Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သာစွကမ်းသာယာ Kan Thar Yar Beach

Normal
0

false
false
false

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}

အနောက်ရိုးမရဲ့ စိတ်ပျက်စရာပျက်သုန်းနေမှုတွေ ဖြတ်သန်းခဲ့ပြီး…..

ဂွမြို့လေးကိုကျော်ဖြတ်လာတော့ ညနေ ၅ နာရီခွဲလောက်ရှိပါပြီ…

ဂွ မြို့အဝင်
ဂွ မြို့အဝင်

နာရီဝက်လောက်ဆက်မောင်းလိုက်တော့ ကားလမ်းဘေး တလျှောက်မှာ…ကိုထူးဆန်းပြောသလို

ပြာလဲ့နေတဲ့ ပင်လယ်ပြင်ကြီးကို ရုတ်တရက် ဘွားကနဲတွေ့လိုက်ရပါတော့တယ်..

လှိုင်းတွေတဝုန်းဝုန်း ထနေတဲ့ ပင်လယ်ပြင်နဲ့အပြိုင်လမ်းအတိုင်း ဆက်မောင်းလာတော့

ကမ်းသာယာ ကမ်းခြေကိုလှမ်းမြင်ရပါပြီ…အဲဒီမြင်ရတဲ့ကွေ့လေးမှာ

ကားခဏရပ်ပြီး ပင်လယ်လေတဝရှုရင်း သဘာဝ ရှုခင်းအလှကို ခံစားကြပါတယ်…

အဲဒီတော့မှ ရိုးမတောင်တွေပေါ်မှာ တစ်လမ်းလုံးတွေ့လာခဲ့တဲ့

ရင်မောစရာအပူတွေပျောက်သွားပြီး…လန်းဆန်းသွားပါတယ်…

နောက်မှာမြင်နေရ တာကမ်းသာယာပေါ့
နောက်မှာမြင်နေရ တာကမ်းသာယာပေါ့

 

ကမ်းသာယာရောက်တော့ ညနေ၆ နာရီခွဲပါပြီ…လူသူတိတ်ဆိပ် ချောက်ကပ်နေတဲ့ ရွာလေးပါပဲ

ငပလီဖက်သွားတဲ့ ကားတွေသာ တခါတရံဖြတ်သွားတတ်တာပါ

လည်ဖို့လည်းအချိန်မရှိတော့  တည်းခိုဖို့နေရာ လိုက်ရှာကြပါတယ်…

အရင်ကဖွင့်ခဲ့တဲ့ ကမ်းသာယာဟိုတယ်ကြီးကလည်း

လူသူကင်းမဲ့ပြီး အဆောက်အဦးတွေလည်း ပျက်စီးယိုယွင်းနေပါပြီ

ပိတ်ထားတာကြာပြီလို့ပြောပါတယ်…

 

ပျက်စီးယိုယွင်းနေတဲ့ ဟိုတယ်
ပျက်စီးယိုယွင်းနေတဲ့ ဟိုတယ်

 

 

 

 

 

 

 

 

 

 

 

 

 

နောက်ဆုံးတော့ အဲဒီကမ်းသာယာဟိုတယ်ပျက်ကြီးနဲ့ မျက်နှာချင်းဆိုင်က

“စကားဝါ” ဆိုတဲ့ တည်းခိုခန်း လေးမှာပဲ စတည်းချဖို့စီစဉ်ရပါတယ်…

ကမ်းသာယာ အနီးတဝိုက်တော့ အဲဒီတည်းခိုခန်း တစ်ခုပဲရှိပါတယ်..

တစ်ခုတည်းသော တည်းခိုခန်း
တစ်ခုတည်းသော တည်းခိုခန်း

အဲယားကွန်းတော့မပြောနဲ့ လျှပ်စစ်မီးတောင်မရှိပါဘူး…

ညနေ ၆ နာရီခွဲကနေ ည ၉ နာရီအထိ ပုဂ္ဂလိက မီးစက်က နေဝယ်သုံးရပါတယ်…

နောက်..ဆိုလာမီးလည်း တွင်တွင်ကျယ်ကျယ်သုံးနေကြတာတွေ့ပါတယ်…

တည်းခိုခန်း ခကတော့ တစ်ယောက်မှ ၄၀၀ဝ ကျပ်ပါ..တည်းခိုခမ်းနေရရပြီးတော့

ညစာအတွက် သူနဲ့မနီးမဝေးက စားသောက်ဆိုင်လေးကို ထွက်ခဲ့ကြပါတယ်

သူငယ်ချင်းအမြဲ စားနေကျဆိုင်ဆိုတော့ ဝမ်းသာအားရကြိုဆိုကြပါတယ်…

အဲ့ ဆိုင်မှာပဲ ရေမိုးချိုးကြပြီး ညစာအတွက် ကျောက်ပုဇွန်ဟင်း၊ ပင်လယ်ငါးပေါင်း

နဲ့ ရခိုင်ရိုးရာ ဟင်းရည်သောက် မှာစားလိုက်ကြပါတယ်…..

ငါးရော ပုဇွန်ရောလတ်ဆတ်လို့ တော်တော်အရသာတွေ့မိပါတယ်…

ဈေးလည်းမကြီးပါဘူး…တစ်ထွာလောက်ရှိတဲ့ ကျောက်ပုဇွန် သုံးကောင်ပါတဲ့

တစ်ပွဲမှ ၈၀၀ဝ ပါ…သွားရည်ကျလိုက်ကြပါအုံး…

ကျောက်ပုဇွန်တုတ်ချက်
ကျောက်ပုဇွန်တုတ်ချက်

 

ပင်လယ်ငါးကြော်ချက်
ပင်လယ်ငါးကြော်ချက်

ညအိပ်တော့လည်း ပင်လယ်လေလေးရှိတော့ သိပ်မအိုက်လှပါဘူး…

အဲ..ထူးခြားတာတစ်ခုကတော့ ခြင်တစ်ကောင်မှ မရှိတာပဲ…

ခြင်ထောင်ပေးထားပေမဲ့ ကျုပ်တို့ ဒီတိုင်းအိပ်လိုက်ကြတာပဲ….

မနက်စောစောထတော့ အဲ့တည်းခိုခန်းနဲ့တွဲရက် စားသောက်ဆိုင်မှာပဲ

ထမင်းကြော် နဲ့ လဘက်ရည်သောက်ကြပြီး သူငယ်ချင်း ခြံဝယ်ထားတဲ့

ကမ်းသာယာကနေ ရ မိုင်လောက်အကွာက ကမ်းခြေတံငါရွာလေးကိုထွက်ခဲ့ကြပါတယ်…

သူငယ်ချင်းဝယ်ထားတာက ကမ်းနားဖက်အခြမ်းကမြေကွက်ပါ

…အိမ်သေးသေးတစ်လုံးလည်းပါတော့…

အဲ့ဒီအိမ်လေးမှာ စခန်းချပြီး ပင်လယ်ကမ်းခြေအလှခံစားကြပါတယ်…

ရွာကလူတွေအများစုဟာ ရိုးသားကြပြီး သူခိုး၊ ဓါးပြ မရှိဘူးလို့လည်း

ရွာခံတွေကပြောပြကြပါတယ်…

သူငယ်ချင်းရဲ့ ကမ်းခြေကခြံ
သူငယ်ချင်းရဲ့ ကမ်းခြေကခြံ

 

ခြံကနေလှမ်း မြင်ရတဲ့ကမ်းခြေအလှ
ခြံကနေလှမ်း မြင်ရတဲ့ကမ်းခြေအလှ

 

CIMG4437

 

 

ခြံကနေလှမ်း မြင်ရတဲ့ကမ်းခြေအလှ

ဒီတဲလေးမှာစခန်းချကြတယ်လေ
ဒီတဲလေးမှာစခန်းချကြတယ်လေ

 

ရေမြင်မနေနိုင်ဘူးဗျို့...ဆင်းပြီ
ရေမြင်မနေနိုင်ဘူးဗျို့…ဆင်းပြီ

 

လူသူတိတ်နေတဲ့ ကမ်းခြေအလှ
လူသူတိတ်နေတဲ့ ကမ်းခြေအလှ

 

ကျောက်ဆောင်မှာသဘာဝအတိုင်းကပ်နေတဲ့ ခရုတွေ
ကျောက်ဆောင်မှာသဘာဝအတိုင်းကပ်နေတဲ့ ခရုတွေ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အဲဒီ နေရာတွေက လူအရောက်နဲ သေးတော့ သဘာဝ အရှိအတိုင်ခြေရာလက်ရာ မပျက်မြင်နိုင်သေးတယ်..

အဲ့ ခရုတွေက အရှင်တွေ…ခွါစားလို့ရတယ်ပြောပါတယ်…သူတို့တော့  ခွါပြီးအစိမ်းစားတယ်လို့ပြောတာပဲ..

စားတော့မကြည့်ခဲ့ပါဘူး…ဝမ်းတွေဘာတွေပျက်နေမှာစိုးလို့….

ခရု ကပ်ကျောက်ဆောင်-၂
ခရု ကပ်ကျောက်ဆောင်-၂

 

 

 

 

 

 

 

 

 

 

 

 

 

ခရုကပ်ကျောက်ဆောင်-၃
ခရုကပ်ကျောက်ဆောင်-၃

 

 

 

 

 

 

 

 

 

 

 

 

 

သင်္ကြန်တွင်း နားနေတဲ့ ငါးဖမ်းလှေတွေ
သင်္ကြန်တွင်း နားနေတဲ့ ငါးဖမ်းလှေတွေ
ပင်လယ်နားကချောင်းသွယ်
ပင်လယ်နားကချောင်းသွယ်
ကမ်းခြေမှာတွေ့တဲ့ ရေဘဝဲနဲ့တူတဲ့အပင်လေးပါ
ကမ်းခြေမှာတွေ့တဲ့ ရေဘဝဲနဲ့တူတဲ့အပင်လေးပါ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

တောက်လျှောက်ပျက်နေတဲ့ အိမ်သာနက် ခုနကမှ ကွန်နက်ရှင်လေးထကောင်းလို့ ..ကျုပ်တစ်ပိုင်းတစ်စ ကျန်နေတဲ့ ခရီးသွားဆောင်းပါလေး

အပြေးအလွှားတင်လိုက်ပါတယ်…အားပေးတော်မူကြပါကုန်လော့…

အားလုံးကိုလေးစားခင်မင်တဲ့…

ထာဝရလမ်းဆက်လျှောက်နေမဲ့…

ကြီးမိုက်။

၂၊ ၅၊ ၂၀၁၄

 

 

 

 

 

 

 

 

 

21 comments

  • Ma Ma

    May 2, 2014 at 5:20 pm

    ကမ်းသာယာဟိုတယ်ကြီးကတော့ စပြီးတည်ထောင်ပြီး နှစ်ဘယ်လောက်မှ မကြာဘူး ပျက်စီးသွားတာပဲ။ 🙁

    သူများတွေတော့ ဘာကိုသဘောကျလို့ ကမ်းခြေသွားကြတယ် မသိဘူး။
    ကျမကတော့ အစားကို သဘောအကျဆုံးပဲ။ 😀

    ခရုကပ်နေတဲ့ ကျောက်ဆောင်ပုံကြည့်ပြီး အသဲယားလိုက်တာ။
    ချောင်းသာကမ်းခြေမှာတော့ ခရုတောင် မမြင်ရတော့ဘူး။
    ရေဘဝဲနဲ့တူတဲ့ အပင်က ထူးဆန်းတယ်။ တခါမှ မမြင်ဖူးဘူး။ 🙂

    • kyeemite

      May 3, 2014 at 8:33 am

      ဟုတ်တယ် အန်တီမမ ရေ..ကန်းသာယာကို ဧည့်မလာလို့ မပြုပြင်တော့တာ နေမှာ…
      ဆိုးတာက လျှပ်စစ်မီးမရှိတာပဲ…ရေနံနဲ့သဘာဝဓါတ်ငွေ့ တွေ ရခိုင်မှာထွက်ရက်နဲ့
      ဒေသမဖွံ့ဖြိုးတာ ရခိုင်တွေ စိတ်တိုစရာပေါ့ဗျာ…. :harr:
      အပင်လေးကလည်း ထူးဆန်းလို့ရိုက်လာတာ..
      ပုံတွေကအများကြီး…ကိုးနတ်ရှင်ကြောင့် ခရီးစဉ်ပေါ်လွင်ရုံလောက်ပဲရွေးတင်လိုက်တာ…

  • Iris

    May 2, 2014 at 6:56 pm

    ဟုတ်​တယ်​ မမ။ ပုစွန်​တုတ်​ကြီးချက်​နဲ့ ငါးဟင်​းစားချင်​လိုက်​တာ။ 🙁
    ကမ်​း​ခြေမှာ လတ်​လတ်​ဆတ်​ဆတ်​ ပင်​လယ်​စာ ​တွေ အစားချင်​ဆုံး။ ​ရေကူးရတာ ရယ်​ စက်​ဘီးစီးတာ က ဒုတိယ။ 😀

  • koyinmaung

    May 2, 2014 at 9:14 pm

    ကိုကြီးမိုက်ရေ ကိုကြီးမိုက်သူငယ်ချင်းဝယ်ထားတဲ့အိမ်နဲ့ခြံဘယ်လောက်ပေးရတုန်း.
    စိတ်ဝင်စာလို့ပါ တော်တော်အေးချမ်းတဲ့နေရာလေးပါလား….

    • kyeemite

      May 3, 2014 at 8:40 am

      ကိုရင်မောင်ရေ…အဲဖက်ကမ်းခြေတစ်လျှောက် မြို့ကလူတွေ လာလာဝယ်ကြတာ
      တော်တော်တောင် များနေပီဗျ…အရင်က တစ်ဧက သိန်းဆယ်ဂဏန်းကနေ..
      အခုရာဂဏန်းဖြစ်နေပြီ…ကျုပ်မိတ်ဆွေခြံက ပေ ၈၀x ၁၀ဝ လောက်ကျယ်တယ်…
      သိန်းနှစ်ရာနဲ့ဝယ်လိုက်တာ…နောက်ပိုင်း ဖွံ့ဖြိုးလာရင် အဖိုးတန်ပီပေါ့…

  • Foreign Resident

    May 3, 2014 at 3:45 am

    ပုဇွန်​ထုပ်​ကြီး ဟင်​း က ရှယ်ဘဲ ။

  • alinsett (gazette)

    May 3, 2014 at 7:27 am

    အယ်
    လွမ်းလိုက်တာ လွမ်းလိုက်တာ
    ကျနော်နေခဲ့တဲ့ ကျွန်းကလေးရဲ့ ပင်လယ်ကမ်းစပ်ကြီးကို လွမ်းလိုက်တာ

    ရခိုင်ပြည်နယ်ထဲက ပင်လယ်ကမ်းစပ်တွေက
    ချောင်းသာတို့ငွေဆောင်တို့ထက် ပိုပြီး
    သဘာဝကျကျ လှပတယ်။

    ပြီးတော့ ပင်လယ်စာလည်း ပိုကောင်းတယ်နော်။

    လွမ်းလိုက်တာကွယ်. . .

  • ကေဇီ

    May 3, 2014 at 7:44 am

    ဟယ်။
    အာ့မိုး သွားချင်တာ။
    ကမ်းခြေကလည်း သာယာ
    နာ့ အကိုဂျီးမိုက်ကလည်း ချော
    ပုစွန်တွေ ငါးတွေကလည်း လတ်ဆတ်

    ကြည့်ရတာ စိတ်ချမ်းသာလိုက်တာ။

    :mrgreen:

    • kyeemite

      May 3, 2014 at 8:56 am

      ကေဇီရေ…လူတွေအထိတ် တလန့်ဖြစ်မစိုးလို့ လူပုံမှုံဝါးဝါးရွေးတင်ထာတာ
      မှုံလေချောလေမဟုတ်လား 😀
      အစာကောင်းလေးတွေစားရရင်တော့ ကေဇီ့ ကိုသတိရမိပါရဲ့ဗျာ….. :s:

  • kyeemite

    May 3, 2014 at 8:51 am

    Foreign Resident says: ပုဇွန်​ထုပ်​ကြီး ဟင်​း က ရှယ်ဘဲ ။
    ဟုတ်တယ်ကိုဖေါရေ..လတ်လည်းလတ်..ဈေးလည်းသင့်တယ်…စားလို့ကောင်းလိုက်တာဗျာ…

    alinsett (gazette) says:ရခိုင်ပြည်နယ်ထဲက ပင်လယ်ကမ်းစပ်တွေက
    ချောင်းသာတို့ငွေဆောင်တို့ထက် ပိုပြီး
    သဘာဝကျကျ လှပတယ်။ ပြီးတော့ ပင်လယ်စာလည်း ပိုကောင်းတယ်နော်။
    ဟုတ်တယ် အလက်ဆင်းရေ…ပင်လယ်က သက်တမ်းရင့်ပင်လယ်…
    တံငါရွာတွေဆိုတော့ ပင်လယ်စာလည်းပိုလတ်တယ်ကွ…
    ကမ်းသာယာဆို တကယ့် သဘာဝအတိုင်းပဲရှိသေးတယ်…ကိုယ်တော့သဘောကျသကွာ.. 😛

  • weiwei

    May 3, 2014 at 9:35 am

    ဖွင့်ဖွင့်ချင်းနှစ်က တစ်ခါရောက်ဖူးတယ် .. ဟိုတယ်ကြီးကောင်းနေတုန်းကပေါ့ ..
    ပိတ်တော့မယ်လို့ သတင်းကြားတဲ့နှစ်မှာ တစ်ခါရောက်ဖူးတယ် … ဟိုတယ်ကြီး စုတ်ပြတ်သတ်နေပြီ ..

    ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေဖွင့်ပြီးနောက်ပိုင်း ကမ်းသာယာကမ်းခြေ ခရီးသွားနဲသွားပြီး အခုလို ပိတ်လိုက်ရတဲ့အထိ ဖြစ်သွားတယ်။ လမ်းခရီးကောင်းရင် ပြန်ပြီး အသက်ဝင်လာအုန်းမှာပါ ..

  • ကထူးဆန်း

    May 3, 2014 at 11:07 am

    အဟိ .. ဖောက်သည်ချလိုက်ဦးမယ် ..

    သတင်း(1) က …. နိုင်ငံခြားအဖွဲ့တစ်ဖွဲ့ က ကမ်းသာယာကို survey လုပ်ကြည့်တော့ ရေ က ပူနွေးတဲ့ အတွက် အကောင်ပလောင်ကြီးများ ကြိုက်နှစ်သက်တဲ့ အပူချိန် ဖြစ်နေခြင်း ။ သဲ ကလည်း လူကိုဒုက္ခပေးတတ်တဲ့ အကောင်တွေ ကြိုက်တဲ့ သဲဖြစ်လို့ နေထိုင်ကြလို့ ဖွိ့ဖြိုးရေးစီမံကိန်း အတွက် မသင့်လျော်လို့ နောက်ပြန်ဆုတ်သွားကြောင်း ။

    သတင်း(၂) ကတော့ အခု စစ်တပ်က အဲ့ဒီ့မြေတွေကို ပိုင်ရှင်တွေလက်ပြန်အပ်မယ်လို့ ဆိုကြောင်းပါ ။ အဲ့ဒီမှာ နာယက ကြီး ဦးခင်ရွှေ ဦးစီးလို့ ပြည်သူတွေဆီက ပြန်ဝယ်ပြီး develop လုပ်မယ်ဆိုပြီးခရီးသွား အဖွဲ့ဆွေးနွေးပွဲ ခေါ်ယူကြောင်း နဲ့ အဲ့ဒီ့ပါတ်ဝန်းကျင် ဈေးများတက်သွားကြောင်း ပါ ။

  • kyeemite

    May 3, 2014 at 1:09 pm

    ဟုတ်မယ် ကထူးဆန်းရေ…ရေကတော့ ခပ်နွေးနွေးဗျ….
    သဲကလည်း အခြားကမ်းခြေတွေနဲ့မတူ…အမှုံကြီးပီး ရောင်စုံရောနေတယ်…
    သဲပုံလေးမြင်ရအောင် တစ်ပုံလောက်တင်လိုက်အုံးမယ်…
    သတင်းအတွက်ကျေးကျေးပါဗျာ 🙂

  • TNA

    May 3, 2014 at 2:31 pm

    သဘာဝမပျက်သေးပဲလှနေတော့ တကယ့်ကို သဘာဝကျကျလှနေတာပဲ အူးမိုက်ရေ။ ခရုကပ်နေတဲ့ကျောက်ဆောင်ကတော့ အူယားလို့မြန်မြန်ကျော်လိုက်ရတယ်။ ကမ်းသာယာက ဘာ့ကြောင့်မအောင်မြင်တာလဲမသိဘူးနော်။ အရင်တုန်းကအတော်လေးစည်ပင်အောင်လုပ်ခဲ့ပါ လျှက်နဲ့။ ရေချိုရှားလို့ဆိုဟုတ်လားအူးမိုက်

  • ကျော်စွာခေါင်

    May 3, 2014 at 10:26 pm

    အကိုမိုက်ရေ..
    ဓါတ်ပုံတွေ လှတယ်..လှေပုံလေးတွေ သိမ်းထားလိုက်ပါတယ်…
    ရေဆေးပန်းချီဆွဲရင် ကောင်းမယ်ထင်လို ့…ဆွဲဖြစ်ရင် ထပ်ပြောပ်ါမယ်..။
    ရခိုင်မှာတော့ ပင်လယ်ကမ်းစပ်တွေ လှသလို အဲဒီ ပင်လယ်နဲ ့အသက်မွေးတဲ့ တံငါရွာလေးတွေက ခင်စရာ ကောင်းပါတယ်..
    သူတို ့မှာ ဘာအရောင်မှ မဆိုးခံရဘူးဆိုရင်တော့ ပင်ကိုယ်စိတ်ရင်းက ခင်မင်လို ့ ညီအကို ဖွဲ ့ပြီးရင် သေစရာရှိရင်တောင်
    ရှေ ့က အသေခံမယ့်စိတ်ရင်းတွေပါ..။

    • kyeemite

      May 5, 2014 at 10:45 am

      ကိုခေါင်..ဓါတ်ပုံလေးသဘောကျတယ်ဆိုလို့ ဝမ်းသာပါတယ်…
      ရွာခံတွေကလည်းအမှန် ခင်စရာ ကောင်းပါတယ်..

  • black chaw

    May 9, 2014 at 1:33 pm

    ဘီကီနီ နဲ့ ကောင်မလေးတွေ မပါတော့
    ကမ်းခြေရဲ့ အလှက မပြည့်စုံဘူး ဖြစ်သွားတယ်…။
    :mrgreen:

    • kyeemite

      May 9, 2014 at 2:52 pm

      ပါတာပေါ့ ကျောင်းဒကာရယ်…ခီများတို့လို ဖွတတ်တဲ့လူဒွေကြောက်လို့ ဖွက်ထားတာဗျ 😀

  • မဟာရာဇာ အံစာတုံး

    May 17, 2014 at 3:25 pm

    အော် …
    တစ်ယောက်တည်းလား မေးတော့
    ငါ တစ်ယောက်တည်းပါပေါ့ ….

    မေ့လို့ …
    ဒါ့ပုံရိုက်တဲ့ လူလည်း ရှိသေးတာပဲ …

Leave a Reply