မန်းဂဇက်ချစ်သူများစာပေဆု(၂၀၁၃၊ စက်တင်ဘာလ)..Best Web Awards For Sept.2013
ဖတ်ရွေး…တဲ့
ဖတ်ပြီး…ကြိုက်တာရွေးတာပေါ့
ဇကာတင်ထဲအရွေးခံရတော့လည်း
စာရေးသူတွေအနေနဲ့ ဝမ်းသာစိတ်လှုပ်ရှားပြီး…
ရင်ခုန်ရတာပေါ့…နော
ဘယ်သူများရမလဲပေါ့…
တစ်လတာအတွက်အကြိုက်ဆုံးဆုအဖြစ်
အရွေးခံရပြန်တော့လည်းပီတိတွေဖြစ်ရ….ဝမ်းသာဂုဏ်ယူကြပေါ့…
ဒီလိုနဲ့ပဲ..၆လ ကြာပြန်တော့ ဆုရထားသူတွေကို ဆုပေးဖို့ရယ်
ဂဇက်ရွာသူားတွေတွေ့ဆုံဖို့ရယ် ..လုံးပမ်းကြပြီး
အခုဆိုနှစ်ကြိမ်တိုင်တိုင်..တွေ့ဆုံပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲကိုလည်း
အောင်မြင်စွာကျင်းပနိုင်ခဲ့ကြပြီးပါပြီ…
ပထမအကြိမ် တွေ့ဆုံပွဲ မလုပ်ခင် တိုင်ပင်ကြကတည်းက
ဆုရစာမူတွေကို ပုံနှိပ်ထုတ်ဝေဖို့ စတင်ကြံစီခဲ့ပါသေးဗျာ…
ဒါကြောင့်ပါပဲ..ဆုရစာမူတွေအကုန် ဟတ်ဒ် ကော်ပီနဲ့ပရင့်ထုတ်လို့
ရဲဘော်ဘလက်ချောကြီးက လူအားငွေအားစိုက်ထုတ်ပြီး
ဆရာဦးအောင်သင်းထံ မှတ်ချက်ကွန်မင့်ယူရန်ပို့ခဲ့ပါသေးသကောဗျာ…
ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်မလုပ်ဖြစ်ခဲ့ပါဘူး….
ဒုတိယအကြိမ် တွေ့ဆုံပွဲအတွက်စီစဉ်ကြတော့…ဘယ်လိုမှထင်မထားသူ
ရွာသူ `Green Rose´ က ရုပ်တရက် လူအားရောငွေအားပါအိပ်စိုက်ပြီး
စီစဉ်လိုက်တော့ မန်းဂဇက်သမိုင်းဝင် စာတစ်အုပ်…အဟုတ်ထွက်ပေါ်လာခဲ့ပါလေရောဗျာ…
` Green Rose ´ကိုတစ်ရွာလုံးကိုယ်စား ကျေးဇူးအကြီးကြီးတင်ပါကြောင်း
ဒီနေရာက မှတ်တမ်းပြုပါရစေ။
အဲ…နဲနဲကြာလာပြန်တော့…….
ရွာသူရွာသားလူငယ် ပညာတတ်(ဖတ်ရွေးအဖွဲ့ဝင်) တချို့ကအကြံပြုလာကြပြန်တယ်၊
ဖတ်ရွေးအဖွဲ့ဝင်တွေကပဲ စိတ်ကြိုက်အမှတ်ပေးပြီးရွေးနေတာနဲ့စာရင်
ဖတ်ရွေးအဖွဲ့တွေက ဇကာတင်ရွေးပေးတာတွေကို
ရွာထဲမှာချပြပြီး ရွာသူားတွေအားလုံးပါဝင်ဗုတ်ပေးရွေးချယ်တာပိုကောင်းမယ်၊
ပိုပြီး ပွင့်လင်းမြင်သာတဲ့ ဒီမို ဆန်တယ်ဆိုပြီး ဆိုပြီး
ဗုတ်စံနစ်ပြောင်းခဲ့တာ…အောင်မြင်ခဲ့ပါတယ်…ပိုပြီးလည်းအဆင်ပြေပါတယ်
တတိယ ၆လပါတ် အတွက်အခု ရွေးနေကြပြန်ပါတယ်…
ဒါပေမဲ့ပြဿနာတစ်ခုက ပင်တိုင်ရွေးချယ်ပေးနေတဲ့
မူလဖတ်ရွေးအဖွဲ့ဝင်တွေ ကိုယ်၌က
ဗုတ်ပေးတဲ့စံနစ်နဲ့ ဗျောင်ရွေးချယ်တာ မှာ ချို့ယွင်းအားနဲ ချက်တွေသတိထားမိလာပါတယ်။
အဲဒီလို သတိထားမိလို့ တစ်စုံတစ်ရာ အပြောင်း အလဲ လုပ်ဖို့ တိုင်ပင်ဆွေးနွေးနေကြတုန်း
ဗြုန်းဆို `ခရီးသည်ကြီး´ ရေးသားတင်ပြတဲ့ `တစ်သက်လုံးဖုံးသမျှ ကုန်းမှပေါ်´ဆိုတဲ့ပို့စ်ရယ်
အဲဒီပို့စ်မှာ ကွန်မန့်တွေ ဝိုင်းပေးပြီး `ဖတ်ရွေးအဖွဲ့´ ရဲ့ သွားနေတဲ့ လမ်းကြောင်းကို
ရွာသူားတွေအများစုက ဝေဖန်အကြံပြုလာ ကြတာတွေ့ရတော့ ….
ဖတ်ရွေးအဖွဲ့အနေနဲ့ တစ်ခုခုလုပ်သင့်ပြီလို့ဆုံးဖြတ်ပြီး….
ဖတ်ရွေး အဖွဲ့ နဲ့ ရွာသူရွာသား တွေဖိတ်လို့ရသလောက် ဖိတ်ပြီး
အရေးပေါ်လွှတ်တော်ကို နှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်တဲ့ တည်ငြိမ် လျှပ်စစ်တွေစီးနေတဲ့
ပရဟိတ သင်တန်းခန်းမ( ရွာ့ကွပ်ပျစ်) မှာ ရကောက်နာရီ တစ်ဝက်ခန့်တွင် ဆယ့်တစ်မီးငြိမ်းသောနေ့၌ တွေ့ဆုံဆွေးနွေး ရွာ့အရေးအဖြေရှာခဲ့ကြပါတယ်…(ခွက်ဒစ် တူ ရာမည)
အာတီဒုံနဲ့ သတ်ပုံမမ တို့ ယူလာတဲ့ မုန့်နဲ့
ကိုစွယ်တော်ရွက် ဖျော်တိုက်တဲ့ကော်ဖီသောက်ရင်းပေါ့…
အဲဒီနေ့ ကတွေ့ဆုံဆွေးနွေးပွဲ က ရလာဒ်ကောင်းရခဲ့လို့ ကြေနပ်မိပါရဲ့ဗျာ….
အခြေအတင် ဆွေးနွေး ငြင်းခုံ ကြပြီးသကာလ….အားလုံးသဘောတူကြတာက…
၁။ ဖတ်ရွေးအဖွဲ့ မဖျက်ပဲ အနည်းဆုံး လာမဲ့ ဇန္နဝါရီလ ကျင်းပပြုလုပ်မဲ့
“တွေ့ဆုံပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲ” အထိ ဆက်လက်ချီတက်ရန်
အားလုံးသဘောတူကြပါတယ်။
၂။ ရွာထဲချပြပြီး ဗုတ်ပေးရွေးချယ်ရေးစံနစ်မှာ ချို့ယွင်းအားနည်းချက်လေးတွေ တွေ့ရလို့
သော်၎င်း၊ ရွာသူရွာသားအများစုရဲ့ကွန်မန့်တွေ အရ အများစုက မူလဖတ်ရွေးပုံစံကို
ပိုမိုနှစ်သက်ကြတာကို သိရတဲ့အတွက်သော်၎င်း၊စက်တင်ဘာလရွေးချယ်မှု ကစလို့
ဖတ်ရွေးအဖွဲ့ ရဲ့ မူလပုံစံအတိုင်း ပြန်ရွေးချယ်သွားကြဖို့ အားလုံးသဘောတူကြပါတယ်။
၃။ ဖတ်ရွေးအဖွဲ့ဝင် အင်အားတောင့်တင်းရေးအတွက် လွတ်လပ်စွာဖိတ်ခေါ်လိုက်တဲ့အခါ
စိတ်ပါလက်ပါ ဝင်ရွေးပေးကြဖို့ စါရင်းပေးသူ များစွာပေါ်လာတဲ့အတွက်
ဖတ်ရွေးအဖွဲ့သားအားလုံး ဝမ်းမြောက်ဝမ်းသာဖြစ်ကြရပါတယ်။
ကြီးမိုက်နဲ့ မဟာရာဇာအံစာတုံး အပါအဝင် ဖတ်ရွေးအဖွဲ့ဝင် စုစုပေါင်း ၁ရ ယောက်
ဖြစ်သွားပါတယ်။ အဲဒီအတွက် ဖတ်ရွေးအဖွဲ့ဝင်များ အနေနှင့် အကြောင်းကြောင်းကြောင့် ဖတ်ရွေးမပေးနိုင်တဲ့ လ ရှိပါက နားလို့ ရတဲ့အတွက် အားလုံးအတွက်အဆင်ပြေသွားပါတယ်။
ဖတ်ရွေးအဖွဲ့ မူလရည်ရွယ်ခဲ့တာကိုက ….
ဒီရွာမှာ စာကောင်းပေကောင်းလေးတွေ ရေးကြသူ များများ
ပေါ်ပေါက်လာစေရန် နဲ့ မန်းဂဇက်ဆိုတဲ့ဝက်ဆိုဒ်ကြီး
ဟာ ပေါ့ပျက်ပျက်ဝက်ဆိုဒ်မဟုတ်ပဲ …ဝင်ကြည့်သူတိုင်း
တစ်ခုခု..တစ်စုံတရာ ရစေတဲ့ အရည်အချင်းပြည့်ဝတဲ့ဝက်ဆိုဒ်ဖြစ်စေဖို့ ရည်ရွယ်ခဲ့တာပါ
တိုတိုပြောရရင် လူစည်ကားတဲ့ ဆူပါမားကက်ကြီးတစ်ခုလို
လိုတာရနိုင်တဲ့ ဗဟုသုတ၊ ရသ ဘဏ်တိုက်ကြီးလိုဖြစ်စေလိုခဲ့တာပါ…
ဒါပေမဲ့…..ဂဇက်မှာ လူဟောင်းတော်တော်များများပျောက်လို့နေပါတယ်..
ဂဇက်လူခြေတိတ်လာတဲ့ကိစ္စဟာ…ကျုပ်စဉ်းစားမိသလောက်…
၁။ အရင်ကလူများစုဟာ အင်တာနက်ကိုရုံးမှာအလစ်သုံးရင်သုံး
မဟုတ်ရင် ကိုယ်ပိုင်အချိန်မှာ နီးစပ်ရာအင်တာနက်ဆိုင်မှာ
ပိုက်ဆံပေးသုံး…ခဲ့ကြရတာပါ
၂။ အခုတော့ လက်ကိုင်ဖုန်းဆိုတာ ဆိုက်ကားသမားလောက်တောင်ကိုင်နေနိုင်တာ
အင်တာနက်ကို ပါအလွယ်တကူ လက်ကိုင်ဖုန်းနဲ့သုံးနေနိုင်လာတော့
အင်တာနက်ဆိုင်ဘယ်သူမှ တကူးတကမသွားကြတော့ပါဘူး
(ကျုပ်သူငယ်ချင်း အင်တာနက်ဆိုင်ဖွင့်ပီး လုပ်စားနေတဲ့သူတောင် နားကားနေပြီ၊
ကွန်ပြူတာဆယ်လုံးလောက်နဲ့ တစ်နေ့တစ်နေ့ လူမဝင်လို့ တိုက်ခန်းငှားခတောင်ရှုံးနေလို့
ဘာဆက်လုပ်ရမယ်မသိ)
ဖုန်းအင်တာနက်မှာကလည်း လိုင်းသိပ်မကောင်းပေမဲ့…သစ်ထူးလွင်လိုဝက်ဆိုဒ်မျိုး
ဖေ့စ်ဘုတ်လိုမျိုးကတော့ ဖွင့်လို့ပြုလို့လွယ်ပါတယ်…အဲ…အဓိကကတော့
အင်တာနက်လိုင်းတွေ မကောင်းတဲ့ကြားမှာ..ကျန်တာတွေဖွင့်ရပေမဲ့
ကျုပ်တို့ချစ်တဲ့ မန်းဂဇက်ကတော့ဖွင့်မရပါဘူး…အံ့ဘွယ်သုတ
၃။ တစ်ခါတလေ အင်မတန်ကောင်းနေတဲ့ ရုံးကလိုင်းတောင်..ကျန်ဝက်ဆိုဒ်တွေဖွင့်ရပြီး
ဂဇက်ကျတော့ ပရော်ဘလန်လုတ်ဒင်း ဖြစ်နေပြန်ရော(သဂျီးစဉ်းစားဘွယ်)
ဖုန်းနဲ့ ရွာဝင်ပြန်တော့ ဖတ်လို့အဆင်ပြေပေမဲ့ မန့်ဖို့၊ လော့အင်ဝင်ဖို့ကျ ခက်ပြန်ရောဗျ။
ဖုန်းဘက်ထရီကလည်း လျှောကနဲကုန်လွယ်ပြန်တယ်။
အဲဒါကြောင့် ရွာထဲ လူနည်းသွားတာလို့ထင်ပါတယ်ဗျာ။
တကယ်တော့..ပို့စ်တစ်ပုဒ်ရဲ့ တန်ဖိုးဖြတ်ခံရမှုက အဲဒီပို့စ်မှာပေးခံရတဲ့ကွန်မန့်ပါပဲ
အဲဒီတော့ကာမယ်……..
မန်းဂဇက် ကျေးရွာကြီးကို ခင်မင် သံယောဇဉ်ရှိတယ်ဆိုရင်ဖြင့်……
စာမရေးနိုင်တောင်…ကွန်မန့်လေးတွေ ဝိုင်းပေးကြပါ…ချီးယားလုပ်ကြပါလို့
အကြံပြုရင်း..။….မူလ ဘူတ ရည်ရွယ်ရင်းကို သွားပါရစေဗျာ။
၂၀၁၃ခုနှစ် စက်တင်ဘာလအတွင်း တင်ခဲ့သမျှပို့စ်တွေထဲမှာ…..
အခုအဖွဲ့ဝင်သစ် (၁၇) ယောက်က အကြိုက်ဆုံးအဖြစ် ရွေးချယ်ပေးကြတဲ့
ပို့စ်တွေကတော့ (မထပ်တဲ့ပို့စ်တွေစုလိုက်ရင်) ဇကာတင် စုစုပေါင်း…..(၁၄) ပုဒ် ရရှိပါတယ်ဗျာ။
ကဲ ကြည့်လိုက်ကြရအောင်…..ဘယ်ပို့စ်တွေများဇကာတင်ထားသလဲလို့……
ရင်ခုံစရာလာပါပြီဗျာ…
၁။ စုဗူးနဲ့ ကောင်လေး – by ကျော်စွာခေါင်
https://myanmargazette.net/186019
၂။ ဒေါ်ကြီးလုံ နဲ့ ရွှေဧည့်သည် – by လုံမလေး မွန်မွန်
https://myanmargazette.net/186019
၃။ နိုင်ငံရေးဆိုတာ………………..တာတဲ့လား? – by စံလှကြီး
https://myanmargazette.net/184937
၄။ အချိန်ငတ်နေသော လူ့စွမ်းအားအရင်းမြစ်များ – by လုံမလေးမွန်မွန်
( https://myanmargazette.net/185225 )
၅။ အရောင်ဝင်္ကဘာ – by ကျော်စွာခေါင်
( https://myanmargazette.net/185952 )
၆။ မွန်းကျပ်နေတဲ့ မြို့ – by မနှင်းဖြူ မှန်မှန်ပြော
( https://myanmargazette.net/184784 )
၇။ မျောက်ကျွန်း – by မောင်ဘလိူင်
https://myanmargazette.net/185931
၈။ မြန်မာစံတော်ချိန် –by ကိုပေါက်(မန္တလေး)
https://myanmargazette.net/185601
၉။ ကြိုးတစ်ချောင်းရဲ့ ဆက်ထုံးတစ်နေရာ-by သော်ဇင်(လွိုင်ကော်)
https://myanmargazette.net/186069
၁၀။ တောင်တန်းတွေနဲ့ ယဉ်တဲ့မြို့- by သျှားသက်မာန်
https://myanmargazette.net/184991
၁၁။ လူတစ်ယောက်ချင်းစီဟာ အမှောင်တစ်ခြမ်းစီရှိနေတဲ့ လမင်းတစ်စင်းစီပါပ– by အလင်းဆက်
https://myanmargazette.net/186313
၁၂။ ရွာကိုပြန်ခဲ့ကြပါဗျာ – By kyeemite
https://myanmargazette.net/185875
၁၃။ နဲနဲလေးပဲလျော့ကြည့်ပါ – by ကိုပေါက်(မန္တလေး)
https://myanmargazette.net/186015
၁၄။ ကေဇီ ထမင်းဆိုင် ရဲ့ အပါတ်စဉ် ဟင်းချက် စီးရီး – by KZ
တစ်လလုံးကေဇီတင်ခဲ့ သမျှ `ထမင်းဆိုင်´ပို့စ်များ
https://myanmargazette.net/185196
(အခြားထမင်းဆိုင်ပို့စ်များကို “ယနေ့ပို့စ်”တွင်ရှာကြပါနော)
အဲ…စကားတွေပြောတာလည်း များသွားပြီဗျာ…..
ဒီပုံလေးတွေ အပျင်းပြေ၊ စိတ်အပမ်းပြေအားပေးကြပါအုံးနော…
မနှစ်က ဒီဇင်ဘာ မန္တလေးသွား တုန်းက အမှတ်တရ ပုံတချို့ပါ…
(မန္တလေး ရှုခင်းပုံများကတော့ ရွာ့ ဓါတ်ပုံဆြာကြီးများ တင်နေကျမို့
မတင်တော့ပါဘူး၊ လက်ရာကလည်း ကျုပ်သားတော်မောင် ဘေဘီမိုက် လက်ဆော့ချက်ပါ)





တော်သေးဘီဗျာ။
ရွာသူားအားလုံးကိုခင်မင်လေးစားလျှက်
ထာဝရလမ်းဆက်လျှောက်နေတဲ့
ကြီးမိုက်။
–
–
36 comments
kyeemite
October 10, 2013 at 9:07 am
စာလုံးတွေ အကြီးအသေးအမျိုးမျိုးဖြစ်နေတာခွင့်လွှတ်ကြပါနော
ဆုရပို့စ်ကိုတော့ အမှတ်တွေပေါင်းပြီး ထုံးစံအတိုင်း (၁၅)ရက်နေ့
မှာ ဒီပို့ထဲမှာပဲကြေငြာပေးသွားပါ့မယ်ဗျာ… 😀
KZ
October 10, 2013 at 9:16 am
အဟီးဟီးးးး
ရင်ခုန်စရာ ဂေဇက် အကယ်ဒမီပြန်စပြီပေါ့။
😀
စကားမစပ် နောက်ခါပြန်မှ အဲ့ ထမင်းဆိုင် သွားစားဦးမယ်။
ရောက်ဖူးသေးဘူးဗျ။
:sar:
Mr. MarGa
October 10, 2013 at 9:25 am
ဟီဟိ
ဦးမိုက် ဘယ်တော့ တင်မလဲ စောင့်နေတာဗျ
ကဲ
ကိုယ်လည်း ဇကာတင်ထဲ မပါတာမို့
ရင်ခုန်စွာနဲ့ပဲ အဖြေညှိနေမည် ဖြစ်ပါကြောင်းးးး
လုံမလေးမွန်မွန်
October 10, 2013 at 9:26 am
စကာတင်ပို့စ်တွေ တက်လာပြီပေါ့။ ပျော်စရာကြီး။ အရင်က ရင်ခုန်ဖူးတဲ့ ခံစားချက်ကလေးကို ပြန်ရလိုက်တယ်။ ကျေးဇူးအများကြီး တင်ပါတယ်။
ဘေဘီမိုက်ကလည်း မခေဘူးပဲ။ အစားအသောက်ပုံတွေရော။ ခွေးပုံလေးတွေရော။ တိမ်တွေအောက်က လမ်းမကြီးပုံရော အကုန်ကြိုက်တယ်။ဠ
ဦးကြောင်ကြီး
October 10, 2013 at 9:41 am
ဟင်းတွေဂဒေါ့ မြန်မာဘူဖေးလို့ အပြောရဗူး … ဆီရောင်တဝင်းဝင်းနဲ့…
ရာမည
October 10, 2013 at 9:59 am
အကြိုက်ဆုံး ရွေးချယ်ခံရသူများအားလုံးကို ဂုဏ်ပြုပါတယ်ခင်ဗျာ …
black chaw
October 10, 2013 at 10:14 am
အားပေးဖတ်ရှုသွားပါတယ် ကိုမိုက်ရေ…။
Myo Thant
October 10, 2013 at 10:19 am
ကိုမိုက်
၅ နဲ့ ၁၂ ကထပ်နေတယ် ၊
( ၅။ အရောင်ဝင်္ကဘာ – by ကျော်စွာခေါင် )
( ၁၂။ အရောင်ဝင်္ကဘာ – ကျော်စွာခေါင် )
ဒီတော့ ၁၃ ပုဒ် ဖြစ်မယ်ထင်တယ်နော်
ကျော်စွာခေါင် ၊ လုံမလေး မွန်မွန် ၊ စံလှကြီး ၊ မနှင်းဖြူ မှန်မှန်ပြော ၊ မောင်ဘလိူင် ၊ ကိုပေါက်(မန္တလေး) ၊ သော်ဇင်(လွိုင်ကော်) ၊ သျှားသက်မာန် ၊ အလင်းဆက် ၊ KZ ၊
အားလုံးကို ချီးကျူးပါတယ်ဗျာ ၊
kyeemite
October 10, 2013 at 11:05 am
ကိုမျိုးသန့်ရေ…ထောက်ပြပေးတာကျေးဇူးပါ
ပြန်ပြင်ထားပါပြီ။
😀
sorrow weaver
October 10, 2013 at 10:28 am
ဦးမိုက်ရေ ..အားကျပါ့ဗျာ….ရွာအရေးလက်မနှေးတာရော …အချိန်ပေးတာကိုရောပါဗျာ…ဒါမိုး …ရွာလူကြီးတွေရှိလို့လဲ ရွာစည်တာဗျ.. 🙂
TNA
October 10, 2013 at 11:23 am
ချီးကျူးပါတယ်။ တကယ့်ဇကာတင်တွေမို့ ရင်ခုန်စွာစောင့်နေပါမယ်။ ပုံတွေကတော့ အရမ်းမိုက်တယ်။ ခွေးလေးတွေပုံအကြိုက်ဆုံးပဲ။
kai
October 10, 2013 at 11:30 am
မီးလောင်နေတာလား…ဘာလားမသိရတဲ့တိမ်တိုက်မီးခိုးတွေထဲ.. အစက်အစက်..အပွင့်တွေနဲ့..ဘာတိမ်အမျိုးအစားပါလိမ့်လို့.. စဉ်းစားတော့..ကားမှန်က.. ညစ်ပါတ်တာဖြစ်နေတယ်…။
ဆိုတော့….
ရွာသူားတွေ… စဉ်းစားကြ.. စဉ်းစားကြ…. ဆုအတွက်…
(ဘာမှလည်းမဆိုင်…)
lele kyi
October 18, 2013 at 5:03 pm
ဟုတ်ရယ် သူကြီးလိုပဲတွေးနေတာ။ စတားထရေးလား ဘာလားပေါ့။ ဟီးးးး။
ဟင်းခွက်တွေအများကြီးနဲ့စားချင်ဘူး။ဟင်းအများကြီးပဲစားချင်တာ။ အဲ့ဒီ နေရာကို ကပ်ကျော်ခဲ့တယ် အချိန် မရှိတော့လို့။ လွမ်းစရာ။
kyeemite
October 10, 2013 at 11:36 am
တကယ်တော့ အဲဒါတိမ်မဟုတ်ဘူး သဂျီးရ
ရန်ကုန်ဝင်ခါနီး ရန်ကုန်ဘက်က မီးခိုးတွေတက်လာလို့
တစ်နေရာတော့ မီးအကြီးအကျယ်လောင်နေပြီလို့တွေးနေတုန်း
သားတော်မောင်လက်ဆော့လိုက်တာ..
ဟုတ်ပါရဲ့ဗျာ…ကားမှန်ညစ်ပတ်နေတာပါ
ဦးကျောက်ခဲ
October 10, 2013 at 12:16 pm
ဗယာဗိုပါ အကိုမိုက်ရေ… အရင်ကလို ရင်ပြန်ခုန်ရတော့မယ်…
😀
မိုက်ကယ်ဂျော်နီအောင်ပု
October 10, 2013 at 12:26 pm
ဂေဇက်ဆုပေးပွဲကြီးမှာ
ဂေဇက်သဂျီးရဲ့
အယ်ဒီတါ့သင်ဘုန်းဂျီးဖတ်စာ တစ်ခါမှ ဆုမရခြင်းအပေါ်မှာ
သဂျီးမင်းနဲ့ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်မိဘါဒယ်ခညာ
alinsett
October 10, 2013 at 1:23 pm
လူတစ်ယောက်ချင်းစီဟာ
အမှောင်တစ်ခြမ်းစီ ရှိနေတဲ့ လမင်းတစ်စင်းစီပဲ ဆိုတဲ့ပိုစ့်
ဆု မရ ရင်တော့
ချစ်သုဝေကို ဖတ်ပြီး ငိုပလိုက်မယ်တွာ
အဟိ
🙂
——
ဘီယာတန်ခိုးနဲ့ ရီဝေဝေ ထိုင်ရေးတင်လိုက်တဲ့ပိုစိ့ကို
ဇဂါတင်ထဲမှာ မြင်ရတော့
ဝမ်းသာသလိုလို ဘာလိုလို
:kwi:
padonmar
October 10, 2013 at 9:41 pm
တောင်လှေခါးကြီးမိုက်ရဲ့ ဆုကြေငြာသံလေး ကြားချင်ကြတယ်လား ပိတ်သတ်ကြီး။
ကြားချင်ရင် လက်ခုပ်သံလေးများ ချီးမြှင့်ပေးကြပါ။
အရိပ်စစ်
October 11, 2013 at 5:05 am
ကွန်ကောင်းတဲ့ အချိန်စောစာစီးစီး လိုင်းပေါ်တက်တာ
ထမင်းပွဲ နဲ့ တိုးလို့ ဆာတာတာဖြစ်သွားပါရော့
အကယ်ဒမီဆုရှင်များအတွက် လက်ခုပ်တီး ပေးဖို့ ရင်ခုန် စောင့်မျှော်နေပါကြောင်းးး
Ma Ma
October 11, 2013 at 6:07 am
ဖတ်ရွေးအကယ်ဒမီပေးပွဲကိုလည်း စောင့်မျှော်နေပါတယ်။
စီဂျေဖယ်မလီရဲ့ လက်ရာတွေကိုလည်း ကြည့်ရှု့သွားပါတယ်။
🙂
ကွန်မန့်ဆုပေးလို့ရရင် ဘွပုနဲ့ ကြောင်ကြီးတို့ကို ပေးချင်စိတ်ပေါက်လာတယ်။
ရွှေတိုက်စိုး
October 11, 2013 at 9:12 am
ဝမ်းသာပါတယ် ဦးမိုက်ရေ……… ဖိုက်တင်း ရွေးဖတ် :hee:
သော်ဇင် (လွိုင်ကော်)
October 11, 2013 at 6:43 pm
ဆန်ကာတင်ထဲမှာ ကိုယ့်စာမူလေးတွေ့လိုက်ရတော့ ရင်ခုန်သွားတာပဲဗျာ
ဦးဦးပါလေရာ
October 12, 2013 at 12:10 am
ဆန်ကာတင်ပိုစ့်တွေ အကုန်ကောင်းတယ်…
တော်တော် ရွေးရခက်မယ်…။
မြန်မာဘူဖေးကို ပုဂံသွားတုန်းကမှ စားဖူးတယ်။
ကြက်ကို လောလောလတ်လတ်ကြော်ပေးတာနဲ့တုင် တန်လိုက်တာ..
ဆိုင်က ဟင်းခွက်ရှစ်မျိုးလောက်ချပေးပြီး
ကျုပ်ကတော့ ပုန်းရည်ကြီးသုတ်နဲ့ပဲ တနပ်ပြီးသွားတော့တယ်….။
hmee
October 12, 2013 at 4:47 pm
ဦးကြီးမိုက်ရှင့် ရွာထဲကို အလည်ရောက်ပေမဲ့ လက်ပကျွပ်လေးဆေးရုံရောက်နေလို့ ပို့စ် အသစ် မတင်နိုင်သေးဘူး။းC
ကိုရင်စည်သူ
October 12, 2013 at 10:39 pm
ဖတ်ရွေးဒိုင်များ သမာသမတ်ကျစွာဖြင့် အကောင်းဆုံးပို့စ်တစ်ခုကို
ရွေးချယ်နိုင်ကြောင်း ယုံကြည်ပါတယ်ဗျာ.. လက်ခုပ်တီး အားပေးဖို့
ဆုရသူတိုင်းအတွက် ရယ်ဒီပြင်ထားပါကြောင်း။
ကျနော်ကတော့ ဦးပေါက်ပို့စ်နဲ့ ကိုစံလှကြီးပို့စ်ကို နှစ်ခြိုက်တဲ့အတွက်
sensitive မဖြစ်စွာဖြင့် ပွင့်လင်းမြင်သာ ဗို့စ်ပေးသွားပါကြောင်း… 🙂
မဟာရာဇာ အံစာတုံး
October 13, 2013 at 10:04 am
ဒိန်း .. တ တပ်တပ် ဒိန်းးး
ဒိန်း .. တ တပ်တပ် ဒိန်းးးဒိန်းးး
ဒိန်း .. တ တပ်တပ် ဒိန်းးးဒိန်းးးးဒိန်းးး (ရင်ခုန်သံ)
ရင်ဒွေ အားဂျီး ခုန်နေဒယ် …
ညန်ညန် ကျေညာဒေါ့ဂျာ …
အဲ .. ဒါမယ့် .. ဒီထဲမှာ မကြေညာဘာနဲ့ …
ပို့စ်အသစ် တင်ပြီး ကြေညာပေးဘာလို့ …
ဒီပို့စ်ကို လင့်ခ် ပြန်ညွှန်းပေါ့ဗျာ …
surmi
October 13, 2013 at 3:16 pm
လက်ခုတ်တီးဖို့စောင့်နေပါတယ်ဗျို့ ….
နောက်ထပ်ပို့စ်တစ်ခုနဲ့ပြောရင်ပိုကောင်းမယ်ထင်မိပါကြောင်း..
•*¨နန်းတော်ရာသူ •*¨
October 13, 2013 at 8:21 pm
ဖတ်ရွေးအဖွဲ့ကြီးနဲ့လူကြီးတွေပြန်ရွေးကြမယ်ဆိုတော့ အားပြန်တက်လာမိတယ်။
ရှေ့လအတွက် အသစ်တစ်ပုဒ်ဒီနေ့ပဲတင်မယ်
😀
kyeemite
October 14, 2013 at 8:59 am
မဟာရာဇာ အံစာတုံး says:
ညန်ညန် ကျေညာဒေါ့ဂျာ …
အဲ .. ဒါမယ့် .. ဒီထဲမှာ မကြေညာဘာနဲ့ …
ပို့စ်အသစ် တင်ပြီး ကြေညာပေးဘာလို့ …
ဒီပို့စ်ကို လင့်ခ် ပြန်ညွှန်းပေါ့ဗျာ …
surmi says:
လက်ခုတ်တီးဖို့စောင့်နေပါတယ်ဗျို့ ….
နောက်ထပ်ပို့စ်တစ်ခုနဲ့ပြောရင်ပိုကောင်းမယ်ထင်မိပါကြောင်း..
ဟုတ်ကဲ့…အထက်ပါပုဂ္ဂိုလ်ကျော်ဂျီး နှစ်ဦး၏ တိုက်တွန်းတောင်းဆိုမှုကိုလေးစားသောအားဖြင့်
(၁၅) ရက်နေ့မနက်မှာ ကျုပ် ဆုရပို့စ်သီးသန့်တင်ပြီးကြေငြာပေးမည်ဖြစ်ကြောင်း… 😀
kyeemite
October 15, 2013 at 10:00 am
ဒီနေ့ ရုံးမှမှာ အင်တာနက် ပျက်နေလို့ ဆုရပို့ကိုမနက်ဖန်မှကြေငြာပါ့မယ်ဗျို့နောကကျသွားတာခွေးလွှတ်ကြပါကုန် 😀
kyeemite
October 15, 2013 at 10:07 am
ဒီနေ့ ရုံးမှမှာ အင်တာနက် ပျက်နေလို့ ဆုရပို့ကိုမနက်ဖန်မှကြေငြာပါ့မယ်ဗျို့နောကကျသွားတာခွေးလွှတ်ကြပါ ကုန် 😀 ဒီကိန်မန့်လေးတောင် ဖုံးနဲ့ဝင်ပြီးမနဲရေးလိုက်ရတာ
ငဂျစ်
October 15, 2013 at 8:17 pm
ဟုက်ကဲ့ပါခဗျ…
ဒီဂနေ့ ကံထူးရှင် ကြေငြာမယ်ဆိုလို့ ဝင်ကြည့်တာ
ပွဲချိန်အပြောင်းအရွေ့နဲ့ကြုံလို့ နောက်နေ့မှာ တစ်ကျော့ပြန်လာခဲ့ပါအုံးမည်…….
ကိုပေါက်(မန္တလေး)
October 16, 2013 at 1:42 pm
လက်ခုပ်တီးပေးဘို့စောင့်နေပါတယ်
မနှင်းဖြူ မှန်မှန်ပြော
October 17, 2013 at 9:31 am
အဟိ … မနှင်းဖြူရဲ့ စာ ပါ သဗျ … ရွေးထားတဲ့ထဲ ..
အားရှိသဗျာ .. ကွန်ပျူတာ ပျက်နေလို့ မဝင်ဖြစ်ပဲ ဖုန်းလေးကနေပဲ မျှော်ကြည့်နေရတာ ကြာပြီ
ဒီနေ့မှတွေ့တယ် ..ကိုယ့်ထက် ကောင်းတဲ့စာတွေအများကြီးထဲကမှ .အနော့်ဟာလေးကို ဖတ်ပေးကြလို့
အားတက်မိပါကြောင်း …….
ခင် ခ
October 17, 2013 at 4:48 pm
( ဖတ်ရွေးအဖွဲ့ မဖျက်ပဲ အနည်းဆုံး လာမဲ့ ဇန္နဝါရီလ ကျင်းပပြုလုပ်မဲ့
“တွေ့ဆုံပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲ” အထိ ဆက်လက်ချီတက်ရန်
အားလုံးသဘောတူကြပါတယ်။ )
ဤ အ ရာ ကို အနှစ် ဟု ခေါ်သည်။
kyeemite
October 18, 2013 at 12:41 pm
ကိုခင်ခရေ ကျနော်မျော်
နေတာ ကိုခင်ခရဲ့ ကွန်မန့်ပါ ဝမ်သာပါတယ်ဗျာ ခုတလော ရွာထဲကိုခပျောက်နေလို့စိတ်မကောင်းဖြစ်နေ တာဗျ ပို့လေးတွေတင်ပါအုံးဗျာ ကျုပ်ရုံးက အင်တာနက်စုတ်ပြတ်နေလို့ အခု ဖုန်းနဲ့ကြိုးစားပြီးကွန်မန့်ပြန်နေရတာ စာလုံးပေါင်းတွေ ကမောက်ကမဖြစ်နေရင်ခွင့်လ
ွှတ်ဗျို့