စွန့်လွှတ်စွန့်စား စပါယ်ယာမလေးများ
လွန်ခဲ့တဲ့တလလောက်က ဂေဇက်ရွာကြီးတခုလုံးကိုအုန်းအုန်းကြွက်ကြွက်ဖြစ်သွားစေတဲ့ သတင်းတခုဖြစ်သွားပါတယ်။ အဲသတင်းလဲကြားရော ရွာသူ ရွာသားတွေကော၊ ရွာ့သတင်းထောက်တွေဖြစ်တဲ့ စီဂျေတွေရော လှုပ်လှုပ်ရွရွတွေဖြစ်လို့။ ရွာသူရွာသားတွေကလဲ သူ့ထက်ငါသတင်း အတိအကျသိချင်လို့၊ စီဂျေတွေကလဲ သူ့ထက်ငါ သတင်းရဖို့ ကင်မရာတွေ အသံဖမ်းစက်တွေတပြင်ပြင်နဲ့ပေါ့။ သတင်းကတော့ တော်တော်ကိုထူးဆန်းပါတယ်။ ဂေဇက်မြို့ကနေထွက်တဲ့ အပျော်စီးသင်္ဘောကြီး လမ်းမှာ ပြန်ပေးဆွဲခံရတယ်ဆိုတာပါပဲ။ အဲဒီလိုပြန်ပေးဆွဲခံရတာမှာ သင်္ဘောပေါ်မှာပါတဲ့ သင်္ဘောစပါယ်ယာမလေးက ဝန်ထမ်းနဲ့ခရီးသည် ၃၅ဝ တို့ရဲ့အသက်ကို စွန့်စွန့်စားစားကယ်လိုက်တယ်ဆိုတာပါပဲ။ သင်္ဘောပေါ်မှာဖြစ်ခဲ့တဲ့ သတင်းဆိုတော့ ဖုန်းထဲကနေကြားရသလောက်ပဲဆိုတော့ ဖြစ်စဉ်ကိုအတိအကျမသိရတော့ ကုန်းပေါ် ကလူတွေကအရမ်းကိုစိတ်ဝင်စားနေတော့တာပေါ့။ အဲဒါကြောင့်လဲ သင်္ဘောကြီး ဂေဇက်ရွာ ကိုပြန်လည်ဆိုက်ကပ်မဲ့နေ့မှာ တွေ့ဆုံမေးမြန်း အဖြစ်မှန်သိရဖို့ တရွာလုံး စိတ် ဝင်စားနေကြတာပေါ့။ ဒီလိုကြမ်းတမ်းတဲ့ ပြန်ပေးသမားတွေကိုဘယ်လိုများ ဒီလိုအားနွဲ့တဲ့မိန်းကလေးက အံတုလိုက်ပါလိမ့်ပေါ့။ သင်္ဘောကြီးပြန်လာမဲ့မနက်အစောကြီး တရွာလုံး အစောကြီးထ နေရာရဖို့ ဆိပ်ကမ်းကို သူ့ထက်ငါဦးအောင်သွား၊ စီဂျေတွေကလဲ ကင်မရာတွေ အသံဖမ်းစက်တွေနဲ့ သင်္ဘောကြီးနဲ့အနီးဆုံးနေရာယူနဲ့ အရမ်းကို လှုပ်လှုပ်ရွရွဖြစ်နေတာပေါ့။ အဲအချိန်မှာပဲ သင်္ဘောကြီးက ဥဩဆွဲပြီး ဆိပ်ကမ်းကိုတရွေ့ရွေ့ဝင်လာပါတယ်။ လူတွေလဲလှုပ်လှုပ်ရွရွပေါ့။ သင်္ဘောကြီးဆိပ်ကမ်းကိုကပ်ပြီး တာနဲ့ တံတားကြီးကျလာတယ်။ အဲဒီမှာ ကင်မရာတွေစရိုက်ကုန်ပြီ။ လူတွေကလဲ အလံတွေလွှင့်၊ ပန်းကုံးတွေ တပြင်ပြင် လက်ခုတ်တွေတီးအော်ကြဟစ်ကြနဲ့ သောင်းသောင်းဖြဖြကြိုဆိုနေကြပါ တယ်။
အဲဒီအချိန်မှာပဲ ရှေ့ဆုံးကနေ ကယ်တင်ရှင် သင်္ဘောစပါယ်ယာမလေးဦးဆောင်ပြီးဆင်းလာပါတယ်။ အိုးလူတွေကြိုလိုက်ကြတာ ချော်လဲဒူးပြဲ တက်နင်းအစုံပဲပေါ့။ သတင်း ထောက်တွေကလဲ သတင်းရရေးသူ့ထက်ငါပေါ့။ သင်္ဘောစပါယ်ယာမလေး ကတော့တည်တည်ငြိမ်ငြိမ်ပါပဲ။ အားလုံးကို လက်ပြနှုတ်ဆက်လို့ဆင်းလာပါတယ်။ ကက်ပတိန်ဦးဆောင်တဲ့ ဝန်ထမ်းနဲ့ခရီးသည်တွေကတော့ မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့ရတာမို့ ဖက်ကြ ငိုကြဇာတ်စုံခင်းကြနဲ့ပေါ့။ ပွက်လောကိုရိုက်သွားတာပဲ။ အဲဒီမှာပဲ ရွာ့စီဂျေတွေထဲက ကံထူးရှင်တယောက်က သင်္ဘောစပါယ်ယာမလေး နဲ့အင်တာဗျူးခွင့်ရခဲ့ပါတယ်။ အဲဒီမှာ ကယ်တင်ခြင်းအကြောင်းစွန့်စားခန်းကြီးကြား ရ တော့တာပါပဲ။ ဇာတ်လမ်းစုံကတော့ဒီလိုပါတဲ့
စီဂျေ။ ညလေး သင်္ဘောပေါ်ကပြန်ပေးဆွဲတဲ့အကြောင်းလေးပြောပြပေးပါလား
သင်္ဘောစပါယ်ယာမလေး။ သူတို့ကလေ ခရီးသည်တွေနဲ့အတူတူပါလာတာရှင့်။ လူ ၁ဝ ယောက် ကြီးများတောင်။ လက်နက်တွေလဲပါသေးတယ်ရှင့်။ ဗုံးတွေလဲပါသေး တယ်။ ကြောက်စရာကြီးရှင့်။
စီဂျေ။ ဟုတ်လား။ အဲလိုကြောက်စရာကြီးတွေကို ညလေး ဘယ်လိုများကယ်တင်လိုက်ပါလိမ့်။
သင်္ဘောစပါယ်ယာမလေး။ ဟုတ်ကဲ့ရှင့်။ သူတို့ သင်္ဘောပေါ်ရောက်ပြီးပြန်ပေးစဆွဲတော့ ညလေးလဲကြောက်တာပေါ့ရှင်။ ဒါပေမဲ့လဲကိုယ်က ခရီးသည်တွေကို ကာကွယ်ဖို့တာဝန်ရှိတယ်မဟုတ်လား။ အဲတော့ ခပ်တည်တည်နေရတာပေါ့။ အဲဒီမှာ ခေါင်းဆောင်က ကျွန်မကိုပြောတယ်။ မင်းဒီည ငါတို့အခန်းထဲလာမယ်ဆိုရင် သင်္ဘောကြီးကော ခရီးသည်တွေပါ လွှတ်ပေးမယ်တဲ့။ ကျွန်မလဲနဲနဲတော့စဉ်းစားရတာပေါ့ရှင်။ နောက်တော့လဲမထူးပါဘူးဆိုပြီး သူတို့တောင်းဆိုတဲ့အတိုင်းပဲ ခရီးသည် တွေကိုကယ်တင်ခဲ့တာပါရှင် တဲ့။
စီဂျေ။ အခန်းထဲမှာဘယ်လိုအပေးအယူများလုပ်ခဲ့ရပါသလဲ ညလေး။
သင်္ဘောစပါယ်ယာမလေး။ အင်းအဲဒါတော့နော် ဘယ်လိုပြောရမလဲဆိုတော့နော်။ အင်းအိုက်လိုပေ့ါရှင်။ ကယ်ခဲ့တယ်လို့ပဲမှတ်ပါလေတဲ့။
အဲဒါနဲ့ပဲ သတင်းယူခြင်းအမှု့ပြီးမြောက်သွားပါတော့တယ်။ နောက်တော့ အဲဒီ သင်္ဘောစပါယ်ယာမလေး က နာမည်အတော်ကြီးသွားပြီး ရုပ်ရှင်ကြော်ငြာလိုင်းထဲကူးသွား ပြီးအောင်မြင်သွားပါသတဲ့။
အဲအဖြစ်ဖြစ်ပေါ်ပြီး တပါတ်လောက်အကြာမှာတော့ ရွာမှာပဲရှိတဲ့လေကြောင်းလိုင်းကလေဗျန်စပါယ်ယာမလေးကလဲ အခုလိုပဲနာမည်ကြီးချင်ပါသတဲ့။ ဒါပေမဲ့ခက်တာ က လေဗျန်ပြန်ပေးဆွဲတယ်ဆိုတာ ကိုယ်လုပ်လို့မှမရတာဆိုတော့ လက်မှိုင်ချနေရသပေါ့။ ဒါနဲ့ သူ့ချစ်ချစ် ဆြာဇောရိုးကိုပြောပြတယ်။ သဲလေး လဲအိုက်လိုနာမည်ကြီးချင် လိုက်တာ ကိုကိုတဲ့။ ဆြာဇောရိုးခမျာ အားပေးရအခက် တားရအခက်ဖြစ်နေရှာတယ်။ အိုက်လိုဖြစ်လို့ခွင့်ပြုလိုက်လို့ အောင်မြင်သွားရင် စာချုပ်ဆိုတာမရှိတော့ပဲ နှစ် ကိုယ်တူနီးရမယ်။ ခွင့်မပြုပြန်ရင် စာချုပ်ကြီးကရှိနေလေတော့ နီးရင်နဲ့ဝေး နေရမယ်။ သူ့ခမျာလဲဆုံးဖြတ်ရခက်နေသပေါ့။ ဒါပေမဲ့လဲစိတ်တင်းလိုက်ပါတယ်။ အို လေဗျန်ပြန်ပေးသမားတွေရှိချင်မှရှိမှာပါလေလို့ပေါ့လေ။ ရင်တော့တမမပေါ့။
အဲလိုနဲ့နေလာလိုက်တာ မနေ့ကတော့ ဆြာဇောရိုးတစ်ယောက် မျောက်မီးခဲကိုင်မိတော့တာပဲ။ သတင်းတခုရောက်လာတယ်။ လေဗျန်စပါယ်ယာမလေး ပါသွား တဲ့ လေဗျန်ကိုပြန်ပေးဆွဲသွားလို့ပါတဲ့။ ဆွဲသွားတာက နီဂရိုးငါးယောက်ပါတဲ့။ ဆြာဇောရိုးတစ်ယောက် ဘယ်လိုဆုတောင်းရရင်ကောင်းမလဲလို့ အပြင်းအထန်စဉ်းစားနေ ရပါတယ်။ အန္တရာယ်ကင်းကင်းနဲ့ အမြန်ဆုံးလွတ်ပါစေလို့ ဆုတောင်းရမှာလား။ အန္တရာယ်မကင်းပါစေနဲ့ဆုတောင်း ရမှာလား။ လေဗျန်စပါယ်ယာမလေးချစ်သူဖြစ်ပြဇေ လို့ဆုတောင်းရမှာလား၊ ရုပ်ရှင်မင်းသမီးယောင်္ကျားဖြစ်ပါစေဆုတောင်းရမလား။ အတွေးထဲမှာခြာခြာလည်နေပါတော့တယ်။
ကဲ အိုက်တော့ ရွာသူ ရွာသားအပေါင်းတို့လဲ ဆြာဇောရိုးကိုယ်စားဘယ်လိုဆုတောင်းပေးရင်ကောင်းမလဲ။ ကူညီပေးလိုက်ကြပါအုံးနော်
စာကြွင်း။ ကြားဖူးနားဝ ပုံပြင်တပုဒ်အား ပြင်ဆင်ဖြည့်စွက်ဖြတ်တောက်ထားပါသည်။
63 comments
sorrow weaver
October 10, 2013 at 11:17 am
ဪ ..ရယ်…..အိပ်မက်တွေမကောင်းပါဘူးဆိုမှ…..နာတော့ဆင်နင်းပဟ …အဟင့်ဟင့်ဟင့်
TNA
October 10, 2013 at 11:26 am
လျော့ပေးထားဒယ်နော် ဆြာဆောရိုး
sorrow weaver
October 10, 2013 at 11:28 am
အလိုလေး …ကိုကြီးသဲရယ်…ကျေးဇူးကြီးပါ့ဗျာ …
Myo Thant
October 10, 2013 at 11:20 am
ကဲ ဆရာဇောရိုးရေ
ဇောရိုး နဲ့ နီဂရိုးဇာတ်လမ်း ဘယ်လိုဖြစ်မလဲကွယ်
လေယာဉ်ပေါ်မှာ ဟယ်ရီဆင်ဖို့ဒ် ( Air-Force One ) ပါလာရင်တော့ ကောင်းမယ်ထင်တယ်နော် ၊ စပယ်ယာမလေး ကံကောင်းမှာပေါ့လေ ၊ 🙂
sorrow weaver
October 10, 2013 at 11:25 am
ဦးဦးမျိုးရယ်….ခုတလောက ကံက အနိမ့်ပိုင်းရောက်နေတယ်…အဟင့် ..ဆင်စွယ်လက်မောင်းလေးတော့ ပစ်ရတော့မလားမသိ…အဟင့်
TNA
October 10, 2013 at 11:27 am
ဆုတောင်းပေးလိုက်ပါ အဲကူလဲဆုံးဖြတ်ပေးလိုက်ပါအုံး သူ့ခများဆုံးဖြတ်ရခက်နေတယ် ကိုမျိုးသန့်ရေ။ 😀
Shee
October 10, 2013 at 11:33 am
နိဂရိုး ၅ယောက်စလုံး…A၆ ကြီးတွေဖစ်ပါဇေလို့..ဆုတောင်းပေးလိုက်ဒယ်နော့….:-P
sorrow weaver
October 10, 2013 at 11:49 am
(ဆာလံ ၂၅း၈) အကျွန်ုပ်သည်အသက်ငယ်ရွယ်စဉ် ပြစ်မှားမိသော အပြစ်တို့ကိုအောက်မေ့ တော်မမူနှင့်၊၊ ကောင်းမြတ်တော်မူသည်ဖြစ်၍ ကရုဏာတော်ရှိသည် အတိုင်း အကျွန်ုပ်ကိုအောက်မေ့ တော်မူပါ ထာဝရဘုရား။ ….( ရှီးရေ…..နာ ညကအိပ်မက်မကောင်းလို့ အဲ့လာလေးဖတ်ပြီး ဆုတောင်းလာတာ …ရွာထဲဝင်တာနဲ့ ..နာ့ကိုသမထားတာ တန်းတွေ့တာပဲ ..အဟင့်ဟင့် )
TNA
October 10, 2013 at 11:55 am
ပါးပါးလေးဘာဆြာဆောရိုးရယ်။ Ending ကတော့ ကွကိုယ်ပေါ်ပဲမူတည်ဘာဒယ်။ ကိုယ်ဘာဖြစ်ချင်လဲ အဲလောက်လေးဘာဘဲ 😀
Shee
October 10, 2013 at 12:07 pm
(လုကာ ၆:၂၉)
သင်၏ ပါးတစ်ဖက်ကို ပုတ်သောသူအား ပါးတစ်ဖက်ကိုပေးဦးလော့..သင်၏ဝတ်လုံကိုသိမ်းယူသောသူအား သင်၏အကျီယူစေချင်ငှါပေးဦးလော့…
ခုက ပါးပုတ်တာမဟုတ်ဖူးဆိုတော့…..သီးခံသီးခံ…….အဖွဲ့လိုက်ဆုတောင်းကူညီမယ်….အားငယ်နဲ့…..အာဟိ…:-P
Ma Ei
October 10, 2013 at 11:37 am
ဟိုက်ရှားပါးးးးး
အဲ့ဒါ နာတို့ လိုင်းမှာ ဟုတ်ဖူးနော်….
နာတို့က ခုမှ လေဗျန်တွေ ဝယ်မို့ မှာတုန်းရှိသေးတာရယ်…
🙂
TNA
October 10, 2013 at 11:57 am
မွအိ လေဗျန်ဝယ်ရင် အိုက်လို စပါယ်ယာမလေးတွေရှာနော်။ အိုက်ဒါမှ ကိုယ်လေဗျန်စိတ်ချရမှာ 🙂
Wow
October 10, 2013 at 11:40 am
လေဗျံ စပယ်ယာမလေးက တာဝန်ကျေသူဆိုတော့ ခရီးသယ်တွေ အသက် ကယ်မှာပါလေ…
ဘီလိုကယ်မလဲတော့ မေးတော့ဝူးးးး
sorrow weaver
October 10, 2013 at 11:52 am
မကယ်ဘူးဟဲ့ …မကယ်ဘူး….ဖွဟဲ့…လွဲပါစေ..ဖယ်ပါစေ….ကယ်ပဲတော်…ဘယ်ကတဲက ကြည့်မရနေကြလဲ မသိ…အဟင့်ဟင့် …
TNA
October 10, 2013 at 11:58 am
ကယ်မှာပါ Wow ရေ။ သူက စီနီယာဆိုတော့ကား တာဝန်အရှိဆုံးမှုတ်လား
ဦးကျောက်ခဲ
October 10, 2013 at 11:44 am
လေယာဉ်စပါယ်ယာမလေးတွေကိုတော့ သားသားကြောက်ကြောက်ပါ…
ပြန်ပေးလည်းမဆွဲ၊ ပြန်ပေးရင်လည်းမယူ၊ ပြန်လာရင်လည်း… ဆောဒီးပါ…
အပြုံးချိုချိုနောက်က ဓားသွားတွေကို ဆြာဇောရိုးမို့ သတ္တိကောင်းသကိုး…
😀
sorrow weaver
October 10, 2013 at 11:54 am
ငယ်တုန်းကဖြင့်မကြောက်ပဲနဲ့ …ဦးကျောက်စ်…ခုမှ..အဟီးဟီး
TNA
October 10, 2013 at 11:59 am
ငယ်တုန်းကတော့ ကင်းမကြောက်ကျားမကြောက်ပေါ့။ အခုတော့ ကျောက်စ်က ကြောက်နေရဘီ 😀
လုံမလေးမွန်မွန်
October 10, 2013 at 11:49 am
ဘီလို ဆုတောင်းရမဲဟင်။ ညှိနှုင်းရေး အဆင်ပြေပါစေလို့ ဆုတောင်းရမား ဟီး
sorrow weaver
October 10, 2013 at 11:57 am
နီကိုးတွေ ကိုယ့်ချင်းကိုယ့်ချင်း ချပြီး….ကုန်တေပါစေ လို့ဆုတောင်းပေး…အဟေးဟေး
TNA
October 10, 2013 at 12:00 pm
နီကိုးတွေက အချင်းချင်း သိပ်ပြေလည်တာဆိုပဲ။ နှစ်ကိုယ့်တစိတ် ငါးယောက်ပေါင်းလောင်းကျော် တွေလို့ကြားတယ်။ ဆြာ ဆုတောင်းမမှားဖို့ပဲလိုပါတယ်လေ
sorrow weaver
October 10, 2013 at 12:04 pm
ခွီးးးးးး…. ဒီပို့စ်က ကော်မန့်တွေကို ဘူမှ မနီကျဘူးလား ကွ ဟင်…….အဟီးဟီး
TNA
October 10, 2013 at 12:12 pm
သဘောကျနေဘာဒယ်ဒဲ့ကွယ်။ နီတွားလဲ များကဆုရအုံးမွှာ။ အနီဆုံးဆု အာဟိ ခွစ်ခွစ်
no non negative
October 10, 2013 at 12:15 pm
sure ကယ်မှာပါ, ကယ်မယ် လူ များ ရင် ကယ်မယ် ဇတ် သိမ်း လေး နဲ့ သိမ်း ပေး ပါ။။အား ပေး လျက် ပါ။
TNA
October 10, 2013 at 12:23 pm
ရာမည
October 10, 2013 at 1:02 pm
ကယ်ချင်ကယ်ပါစေလေ
ဆင်သွားရင်လမ်းဖြစ်တယ်လို့ ကြားဖူးတာဘဲ။
လမ်းဖောက်ပြီးသားဆိုတော့ ခလုတ်မထိဆူးမငြိပေါ့ဗျာ 🙂
sorrow weaver
October 10, 2013 at 1:20 pm
အင်း…အကြိုက်မတူတော့လဲ ပြောစရာမရှိပါဘူူးဆရာရယ်…
TNA
October 10, 2013 at 1:47 pm
သများပါဘူးနော်။ 🙂
alinsett
October 10, 2013 at 8:48 pm
တီ နာ ရေ…
အလင်းဆက်နဲ့ချစ်သုဝေလေးတို ့ရဲ ့ အချစ်ဇာတ်လမ်းတစ်ပုဒ်လောက်လည်း..
ရေးပါဦးခည…။
:kwi:
sorrow weaver
October 10, 2013 at 8:54 pm
ဟင့်အင်း…ရဘူး…နာ့လို အမှန်အကန်ဇတ်နာပြထားမှ ရတာ…အဟိဟိ
TNA
October 10, 2013 at 10:58 pm
နေအုံးအေ နင့်သနပ်ခါးလေးအကြောင်းနဲနဲစနဲနာပြီးမှဇာတ်လမ်းရှာလိုက်မယ်အေ။ ဘယ်လိုအသီးကွဲ ဒလဲဆိုဒါလေးဂေါပေါ့ 😀
padonmar
October 10, 2013 at 9:17 pm
လေဗျံစပယ်ယာမလေးကို သူ့ချစ်သူက ဆရာကြီး ဒေဝစက္ကမင်းမသိမ်ခ ရဲ့အတော်ဆုံးတပည့်
ကရင်စည်သူရဲ့ စိတ်ညှို့နည်းသင်ပေးထားတယ်။
cabin ထဲ ဝင်လာတဲ့ နီဂရိုးကို Hey! Look at my eyes first. ဆိုပြီး အရင်စိတ်ညှို့ ပြီးတော့ Go and sit at your seat until my call. လို့ အမိန့်ပေးထားတယ်တဲ့။
အဲသလို တယောက်ပြီး တယောက် ထိန်းချုပ်ပြီး လေဗျံကြီးနဲ့ ခရီးသည်တွေကို ကယ်လိုက်လို့ နာမည်ကြီးသွားပြီး.
ခုတော့ မျက်လှည့်ပြစားနေပါသတဲ့ကွယ်။။။။
TNA
October 10, 2013 at 11:00 pm
ဟုတ်လားအန်တီဒုံ။ ဒါဆိုရင်တော့ ဆြာဆောရိုးလေး စိတ်အေးတွားဘီပေါ့။ ဒိုင်နမိုလို ကားပေါ်လက်ထောက်တဲ့ပြကွက်ပြခိုင်းရမယ်။ ဂါဝန်တိုလေးဝတ်ပြီး
sorrow weaver
October 11, 2013 at 10:14 am
အဟိဟိ…စိတ်ညို့တတ်တာတော့ ဟုတ်တယ်ဗျ…တားတားတောင် သူကလေး ထိုင်ဆိုထိုင်..ထဆိုထ…အဟီး
TNA
October 11, 2013 at 11:31 am
အောင်မယ်လေးအေ ကြောက်ချဉ်ယောင် ဒုတ်တာယောင်ဆောင်နေဒါဘာအေ 😀
Ma Ma
October 11, 2013 at 9:33 am
ဆြာဆောရိုးကို နှယ်နှယ်ရရ မှတ်နေကြသလား။
သူက သူခိုးကြီး….. အဲ မဟုတ်ဘူး။
ငတက်ပြားလို ပေါင်တစ်ချက်ပုတ်လိုက်ရင် မိုးပေါ်ထပျံနိုင်လောက်အောင် အစွမ်းရှိတယ်။
သူ့ချစ်သူ လေဗျန်စပါယ်ယာမလေးဆီကို မိုးပျံပြီးရောက်သွားတယ်။
မိုးပေါ်က ကျလာတာကို အံ့ဩပြီးကြည့်နေကြတဲ့ နီဂရိုး ၅ယောက်ကို လေကလေးနဲ့ မှုတ်လိုက်ရုံနဲ့ နီဂရိုး ၅ယောက်လုံး ပက်လက်လန်လဲကျသွားတယ်။
အဲဒီအချိန်မှာပဲ ရွာထဲက စုံထောက်ကျော်ရာမညရဲ့ သတင်းပေးမှုကြောင့် ရဲကိုကိုတွေရောက်လာပြီး ပြန်ပေးသမားတွေကို အလွယ်တကူ ဖမ်းဆီးရမိသွားတယ်။
အထင်ကြီးတဲ့မျက်လုံးရွဲကြီးတွေနဲ့ လေဗျန်စပါယ်ယာမလေး ကြည့်နေတယ်။
ဆြာဆောရိုးက အန္တရာယ်တွေ ကင်းသွားပြီဖြစ်လို့ လက်ဝါးနှစ်ဖက် ပွတ်ပြီး လေကလေးချွန်နေလိုက်တယ်။
အဲ…. အဲဒီလို အိမ်မက်ထဲမှာ လေချွန်တာ အပြင်မှာပါ အသံထွက်သွားပြီး မြွေတွေဝိုင်းလာတယ်။
ခုလောလောဆယ် ဆြာဆောရိုးကို ကယ်တင်ဖို့ ကြိုးစားကြပါအုံ………… 😀
sorrow weaver
October 11, 2013 at 10:18 am
မြွေကတော့မကြောက်သေး…ကချင်တွေက မြွေတွေ့ရင် ရိုက်သတ်ချက်စားပစ်တာ….အဟိဟိဟိ ..များကြီးတော့ မဝိုင်းခိုင်းနဲ့နော်…အန်တီမမ…နှစ်ကောင်လောက်ပဲ…အဟီး
TNA
October 11, 2013 at 11:35 am
ဆြာဆောရိုးကိုကယ်ဖို့ ပုလွေအော်ဒါမှာလိုက်အုံးမယ်။ မြွေက စပါးအုန်းချည်းပဲ ၅ ကောင်ဆိုတော့ မလွယ်ဘူးလေ။ 😥 ဟိုမယ်လဲ သူ့ဟာသူရှင်း အောက်မလဲ ဆြာဆောရိုးကွကိုယ်ရှင်းဇေ သတီးးးးးးးးးးးးးးးးးးးးးး
black chaw
October 11, 2013 at 9:49 am
ဒီနေ့မနက်စောစော ဝင်ဖတ်သွားပါတယ် မသည်းနုအေးရေ…။
စပယ်ယာမလေးများဆိုလို့ အဝေးပြေးကားတွေပေါ်က
ကားမယ်လေးတွေ အကြောင်းထင်လိုက်မိတာဗျ…။
ဖတ်ရတာ ပျော်ဖို့ကောင်းပါတယ် ဗျာ…။
TNA
October 11, 2013 at 11:41 am
အဟိ ဦးဘလက်ရေ ဟိုနေ့က ဆြာဆောရိုးနဲ့စကားပြောဖြစ်ရင်း အိုင်ဒီယာလေးရပြီး သူ့ကိုပြောပြီးတင်လိုက် တာပါ။ ပေါ့ပေါ့ပါးပါးနဲ့ရီရအောင်လို့ပါ။
Crystalline
October 11, 2013 at 9:50 am
အဲဒီလေယာဉ်ပျံစပယ်ယာမလေးမှာ သူ့ချစ်သူဖိုးရုပ်ဆိုးဆောရိုးပေးထားတဲ့ သန်းကျော်တန်ရွှေနဲ့ သိန်းကျော်တန်တဲ့စိန်နဲ့ ကွင်းထားတဲ့ စေ့စပ်လက်စွပ်လေးဝတ်ထားသတဲ့.. သူလေးက အိုက်ဒီလူကြီးတွေကိုအမောပြေအအေးတိုက်ချင်လို့ပါဆိုပြီး သံပုရာသီးနဲ့သူ့လက်စွပ်ကိုစက်ထဲထည့်ဖျော်တိုက်သတဲ့.. အိုက်ဒါကို ဟိုဖိုးရုပ်ဆိုးသိသွားတော့ သူ့ရဲ့တန်ဖိုးရှိလှတဲ့လက်စွပ်ကိုမှအသုံးချရသလားဆိုပြီး တက်သွားလို့.. သူ့ကောင်မလေးက ပြန်နှာနှပ်ရသတဲ့ :kwi:
sorrow weaver
October 11, 2013 at 10:20 am
တော်သေး…အဟိဟိ ..ရွှေက သန်းကျော်တန်နေလို့…
TNA
October 11, 2013 at 11:44 am
သူ့ဖိုးရုပ်ဆိုးက အစစ်ပေးဒါဟုတ်လို့လားအေ။ ကြည့်လဲပြောအုံး မတော် သကြားခဲဖြစ်နေအုံးမယ်။ အဲဒါမွှ အိုက်ဒီနိဂရိုးငါးယောက် အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
sorrow weaver
October 11, 2013 at 11:59 am
မယ်…မယ်….အစစ်ပေးတာဗျ..ဆောရိုးတို့က …ငွေရေးကြေးရေး…ကုလားခြေသလုံးမွှေး …အဟိဟိဟိ
TNA
October 11, 2013 at 12:59 pm
အေးဘာအေးဘာ …ငွေရေးကြေးရေး…ကုလားခြေသလုံးမွှေး ဆိုလို့ အထပ်နှစ်ဆယ်မှာ ရှယ်လားစားမည်။
ဦးကြောင်ကြီး
October 11, 2013 at 10:04 am
အဲဒငါးယောက်ထဲမှာ ကြောင်မဲဂျီးဒဂေါင် ပါတယ်ဒဲ့…. သူဂ ခရစ်စတယ်ဆိုဒဲ့ သာမီးလေး ဘဲလေ…
TNA
October 11, 2013 at 11:45 am
အင်းကကြောင်ဒို့ကတော့လုပ်ပီ
Mr. MarGa
October 11, 2013 at 5:11 pm
အားလုံးမှားတယ်
တကယ်က ငါးယောက် မဟုတ်ဘူး
နီဂရိုးက ဆယ်ယောက် ဗျ ဆယ်ယောက်
အဲ့ဒါ
ဟို စပါယ်ယာမလေး ဘယ်လို ရှင်းလိုက်လဲတော့မသိ
လေယာဉ်ကတော့ အန္တရာယ်ကင်းကင်း ပြန် ဆင်းလာနိုင်သတဲ့
စပါယ်ယာမလေး ကတော့
လူနာတင်ယာဉ်နဲ့ ခေါ်ထုတ်သွားရတယ် ဆိုလားး
TNA
October 11, 2013 at 5:23 pm
ဟေ နောက်ငါးယောက်ငါတောင်မသိရပါလား။ ကျိရဒါ ဆြာဆောရိုးလုပ်ကြံလိုက်ပီထင်ဒယ်။
sorrow weaver
October 12, 2013 at 10:55 am
အေး..နိကို နာမိတ်ဆတ်ပေးမယ့်အစီအစဉ်ဖျက်ပလိုက်တော့မယ်…ငွင်းငွင်းငွင်း
Mr. MarGa
October 12, 2013 at 11:16 am
နတ်သမီး တစ်ဖက် တစ်ထောင်နဲ့ သိကြားမင်းပါ ငိငိ
မိတ်ဆက်ပေးမှာကိုတော့ ဖျက်ရဘူးလေ လူဇိုး :kwi:
ကျော်စွာခေါင်
October 12, 2013 at 12:52 am
……လေယာဉ်ခရီးသည်တွေအတွက် ဝန်ဆောင်မှုကို အပြုံးချိုချိုဖြင့်ထမ်းဆောင်ပြီး သက်ပြင်းလေးတစ်ချက် ချကာ နားနေခန်းမှာ
နားဘို ့ သဲလေး ခြေလှမ်းပြင်လိုက်သည်..။ သူမတို ့အလုပ်က လေယာဉ်စီး ခရီးသည်တွေ အစစအရာရာ အစဉ်ပြေဘို ့တာဝန်ယူထားရသည်မို ့ ပင်ပန်းတယ်လို ့တော့ မထင်။ ပင်ပန်းတယ် ဆိုတာကလည်း ခဏဘဲလေ..။
လုပ်ဖော်ကိုင်ဘက် လေယာဉ်မယ်လေးများကို အပြုံးဖြင့်သာ မျက်ရိပ်ပြလိုက်သည်.. နားနိုင်ပြီဆိုတဲ့သဘော..
ကိုယ်ကစီနီယာမဟုတ်လား.. .။ ကိုယ့်မှာ တာဝန်ရှိသည်. ခရီးသည်တွေက စရိုက်အမျိုးမျိုးဆိုပေမယ့် အရမ်းကြီး ဆိုးဝါးလှတယ် မဟုတ်ပေမယ့် ကိုယ့်ဘက်ကလိုအပ်ချက်မရှိအောင် ငြိုငြင်မှု ရှိတဲ ့မျက်နှာ မပေါ်လွင်အောင် သတိထားရသည်..။
ကိုယ်က တာဝန်စိတ်နဲ ့စိုးရိမ်နေပေမယ့် အားလုံး အိုကေ ဆိုတာ ခြုံကြည့်ယုံနဲ ့သိသည်..။
လေယာဉ်ကလဲ အငြိမ်..အေးဆေး…။ ခရီးသည်တွေလည်းအေးဆေးမို ့ နားချိန်ဘဲဟုတွေးပြီး နားနေခန်းဘက်ကို သွားဘို ့တာစူလိုက်သည်..။
ရုတ်တရက် မျက်လုံးထောင့်မှာ ဖျတ်ကနည်း လူတစ်ချို ့ ထလိုက် သလိုဖြစ်လို ့လှည့်ကြည့်ခိုက်မှာပင် ကြမ်းတမ်းသော လက်ဖြင့် သူမရဲ ့ဆင်စွယ်ရောင် လက်ကောက်ဝတ်ကို ဆောင့်ဆွဲပြီး လိမ်ချိုးခံလိုက်ရပြီ..။
“ အအ….”
ဘာရယ်လို ့ကွဲကွဲပြားပြား မသိသေးပေမယ့် မသိစိတ်က သိလိုက်ပြီ… အကြမ်းဖက်မှု…
မျက်နှာချင်းဆိုင်အရပ်များဆီက လူတချို ့လျှင်မြန်စွာ လှုပ်ရှားရင်း သူတို ့ဘာသာစကားနဲ ့ အချင်းချင်း အချက်ပေးပြီး
သေနတ်လက်နက်ကိုယ်စီဖြင့် အားလုံးကို ပိပိရိရိ လှုပ်ရှားကြသည်..။
ခေါင်းဆောင်လုပ်သူက သဲလေးလက်ကို ချုပ်ကိုင်ထားရင်း နီဂဲသံဝဲသော US အင်္ဂလိပ်စကားဖြင့်
“ ကဲ..ခုချိန်က စပြီး ကျုပ်တို ့ ဒီလေယာဉ်ကို အပိုင်စီးလိုက်ပြီ”
လေယာဉ်ခရီးသည်အားလုံး ပဒူအုံတုတ်နဲ ့ထိုးသလို ဆူညံပွက်လောရိုက်ပြီး အော်သံ ငိုသံ တို ့ဖြင့် ဆူညံသွားသည်..
“ တိတ်စမ်းးးး ခင်ဗျားတို ့ငြိမ်ငြိမ်လေး နေရင် သေမယ်.. ကျုပ်တို ့လိုအပ်တာအတွက်ဘဲ တောင်းဆိုမယ်..ကိုယ့်နေရာမှာကိုယ်
ငြိမ်ငြိမ်နေ… သေချင်ရင်တော့ လှုပ်လို ့ရတယ်..”
ခေါင်းဆောင်လုပ်သူရဲ ့စကား အဆုံး သဲလေး လက်ကနည်း တချက်ပြုံးရင်း ကျိတ်ပြီး ဝမ်းသာမိသည်..
အပိုင်ကွက်…
အခွင့်အရေး… ပြန်ပေးဆွဲရင်း ခရီးသည်တွေကို ကူညီဘို ့ အခန်းထဲဝင်ဘို ့….
နီဂဲ ၅ယောက်… ဟော…ပထမ ၅ယောက်တွင်မက …. သူတို ့နီဂဲတွေ လှုပ်ရှားတာပိုင်မှန်းသိလို ့ နောက်ထပ် ဝင်ပါလာတာ ၅ယောက်…။
အိုးးးး ၁ဝ ယောက်..
ဒီတစ်ခါမှ နာမည်မကြီးရင် သဲလေး ဒီတစ်သက် နာမည် မကြီးတော့….
ဒါ…ဒါ… သဲလေးပူဆာလိုက်လို ့များး ဟို သောက်ကောင်မ စီစဉ်ပေးလိုက်တဲ့… ပြန်ပေးသမားတွေလား မသိ..။
သဲလေး အတွေးဖြင့် စိတ်က တစ်ချက် ပူလိုက်မိသည်…
တော်ကြာ သောက်ကောင်မ..မျက်နှာထောက်ပြီး ညှာနေရင်..သဲလေး ထင်သလောက် နာမည် မကြီးနိုင်…။
သဲလေး အရဲစွန် ့ပြီး ခေါင်းဆောင်လုပ်သူကို ကပ်မေးလိုက်သည်…
“ ပလိစ်…. ရှင်တို ့ကို သောက်ကောင်မားး လွှတ်လိုက်တာလား”
သဲလေးအမေးကြောင့် ခေါင်းဆောင်လုပ်သူက နားမလည်သလို တစ်ချက်ကြည့်လာသည်..
ဟုတ်တယ်လေ… တခြားလေယာဉ်မယ်တွေဆို လေယာဉ်ပြန်ပေးဆွဲ ပြီဆိုတာနဲ ့ သေမလောက်ကြောက်ရွံ ့နေတတ်ပေမယ့်
ဒီ ဆင်စွယ်ရောင်မလေးက ကြောက်ပုံမရဘဲ… ကျိတ်ပြီး ပီတိ ဖြစ်နေတဲ့ပုံ..။
“ ဘယ်..သောက်ကောင်မားးးလဲ.. မသိဘူး…”
“ ဟို…ကချင် သေချင်းဇိမ်းလေ… ဒူးဝါးလေး”
“ တိတ်စမ်း… သောက်ကောင်မားးးးလဲ မသိဘူး… သောက်ဒူးဝါးမလည်း မသိဘူး… ငါ့နာမည် ဘာဘာ…
ဘာဘာ…ဘာမှ မသိဘူး”
ဟားးးးးး သဲ ကျိတ်ဝမ်းသာမိပြီ…ဒါ သောက်ကောင်မားးးးအစီအစဉ်မဟုတ်ရင် သူတို ့ကိုယ့်ကို ညှာမှာ မဟုတ်..
လူက ၁ဝ ယောက်..။ နီဂဲ ၁ဝ ယောက်..။
“ ကဲ…အားလုံးငြိမ်ငြိမ်ထိုင်ပါ… ကျုပ်တို ့ ဒီလေယာဉ်မယ်လေးနဲ ့ဆွေးနွေးစရာရှိတယ်…သူ ့ဆီက ကျုပ်တို ့ တောင်းဆိုစရာ ရှိတယ်…..”
ခေါင်းဆောင်လုပ်သူက ပြောလက်စ စကားကို ရပ်ထားပြီး လေယာဉ်တစ်စီးလုံးကို ဝေ့ကြည့်လိုက်သည်..ပြီးမှ..
“ ကျုပ်တို ့တောင်းဆိုတာကို ဒီဆင်စွယ်မလေး လိုက်လျှောရင်.. ခင်ဗျားတို ့ အားလုံး မှဲ ့တစ်ပေါက် မစွန်းစေရဘူးးးး
အဲ…ပြောထားရဲ ့သားနဲ ့ လှုပ်လာရင် ကျုပ်တို ့အဆိုး မဆိုနဲ ့..”
လေယာဉ်စီး ခရီးသည်တွေ အားလုံးတတ်ဆိတ်ငြိမ်သွားသည်…သဘောက လေယာဉ်မယ်ကို ခေါ်ညှိပါ..သဘောတူတယ်ဆိုတဲ့ သဘော….။
သဲလေး ရင်တွေ ခုန်နေသည်… နည်းနည်းလေးဘဲ စိတ်ပူသည်…တစ်ယောက်ယောက်ကများ ရူးကြောင်မူးကြောင် လူစွမ်းကောင်း လုပ်ပြီး တားလိုက်မှာကိုပင်…။ ဒါပေမယ့် တစ်ယောက်မှ မလှုပ်တာမြင်တော့…သဲလေး စိတ်အေးမိသည်..။
“ ကဲ…ဆင်စွယ်မလေး …မင်းတို ့ခရီးသည်တွေကို ကာကွယ်ချင်တယ်ဆိုရင်.. ဟောဟို သီးသန် ့ခန်း ထဲမှာ တို ့၅ယောက်နဲ ့အရင် ညှိမယ်..ပြီးရင် နောက်၅ယောက်…လာ”
ပျော်လိုက်သည့်ဖြစ်ချင်း…။ ကြမ်းကြစမ်းးးရမ်းကြစမ်းး နင်တို ့သောင်းကျန်းလေ ငါနာမည်ကြီးလေဘဲ…
စိတ်ထဲမှ တွေးရင်း အတင်းဆွဲစရာတောင်မလို အလိုက်သင့် ခပ်သွက်သွက်လေး ခေါ်ရာသို ့သဲလေး ပါသွားသည်..။
“ ချောက်…ကလောက် ကလစ်”
သဲလေးနဲ ့လူ ၅ယောက် အခန်းထဲ ဝင်ပြီးတာနဲ ့သူတို ့အဖွဲ ့ထဲက တစ်ယောက်က အခန်းကို လော့ချလိုက်ပြီ..။
“ ကျမရဲ ့ ခရီးသည်တွေ အတွက်…ကျမကို ရှင်တို ့စိတ်တိုင်းကျ ပြုမူနိုင်ပါတယ်… အားမနာပါနဲ ့…”
ပါးစပ်ကပြောရင်း သဲလေး အကျီင်္ ရှေ ့က ကြယ်သီးလေးကို ဖျတ်ကနည်း ဖြုတ်လိုက်တဲ့ခဏ..
“ ဖြောင်း”
“အားးးးးး ” သဲလေးရဲ ့ဥအက်နေတဲ့ ပါးပြင်လေး ပူထွက်သွားသည်…
ကိုယ်ချွတ်တာ နှေးလို ့စိတ်တိုနေပြိထင်သည်..သဲလေး နောက်ကြယ်သီးတစ်လုံးကို ခပ်မြန်မြန်ဖြုတ်ဘို ့လက်ကို ပြင်လိုက်တဲ့
စဉ်……………………….
“ ဖြောင်းးးးး ”
“အားးးးးးး”
“ ဟဲ့ …ဆင်စွယ်မလေး…အရူးကွက်တွေ လာနင်း မနေနဲ ့”
“ရှန်”
“ ဒီမှာ…ငါတို ့က လေယာဉ်ကို ပြန်ပေးဆွဲ… ခရီးသည်တွေကို ခြိမ်းခြောက်… လေယာဉ်မယ်တွေကို စော်ကားတတ်တဲ ့…
ခပ်ညံ့ညံ့ ပြန်ပေးသမားတွေ မဟုတ်ဘူးးး”
“ ရှန် …”
“ မှတ်ထား မင်းတို ့လောက် စီနီယာ ပမွှားမလေးတွေ ကို တို ့က စိတ်မဝင်စားဘူး ကလေးမရဲ ့”
“ ဒါဆို…ရှင်…ရှင်တို ့ …ဟို..ဟိုဟာ မလုပ်ဘူးလား”
“ မင်းလို အငယ်တန်းတွေ စိတ်မဝင်စားဘူး…တို ့က ခေါင် တွေကိုမှ ဖြိုချင်တာ… စားသုံးချင်တာ…”
“ ခေါင်တွေ… ဟို ဟို…ဂဇက်ရွာက ပန်းဂျီဆရာ ခေါင် ကို ပြောတာလားး…”
“ ထပ်…စ်စ်စ်… ဘယ်ကလာ ဒီလူက လိုင်းစုံ… ထိလို ့မရဘူးးး ကိုယ့်ပြန်တွယ်နေမှ…ဆေးမမှီဖြစ်နေမယ်..
တို ့ပြောတာ ခေါင်သူကြီး အခေါင် အချုပ်.. မင်းတို ့ထက်ကြီးတာကို ပြောတာ…”
“ ဟို…ဂျနီဖာ လိုပက်ဇ် လား”
“ ဖြောင်းးးး”
“တော်တော် အ တဲ့ ခလေးမဘဲ… ဒါကြောင့်လဲ..နင်ပြောတဲ့ သောက်ဒူးဝါး လုပ်သမျှ နင်ခံရတာ ဆင်စွယ်မလေးရဲ ့”
“ ဒါဆိုရင်……”
“ ကပ္ပတိန်…ကပ္ပတိန်.. မင်းတို ့ရဲ ့အခေါင်အချူပ်… ဘယ်သူလဲ…”
…..
….. ဟ..ပြောလေ…ငါ ထပ်သမလိုက်လို ့…ဥအက်နေဦးမယ်… ပြော လေယာဉ်ကပ္ပတိန်က ဘယ်သူလဲ… အေးလေ မင်းနားလည်အောင် ပြောရရင်.. မင်းတို ့လိုအသားဖြူတွေ ဆင်စွယ်ရောင်တွေက USမှာ ရှာလို ့ရတယ်… မလိုချင်ဘူး..
တို ့ လိုချင်တာက… ကပ္ပတိန်….. ပြော ဘယ်သူလဲ…”
………………………………….
…………………………………
……………………………………………………..
“…. ဟို..ဟို………………………………………မားခိုင်………….. ပါ”
“ ဘာ… မားခိုင် ဟတ်လား… အို ဘုရားသခင် နာမည်ကြားတာနဲ ့ငါသွေးတွေ ဆူလာပြီ ကလေးမရေ…
ကဲ…ကဲ…ဟောဒီက အတွင်းဖုန်းလေးနဲ့.. မင်းတို ့ ခေါင်းဆောင်.. မားခိုင်ကို ဖြစ်သမျှ ပြောပြပါ..ပြီးရင် ခေါ်လိုက်မယ်..သူမလာနိုင်ဘူး ဆိုရင်တော့ မင်းတို ့သေတွင်းထဲကို…သေချာပေါက်ဘဲ….ကဲ…ရော့ ဆက်ပါ ဆက်ပါ…”
……
……
သဲလေး စိတ်ညစ်ညူးစွာဖြင့် ကပ္ပတိန်မားခိုင်ကို ဖုန်းခေါ်လိုက်ရသည်…
ပြီးတော့ သူတို ့တောင်းဆိုသည့်ကိစ္စကို ပြောပြလိုက်ရသည်….
သဲလေး စကားဆုံးသည်နှင့် .. ကပ္ပတိန်ရဲ ့ ဝမ်းသာအားရနေသည့် လေသံကြီးနဲ ့ တက်ကြွနေတဲ့ အသံကို ကြားရသည်..
“ အိုကေ…ခရီးသည်တွေအတွက် ကိုယ် ပေးဆပ်မယ်..ကိုယ်ပေးဆပ်မယ်.. အဟီးးးးအဟီးးးဟီးးး
ဟို ၁ဝယောက်တည်းလားး”
“ ဟုတ်…”
“ဒါဆို ခုလာမယ်..မင်းဘာမှ မစိုးရိမ်နဲ ့ ဖြစ်သမျှ ကိုယ်ခံမယ်..ဟုတ်ပြီလား…”
မုန်းလိုက်တာ..အဲဒီအသံကို….။
တစ်ခဏ အတွင်းမှာပင် အပြင်မှ တံခါးခေါက်သံကြားရသည်…။
တစ်ယောက်က တံခါး ဖွင့်ပေးလိုက်တော့… မှိုရတဲ့ မျက်နှာနဲ ့ ကပ္ပတိန် ဝင်လာသည်…။
“ ကဲ…ဆင်စွယ်မလေးရေ.. ကျေးဇူးဘဲ.. မင်းထွက်လို ့ရပြီ.. ကြယ်သီးတွေ ပြန်တပ်လိုက်..သူများတွေ တစ်မျိုးထင်ပြီး မင်းကို အထင်သေးနေဦးမယ်…… ခရီးသည်တွေကိုလည်း ပြောပြပါ..စိတ်ပူစရာမလိုဘူးလို ့ ဟုတ်လား ….
ကဲ…ထွက်တော့….ဘုရားသခင် ကောင်းချီးပေးပါစေကွယ်..”
ခဲလေသမျှ သဲရေကျပြီဆိုတဲ့အတွေးနဲ ့မျှော်လင့်ချက်မဲ့စွာ တံခါးဝဆီသို ့ သွားလိုက်သည်…
ပြီးတော့ မသွားခင် မလိုတမာစိတ်နဲ ့ ကပ္ပတိန်ကို ကြည့်လိုက်တော့….
နာမည်ကြီးမှာ သေချာပေါက်သိထားသော မျက်နှာပေ.းးးး
မှိုရတဲ့ မျက်နှာပေး…..နဲ့…သဲလေးကို သနားတဲ့ မျက်လုံးနဲ ့ကြည့်နေတာ တွေ ့ရသည်…
မကျေနပ်ချက်တွေနဲ ့ဖနောင့်ကို ခပ်ဆောင့်ဆောင့်လျှောက်ရင်း တံခါးကို ဆွဲဖွင့်လိုက်သည်…
ပြီးမှ ဆံနွယ်စတွေ ဝေ့နေအောင် ဆွဲခါရင် ကပ္ပတိန်ကို လည်ပြန် မျက်စောင်းထိုးပြီး ရေရွတ်လိုက်သည်…
“ ဟွန် ့ သေဂျင်းစိမ်း….မားးးးခိုင်..ကြားထဲက အမြတ်ထွက်သွားတယ်”
………….
………….
………….
ဇောရိုးအား သနားဂျင်း အားဖြင့်……….
ကျော်စွာခေါင် ကူညီပေးသည်။
Foreign Resident
October 12, 2013 at 6:13 am
“ ကပ္ပတိန်…ကပ္ပတိန်.. မင်းတို ့ရဲ ့အခေါင်အချူပ်… ဘယ်သူလဲ…”
ဆိုလို့ ရင်ထဲမှာ ထိတ်ကနဲ ဖြစ်သွားတယ် ၊ အဘ ဖက် လှည့်လာမှာစိုးလို့ ။
တော်သေးတယ် ။ သူကြီး မား ခိုင် ဖက် လှည့်သွားပေလို့ ။
ကပ္ပလီ ဆယ်ယောက်တောင် ဆိုရင် ၊ လွယ်ဖူးရယ် ။ ဟီ ဟိ ။
Mr. MarGa
October 12, 2013 at 9:25 am
ဟီဟီ
ဖတ်ရင်းဖတ်ရင်း မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း ပဲ
မားးးခိုင်တော့ ချောင်မယ်မထင်
ကိုကြီးကျော် နော်
ကျွန်တော်တို့ ပြခန်းအတွက် ဘာမှလဲ ပေးရသေးဘူး
(ကြုံတုန်းတောင်းခြင်း )
sorrow weaver
October 12, 2013 at 10:58 am
အဟိဟိ…အကျီကြယ်သီးမဖြုတ်လို့ရဘူးရားဟင်…ဦးဦးခေါင်….အဟီးဟီး ..ရီရလို့တေရပါတော့မယ်…အဟီးဟီး
TNA
October 13, 2013 at 11:02 am
အာဟိ ရီလိုက်ရတာ ကိုယ်ရေးထားတာတောင်အဲလောက်မရီရဘူး။ သူဇာတ်သိမ်းပေးလိုက်မှပဲ ကွက်ကွက်ကွင်းကွင်းနဲ့အေးရေ။ ကဲဆြာဆောရိုးရေ လေဗျန်စပါယ်ယာမလေးချစ်သူပဲဆက်လုပ် လိုက်ပါတော့။ မင်းတမီးယောင်္ကျားဖြစ်ချင်ရင်တော့ အင်းမားခိုင်ပဲနီးစပ်နေဒယ်ကွယ်
padonmar
October 12, 2013 at 2:55 am
ဝိုး…………
တယ်ကောင်းတဲ့ ဇာတ်သိမ်းပါလား။
ပါးစပ်တောင်စေ့မရဘူး။
လက်စသပ်တော့ သဂျီးက ဒူးဝါးရဲ့ ကယ်တင်ရှင်ကိုး။
ဆောရိုးရေ၊ခေါင့်ကို တနေ့ ၃ခါ ရှိခိုးပေတော့.
(ရွာထဲမှာ ခေါင့်လို ဉာဏ်ရည်နဲ့ ရေးနိုင်စွမ်းရှိတဲ့ အနုပညာသမား ရှိတာ ဂုဏ်ယူပါတယ်)
TNA
October 13, 2013 at 11:03 am
ဟုတ်ပါ့ အန်တီဒုန်ရေ။ တကယ်ရေးလဲရေးတတ်ပါပေ့။
ကျော်စွာခေါင်
October 13, 2013 at 9:14 pm
မားးးးးးးနု…
ဟိ…ခေါ်လို ့ကောင်းတယ်..
ဆည်ပေါ်ရေကျော်… လှေကြီးပေါ် လှေငယ်တင်.. ဇာတ်ကြီးပေါ် ဇာတ်လေးထောင် တယ်လို ့
မထင်ပါနဲ ့နော်..
ဟို ….ဒူးဝါးမ မျောက်မီးခဲကိုင်ဖြစ်နေတာကို သနားလို ့ ရေးလိုက်တာပါ…
မားးးးးးနု ရေးတာ ပိုကောင်းတာပါ..။
…
…
မားးးးးးးးးးးးးနု
ကျော်စွာခေါင်
October 13, 2013 at 9:16 pm
မမကြာပန်း..ရေ
မမာ..သိပ်မမြှောက်နဲ ့နော်…။
တွေ ့တဲ ့အခါ မုန် ့ဝယ်ကျွေးမယ်ဗျ..။
KZ
October 12, 2013 at 2:12 pm
ထူးပါဘူးးးး
ဟိုစောရိုးက ကပ်ပလီ အုပ်စာကို။
(ကပ်ကပ် ပလီလွန်းလို့)
နီဂရိုးနဲ့ ကပ်ပလီ ဘာကွာတာကျလို့။
ကျော်စွာခေါင်
October 13, 2013 at 9:10 pm
အကြီး အသေး ကွာတာ….။
ခုခွိ….ခုခွိ…။
….
….
….
အရပ် အမောင်း.. ပြောဒါ…။
TNA
October 13, 2013 at 11:05 am
ဒါ့ထက်ဇဂါးမစပ် ဒီပိုစ့်က ရွာရဲ့ Home မှာဘယ်မှာမှရှာမရဖြစ်နေတယ်။ အီးမေးထဲမှာတွေ့လို့ အဲကမှဖွင့်ရတယ်။ ဘယ်လိုပျောက်သွားသလဲမသိဘူးတော့