Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မတင်ရရင်မနေနိုင်တာကလွဲလို့(ဓါတ်ပုံဖြည့်စွက်ထားသည်)…Myanmar Gazette

နောက်ခံဗွီနိုင်း

 

မင်္ဂလာပါမြို့သူားအပေါင်းသူတော်ကောင်းတို့…

ယနေ့ (၂၀၁၄ခုနှစ် ဇန္နဝါရီလ ၁၂ ရက်နေ့) သည်ကား တတိယအကြိမ်မြောက် မန်းဂဇက်ချစ်သူများစာပေဆု၊ ဂဇက်ကဗျာချစ်သူများကဗျာဆု ပေးပွဲနှင့် မြန်မာ့ဂဇက်မြို့သူားများတွေ့ဆုံပွဲကြီး

ပျော်ပျော်ရွှင်ရွှင်နဲ့အောင်မြင်စွာကျင်းပပြီးခဲ့လေပြီ….

ကျုပ်ရဲ့ လေးလံနေသောရင်လည်းပေါ့ပါးသွားရလေပြီတကား…

လူကလည်းထင်ထားသည်ထက်စုံညီခဲ့ကြပါ၏…

နာမည်ကြီးကဗျာဆရာ ကိုစောဝေ (နန်းတော်ရာသူ၏ဦးလေး) က တူမတော်၏ဆုကို ကိုယ်စားတက်ယူပေးရင်း..“ရန်ကုန်” ဆိုသောကဗျာကို အသံနေအသံထားမှန်မှန်ဖြင့်

ရွတ်ဆိုပြခဲ့ရာ…နားထောင်ရင်း..ကြက်သီးမွှေးညှင်းများပင်ထခဲ့ရေပေ၏တကား…

အမှတ်တရဗွီနိုင်းတွင်လည်း“စာပေကို ကျယ်ပြောပြန့်ကားတယ်ဆိုတာသတ္တိပါ”..ဟု

မှတ်ချက်ပေးခဲ့သည်…မြန်မာ့ဂဇက်ကိုလည်း စာပေကို ကျယ်ပြောပြန့်ကားစေသဖြင့်

လေးစားဂုဏ်ယူကြောင်းပြောကြားခဲ့သေး၏…ထိုဆရာကြောင့်ပင်  တွေ့ဆုံပွဲနှင့်ဆုပေးပွဲမှာ

ပို၍ခန်းနားသိုက်မြိုက်ခဲ့ရလေသည်မဟုတ်ပါလား…

ဤရွေ့ ဤမျှဆိုလျှင်ပင် ပွဲ၏ရုပ်လုံးပေါ်လောက်ပေပြီ…

ရှေ့ဆက်မည့်အနာဂါတ်ခရီးအတွက်လည်း…ဆက်လက်ဦးဆောင်ချီတက်မည့်

မျိုးဆက်သစ်များကိုအားကိုးပြီး နောက်ပိုင်းမှတတ်အားသ၍ ကူညီဝိုုင်းဝန်းသွားလိုလှပါသည်။

 

ဓါတ်ပုံအချို့(မမပို့စ်တွင်မပါသေးသည်များ) တင်ပေးလိုက်ပါ၏…ကင်မရာ၏ နာရီတိုက်မထားမိခဲ့၍ အချိန်လွဲနေသည်ကိုတော့ ခွေးလွှတ်ကြပါကုန်…

အားလုံးကိုလေးစားခင်မင်လျှက်

ကြီးမိုက်။

 

 

 

 

ကဗျာဆုနဲ့စာပေဆု
ကဗျာဆုနဲ့စာပေဆု
ရေစစ္စရီလုပ်ရန်နေရာ
ရေစစ္စရီလုပ်ရန်နေရာ
သူတို့ဘာလုပ်နေကြပါလိမ့်
သူတို့ဘာလုပ်နေကြပါလိမ့်
အဟိ..စားချင်စရာကြီး
အဟိ..စားချင်စရာကြီး
သူတို့ပျော်နေကြလေသည်
ရှုးတိုးတိုး..တော်ကြာရင်ကျွေးတော့မှာပါဟ
ဟေ့လူ..ခင်ခက်ခက်ခေါ..လက်မှတ်ထိုးအုံးလေ..
ဟေ့လူ..ခင်ခက်ခက်ခေါ..လက်မှတ်ထိုးအုံးလေ..
ပေါက်ကရတော့မရေးတတ်လို့ ကာတွန်းပုံလေးဆွဲခဲ့မယ်..လာလေရော့
ပေါက်ကရတော့မရေးတတ်လို့ ကာတွန်းပုံလေးဆွဲခဲ့မယ်..လာလေရော့
ကျနော်ကဗျာတစ်ပုဒ်ရွတ်ပြပါမယ်ဆိုတဲ့...ကဗျာဆရာကိုစောဝေ
ကျနော်ကဗျာတစ်ပုဒ်ရွတ်ပြပါမယ်ဆိုတဲ့…ကဗျာဆရာကိုစောဝေ
အမှတ်တရလေးတွေ
အမှတ်တရလေးတွေ
ဘယ်သူကပေးလို့ဘယ်သူကယူတာလဲ
ဘယ်သူကပေးလို့ဘယ်သူကယူတာလဲ
ချီးကျူးဂုဏ်ယူပါတယ် မြန့်မာ့ဂဇက်ရယ်
ချီးကျူးဂုဏ်ယူပါတယ် မြန့်မာ့ဂဇက်ရယ်

CIMG3940

၂၀၁၃ ခုနှစ်...နောက်ဆုံးပိတ် အိတ်နဲ့လွယ်သူ
၂၀၁၃ ခုနှစ်…နောက်ဆုံးပိတ် အိတ်နဲ့လွယ်သူ
သာမီးလေ...ထင်မထားဘူး..သိလား...ကျေးဇူးတင်ပါတယ်ရှင်
သာမီးလေ…ထင်မထားဘူး..သိလား…ကျေးဇူတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်

 

 

 

 

 

 

 

 

 

ထပ်မံဖြည့်စွက်ချက်

ကိုစောဝေဆိုတာ….ကဗျာဆရာ ကိုစောဝေရေးသားခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ဆိုတဲ့ ကဗျာရဲ့ အစ စာလုံးတွေကို ဖတ်ကြည့်မယ်ဆိုရင်“ အာဏာရူးကြီး မှူးကြီး သန်းရွှေ”ဆိုတဲ့ အဓိပ္ပါယ်ထွက်တာကြောင့် အာဏာပိုင်တွေက နိုင်ငံတော် အသရေဖျက်မှု ပုဒ်မ ၅၀၅ (ခ)နဲ့ စွဲဆိုပြီး ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ဒီကဗျာကို ဇန်နဝါရီလ ၂၁ရက်နေ့ အချစ်ဂျာနယ်မှာ ကဗျာဆရာ စောဝေက ရေးသားခဲ့ခြင်းပါ။ကိုစောဝေ ရေးသားတဲ့ကဗျာဟာ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် အချစ်ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီကဗျာ ပါပြီး နောက် ကိုစောဝေကို အာဏာပိုင်တွေက ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ခဲ့ပါတယ်။ ၂၀၀၈ မေလမှာ စီရင်ချက်ချပြီး နိုဝင်ဘာလမှာ ရမည်းသင်းထောင်ကို ပြောင်းရွှေ့ခဲ့တာပါ။

အာဏာပိုင်တွေက ထောင်ဒဏ် နှစ်နှစ် စီရင်ခဲ့ပေမဲ့ ကိုစောဝေဟာ စတင် အဖမ်းခံရတဲ့နေ့ကနေ ထောင်ထဲမှာ စုစုပေါင်း ၂ နှစ် ၄ လနဲ့ ၅ ရက် နေခဲ့ရတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။

ကဗျာဆရာ ကိုစောဝေဟာ HIV/AIDS ကူးစက်ခံရတဲ့ မိဘမဲ့ကလေးများအတွက် ရန်ပုံငွေရှာဖွေပေးတဲ့ အဖြူရောင်သက်တန့်အဖွဲ့ကို ဦးဆောင်သူတဦးလည်း ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာတော့ ဖိနှိပ်မှုကြားကနေ မိမိအမြင်ကို ရဲရဲရင့်ရင့် ဖော်ထုတ်သူအဖြစ် အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ကနေ Hellman/Hammett ဆုကို အပ်နှင်းခဲ့ပါတယ်။

သူရေးပြီးအဖမ်းခံခဲ့ရတဲ့ကဗျာလေးကဒီမှာပါ…

ဖေဖော်ဝါရီဆယ့်လေး

အာရင်ဘက်က ပြောတယ်

နာ နာခံစားတတ်မှ ခံစားမှ

ရူးရူးမူးမူးကို ဖြစ်နေမှ

ကြီးြမတ်တဲ့အနုပညာလို့

မှူးမှုံမှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရေ

ကြီးေတာင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါ တဲ့

သန်းေပါင်းများစွာသော ချစ်တတ်သူများ

ရွှေအတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ။

စောဝေ
1.10.2008

ကိုစောဝေရဲ့ ကဗျာတွေဖတ်ချင်ရင်…ဒီမှာသွားဖတ်နိုင်ပါဂျောင်းးးး
http://sawwai.blogspot.com/search/label/poem

 

ဟုတ်ကဲ့…အခုနောက်ဆုံးတင်ပြမှာတော့…အခန်းအနားစီစဉ်သူ လူမိုက်ကြီးတစ်ဦးကို ကမာ္ဘကျော်တိုင်းမဂ္ဂဇင်းကြီးက ဂုဏ်ပြုလိုက်တယ်ဆိုတဲ့အကြောင်းပါ…ယုံတယ်နော်(မယုံရင်ဝယ်ဖတ်ကျိပေါ့)…ခိခိခိ  :loll:

မိုက်တယ်နော်(မလိမ္မာဘူး)
မိုက်တယ်နော်(မလိမ္မာဘူး)

 

 

 

 

 

 

 

 

 

 

35 comments

  • surmi

    January 13, 2014 at 11:02 am

    လျှပ်​တပြက်​ မစ်​စတာကြိုက်​မီးက​တော့ သွက်​ချက်​ဗျာ .. 🙂
    ဘယ်​အချိန်​ကဘယ်​လို ​ဆော်​လိုက်​မှန်​း​တောင်​မသိ 🙂

    • sorrow

      January 13, 2014 at 11:08 am

      ဟုတ်ပါ့ဗျာ ..ဘယ်ချိန်က ရိုက်သွားလဲမသိ 🙂

  • Ma Ei

    January 13, 2014 at 11:08 am

    ဆရာ ကိုစောဝေ ရဲ့ ရန်ကုန် ကဗျာကို
    ပင်ကိုယ် အသံတိုင်းသာ နားထောင်ရရင် ပိုကောင်းမှာနော်…
    🙂

  • kyeemite

    January 13, 2014 at 11:55 am

    ဟုတ်တယ်မအိရေ..မိုက်ကဖေါက်တာနဲ့အရသာတော်တော်ပျက်သွားတယ်ဗျာ 🙂

  • KZ

    January 13, 2014 at 12:50 pm

    ငှက်ကဥ ဂျီးက ခန့်ခန့်ကြီးထိုင်ပြီး ဓာတ်ပုံခိုးရိုက်ခဲ့ပုံပဲ။

    :mrgreen:

  • manawphyulay

    January 13, 2014 at 1:01 pm

    ရန်ကုန်ကဗျာကို ပြည့်ပြည့်ဝဝ မခံစားလိုက်ရဘူး။
    ခံစားမလို့ လုပ်တုန်း မိုက်က ဖောက်ဖောက်သွားတယ်။
    ဦးပါ ဘာတွေပြောနေပါလိမ့်…. 😛

  • ဦးကြောင်ကြီး

    January 13, 2014 at 1:28 pm

    တိုင်ကပ်နာရီကို လက်တံဖြုတ်ပြီး ထမင်းပန်းကန် လုပ်စားချင်တော့တာပဲ… 😛

  • Swal Taw Ywet

    January 13, 2014 at 1:36 pm

    ဟင်းဟင်း….ဟင်းး…..ဟင်းးးး
    နောက် ကွယ် က လျှို့ဝှက်မှတ်တမ်း အရှုပ်တော်ပုံ ကြီးကို ရှင်းဘို့ အာရုံလွှဲထားလိုက်တာတွေပါ။
    အခုဆိုရင် ရွာလူကြီးတွေ အားလုံး ပြုံးနေပျော် နေ မော် နေကြပေါ့။
    ဇာတ်လမ်းလေးသိချင်ရင် လာဖတ်ကြည့်ပါနော။
    http://myanmargazette.net/192387
    With respect,
    Swal Taw Ywet

  • Mr. MarGa

    January 13, 2014 at 1:40 pm

    ကဗျာရွတ်သူရွတ်
    ကာတွန်းရေးသူရေး
    မိုက်ခဲသူခဲ
    ကင်မလာ ဆွဲသူဆွဲ နှင့်
    အဟဲ…အဟဲ…
    ကိုမြင့်ကျော်တို့တောင် ချာလည်လည် ဖြစ်သွားသော မြန်းဂဇက် ပွဲကြီးပါခင်ဗျားးး

  • လူကလေး

    January 13, 2014 at 1:44 pm

    မမီလိုက်တဲ့ဟာတွေ ခုမှပဲ ကြည့်ရတော့တယ် .. ဦးကြီးမိုက်ရယ် .. တန်းဂူး.. (သိုင်းကျူး)

  • padonmar

    January 13, 2014 at 8:50 pm

    ဒီတခါ အလွန်နှစ်ရာ ဒေါင့်စေ့သော စီစဉ်မှုကြီးပါ မစ္စတာကြိုက်မီး၊
    ကိုကျော်စွာခေါင်ကိုလည်း Viber ကနေ နှုတ်ဆက်ခွင့်ရတယ်။
    ရွာ့အကိုကြီး ကိုပေါက်ကိုလည်း ဖုန်းနဲ့ နှုတ်ဆက်ခွင့်ရတယ်။

  • Novy

    January 14, 2014 at 10:41 am

    တွေ့ဆုံပွဲကို မလာနိုင်ပေးမဲ့ ဓာတ်ပုံလေးတွေကိုကြည့်ပြီး
    ကိုယ်တိုင်လာခဲ့သလိုခံစားလိုက်ပါတယ်

  • TNA

    January 14, 2014 at 12:50 pm

    ကဗျာဆရာကိုစောဝေရဲ့ကဗျာလေးတွေက တကယ့်ကိုလေးနက်ပါတယ်။ ပွဲမှာရွတ်သွားတဲ့ ကဗျာလေးလဲ ရရင်ကောင်းမယ်နော်။ အသံဖမ်းထားပေမဲ့မိုက်ကြောင့်ဘာမှမကြားရဘူးဖြစ်နေတယ်။

  • ဦးကျောက်ခဲ

    January 14, 2014 at 1:31 pm

    မကြွားရရင်မနေနိုင်လို့ ကြွားပါရစေ…
    ပထမအကြိမ် ဂဇက်တွေ့ဆုံပွဲမှာ ကျောက်စ်တို့ရတဲ့နာရီက…
    အခုလိုမဟုတ်… လှည်းဘီးလောက်ရှိသဗျ…
    ဟီ ဟိ… ဆြာမိုက်သားက ၂ခုရရင် နွားတပ်မောင်းမှာစိုးလို့…
    ဆြာမိုက်တောင် စာရေးကျဲသွားတာသာကြည့်… အား ဟိ
    😀

  • Crystalline

    January 14, 2014 at 3:38 pm

    ဆောရိုး၊ ဂီဂီနဲ့ အံစာတုံးတို့က စီးကရက်လေးတွေနဲ့ ဆေးလိပ်သောက်ခြင်းသည် ကိုယ်တိုင်အတွက်သာမက ပတ်ဝန်းကျင်က လူများအတွက်ပါ ကျန်းမာရေးကိုထိခိုက်စေပါသီဆိုတာ မသိလေရောသလား.. :mrgreenn: မွန်မွန်လေးပြောဖူးတယ်လေ.. အများပြည်သူပိုင်နေရာတွေမှာ ဆေးလိပ်သောက်သူတွေကို ဘာလုပ်ချင်တယ်ဆိုလား :loll:

    • sorrow

      January 14, 2014 at 4:03 pm

      အဟီးးးးးး တားတားက တကယ်ကမသောက်ချင်ဘူး … ဆေးလိပ်အကောင်းစားတွေမို့လို့ …အဟီး

  • Ma Ma

    January 14, 2014 at 4:11 pm

    ဘရာသာမိုက်ရဲ့ပိုစ့်က အရသာမစုံသေးဘူး။ :kwi:
    ဥက္ကဌကြီး ကြီးမိုက် ခန့်ခန့်ကြီး ထိုင်နေတဲ့ပုံရယ်၊
    စတိုင်မိုက်မိုက်နဲ့ မိုက်ကိုင်ပြီး စကားပြောနေတဲ့ပုံရယ်မပါလို့ 😀

    • kyeemite

      January 14, 2014 at 4:19 pm

      မနက်ဖန်ကျမှပုံတွေထပ်ထည့်မလားလို့ မမ ရေ
      ကျော့်ပုံကတော့ ရိုးနေပါပီလေ.. 😀

  • တကယ်ကိုစည်ကားပျော်ရွှင်စရာ အကြိမ်တွေချည့်ပါပဲ ဦးမိုက်ရေ
    ပထမဆုံးအကြိမ်က ဓာတ်ပုံတွေလဲ သိမ်းထားပါတယ်။
    တာဝန်ရှိသူတွေမှာလည်း တာဝန်ရှိသူဆိုတဲ့တာဝန်ကိုယူနိုင်သလောက် ပင်ပန်းကြမယ်ဆိုတာ မြင်သာစေပါတယ်။
    စည်းလုံးညီညွတ်ပျော်ရွှင်စရာ ရွာသာယာကြီးပါရှင်။
    🙂

  • kyeemite

    January 16, 2014 at 8:26 am

    ကျုပ်လည်း နန်းတော်ရာသူကို ကျေးဇူးတင်ပါတယ်…ကိုယ်တိုင်မလာနိုင်ပေမဲ့လို့
    ဦးလေး ကဗျာဆရာကိုစောဝေကိုလွှတ်ပြီးယူခိုင်းလို့..ပွဲက ပိုပြီးခန်းနားသွားတာပေါ့
    🙂

  • ဖြူစိုင်း လူ

    January 16, 2014 at 9:33 am

    ကိုကျော်ရယ်
    နံပြားအားလုံး ခွေးစားပါတယ်ဗျာ

    အဲ့လို မချိမဆန့်အနေအထားမှာ အပြုံးလေးတစ်ချက်ပြနိုင်ဖို့ ဝမ်းနှုတ်ဆေး (၃) လ ဆက်စားပြီးတော့မှ ဝမ်းပိတ်ဆေးတစ်ထုပ်လုံးကုန်အောင်သောက်ပြီးတဲ့နောက် ကိုယ်သိပ်သဘောကျတဲ့ ကောင်မလေးနဲ့ ပထမဆုံး Date လုပ်တဲ့အချိန်လေးမှာ အဲ့လို အပြုံးမျိုးလေး ပြုံးပြနိုင်ရင် သိပ်ကောင်းမှာပဲလို့

    အား..

    ကျ..

    သွား..

    ပါဂျောင်း။ ။

  • kyeemite

    January 16, 2014 at 9:53 am

    မနောက်ပါနဲ့ အူးစိုင်းရယ်…နီပြောသလိုစားလို့ကတော့ မာကလီးယားတာကြာပေါ့ 😀
    ဘာပြောပြောပါလေ..ခုလိုဝင်ရောက်အားပေးသွားတာကျေးကျေးပါ…ချစ်ဂျနီးလေးနဲ့လည်း
    မကြာမကြာတွေ့နိုင်ပါစေဗျာ…..

  • Ma Ma

    January 16, 2014 at 6:05 pm

    အောက်ဆုံးက ခန့်ခန့်ကြီး Time မဂ္ဂဇင်းမျက်နှာဖုံးပုံကို အကြိုက်ဆုံးပဲ။
    သဂျီးတောင် ဒီလို Time မဂ္ဂဇင်းမျက်နှာဖုံးမပြောတဲ့ အတွင်းစာသားမှာတောင် ပါဖူးတာ မဟုတ်တော့….. :boss:

  • kyeemite

    January 17, 2014 at 11:37 am

    ကွန်မန့်ကိုမချွေတာစမ်းပါနဲ့ ဒညင်းဝက်ရယ်…အားရပါးရလုပ်စမ်းပါဟ 😀

    • တိမ်တမန်

      January 17, 2014 at 6:05 pm

      အခုတလော
      ကိုယ်က ပြောနေတာထက် သူများဒွေ ပြောတာကို နားထောင်ချင်စိတ်များနေလို့ပါခည

      😆

  • kyeemite

    January 29, 2014 at 9:07 am

    ရွာထဲကလူတွေအကုန်လာမမန့်ကြတာ စိတ်ဆိုးတယ်…ဒီကဖြင့်ကြိုးစားပမ်းစားရိုက်လာတာကို 😀

    • KZ

      January 29, 2014 at 6:22 pm

      လာပါတယ်တော့။
      တိုင်း(မ) မက်နာဖုံးရှင်ကြီးကို လန့်လန့်ပြီး ပြန်ပြန်ပြေးမိတာပါ။

      😀

  • myat pearl phyu

    January 29, 2014 at 5:34 pm

    အထုလို ပုံနှင့်တကွ ဖော်ပြပေးရို့ ကျေးကျေးပါချင့်….

  • zaw min

    January 30, 2014 at 4:37 pm

    အလွန်ပျော်ရွှင်ဖွယ်ကောင်းသော မြင်ကွင်းတွေပါပဲ…ဝမ်းသာပီတိဂွမ်းဆီထိပါ၏…တိုက်လဲတိုက်ဆိုင်လွန်းပါတယ်နော်..ကျနော်ခရီးတွေထွက်တော့မှပဲ ပွဲတွေကလုပ်ဖြစ်နေတယ်…ကိုယ်တိုင်မရောက်ဖြစ်ပေမယ့် ကိုယ်တိုင်ရောက်လာခဲ့ရလို ခံစားရပါတယ်ဗျာ…

    မန်းဂေဇက်နောင်နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် အောင်မြင်ခြင်းသရဖူဆောင်းနိုင်ပါစေလို့ …
    ဆုမွန်ကောင်းတောင်းလိုက်ပါတယ်…

Leave a Reply