီးရှိလွန်းတာကို တွေ့ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ရုံမက ခံစားရပါတယ်….. တဆက်တည်းတွေးမိတာက…ကျုပ်တို့တတွေဟာ တစ်ရပ်တစ်နယ်စီမှာနေကြပြီး တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖူး မမြင်ဖူးခင်ကပင် အွန်လိုင်းပေါ် စာရေး အပြန်အလှန်ကွန်မန့်ပေးကြရင်းနဲ့တင်…ဆွေမျိုးရင်းချာတွေလို ခင်မင်ရင်းနှီးကုန်ကြတာ အံ့ဩနေမိပါတယ်…ရွာသူရွာသားတွေဟာ…ပညာ၊ အလုပ်အကိုင်၊ အတွေ့အကြုံ နေရပ်ဋ္ဌာနေ၊ ဆင်းရဲချမ်းသာ၊ အသက်အရွယ်တွေ မတူကြသော်လည်း အပြင်မှာဆုံတွေ့ကြတော့ မတူတာတွေအားလုံးမေ့ပြီး….ဂဇက်ရွာသူရွာသား ဆိုတဲ့တူညီမှုလေးတစ်ခုနဲ့တင် ချစ်ခင်ရင်းနှီးနေကြတာ အိမ်က မိသားစုဝင်တွေကတောင် အံ့ဩယူကြရပါတယ်… တစ်နေ့ကလည်း […]


မနေ့က ၂၀၁၅ ဇန္နဝါရီလ (၁၁)ရက် ၊တနင်္ဂနွေနေ့မနက် ရန်ကုန်မြို့ အင်းယားလမ်းက စိမ်းလန်းစိုပြေစားသောက်ဆိုင်မှာ “မန်းဂဇက်ချစ်သူများစာပေ၊ ကဗျာဆုပေးပွဲ နဲ့ မြန်မာ့ ဂဇက် ရွာသူားများတွေ့ဆုံပွဲ” ကိုအောင်မြင် ပျော်ရွှင်စွာနဲ့ ကျင်းပနိုင်ခဲ့ကြပါပြီ…လူ၆ဝ လောက်မှန်းထားပေမဲ့ ရွာသူားနဲ့ မိသားစုဝင် ၅၈ လောက်တက်ရောက်ခဲ့ကြပါတယ်… အစားအသောက်တွေက ရောက်ရောက်ချင်း ကော်ဖီ နဲ့ မအိ ယူလာတဲ့ဆင်းဒွစ်ရယ် အာတီဒုံယူလာတဲ့ နှမ်းပြစ်၊ မြေပဲပြစ်ရယ်… စားကြရင်း အစီအစဉ်တွေကိုတော့ လူစုံအောင်စောင့်ရင်း ၁ဝ နာရီမှ စဖြစ်ပါတယ်…. ၁၁ နာရီမှာက ကြက်ထမင်းကြော်၊ Fish finger ၊ဆီးဖုတုံရမ်းဟင်းချို ၊ ဆိုင်ရဲ့ စပါယ်ရှယ် ဆလက်ခေါ်တဲ့..သီးနှံမျိုးစုံကိုမရိုးနိ နဲ့သုတ်ထားတဲ့အချိုပွဲ..တို့နဲ့ပျော်ပျော်ပါးပါးစားသောက်ခဲ့ကြပါတယ်… မြန်မာ့ဂဇက် တွေ့ဆုံပွဲ တက်ရောက်သူစာရင်း ၁။ ကြီးမိုက် + ၂ […]


မန်းဂဇက်ချစ်သူများစာပေဆု (နိုဝင်ဘာ+ဒီဇင်ဘာ ၂၀၁၄) ဆုရပို့စ်လေး ကြေငြာပေးရပေအုံးမပေါ့နော.. 🙂 မကြေငြာခင်… ရွာသူားတွေ တွေးကြည့်ဖို့ စကားစုလက်ဆောင်လေးပေးပါရစေအုံးဗျာ….. ထုံးစံအတိုင်း ကျုပ်ပြန် ဖတ်နေတဲ့ ဆရာသက်လုံဘာသာပြန်တဲ့ စေ့ထားသောတံခါးများ စာအုပ်ထဲက..“တောက်တယ်ကျင်း” ရဲ့ ၄၈ ပုဒ်မြောက်စာပိုဒ်ကလေးပါ… နှစ်သစ်ကူးလက်ဆောင်ပေါ့…တကယ်ပါတာက ၈၁ပုဒ်တောင်ပါ…..   ၄၈။ ကျေးဇူးပြုခြင်း ပညာရှိ၏ စိတ်အာရုံသည် လွတ်လပ်၏။ သို့သော် လူတို့၏အကျိုးသို့ ညွတ်သည်။ ကောင်းသူအပေါ်ရော မကောင်းသူအပေါ်ရော တစ်သဘောတည်းထား၏။ ငါကားကောင်းရမည်။ အဘယ့်ကြောင့်ဆိုသော် အကျင့်တရားဟူသည် ကောင်းမှုပင် ဖြစ်သောကြောင့်တည်း။ ရိုးသားသော သူများအပေါ်ရော မရိုးသားသူများအပေါ်ပါ တစ်သားတည်းပင် ငါသည်ရိုးသားမှုကို ဆောင်နှင်းသည်။ အဘယ့်ကြောင့်ဆိုသော် အကျင့်တရားဟူသည်                                                  ရိုးဖြောင့်သော သဘောရှိသောကြောင့်တည်း။                                                   ………………. …………………….                                                  ပညာရှိသည် လမ်းထွက်သောအခါ […]


၈-ပုဒ်မြောက် တောက်တယ်ကျင်း အမြင့်မြတ်ဆုံးသော ကောင်းမွန်မှုကား ရေနှင့်တူလှ၏ ။ အရာရာတိုင်း၏ကောင်းကျိုးကိုသာဆောင်လျှက် လူအပေါင်းတို့ မထီမဲ့မြင်ပြုသော နေရာများသို့ မညည်းမငြူ သွား၏ ။ သို့ရာတွင်…သူသာလျှင် ကျင့်စဉ်တော်နှင့် အနီးစပ်ဆုံး သဘာဝရှိချေမည် ။   အိမ်၏ကောင်းမွန်မှုသည် မြေ၌တည်သည် ။ စိတ်၏ကောင်းမွန်မှုသည် နက်ရှိုင်းတည်ငြိမ်မှု၌တည်သည် ။ အချစ်၏ကောင်းမွန်မှုသည် အကျွမ်းဝင်ခြင်း၌တည်သည် ။ စကား၏ကောင်းမွန်မှုသည် မှန်ကန်သောသစ္စာတရား၌တည်သည် ။ အစိုးရခြင်း၏ကောင်းမွန်မှုသည် တရားဥပဒေစိုးမိုးမှု၌တည်သည် ။ လုပ်ငန်း၏ကောင်းမွန်မှုသည် ကျွမ်းကျင်ခြင်းစွမ်းရည်၌တည်သည် ။ ပြုမူချက်တစ်ရပ်၏ကောင်းမွန်မှုသည် အချိန်အခါ ဆီလျှော်မှု၌တည်သည် ။ ထို့အတူပင် ကျင့်စဉ်တော်၏ ကောင်းမွန်မှုသည် ပန်းတိုင်ဖြစ်သော ငြိမ်းချမ်းခြင်း၌တည်သည် ။ ကျင့်စဉ်တော်လမ်းအတိုင်းလိုက်သူသည် မည်သည့်အခါမှ ပန်းတိုင်မှမသွေဖည်ချေ ။ ( ဆရာသက်လုံ ၏ စေ့ထားသောတံခါးများစာအုပ်မှ) […]


ဒီနေ့ဟာ ဒီဇင်ဘာလ ၃၁ ရက်နေ့…၂၀၁၄ နှစ်ဟောင်းရဲ့ နောက်ဆုံးနေ့… ဘယ်မှလည်းသွားချင်စိတ်မရှိ…သူငယ်ချင်းအချို့ နှစ်သစ်ကူးပွဲဖိတ်ကြတာလည်း အကြောင်းအမျိုးမျိုးပြပြီးငြင်းပစ်ခဲ့တယ်…. အိမ်က မိသားစုတွေကတော့ အမျိုးတစ်ယောက်အိမ်က နှစ်ကူးအကြို စားပွဲသောက်ပွဲဖိတ်လို့ သွားကြလေရဲ့…ကျုပ်ကတော့ စိတ်မပါလို့ မလိုက်သွားခဲ့ပါဘူး…. တစ်ယောက်ထဲအိမ်မှာ ငေါင်တောင်တောင်ထိုင်နေရင်း…ကိုယ်ဖြတ်သန်းခဲ့ရတဲ့ တကယ့်လက်တွေ့ဘဝ နောက်ကြောင်းကို..ဖြေးဖြေး ရေးရေး ပြန်တွေးကြည့်နေမိပါတယ်.. တွေးနေရင်း ပထမဆုံးသတိရမိတာက…. အော်…ဘာလိုလိုနဲ့ ကျုပ်ရဲ့မွေးသဖခင် ကျေးဇူးရှင် ကျုပ်တို့ကို စိတ်ချလက်ချထားသွားခဲ့တာ ၂ နှစ်တင်းတင်း ပြည့်တော့မှာပါလား…..အဖေအပင်ပမ်းအဆင်းရဲခံပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျုပ်တို့တတွေရော…သူဖြစ်စေချင်သလိုဖြစ်နေပါပြီလား…………. လူတစ်ယောက်နဲ့တစ်ယောက် ဘဝဖြတ်သန်းခဲ့ရပုံ ဘဝအတွေ့အကြုံ ဘယ်လိုမှမတူနိုင်ပါဘူး………. အဓိကကတော့ ဘယ်သူမဆို ကိုယ့်မိဘကို ကိုယ်ရွေးချယ်ပိုင်ခွင့် မရှိခဲ့ကြပါဘူးလေ…ဒါကို တချို့ ကလည်း အတိတ်ကံလို့ပြောကြသပေါ့ ဘယ်လိုပဲပြောပြောပါလေ…ပြောခဲ့သလိုပဲ..“ ကိုယ့်မိဘကို ကိုယ်ရွေးချယ်ပိုင်ခွင့် မရှိခဲ့ကြပါဘူး”….. ဆိုတော့…ဒီနေရာမှာ ဘယ်လိုမှ အားနာစရာ ငဲ့ညှာထောက်ထားစရာ […]


ခင်မင်လေးစားရပါသော မြန်မာ့ဂဇက်(မန်းဂဇက်)ရွာသူရွာသားအပေါင်းသူတော်ကောင်းတို့…. မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေကြောင်း နှစ်သစ်အကြို နှုတ်ခွန်းဆက်သလိုက်ပါတယ်ဗျာ ဘာလိုလိုနဲ့ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်အခါသမယ ကူးပြောင်းဖို့အချိန်လည်းအလွန်ကိုနီးကပ်လို့လာပါပြီ ဒီလိုပဲ ကျနော်တို့ရွာသူားတွေ ပျော်ရွှင်စွာဆုံတွေ့ပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲကြီးကိုလည်း မကြာမီကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်……. မန်းဂဇက်မှာမန်ဘာဝင်ပြီး စာရေးကြ၊ ကွန်မန့်ပေးကြနဲ့ ခင်မင်ရင်းနှီးခဲ့ကြတာလည်းကာလကြာရှည်ခဲ့ပြီပေါ့ ဒီလိုရေးကြ မန့်ကြရင်းနဲ့ စိတ်ကူးတူတဲ့ ရွာသူားတစ်ချို့တိုင်ပင်ကြပြီး မန်းဂဇက်ချစ်သူများအကြိုက်စာပေဆု ပေးဖို့၊ တစ်လတစ်ကြိမ်အကြိုက်ဆုံးစာမူရွေးကြပြီး ၆လတစ်ကြိမ် တွေ့ဆုံပွဲနဲ့ဆုပေးပွဲလုပ်ကြဖို့သဘောတူကြပြီး ကိုယ့်ရံပုံငွေနဲ့ကိုယ်ဆောင်ရွက်လာခဲ့ကြတာ အားလုံးသိပြီးဖြစ်မှာပါဗျာ…အဲ့ဒီမှာ ဖတ်ရွေးအဖွဲ့ဥက္ကဋ္ဌအဖြစ် အလှည့်ကျရွေးချယ်ပြီးဆောင်ရွက်လာခဲ့တာ…ခုနောက်ဆုံးအလှည့်ကျတာဝန်ယူနေရတာကတော့ ကျုပ်ဆိုတဲ့…ကြီးမှ မိုက်နေတဲ့… ကြီးမိုက်ပါပဲ….ဒီလိုနဲ့လိမ်ဖယ် လိမ်ဖယ်နဲ့ လျှောက်လာခဲ့ကြတာ..ခုဆိုရင်ဖြင့်…. “မန်းဂဇက်ချစ်သူများစာပေ၊ ကဗျာဆုပေးပွဲ နဲ့ မြန်မာ့ ဂဇက် ရွာသူားများတွေ့ဆုံပွဲ” ကို..လေးကြီမ်မြောက်ကျင်းပဖို့ ရက်တွေနီးလာပြန်ပါပကော။ ဘာပဲပြောပြော..ဒီဖတ်ရွေးအဖွဲ့ကြီးဟာ…. ဝေဖန်ခံရမှုပေါင်းများစွာ ချီကျူးထောပနာမှုပေါင်းများစွာ ပံ့ပိုးကူညီမှုပေါင်းများစွာ ပါဝင်အားဖြည့်ပေးမှုပေါင်းများစွာ အထင်လွဲ ရှုံ့ချမှုပေါင်းများစွာ စိန်ခေါ်အကဲစမ်းမှုပေါင်းများစွာ လေ့လာစောင့်ကြည့်မှုများစွာ – – […]