ရုံးပိတ်ရက်တစ်မနက် အိမ်မှာထိုင်နေတုန်း အပြင်ကယောက်ကျား အသံတစ်ခုကြားလိုက်ရတယ် “ဆရာတော်ဘုရားကြီး မျက်စေ့ခွဲစိတ်ကုသရန်အတွက်အလှူခံပါတယ်ခင်ဗျား”….. ကျုပ်ပြူတင်းပေါက်ကနေကြည့်လိုက်တော့ အသက်၇ဝ လောက်ဘုန်းကြီးတစ်ပါး လက်မှာတောင်ဝှေးတစ်ချောင်းကိုင်လို့…သူ့လက်မောင်းတစ်ဘက်စီမှာတွဲလျှောက်နေတာက အသက်သုံးဆယ်ဝန်းကျင် သန်သန်မာမာလူနှစ်ယောက်…. ကျုပ်ကြည့်နေတုန်းမှာပဲ လူတချို့ ၅၀၀၊ ၁၀၀ဝ စသဖြင့်လှူနေကြတာတွေ့ရတယ်… ကျုပ်ကတော့လှူဖို့ စိတ်ကူးပေါ်မလာပဲ စဉ်းစားနေမိတယ်…လွန်ခဲ့တဲ့ ၃လလောက်က မြေနီကုန်းဖက်ကိုသွားတော့..တစ်ခါတွေ့ခဲ့ဖူးတာလည်း ဒီဘုန်းကြီးပါပဲ…ဘေးကလူနှစ်ယောက်ကိုတော့ သိပ်မမှတ်မိချင်…ဒီမှာစဉ်းစားမိတာက ဒီလိုလှည့်ပါတ်အလှူခံနေတာကြာလှပီ..ခုထိဆေးဖိုးမပြည့်သေးဘူးလား.. တကယ်ကုသဖို့လိုရင်ကော ဇိဝိတဒါနသံဃာ့ဆေးရုံကို ဘာလို့မသွားသလည်း…စသဖြင့် တွေးရင်းကြည့်နေစဉ်မှာပဲ ခဏတာအချိန်လေးအတွင်းမှာတင် လမ်းသွားလမ်းလာနဲ့ အပေါ်ထပ်အောက်ထပ်တွေက လှူကြတာ..သုံးလေးထောင်လောက်ရှိလိမ့်မယ်… အံ့ဩစရာ ကုသိုလ်လောဘကြီးသူ မြန်မာများပါတကား… ကျုပ်ကတော့ သေသေချာချာရိပ်မိတယ်…ဒါသင်္ဃန်းခြုံပြီး လိမ်တောင်းနေတယ်ဆိုတာ… တကယ်ဆို ရဝတ လုပ်သူတွေက ရပ်ကွက်ထဲ ဝင်လာတဲ့အလှူခံတွေကိုစိစစ် သင့်တယ်ထင်မိတယ်  :I: ……………………………………… အရင်တစ်ခါလည်းကြုံဖူးသေးတယ်…လဘက်ရည်ဆိုင်ထိုင်နေတုန်း သားအမိနှစ်ယောက် “ရန်ကုန်ကိုဆေးလာကုရင်း လမ်းစရိတ်ပြတ်သွားလို့ …ငွေငါးရာလောက် ကူညီပါရှင်”..တဲ့ ဒါတွေလည်းအတူတူပါပဲ…မကြာခဏတွေ့ရတတ်တဲ့ လိမ်တောင်းနည်းတစ်မျိုးပါပဲ…  […]


ကျုပ်ငယ်ငယ်ကတည်းက အဖေစစ်သားကြီးပြောင်းရွေ့ရာလိုက်ပါကြီးပြင်းခဲ့ရတာပေါ့ဗျာ ကျုပ်ကိုမွေးတာက ပဲခူးတိုင်း ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာနားမှာအခြေစိုက်တဲ့… ခြေလျှင်တပ်ရင်းတစ်ခုထဲက တပ်တွင်းသားဖွားခန်းမှာပါ… ကျုပ်လူမှန်းသိတတ်စအရွယ်မှာ အဖေက တပ်ကြပ်ကြီး လစာဘယ်လောက်ရတယ်တော့မသိပေမဲ့..အဖေ့လစာရယ် တပ်ကထောက်ပံ့တဲ့ရိက္ခာ ရယ်ပေါင်းလိုက်တော့…ကျုပ်တို့အိမ်မှာတော့ သိပ်မချို့တဲ့လှပါဘူး.. ထမင်းအနပ်တိုင်း အသားဟင်းတစ်ခွက်ပါတာကျုပ်မှတ်မိနေသေးတယ်… အိမ်နောက်၊ အိမ်ဘေးက ကွက်လပ်တိုင်းမှာ သီးပင်စားပင်လည်းအဖေကစိုက်တော့…သိပ်ဝယ်မစားရဘူးဗျ.. အိမ်မှာ ကြက်သားဟင်းကတော့ တစ်လ တစ်ခါလောက်စားရပါတယ် အဲ့ဒါလည်းအိမ်မှာမွေးထားတာတွေပဲ….ကြက်တွေရော..ဘဲငန်းတွေရော..ဝယ်စရာမလို… ကျုပ်လေ..ခုထိမှတ်မိသေးတယ်..အိမ်မှာများ ကြက်သားဟင်းချက်တဲ့နေ့ဆို ဟင်းအိုးဆူပြီး အနံ့သင်းသင်းလေးစထွက်လာကတဲက ကျုပ်အိမ်အောက်မှာကစားနေရာက ချက်ချင်းပြေးတက်လာပြီး ဟင်းချက်နေတဲ့အမေ့နားကမခွာတော့ဘူး… ပြီးတော့ အမေ့ကို ဟင်းဘယ်အချိန်ကျက်မှာလဲလို့တတွတ်တွတ်မေးနေတော့တာပဲ.. အမေကလည်း ကျုပ်ခေါင်းကိုပွတ်ပြီး…သားရယ် အသားဆိုတာနူးမှစားကောင်းတာခဏစောင့်နော် ဆိုပြီးနှစ်သိမ့်လေ့ရှိပါတယ်…ကျုပ်ကလည်း အမေ..နူးမနူးမြည်းရအောင်လေဆိုလိုက်ရင် အမေက အိုးထဲက အရိုးတစ်ဖတ် အသာခပ်ပြီး ဇလုံလေးတစ်ခုမှာထည့်ပေး…ပြီးတော့ သား အဲ့အရိုးလေးကိုက်ကြည့်..နူးရင်အမေတို့ထမင်းစားလို့ရပြီသား..တဲ့ ကျုပ်ဆိုတဲ့အငတ်ကောင်ကလည်း အမေထည့်ပေးတဲ့အရိုးကို အငမ်းမရကိုက် ပူကလဲပူ..ကိုက်လို့လည်းမရ…ဆိုတော့မှ အမေက ရယ်ပြီး..သားရယ်..သွားဆော့နေပါ..တော်နေကြာရတော့..အမေလှမ်းခေါ်လိုက်ပါ့မယ်တဲ့ ……..ဒါကတော့ […]


……………………………………………. ကျုပ်ဒီနေ့မနက် အလုပ်လုပ်ရတာ အဆင်ကိုမပြေပါဘူး အင်မတန်စိတ်ရှည်တယ်၊ ဒေါသထွက်ခဲတယ်လို့ အများချီးကျူးခံရတဲ့ကျုပ် ဒီနေ့တော့ ဘာကိစ္စဖြစ်ဖြစ်ဒေါသထွက်စရာတွေပဲမြင်နေမိတယ် ဒါနဲ့ပဲ…ရုံးထဲကထွက်ခဲ့ပြီး ကန်တီးဖက်ကိုတစ်ယောက်ထဲလျှောက်လာခဲ့တယ်… ကန်တီးမှာဆေးလိပ်တစ်လိပ်ထုတ်ဖွာရင်း…ရန်ကုန်အိမ်မှာဖျားနေတဲ့ သမီးဆီစိတ်ကရောက်သွားတယ် …သမီးဖျားနေတာနှစ်ရက်ရှိပြီ… မနက်ကဖုန်းသတင်းရတဲ့အထိ ရှင်းရှင်းမပျောက်သေးဘူးလို့ မိန်းမကပြောတယ်..ကျုပ်တော်တော်စိတ်ပူတယ်… မတော်ခုတလောအဖြစ်များနေတဲ့….သွေးလွန်တုတ်ကွေးဆိုမှဖြင့်….. ကျုပ်ရုံးဖက်ပြန်ခဲ့ပြီး ချက်ချင်းမိန်မကိုဖုန်းခေါ်လိုက်တယ်…ပြီးတော့ သမီးကို ခုပဲ ကလေးဆေးရုံကြီးကို သွားပြဖို့ပြောတော့…အပြင်ဆေးခန်းလည်းပြနေတာပဲ..ဆေးတွေလည်းရှိတယ်..ကောင်းသွားမှာပါ ယောက်ကျားရယ်..သိပ်စိတ်မပူပါနဲ့တဲ့……အေးလေ..ငါစိတ်ပူလွန်းနေတာပါ လို့တွေးပြီး အလုပ်ထဲအာရုံပြန်စိုက်လိုက်တယ်…ဒါပေမဲ့ ညနေဖက်ကျတော့ ကျုပ်မနေနိုင်ပြန်ဘူး.. ဒါနဲ့ပဲ စိတ်အေးရအောင် ဘော့စ်ကိုခွင့်တစ်ရက်တိုင်ပြီး ကျုပ်ရန်ကုန်ကိုပြန်ခဲ့တယ်… အိမ်ရောက်တော့ သမီးတင်မဟုတ် သားကပါ ကိုယ်ပူနေပြီ…သူ့အမနဲ့အတူအိပ်တာဆိုတော့ ကူးတာနေမှာပေါ့ ကျုပ်သမီလေးက ကိုယ်ငွေ့ငွေ့လေးပူနေတယ်… မျက်နှာလေးလည်းညှိုးလို့…အိပ်ယာထဲမှာလှဲပြီးမှိန်းနေတယ်… ဘာမှလည်းကျွေးမရ…အိုဗာတင်းလေးနဲနဲဝင်အောင်မနည်းချော့တိုက်ရတယ်…. ကျုပ်သိပ်အားမရလှဘူး…ဒါနဲ့ မနက်မိုးလင်းတာနဲ့ မိန်းမကို အဝတ်အစားနဲ့လိုမယ်ထင်တာလေးတွေစုခိုင်းပြီး ကလေးဆေးရုံကြီးကိုထွက်ခဲ့ပါတယ်…. ကလေးဆေးရုံကြီးမှာလည်း ကျုပ်တို့လိုစိုးရိမ်တဲ့မျက်နှာတွေနဲ့ ကလေးလာပြသူတွေမနည်းဘူးပဲ…အလှည့်ကျအောင်တန်းစီစောင့်ရင်းနဲ့ ကိုယ့်အလှည့်ရောက်လို့ သမီးနဲ့ သားကိုဆရာဝန်တွေ ကသေချာစစ်ဆေးနေပါတယ်..မြင်ရသလောက်တော့ ကလေးဆေးရုံကြီးကဆရာဝန်တွေ […]


မြန်တျန့်ဂဇက် ရွာသူရွာသားအပေါင်း မင်္ဂလာဆောင်ကြပါ…အဲ..အဲ..မင်္ဂလာပါဗျာ…. အခုတလောရွာထဲ လည်းရောက်တစ်ချက်ပျောက်တစ်ချက်နဲ့…စာတွေလည်းဖတ်ဖြစ်ပါရဲ့.. ကွန်မန့်တော့ ပေးဖြစ်တဲ့အခါလည်းရှိရဲ့ မပေးဖြစ်ပဲ ဖတ်ရုံဖတ်သွားခဲ့တာလည်းရှိရဲ့.. ရင်းနှီးခင်မင်သူတွေရော..လူသစ်တွေကိုပါ ကွန်မန့်တွေပေးဖို့… ကိုယ့်အကြောင်းနဲ့ကိုယ်ပျက်ကွက်နေမိခဲ့ပါတယ်…ဒီအတွက်ကြီးမိုက်စိတ်မကောင်းပါဘူး… ကြီးမိုက်အနေနဲ့က အင်တာနက်ကိုရုံးရောက်မှ သုံးဖြစ်တာပါ… ရုံးဆိုတော့လည်းထုံးစံအတိုင်း နိစ္စဓူဝ ရုံးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ကြားကမှ…လှစ်ကနဲ..လှစ်ကနဲ ..ရွာထဲဝင် စာဖတ်ရတာဗျ..ဆိုတော့..မလွယ်ဘူးပေါ့ဗျာ.. `ဒါဆိုရင် ကြီးမိုက်ကိုယ်ပိုင်အချိန်တွေမှာကျတော့ ဘာလုပ်နေသလဲ??? ´ မေးတော့လည်းဖြေရတာပေါ့ဗျာ… မနက် ၄း၃ဝနာရီ… ကြီးမိုက်အိပ်ရာကထပါတယ်။ ၄း၄၅ မှာ မဒမ်မိုက်နဲ့ သူ့ညီမ ဒေါ်ဝတုတ်ကိုနှိုးပီး လမ်းဘေးဆိုင်ဖွင့်ဖို့ဝိုင်းလုပ်ကြပါတယ်။ ၅နာရီခွဲလောက် အိမ်ဖက်ပြန်လာ.. ရေနွေးတည်..သားတော်အတွက် ဘရိပ်ဖတ်စ်ပြင်..ကိုယ်တိုင်အတွက်လည်း..ကော်ဖီတစ်ခွက်ဖျော်…. ကော်ဖီလေးသောက်ရင်း လက်စွဲတော်ရေဒီယိုလေးဖွင့်…BBC, VOA (စစ်အစိုးရအဆို..မိုးလုံးပြည့်မုသာဝါဒများ) ကိုနားထောင်ရင်း…. သားနိုးပီဆိုပြန်တော့ လုပ်ပေးထားတဲ့ ဘရိပ်ဖတ်စ်ကို စားဖြစ်အောင် ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ မိုးမလင်းခင် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်ငေါက်ပီးကျွှေးရသေးဗျား.. ကျုပ်တို့ငယ်ငယ်ကနဲ့များကွာပါ့..ကျုပ်တို့ငယ်ငယ်က မနက်အိပ်ရာထတာနဲ့ […]


  တစ်နေ့က သူငယ်ချင်းတစ်ချို့နဲ့ ထိုင်စကားပြောရင်း တက္ကသိုလ်တက်တုန်းကအကြောင်းတွေရောက်သွားတယ် ကျုပ်တို့တက္ကသိုလ်တက်တုန်းက သူငယ်ချင်းတွေက နိုင်ငံအနှံ့ နယ်စုံကလာတက်ကြတာ…နယ်စုံသလို လူမျိုးလည်းအစုံပါသပေါ့…အဲ့တော့ ကျောင်းပိတ်ပြီဆို ကိုယ့်ရပ်ဋ္ဌာနေကိုယ်ပြန်ကြပေါ့… ပြန်လာကြပြီဆိုပြန်တော့လည်း ဒေသထွက်စားစရာတွေပါလာကြတာမို့ သူငယ်ချင်းတွေဝိုင်းအားပေးကြတာပျော်စရာ….လူစုံသလို အကျင့်စရိုက်ဝါသနာလည်းစုံမှစုံပေါ့… စာပေဝါသနာပါတဲ့သူ၊ ဂီတဝါသနာပါသူ၊ အားကစားဝါသနာပါသူ၊ ပန်းချီဝါသနာပါသူ၊ ကာတွန်းဝါသနာပါသူ၊ နိုင်ငံရေးစိတ်ဝင်စားသူ၊ ဘာကိုမှစိတ်မဝင်စားပဲ ကျောင်းတော်ကြီးက သင်တဲ့စာကိုသာ တစိုက်မတ်မတ်လုပ်တဲ့သူ၊ ဘာရယ်လို့ရေရေရာရာ မရှိပဲ ဟိုစပ်စပ် ဒီစပ်စပ် ယောင်နေတတ်တဲ့သူ (ကျုပ်က အဲ့ထဲပါတာပေါ့ :mrgreenn: ) … စသဖြင့်ပေါ့…ကျောင်းအတူတက်နေကြရတော့လည်း မတူတာတွေဘေးချိတ်ပြီး ခင်မင်ရင်းနှီးစွာပေါင်းသင်းဆက်ဆံခဲ့ကြရတာပါပဲလေ…ကျောင်းသက်တစ်လျှောက် အချင်းချင်း ရန်ဖြစ်တာတောင် မတွေ့ဖူးခဲ့ဘူး… စလို့နောက်လို့ စိတ်ဆိုး စိတ်ကောက်ကြရင်လည်းခဏပါပဲ.. နောက်လည်ပင်းပြန်ဖက်ကြတာပါပဲ…. အဲ့တုန်းက တက္ကသိုလ်တွေမှာက ကိုယ်ဝါသနာပါရာကိုလည်း ကိုယ်လိုက်စားဖို့ အခွင့်အရေးရခဲ့ကြတယ်.. စာပေဆိုလည်းစာပေအလျှောက်..အနုပညာဆိုလည်းအနုပညာအလျှောက်…အားကစားဆိုလည်းအားကစားအလျှောက်… အသင်းအဖွဲ့တွေနဲ့ ပေါင်းသင်းပြီးလှုပ်ရှားနိုင်ခဲ့ကြတဲ့…အင်မတန်မှလွတ်လပ်ပြီး ပျော်စရာကောင်းတဲ့ […]


ကျုပ်လည်း ဂဇက်မှာစာမရေးဖြစ်တာကြာပါပြီ….ရေးစရာအကြောင်းလည်းရှာမရ…. အဲ..ဒီလိုနေတုန်း သမီးအောင်စါရင်းထွက်တော့….ရီဇတ်ကိုသိသွားတဲ့ မိတ်ဆွေတွေထဲကတစ်ဦးဖြစ်တဲ့… အရီးမုတ်ဆိတ် ဆိုသူက…. လူဆိုး၊ လူမိုက်ကြီး ရဲ့ သမီးလေး ဖတ်ဖို့ – Ask me why 🙂 လူဆိုး၊ လူမိုက်ကြီး ရဲ့ သမီးလေး ဖတ်ဖို့ – Ask me why 🙂 – အရီးခင် ဆိုပြီး သမီးကို ဂုဏ်ပြုခဲ့ပါတယ်…. အဲဒီပို့စ်မှာ မဝင့်ပြုံးမြင့်က…. ဝင့်ပြုံးမြင့် says: ဦးကြီးမိုက် သမီးကို ဘယ်လိုများ ထိန်းကျောင်းပဲ့ပြင်ခဲ့သလဲ သိချင်လိုက်တာ။ ဆိုပြီးမန့်ခဲ့ပါတယ်…. ကျုပ်ကလည်း…. kyeemite says: ကွန်မန့်လေးတွေနဲ့ အားပေးချီးကျူ းကြသူအားလုံးကိုကျေးဇူးပါဗျာ…. ဝင့်ပြုံးမြင့် says: ဦးကြီးမိုက် သမီးကို ဘယ်လိုများ ထိန်းကျောင်းပဲ့ပြင်ခဲ့သလဲ သိချင်လိုက်တာ။ […]


“ယုံကြည်သည်ဆိုပါလျှင်” ရေထက်ပို၍နူးညံ့ပျော့ပြောင်းသည်မှာ မရှိပါ သို့သော် မာကျောသောအရာ၊ သန်မာသောအဟန့်အတား တို့ကို ရေကတိုက်စားသောအခါတွင်ကား မည်သည့်အရာကမျှ ကြံ့ကြံ့ခံမနေနိုင်ခြေ။   နူးညံ့မှုသည် ကြမ်းတမ်းမှုကိုလည်းကောင်း ပျော့ပြောင်းမှုသည် မာကျောမှုကိုလည်းကောင်း အောင်နိုင်ကြောင်းကို လူတိုင်းသိပါ၏ သို့သော် မည်သူကမျှလိုက်နာကြင့်ကြံခြင်းမရှိပါ။   ထို့ကြောင့်ပင် ပညာရှိကမိန့်ကြားသည် “ရှုပ်ချပြစ်တင်ခြင်းကို ခံယူသူသည် ပူဇော်ချီးမြှောက်ခြင်းကိုခံရ၏ လူတို့၏ဆင်းရဲဒုက္ခ ဝန်ထုပ်ကိုခံယူသူသည် လူတွင်အထွတ်အထိပ်သို့ရောက်၏”……ဟူသတည်း။ ဤကား ယုတ္တိမတန်ဟု ထင်စရာဖြစ်သော အမှန်တရားပင်တည်း။                                 လွန်ခဲ့တဲ့ နှစ်အစိတ်လောက်က ဖတ်ခဲ့ဖူးတဲ့  သက်လုံ၏ စေ့ထားသောတံခါးများစာအုပ်ပါ “တောက်တယ်ကျင်း”(တရုတ် ကျင့်စဉ်တော်ကျမ်း) […]


ပီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်အစောကြီး အိပ်ရာကနိုးတော့ ဘုရားစင်ကိုလှမ်းကြည့်မိရင်း စိတ်ထဲ မှတ်မှတ်ရရ ဦးပဇင်းကြီးကို သတိရမိတယ်…ထူးဆန်းလိုက်တာ…မေ့နေမိတာကြာပြီ… ဦးပဇင်းကြီးဆိုတာက…မှော်ဘီ ညောင်နှစ်ပင်ကျေးရွာ နောက်ထဲက လယ်ကွင်းပြင်ထဲ တစ်ပါးထဲသီတင်းသုံးနေတဲ့ ဦးပဇင်းဦးပါမောက္ခ ပါ…..ထူးထူးခြားခြား သတိတရရှိတာနဲ့ သားငယ်ကိုနှိုးပြီး ဦးဇင်းကို သွားဖူးတွေ့ဖို့ စီစဉ်ပါတော့တယ်…မတွေ့တာလည်း … အင်း…သုံးလေးနှစ်လောက်ရှိနေပြီ….ရှိရောရှိသေးရဲ့လား..ဆိုတဲ့ စိတ်လှုပ်ရှား းမှုနဲ့အတူ မနက် ရ နာရီလောက်မှာ သားနဲ့နှစ်ယောက် ညောင်နှစ်ပင်ကိုထွက်ခဲ့ပါတော့တယ်…. ကြိုတင်အစီအစဉ်မရှိတော့ ဦဇင်းကိုကပ်စရာ ဘာမှလည်းမရှိပါဘူး…ဒါနဲ့ပဲ… ထောက်ကြံ့ရောက်မှ လမ်းဘေးခဏရပ်ပြီး မုန့်ပုံးနဲ့ သစ်သီးသစ်နှံလေးတွေဝယ်ပြီး ဆက်ထွက်ခဲ့ပါတယ်… .ထောက်ကြံ့ တိုးဂိတ်လွန်လို့ ရန်ကုန်မန္တလေး အမြန်လမ်းကူး မရောက်ခင် လမ်းဘယ်ဖက် ညောင်နှစ်ပင်သို့ဆိုတဲ့ လမ်းခွဲထဲ ချိုးကွေ့ဝင်ခဲ့ပါတယ်… ဒီလမ်းကို ကျုပ်အကြိမ်ကြိမ် သွားနေကျပါ…သုံးလေးနှစ်အတွင်း လမ်းက ပြုပြင်သူမဲ့ လို့ အတော်ပျက်စီးလို့နေပါတယ်…ဟိုးတုန်းက ညောင်နှစ်ပင်စခန်းမှာ […]


တနေ့က အာတီဒုံရဲ့ ဖွဘုတ်တော်ကြီးမှာ ရှယ်တဲ့ ဒေါက်တာဖေသက်ထွန်း ပို့စ်လေးမှာ မြန်မာနိုင်ငံသားတွေ စွဲနေတဲ့ စရိုက်တစ်ခုကို သတိပြုမိတယ်ဗျ… အဲ့ ဒါကတော့..အိမ်တွေ၊ ရုံးတွေ၊ ဘတ်စ်ကားပေါ်တွေ၊ လမ်းဘေးဝဲယာ မှာ ဆောင်ပုဒ် တွေချိတ်ဆွဲထားလေ့ရှိတဲ့ စရိုက်ပါပဲ… လိုက်နာတာ မလိုက်နာတာကတော့တစ် ပိုင်းပေါ့ဗျာ… ဒါကြောင့်ပဲထင်ရဲ့…ရန်ကုန်မြို့လယ်ကိုလမ်းလျှောက်ထွက်ဖြစ်ရင်..လမ်းဘေးပလက်ဖေါင်း ပေါ်မှာ လူတွေအကြိုက် အိမ်တွေ ရုံးတွေ ဘတ်စ် ကားတွေမှာကပ်လေ့ရှိတဲ့ ဆောင်ပုဒ်တွေကို လှပအောင်နည်းမျိုးစုံနဲ့ ပုံနှိပ်ပီး ရောင်းချနေတာတွေ့ရပါရဲ့…. စီးပွားရေးဈေးကွက်ကြီးတစ်ခုကိုဖြစ်လို့….. အဲ့ဒီဆောင်ပုဒ်တွေထဲမှာ…တချို့က `အကြွေး ဖြင့်အားပေးခြင်း သည်းခံပါ´ `အကြွေးမရောင်းပါ´ ဆိုရင်လုံလောက်ပြည့်စုံ နေရက်နဲ့…. `ယနေ့အကြွေး မရောင်းပါ´တဲ့ ..(အရင်နေ့တွေကပဲရောင်း သလိုလို..မနက်ဖန်ပဲ အကြွေးရောင်းမလိုလို…ခိခိ `လူသာလာပါ ပြဿနာ ခေါ်မလာပါနဲ့´… `ငါသေဖို့ တစ်ရက်နီးလာပြီ`… (တရားသဘောလေးနော်..ကပ်ထားသူက နေ့စဉ်ကြည့်မိရဲ့လာတောင်မသိ..ခိခိ) တော်တော်ဆိုးတဲ့ ဆောင်ပုဒ်မျိုး […]


မင်္ဂလာပါ မိတ်ဆွေများ…. ဂဇက်မှာလည်း စာမရေးဖြစ်တာကြာသွားပါပြီ….အခုတော့ ရေးစရာလေးပေါ်လာတယ်ပေါ့ဗျာ…… ခရီးသွားရင်း တွေ့ကြုံခဲ့ရတာလေးတွေကို မျှဝေပြောပြချင်တာပါ… ပီးခဲ့တဲ့ တနလာင်္နေ့ နေ့ခင်းလောက် ရုံးမှာအလုပ်လုပ်နေတုန်း…သူငယ်ချင်းတစ်ယောက် ဖုန်းဆက်လာပါတယ်…ဖျာပုံမြို့က ကျောင်းနေဖက်သူငယ်ချင်း ကိုထွဋ်ရဲ့အမေ ဆုံးလို့တဲ့.. ကြားလိုက်ရတဲ့သတင်းကြောင့် သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်သွားမိပါတယ်… ရင်းနှီးချစ်ခင်ခဲ့ရတဲ့ သူငယ်ချင်းရဲ့ အမေကိုလည်းမြင်ယောင်မိပါတယ်… ဒါဆိုရင်တော့ မဖြစ်မနေသွားအားပေးကြရမှာပေါ့…ဒီလိုနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေ တိုင်ပင်လိုက်တော့…အင်္ဂါနေ့ ချမဲ့ သူငယ်ချင်းအမေရဲ့ အသုဘ ကိုလိုက်ပါပို့ဆောင်ကြဖို့ ရန်ကုန်ကနေ မနက် ၅နာရီခွဲထွက်ဖို့ချိန်းလိုက်ကြပါတယ်…ကားနှစ်စီး နဲ့ သူငယ်ချင်း ၈ယောက်ပေါ့… ရန်ကုန်ကအထွက် လှိုင်သာယာက သပြေရိပ်လဘက်ရည်ဆိုင်မှာ မနက်စာ ဗိုက်ဖြည့်ကြပါတယ်… အဲဒီကမှ…တွံတေးမြစ်ကူးတံတားကနေဖြတ်လို့ ဖျာပုံမြို့ကိုချီတက်ခဲ့ကြပါတယ်…လမ်းကတော့သိပ်မဆိုးလှပေမဲ့ နဲနဲ ကျဉ်းတော့ သိပ်အမြန်ကြီးတော့မောင်းမရပါဘူး…နယ်မြို့တွေရဲ့ထုံးစံအတိုင်း ဆိုင်ကယ်တွေကလည်း ပေါမှပေါ..အတော်ဂရုစိုက်ပြီးမောင်းရပါတယ်…တွံတေးလမ်းခွဲကနေ ကော့မှုး၊ ကွမ်းခြံကုန်း ကျော်လာတော့ ရနာရီခွဲကျော်လောက်မှာ ဒေးဒရဲတံတားကြီးကိုဖြတ်….ဒေးဒရဲ မြို့ရှောင်လမ်းကတစ်ဆင့် ဆက်မောင်းလိုက်တော့…မနက် […]


Normal 0 false false false MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:”Times New Roman”; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;} အနောက်ရိုးမရဲ့ စိတ်ပျက်စရာပျက်သုန်းနေမှုတွေ ဖြတ်သန်းခဲ့ပြီး….. ဂွမြို့လေးကိုကျော်ဖြတ်လာတော့ ညနေ ၅ နာရီခွဲလောက်ရှိပါပြီ… နာရီဝက်လောက်ဆက်မောင်းလိုက်တော့ ကားလမ်းဘေး တလျှောက်မှာ…ကိုထူးဆန်းပြောသလို ပြာလဲ့နေတဲ့ ပင်လယ်ပြင်ကြီးကို ရုတ်တရက် ဘွားကနဲတွေ့လိုက်ရပါတော့တယ်.. လှိုင်းတွေတဝုန်းဝုန်း ထနေတဲ့ ပင်လယ်ပြင်နဲ့အပြိုင်လမ်းအတိုင်း ဆက်မောင်းလာတော့ ကမ်းသာယာ ကမ်းခြေကိုလှမ်းမြင်ရပါပြီ…အဲဒီမြင်ရတဲ့ကွေ့လေးမှာ ကားခဏရပ်ပြီး ပင်လယ်လေတဝရှုရင်း သဘာဝ ရှုခင်းအလှကို […]


Normal 0 false false false MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:”Times New Roman”; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;} ဒီနှစ်ပိတ်ရက်အစမှာတော့ သူငယ်ချင်းတစ်ယောက်က သူခြံဝယ်ထားတယ်တယ်ဆိုတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ် ကမ်းသာယာကို လိုက်ခဲ့ဖို့ခေါ်လို့ အလည်သွားဖြစ်ခဲ့ပါတယ်… ၁၂ ရက်နေ့မနက် ရနာရီခွဲ သူငယ်ချင်းသုံးယောက် ရန်ကုန်က စထွက်ဖြစ်ပါတယ်…… ခရီးစဉ်အရက ပုသိမ် မုံရွာလမ်းအတိုင်း သွားပြီး ဂွတောင်ကြားလမ်းကနေ ရိုးမကိုကျော်.. ကမ်းသာယာကိုရောက်ပြီပေါ့….အစထဲက ယဉ်သကိုဆိုသလို လှိုင်သာယာအထွက်မှာပဲ ပြဿနာကစပါတော့တယ်…ဘုရင့်နောင်တံတားဖြတ်တော့ […]


မင်္ဂလာပါ မြို့သူားအပေါင်းသူတော်ကောင်းတို့… ကျုပ်က သဂျီး…သဂျီးနဲ့ အားရပါးရခေါ်ပြောလာခဲ့သော ကိုခိုင်(Kai) ဆိုသူ တည်ထောင်ထားခဲ့သော www.myanmargazette.net ဆိုတဲ့  မန္တလေးဂေဇက် ဝက်ဆိုဒ်ကို စတင်မိတ်ဆက်ပေးခဲ့သူကို ပြောပြပါဆိုရင်….ဂဇက်ရွာသား `အညာတမာ´ ပါ.. သူက ကျုပ်စက်ရုံက well experienced Production Manager ပါ… ကျုပ်အလုပ်သစ်(ယခုလည်းလုပ်နေဆဲ)စတင်ဝင်တော့..ပြောရမှာရှက်လည်းရှက်ပါရဲ့ အင်တာနက် မပြောနဲ့ ကွန်ပြူတာတောင် ကျွမ်းကျင်စွာမသုံးတတ်သေးပါဘူး… ဒါပေမဲ့…ဒီအလုပ်ကိုလက်ခံလိုက်ပြီဆိုကတည်းက ကွန်ပြူတာကတော့ကျွမ်းကျင်စွာ သုံးနိုင်ရမှာပါ…အလုပ်ဝင်ဖို့ အင်တာဗျူးမှာလည်းသေချာကိုမေးပါတယ်.. `ကွန်ပြူတာကျွမ်းကျင်စွာသုံးတတ်လား´တဲ့…ထုံးစံအတိုင်း..အလုပ်ရချင်တော့..`ဟုတ်ကဲ့ ကျွမ်းကျင်ပါတယ်´ပေါ့….တကယ်က ဖွင့်တတ်ပိတ်တတ်ရုံလောက်တတ်တာ….. အဲဒီအလုပ် အင်တာဗြူး ပီးသွားတာနဲ့ ကျုပ် ကွန်ပျူတာတစ်လုံး အပြေးဝယ်… ကွန်ပြူတာကျွမ်းတဲ့ ကျုပ်ညီတော်မောင်ကို သူညနေရုံးဆင်းရင်အိမ်ကိုခေါ်ပြီးသင်ရတာပေါ့.. အဲဒါကိုအပြစ်တင်မယ်ဆိုလည်းတင်ကြပေတော့…. တက္ကသိုလ်တက်နေတုန်းကလည်း ကွန်ပြူတာဆိုတာမမြင်ဘူးသေး… ကျောင်ပီးလို့အစိုးရအလုပ်လုပ်ရပြန်တော့လည်း..ကွန်ပြူတာမပြောနဲ့ လက်နှိပ်စက်တောင် ဂျိုကျိုးနားရွက်ပဲ့ ဂဂျိုးဂဂျောင်… (၈) နှစ်လောက် အစိုးရအရာရှိဘဝနဲ့ အငတ်ငတ်အပြတ်ပြတ်နေလာခဲ့ပြီး… […]