တစ်နေ့…ဟုတ်တယ်…ဇန္နဝါရီလရဲ့ တစ်နေ့မှာပေါ့..စနေနေ့ပါ ကျုပ်စက်ရုံမှာအလုပ်တွေရှုပ်နေတုန်း….ကျုပ်ရဲ့ ဟမ်းဖုန်းကထမြည်ပါတယ်… နံပါတ်ကြည့်လိုက်တော့ အစိမ်းသက်သက်..ဒါနဲ့ပဲ ဖုန်းဖြေလိုက်ပါတယ်… “ဟဲလို…အမိန့်ရှိပါခင်ဗျာ” “အကိုလားဟင်……” “………………………………” ကျုပ်အကြီးအကျယ်အံ့ဩသွားပြီး…ဘာပြန်ဖြေရမှန်းမသိဖြစ်သွားတယ်… ၂ရ နှစ်လောက်ကြာခဲ့ပေမဲ့ ကျုပ်ဒီ “အကို” ဆိုတဲ့အသံကို မှတ်ကျက်မိနေတာကိုလည်း ကိုယ့်ကိုကိုယ် အံ့ဩသွားတယ်…. “မေ…မေ…မေ …….. ဟုတ်လားဟင်” “ဟုတ်ပါတယ်အကို…မေ ရန်ကုန်လာဖြစ်တုန်း မင်္ဂလာဒုံမှာ ကိုမောင်စိန်နဲ့တွေ့တယ် သူ့ဆီက အကို့ဖုန်းရလို့ လှမ်းဆက်ကြည့်တာပါ..” `ဝမ်းသာလိုက်တာ..မေရယ်…မေ နေကောင်းတယ်မဟုတ်လားဟင်´ `ကောင်းပါတယ်အကို…မေတို့တွေ အသက်တွေလည်း ကြီးနေကြပြီ… ဘယ်နေ့သေမယ်မသိ….မသေခင် အကို့ကိုတော့ တစ်ခါလောက် တွေ့သွားချင်တယ် လေ…ဆိုပြီး ဖုန်းဆက်လိုက်တာပါ..´ `အော်..မေရယ်…ကိုယ်ကလည်းတွေ့ချင်နေတာပါ…ခု မေ ဘယ်မှာတည်းလဲဟင်´ `မေ ရွှေတိဂုံ အရှေ့ဖက်မုခ် နားမှာနေတဲ့ အမလေးအိမ်မှာတည်းတယ် အကို´ `ဘယ်နေ့ ပြန်မှာလည်း ဟင်..´ `တနင်္ဂနွေနေ့ ပြန်ရမယ်အကို´ `ဒါဆို […]