ဟိုတုန်းကတက္ကသိုလ်ဆီ…..University
တစ်နေ့က သူငယ်ချင်းတစ်ချို့နဲ့ ထိုင်စကားပြောရင်း တက္ကသိုလ်တက်တုန်းကအကြောင်းတွေရောက်သွားတယ်
ကျုပ်တို့တက္ကသိုလ်တက်တုန်းက သူငယ်ချင်းတွေက နိုင်ငံအနှံ့ နယ်စုံကလာတက်ကြတာ…နယ်စုံသလို
လူမျိုးလည်းအစုံပါသပေါ့…အဲ့တော့ ကျောင်းပိတ်ပြီဆို ကိုယ့်ရပ်ဋ္ဌာနေကိုယ်ပြန်ကြပေါ့…
ပြန်လာကြပြီဆိုပြန်တော့လည်း ဒေသထွက်စားစရာတွေပါလာကြတာမို့
သူငယ်ချင်းတွေဝိုင်းအားပေးကြတာပျော်စရာ….လူစုံသလို အကျင့်စရိုက်ဝါသနာလည်းစုံမှစုံပေါ့…
စာပေဝါသနာပါတဲ့သူ၊ ဂီတဝါသနာပါသူ၊ အားကစားဝါသနာပါသူ၊ ပန်းချီဝါသနာပါသူ၊ ကာတွန်းဝါသနာပါသူ၊
နိုင်ငံရေးစိတ်ဝင်စားသူ၊ ဘာကိုမှစိတ်မဝင်စားပဲ ကျောင်းတော်ကြီးက သင်တဲ့စာကိုသာ တစိုက်မတ်မတ်လုပ်တဲ့သူ၊
ဘာရယ်လို့ရေရေရာရာ မရှိပဲ ဟိုစပ်စပ် ဒီစပ်စပ် ယောင်နေတတ်တဲ့သူ (ကျုပ်က အဲ့ထဲပါတာပေါ့ :mrgreenn: ) …
စသဖြင့်ပေါ့…ကျောင်းအတူတက်နေကြရတော့လည်း မတူတာတွေဘေးချိတ်ပြီး ခင်မင်ရင်းနှီးစွာပေါင်းသင်းဆက်ဆံခဲ့ကြရတာပါပဲလေ…ကျောင်းသက်တစ်လျှောက် အချင်းချင်း ရန်ဖြစ်တာတောင် မတွေ့ဖူးခဲ့ဘူး…
စလို့နောက်လို့ စိတ်ဆိုး စိတ်ကောက်ကြရင်လည်းခဏပါပဲ.. နောက်လည်ပင်းပြန်ဖက်ကြတာပါပဲ….
အဲ့တုန်းက တက္ကသိုလ်တွေမှာက ကိုယ်ဝါသနာပါရာကိုလည်း ကိုယ်လိုက်စားဖို့ အခွင့်အရေးရခဲ့ကြတယ်..
စာပေဆိုလည်းစာပေအလျှောက်..အနုပညာဆိုလည်းအနုပညာအလျှောက်…အားကစားဆိုလည်းအားကစားအလျှောက်…
အသင်းအဖွဲ့တွေနဲ့ ပေါင်းသင်းပြီးလှုပ်ရှားနိုင်ခဲ့ကြတဲ့…အင်မတန်မှလွတ်လပ်ပြီး
ပျော်စရာကောင်းတဲ့ ကျောင်းတော်ကြီးတွေပေါ့….တက္ကသိုလ်တွေကလည်း တစ်ခုနဲ့တစ်ခု မလှမ်းမကမ်း
မှာဆိုတော့ အပြန်အလှန်ကူးလူးသွားလာကြပြီး ပျော်ရွှင်နေခဲ့ကြရတာ…
တက္ကသိုလ်ဆိုတာ ပညာတစ်ခုတည်းမဟုတ် လူမှုရေး၊ပေါင်းသင်းဆက်ဆံရေးနဲ့တကွ ကျယ်ပြောလှတဲ့…
ကျောင်းပြင်ပအသိပညာအတတ်ပညာတွေကိုပါ ထိတွေ့သင်ယူနိုင်ခဲ့ကြတယ်မဟုတ်ပါလားဗျာ…
ဒီလိုပျော်ရွှင်ကြည်နူးစရာကောင်းလို့လည်း တချို့ဆို
ကျောင်ပြီးသွားမှာစိုးလို့ စာမေးပွဲမဖြေပဲ အကျခံပြီး ကျောင်းဆက်တက်နေခဲ့သူတွေတောင်ရှိပါသေးဗျာ..
ကျောင်းသွားဖို့ဆိုလည်း ပျင်းဖို့ဝေလာဝေးလို့…ကျောင်းပိတ်ရက်တွေမှာတောင် သူငယ်ချင်းတွေ
ချစ်သူတွေကို လွမ်းလို့ကောင်းနေကြတာကလား….
……………………………………………………………………
……………………………………………………………………
ခုများမှာတော့…တက္ကသိုလ်ဝင်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ လျှောက်နေကြသူ ကလေးတွေခမျာ
သွားတက်ရမဲ့ တက္ကသိုလ်တွေကို စဉ်းစားပြီးကြောက်နေကြလေရဲ့ ဗျာတို့…
ကြောက်မယ်ဆိုလည်းကြောက်လောက်ပါတယ်…နဂိုကမှ မြို့ပြင် ဝေးလံခေါင်ဖျားထုတ်ထားရတဲ့အထဲ
အခုလိုရန်ကုန် ကားလမ်းကြပ်ပုံနဲ့ဆို ကျောင်းသွားကျောင်းပြန်တင်အချိန်နေ့တစ်ပိုင်းစာကုန်နေပြီ..
တက္ကသိုလ်ဆိုတဲ့ ကျောင်တော်ကြီးပါတ်ဝန်းကျင်မှာဆိုလည်း မဖွံ့ဖြိုးသေးတဲ့ ရွာသိမ်ရွာငယ်နဲ့
လယ်ကွင်းပြင်တွေပဲရှိတယ်လေ…ဘာသာယာကြည်နူးစရာပါတ်ဝန်းကျင်မှမရှိ…
ယုတ်မာရက်စက်သူကြီးတို့ရဲ့ အနာဂါတ်ကြယ်ပွင့်လေးတွေ အပေါ် ရက်စက်ချက်ကကမ်းကုန်ပါပေ့….
ဒါကြောင့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်မရပဲ ရိုးရိုးတက္ကသိုလ်တက်ရမည့်သူအတော်များများ
အဝေးသင်ပြောင်းလျှောက်တာပိုများလာတယ်….
အင်း..ကလေးတွေ ကိုယ်စား ကျုပ်ရင်မောရင်း သက်ပြင်းသာ အခါခါ ချမိပါတော့တယ်ဗျာ…
ဘာရယ်မဟုတ် ကလေးတွေငြီးတွားသံတွေကြောင့်ပြန်တွေးမိတာလေးပါ…
အားလုံးကိုလေးစားခင်မင်စွာဖြင့်….
ထာဝရလမ်းဆက်လျှောက်နေတဲ့..
ကြီးမိုက်။
၉.၉.၂၀၁၄
(ဓါတ်ပုံများကို ဂူးဂဲမှယူပါသည်)
21 comments
kai
September 9, 2014 at 2:13 pm
တက္ကသိုလ်တွေရဲ့.. တန်ဖိုးကြီးတခုက.. ကျောင်းတည်သက်တမ်းမှာရှိတာကို.. သက်တမ်းရှိတဲ့.. တက္ကသိုလ်တွေရဲ့.. သက်တမ်းကိုဖြတ်ရဲတဲ့.. အစိမ်းဂိုဏ်းဝင်တွေကို.. ဒီခေတ်မှာ.. မီဒီယာတွေက.. ဖော်ထုတ်သိက္ခာချသင့်တယ်..။
ဆိုတော့…
ယူအက်စ်မှကျ.. ကလေးတွေအရွယ်ရောက်လို့.. ကောလိပ်တက္ကသိုလ်သွားတော့မယ်ဆို.. မိဘနဲ့ဝေးရာပြေးချင်.. နေချင်သူတွေကအများသားလား..
လူငယ်တို့… သဘာဝ..
ကောလိပ်..သက္ကသိုလ်ဘဝမှာ.. သေလောက်အောင်.. ပျော်ကြ.. :k:
kyeemite
September 9, 2014 at 2:22 pm
.RITတို့ RASUတို့မှာတက်ချင်တယ်ဆိုပြန်တော့ .အမှတ်ကဆေးကျောင်းမှတ်လောက်ရှိတယ်…တော်ရုံလူမရနိုင်…
.Eco ကျပြန်တော့ ရွာသာကြီးပို့ထားပြန်သေး
.ခုကလေးတွေအတွက်မကျေနပ်လို့ပါ :buu:
manawphyulay
September 9, 2014 at 2:26 pm
တစ်ချိန်တုန်းက တက္ကသိုလ်
ပြန်လည် မြင်ယောင်ကြည့်မိပါသည်…
အဓိပတိ လမ်းမပေါ် အတူတွဲလို့ လျှောက်စို့နော်…
ဂျပ်ဆင်ထိပ်ကာ လရိပ်ပြာရယ်…
လွမ်းမိတယ်…
ပုဂံလမ်းမှ ပြန်ခဲ့ပါ…
ခင် ခ
September 9, 2014 at 2:46 pm
ဟုတ်ပ ကိုကြီးမိုက်ရေ ၈၈ အရေးအခင်းပြီး စစ်အာဏာရှင်လက်ထက်မှာ စီမံချက်နဲ့ကို တက္ကသိုလ်ကျောင်း အတော်များများ မြို့ပြင်သို့ထုတ်ခဲ့ကြတာ အထင်ကရမြို့အသီသီးမှာပါဘဲလေ။
သူတို့တွေ မြို့ပြင်မထုတ်ဘဲ မြို့ပေါ်မှာအတိုင်း ဆက်ထားခဲ့တာဆိုလို့ ပြင်ဦးလွင်မှာရှိတဲ့ စစ်တက္ကသိုလ် တစ်ခုဘဲရှိမယ်ထင်တယ်ဗျ။
အဲဒီတုန်းက အကြံပေးဦးပုံညက တီဗွီမင်းသားကြီးလေ။
sorrow
September 9, 2014 at 2:55 pm
ပြင်ဦးလွင်စစ်တက္ကသိုလ်တောင် တကယ်က မြို့ပြင်မှာ..အဟီးဟီး….
kyeemite
September 9, 2014 at 2:56 pm
.အမှန်ပဲကိုခရေ..ခုသမီးတို့ တက္ကသိုလ်တွေလျှောက်နေကြတော့ သူ့သူငယ်ချင်းတတွေ
.တိုင်ပင်ကြရင်း ခရီးလမ်းပမ်းဝေးလို့ စိတ်ညစ်ပြီး ညည်းငြူနေကြတာတွေ့လို့ သနားမိပါတယ်
.စစ်အစိုးရအာဏာတည်မြဲရေးအတွက် ကျောင်းသားတွေကို လူစုခွဲ မြို့ပြင်ထုတ်ပစ်ခဲ့ကြတာ
.လက်ရှိအစိုးရအဖွဲ့လည်း ဒီလူယုတ်မာတွေပါပဲ
👿
weiwei
September 9, 2014 at 3:21 pm
တက္ကသိုလ်ဝင်ခွင့်တွေတင်ရတော့ မိဘတွေရော သားသမီးတွေပါ စဉ်းစားရကြပ်ကုန်ကြတယ် ..
ရုံးမှာလဲ တစ်ချို့မိဘတွေက လာတိုင်ပင်ကြတယ် .. ဘယ်ကျောင်းလျှောက်ရင် ကောင်းမလဲပေါ့လေ .. အမှတ်ကလဲ ဟိုမမှီ ဒီမမှီတွေဆိုတော့ .. GTC ကျောင်းတွေပဲရမှာ .. အဲဒီမှာ ပြသနာက လှိုင်သာယာနဲ့ သန်လျင်ကတော့ မေဂျာကောင်းရင် အမှတ်မြင့်မှာသေချာနေတော့ နယ်သွားပြီး မေဂျာပိုကောင်းတာလျှောက်ရင် ကောင်းမလားလို့ လာမေးကြတာ .. ကျွန်မကတော့ မေဂျာထက် ကျောင်းက ပိုအရေးကြီးတယ်လို့ပဲထင်လို့ အဆိုးထဲမှာမှ အကောင်းဆုံးလို့ယူဆရတဲ့ လှိုင်သာယာကိုပဲ လျှောက်ပါလို့ပဲ အကြံပေးလိုက်ပါတယ်။
kai
September 9, 2014 at 3:46 pm
မှန်တဲ့ဆုံးဖြတ်ပေးမှုလို့ထင်တာပဲ..
ယူအက်စ်မှာလည်း.. ကျောင်း(တက္ကသိုလ်)ပဲကြည့်ကြရတာ…။
ဟားဗတ်ကျောင်းက သာမန်ဘွဲနဲ့.. သာမန်ကျောင်းက ဒေါက်တာဘွဲ့ကွာသလိုပေါ့..။
Nyo Win
September 9, 2014 at 3:30 pm
ဟိုတုန်းကတက္ကသိုလ်ကိုပြန်လွမ်းသွားဘီ…..
ဖြစ်ဖြစ်မြောက်မြောက် မကဲခဲ့ဘူးပေမယ့် တက္ကသိုလ်ဆန်တဲ့တက္ကသိုလ်ကြီးမှာ
နယ်ပေါင်းစုံကကျောင်းသား/သူတွေရဲ ့စရိုက်စုံ အတွေးအမြင်စုံတွေချင်းဖလှယ်ခဲ့ရ..
အသွေးအရောင် အဆင့်အတန်းခွဲခြားမှုမရှိ ပေါင်းသင်းဆက်ဆံမှုတွေ……..ခုများတော့.. 🙁
pooch
September 9, 2014 at 3:34 pm
မန်းလေးမှာတော့ ရတနာပုံတက္ကသိုလ်က မိုးတွင်းဆို လှေသုံးရတာ နာမည်ကြီးပဲ
ထန်းတောလည်း နီးတော့ ထန်းရည်လေး တမြမြပေါ့
GTC လည်း လယ်ကွင်းထဲမှာပဲ
ကျမတို့တုန်းကလည်း နေရင်းထိုင်ရင်း ၁ နှစ်နောက်ကျပြီးမှ စတက်ရတယ်
ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲ တခေါက်ပဲ ရောက်ဖူးတယ်။
ဦးမိုက် ငယ်ငယ်က ပုံလား
ခုနဲ့ ပိန်တာနဲ့ ဝတာရယ် မျက်မှန်ရယ်ပဲ ကွာတာပါ။ :mrgreenn:
kyeemite
September 9, 2014 at 4:05 pm
.ဟုတ်တယ်ပုချ်ရေ…ကြီးမိုက်နှင့်လူရမ်းကားများအမှတ်တရပုံပါ
.ဝန်ခံရရင်တော့ ကိုယ့်သားသမီးတွေအလှည့်ရောက်လာတော့ ရင်ထဲပိုခံစားရတယ်
————————————————————
.မဝေရေ…အခုခေတ်က သွားရေးလာရေးကိုလည်းအဓိကစဉ်းစားရတယ်
.ရာဇဝတ်မှုတွေကလည်းများများလာတော့ မိဘတွေ သားသမီးတွေအတွက်ရတက်ပိုကြရပါတယ် 🙁
ဇီဇီ ခင်ဇော် (15102012)
September 10, 2014 at 10:22 am
တက္ကသိုလ် ဘဝကို ကောင်းကောင်းမခံစားရတဲ့ထဲ မှာ ပါပါရဲ့။
လယ်ကွင်းတွေဖြတ်တက်ရတာဆိုတော့လေ။
လမ်း မှာ မြွေတွေ ဘာတွေဖြတ်တာပါ ကြုံဖူးတာ။
ဒါမဲ့လည်း အပေါင်းအသင်းတွေနဲ့ က ဘယ်နေရာရောက်ရောက် ပျော်တာပဲ။
ခုပြန်စဉ်းစားကြည့်ရင် အဲ့တုန်းက ရန်ဖြစ်တယ်ဆိုတာ အလကားးး
အချစ်စမ်းကြသလောက်ပဲရှိတာ။
:s:
အမုန်းတို့ အညှိုးတို့ မပါဘူးရယ်။
အဲဒါကြောင့် အဲဒီ အချိန်က သူငယ်ချင်းတွေက ဒီနေ့ရက်တွေ အထိ အမြဲ ကိုယ့်ဘဝမှာ ပါလာနိုင်လားတော့မသိဘူးးး
လွမ်းထာ။
:a:
ဦးဦးပါလေရာ
September 10, 2014 at 1:23 pm
အဲဒါ အမှန်ပါပဲ ကိုမိုက်ရေ..
ဘာ့ကြောင့် ဒီလိုပြောနိုင်သလဲဆိုတော့ ကျနော်ကိုယ်တိုင် အဲသလိုလုပ်ဖို့ ကြံစည်ဖူးလို့ပါ…၊
အဲဒီတုန်းက တစ်တန်းကို နှစ်နှစ် ဆက်ကျ ရင် အပြင်ကပဲ ဖြေရတယ်..
ဒါကြောင့် တစ်တန်းစီကို ပထမတစ်နှစ်အကျခံပြီးဒုတိယတစ်နှစ်မှ အောင် အောင်ဖြေတဲ့သူတစ်ဦးတောင် ရှိဖူးပါတယ်။
အဲဒါ ပျော်ချင်လို့ သက်သက်တော့ မဟုတ်ပါဘူး..
တက္ကသိုလ်မှာ နေရသမျှ နေ့တိုင်း ရက်တိုင်း လ တိုင်းဟာ တန်အောင် အကျိုးရှိပါတယ်…။
kyeemite
September 10, 2014 at 2:00 pm
.ဦးပါနဲ့ ကျုပ်အနောက်ပိုင်းတက္ကသိုလ်ရောက်ခဲ့ပါသကော…တွေ့ခဲ့တဲ့အတိုင်းပဲ
.ကျုပ်တို့က တက္ကသိုလ်ရွှေခေတ်မှီခဲ့လို့ နောက်ကလေးတွေကိုလည်း…အဲ့လိုထားချင်တာ
Crystalline
September 10, 2014 at 2:12 pm
တက္ကသိုလ်ဘာမှန်းမသိဘဲ ဘွဲ့ရခဲ့.. ဘွဲ့လက်မှတ်တောင် လက်ထဲအခုထိမရောက်သေး.. သွားမယူခဲ့တဲ့အပြင် အဝေးရောက်လည်းမလျှောက်ခဲ့ဘူး.. မှတ်ကရော.. :mrgreenn:
အစ်မတော်ဝမ်းကွဲတွေလက်ထက်ကတော့ ရွှေရောင်တောက်ခဲ့ချိန်ပေါ့.. သူတို့အော်ဇီ ခိုင်ထူးတို့ရှိုးလာဆိုမယ်ဆိုတော့.. စစ်ကိုင်းလမ်းသီချင်းသာဆိုလို့ကတော့ စင်ပေါ်တက်အာဘွားပေးမယ်ဆိုပဲ.. :mrgreenn: ပေးဖြစ်လားတောင်မမေးမိ.. :loll:
ကိုပေါက်(မန္တလေး)
September 10, 2014 at 3:08 pm
ကျနော် အမြင်ပြောရ ရင် တက္ကသိုလ်က မြို့ နဲ့ နီးတာဝေး တာ က အဓိက မဟုတ်ဘူးဗျ။
မန်းလေးတက္ကသိုလ် ရန်ကုန်တက္ကသိုလ် စက်မူ့ တက္ကသိုလ်အားလုံးက ဟိုအရင်ကခေတ်အနေနဲ့ကြည့်ရင်
မြို့လည်ခေါင်မဟုတ်ပါဘူး။
ဆိတ်ငြိမ်အေးချမ်းသောနေရာတွေကို တမင်ရွေး ပြီး တက္ကသိုလ် တည်ထားကြတာပါ
အခုမှ သာမြို့လည်ခေါင်ဖြစ်သွားတာ။
တကယ်တော့ တက္ကသိုလ် လို့ အမည်ခံ လိုက်တာနဲ့ သီးသန့် ဒေသ တစ်ခု ဖြစ်နေရမယ်။
အဲဒီတက်တဲ့ကျောင်းသားတွေကလဲ ငါ တို့ တက္ကသိုလ်ကျောင်းသားဖြစ်ပြီ.
လူကြီး ဘဝ ကို စ ဝင် ရ တော့မယ်။
ကို်ယ်တိုင်လေ့လာ သင် ယူ ရ တော့ မယ်။
ဆိုတဲ့ မြင့်မားတဲ့ စိတ် ကို သွင်း ထား ဘို့ လိုအပ်ပါတယ်။
ငယ်ငယ်က တက္ကသိုလ်ကျောင်းသားဆိုတာနဲ့ ကျနော်တို့ အမြင်မှာ
အတုခိုးစရာ လေးစား စ ရာ အကိုကြီး အမကြီး တွေ ဖြစ်သွားပါတယ်။
သူတို့ နေပုံ ထိုင်ပုံ ပြော ပုံ ဆို ပုံ တွေ ကြည့် ပြီး တက္ကသိုလ် ဆိုတာကြီး ကိုရောက်ချင်စိတ်တွေပေါ်ခဲ့ပါတယ်။
ခွဲခြားပြောတာမဟုတ်ပေမယ့်
အခု ခေတ် တက္ကသိုလ်ကျောင်း သား က အထက်တန်းကျောင်းသား နဲ့ ဘာမှ မကွာ။
စိတ်ဓါတ်တွေရော မြင့် မားလာ ပါ သလား ။
သေချာ ဓမ္မစစ်ကြည့် လိုက်ရင် တက္ကသိုလ်ရောက်တာနဲ့ ဘယ်သူ့စကားမှ နားထောင်စရာမလို
ငါနေချင်သလို နေလို့ ရပြီ ဆိုတဲ့ အတွေး တွေ ကို လက်ကိုင်ထားတဲ့ ကလေးတွေဘဲမြင်နေရပါတယ်။
စာကိုကြုးိစားတဲ့ ကလေး က နည်းပါး ပါတယ်။
ဒါကတော့ လက်တွေ့ ဖြစ်ပျက်နေတဲ့ ပကတိအရှိတရားပါဘဲ။
ဒီလိုဖြစ်အောင်အစိုးရက ဖျက်ဆီးလိုက်တယ်ပြော ချင် ရင် ပြောနိုင်ပါတယ်။
ကလေးတွေကိုယ်တိုင်ကလဲ ကြိုးစားမူ့မရှိတော့ တာ ကိုတော့ ငြင်းပယ်လို့ မရ။
ဟုတ်ပြီ
နယ်တွေမှာ ကောလိပ်တွေဖွင့် တယ် တက္ကသိုလ်တွေဖွင့် တယ်။
တစ်ခုကောင်းတယ် ကုန်ကျ စာရိတ်မများ ဘဲ တက္ကသိုလ်ပညာသင်နိုင်တယ်။
ဒါပေမယ့် သူတို့ ရည်ရွယ်ချက်က ဒါမဟုတ်။
တနယ် နဲ့ တနယ် တဒေသ နဲ့ တဒေသ အဆက်အတွက်ပြတ်တောက်သွားအောင်လုပ်လိုက်တာပါ။
ကျနော်တို့ အကိုတွေ ကျနော်တို့ တစ်တွေ ကျောင်းတက်စဉ်က နယ်ပေါင်းစုံက လူငယ်ချင်း ကျောင်းတက်ရင်း
မိတ်ဆွေဖြစ်ကြ။
တစ်ယောက်မြို့တစ်ယောက်လိုက် လည် ကြ။
တိုင်းရင်းသား စည်း လုံး ညီညွတ်ရေးဆို တာအ လိုလို ရ ပြီးသား။
အခုခေတ် ဒါမျုးိတွေမရှိ.
တက္ကသို်လ် ဆရာ ဆရာမ တွေ မှာလည်းအမျုးိမျုးိသောချုု့ပ်နှောင်မူ့တွေကြားက ဆို တော့
သင်ရိုးညွှန်းတန်းပြည့် ပြီးရော များများ အောင်ရင်ပြီးရော
ငါ့ ကျောင် းက ကျောင်း သား က ဆူဆူ ပူပူ မလုပ်ရင်ပြီး ရော ဆိုတဲ့ အတွေး ကလွဲပြီး ဘာမှ မရှိ
မိုးရွာ တုန်း ရေခံ ဆို ပြီး ကျုုရှင်ပြစား စပေ့ါ ရိုက်စား တဲ့ အဆင့် နဲ့ ရပ်သွားခဲ့ ပါတယ်။
ဒီတော့ တစ်တိုင်းပြည်လုံးရဲ့ ပညာရေး အဆင့် နိမ့်ကျ လို့ သွားပါတယ်။
သူတို့ ချိုး လိုက်တဲ့ ဖဲ သူတို့ ဝေလိုက်တဲ့ ဖဲ အတိုင်း အားလုံး က အတူ ကစား လိုက် တဲ့ သဘောပါဘဲ။
တက္ကသိုလ်ဆိုတာ မြို့ နဲ့ နီး တာ ဝေ း တာ ထက်
တက္ကသိုလ် အဆင့် နဲ့ ညီ တဲ့ ပရဝုဏ် အဆောက်အဦရှိရပါမယ်။
တက္ကသိုလ် အဆင့် နဲ့ ညီတဲ့ ပညာသင်ကြားမှူ့ရှိရပါမယ်။
တက္ကသိုလ် အဆင့် နဲ့ ညီ တဲ့ ဆရာ ဆရာမ ရှိ ရ ပါမယ်
ထို့ အတူဘဲ တက္ကသိုလ်အဆင့် နဲ့ ညီအောင် ကျောင်း သား က လဲ နေတတ် ထိုင်တတ်ရပါမယ်
တက္ကသိုလ်ရောက် တာနဲ့ကျောင်းမတက်။
ပရယ်တီကယ်မလုပ်။
ကျောင်းခေါ်ချိန်သူများနဲ့ လက်မှတ်ထိုးခိုင်း
စာမေးပွဲနီးမှ အနီးကပ်သင်တန်းတက်ဆိုတာတွေကိုလည်းကျောင်းသူား ဘက်ကရပ်သင့်ပါပြီ
အဲ လို မဖြစ်အောင်က အစိုးရ မှာရော မိဘမှာရောတာဝန်ရှိပါတယ်။
တကယ်လို့ များ ဒေါ်စု တက်လာ ရင် တက္ကသိုလ်တွေကို အဆင်ံမြင့်အောင်လုပ်မှာအသေအချာပါဘဲ။
အဲ ဒီအချိန်မှာ ပညာ သင် ကြား မယ့် သူတွေကလဲ တက္ကသိုလ်နဲ့ ညီ တဲ့ အသိစိတ် ရှိ နေမှ
ဒေါ်စု မျှော်မှန်းတဲ့ အတိုင်းဖြစ်လာ မယ်
ကဲ အဆင့် သင့် ပြင်ထားလိုက်ကြ စို့
kyeemite
September 10, 2014 at 3:33 pm
.ကျေးဇူးပါကိုပေါက်ရေ…
.ဂွတ်ပွိုင့်
kyeemite
September 10, 2014 at 3:14 pm
.Crystallineရေ…ကျုပ်တို့ကျောင်တက်ချိန်က RASU မှာ မကြာခဏ .စတိတ်ရှိုးရှိတယ်..ခိုင်ထူး၊ကိုင်ဇာ၊လွှမ်းမိုး၊မေခလာ၊
.တူးတူး၊ မေဆွိ တို့ခေတ်စားနေချိန်ပေါ့… :loll:
မြစာကလေး (23122011)
September 11, 2014 at 6:02 am
သများ တို့ ကျောင်းကြီးလဲ မပါဘူး။
မပါလဲ နေပေါ့။
လှမ်းပြီး နှိပ်စက်ဖို့ လုပ်ထားပြီးသား။ ;-))
ကလေး တွေ ကို ကျောင်းသားဘဝ ရဲ့ ပုံရိပ် တွေ နဲ့ ဝေးအောင် တမင် ရည်ရွယ်ချက် နဲ့ ကို လုပ်နေတာပါ။
If your plan is for one year plant rice. If your plan is for ten years plant trees. If your plan is for one hundred years educate children.
Confucius
သူတို့ အတွက် အာဏာမြဲဖို့ က နှစ် ၁၀ဝ မို့ ကလေးတွေ ပညာရေး ကို မတက်အောင် လုပ်နေကြတာ။
ဒါကို သိသိကြီး နဲ့ ငုံ့ခံ နေတဲ့ ကိုယ်တွေ မှာလဲ အပြစ်မကင်းဘူး ထင်ပါရဲ့ ကကြီးမိုက် ရယ်။
လောလောဆယ် တော့
မီမီဝင်းဖေ ရဲ့ “သတိရနေမှာပါ” ကို နားထောင်ရင်း ကျောင်းကြီး ကို ပိုပိုပြီး လွမ်းနေပါတယ်။
{
ကန်ရေပြင် မြေနီလမ်း တို့နဲ့ဝေး
စွယ်တော် ခုံပြာတန်း တို့ နဲ့ဝေး
ယုံပါကွာ အချစ်ဆုံး မင်း ကို တို့တော့ သတိရနေမှာပါ။
အိမ်ပြန်ချိန်တို့ခွဲ တလမ်းစီမို့
ပြန်လည်ဆုံဆည်းကြနိုင်ဖို့
ကံ ကိုမျှော်လင့်ရင်း အဝေးက တို့ သတိရနေမှာပါ။
လိုက်ဘရီ လေးလဲ တို့နဲ့ဝေး
အာစီလေးလဲ သတိရမိတယ်
ရင်မှာလွမ်းလို့ ကျတဲ့ မျက်ရည် သစ်ပုတ်ပင်လဲ အဝေးဆုံးဝေး / ဂျပ်ဆင်အိုလေး ဘယ်မေ့ဘူး။
ကြင်နာသူတွေ ရဲ့ ကန့်ကော်တန်း
ခြေရာထင်ကျန်ဆဲ အဓိပတိလမ်း
ရင်မှာ သံမှိုစွဲ နှလုံးအိမ်ထဲ
သတိရနေမှာပါ။
}
PS – ကိုပါ ကျောင်းသက် ပြိုင်မလား။ ၁၃နှစ်နီးပါး တက္ကသိုလ်ကျောင်းတက်လာတာနော်။
ချစ်သော အစိုးရ ကောင်းမှုပေါ့။
ကိုပေါက်(မန္တလေး)
September 11, 2014 at 11:44 am
PS – ကိုပါ ကျောင်းသက် ပြိုင်မလား။ ၁၃နှစ်နီးပါး တက္ကသိုလ်ကျောင်းတက်လာတာနော်။
ချစ်သော အစိုးရ ကောင်းမှုပေါ့။
ကျနော်က တော့ မပြိုင်နိုင်ဘူး
ဒါပေမယ့် အသိတစ်ယောက်တော့ရှိတယ်
နောက်ဆုံး ဆရာ ဆရာမတွေက မျက်စေ့ နောက်ပြီး
အအောင်ပေးလိုက်တယ်လို့ သူက ပြော ဘူး တယ်
သွားခေါ်လိုက်အုံးမယ်
ကိုလတ်ကြီး နဲ့ ပြိုင်ရအောင်လို့
Yae Myae Tha Ninn
September 12, 2014 at 2:52 pm
အိပ်ရေးတော့ ဝ တယ်.. ဦးကြီးမိုက်ရဲ့.. တရေးရတယ်.. ပုံမှန်ဆို အိပ်ဖြစ်မှာ ဟုတ်ဘူးဗျ… ပေါ်လီယာနာ အတွေးလေးပါ… ဟီး… 🙂