ဘယ်လို နားလည် ပေးကြမလဲ?
မြင်းကွင်းထဲမှာ တွေ့နေကြ အဖြစ်အပျက်လေးတွေကို အမှတ်တမဲ့ မြင်မိရင်း စဉ်းစားထားတာလေးကို ဝေမျှလိုက်ပါတယ်။
တစ်နေ့မှာပေါ့…။
မွေးနေ့လေး တစ်နေ့ ဖြစ်လို့ အဲဒီနေ့မှာ ဘုရားသွားဖြစ်ပါတယ်။ ဘုရား နားရောက်ခါနီးမှာ အသက် ဆယ့်နှစ်ကျော်ကျော် ရှိတဲ့ ကောင်းလေးလေး တစ်ယောက် အနားကို ရောက်လာတယ်။
အစ်ကို .. ညီလေး အမေက မျက်စိ မမြင်လို့ စားစရာလေး ဝယ်ကျွေးချင်လို့ ပိုက်ဆံလေး ပေးခဲ့ပါတဲ့။
ကျွန်တော်လည်း မွေးနေ့ လည်းဖြစ်နေတာ ကြောင့် စိတ်ကောင်း ဝင်နေတာမို့ ပိုက်ဆံ နည်းနည်းပါးပါး ပေးလိုက်ပါတယ်။ ဘုရားဖူးပြီး ပြန်ခါနီးမှာ ကျွန်တော် ပိုက်ဆံပေးလိုက်တဲ့ ကောင်းလေးက အသက်ကြီးကြီး လူကြီးတစ်ယောက်ကို ပိုက်ဆံ ပေးနေတာကို မြင်လိုက်ပါတယ်။ မြင်စကတော့ အမှတ်တမဲ့ ပါဘဲ။ အဲဒီ အကြောင်းအရာကို လည်း သတိမရပါဘူး။
တစ်ညမှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာ စကားပြောရင်းနဲ့ အဲဒီ အကြောင်းကို ရောက်သွားပါတယ်။
(မှတ်ချက်။ ။ ကျွန်တော်တို့က ညမှာသာ လက်ဖက်ရည် ဆိုင် ထိုင်ဖြစ်တာပါ။ ည ခုနှစ်နာရီ ရှစ်နာရီ လောက်ကနေ ဆယ့်နာရီ ကျော်ကျော် လောက်ထိ ထိုင်ဖြစ်ပါတယ်။ )
ကျွန်တော်တို့ ထဲက အစ်ကိုကြီးတစ်ယောက်က အဲဒီ အကြောင်းနဲ့ ပက်သက်ပြီး ပြောပါတယ်။
တကယ်တော့ အဲဒီ တောင်းနေတဲ့ ကလေးတွေမှာ ခေါင်းတွေ ရှိတယ်တဲ့။ အဲဒီ ခေါင်းတွေက မိဘမရှိတဲ့ ကလေးတွေ၊ လေလွင့်နေတဲ့ ကလေးတွေ ကို လက်သပ်မွေးပြီးတောင်းခိုင်းတယ်။ ပြီးတော့ ညနေပိုင်းကြရင် အုံနာ ကြေးပေးရပါတယ်။ တစ်ယောက်ကို ဘယ်လောက်ဆိုပြီးတော့ပေါ့။ ပြီးတော့ အဲဒီကောင်လေးတွေက အုံနာ ကြေး အပြည့် မပေးဘူးဆိုရင်လည်း ရိုက်ပါတယ်။
ဒါအပြင် နေရာလိုက်ပြီး အုံနာ ကြေးက အနည်းအများရှိပါတယ်။ လူစည်တယ်ဆိုရင် အုံနာ ကြေးက ပိုများပါတယ်။ လူရှင်းတဲ့ နေရာ ဆိုရင် အုံနာ နည်းပါတယ်။
အဲဒီကောင်လေးတွေကလည်း သက်သာမှန်းသိတော့ အလုပ်ကို မလုပ်ချင်ကြတော့ပါဘူး။ တစ်ခါက ကျွန်တော့် သူငယ်ချင်း လက်ဖက်ရည်ဆိုင်ရှင်ဆီကို ပိုက်ဆံလာတောင်းတဲ့ အခါ ကျွန်တော့် သူငယ်ချင်းက
ဟေ့ ကောင်လေး မင်း ငါ့ဆိုင်မှာ စားပွဲထိုး လုပ်မှာလား
လို့ မေးတဲ့အခါ အဲဒီကောင်လေး ကျွန်တော်တို့ အနားကနေ တစ်ခါတည်း ထွက်သွားပါတယ်။ အလုပ်နဲ့ ပက်သက်ပြီးသူတို့ က ဆင်းရဲမှာ ကြောက်နေတတ်ကြပါပြီ။
တစ်ခါတစ်လေ ကျတော့လည်း အသက်ခြောက်ဆယ့် နားလောက် အဘွားကြီး တွေလည်း ပိုက်ဆံ တောင်းကြပါတယ်။ ဒါပေမယ့် သူတို့တွေက အသက်အရွယ်ကြောင့် အလုပ်မလုပ်နိူင်တော့လို့ တောင်းကြတာပါ။ တစ်ခါတစ်လေတော့လည်း အသက် လေးဆယ့်လောက် အမျိုးသမီးကြီးတွေ တောင်းတာကို လည်း တွေ့ ဖူးပါတယ်။ လူပုံစံက သန်သန်မာမာ ကြီးတွေနဲ့ပါ။ မြင်ရတာတွေက ကျွန်တော်တို့ မျက်လုံးတွေထဲမှာ အချိုးအစား မကျ ကြပါဘူး။
စကားမစပ် ဒီနေရာ လေးကနေ သင်တို့ ကို မေးခွန်းတစ်ခု မေးပါရစေ။
” သင်တို့ကော ငွေကို အကျိုးရှိရှိ သုံးတတ်ကြပါပြီးလား။ ဘေးထွက် ဆိုးကျိုး တွေမရှိအောင် ငွေကို ကိုင်ထားတတ်ပါ ပြီးလား ”
(မှတ်ချက်။ ။ သင်က ဘယ်အသက်အရွယ်ဖြစ်ဖြစ်ပါ။ သင်က အသက်နှစ်ဆယ့် ကျော်ပဲ ဖြစ်ဖြစ်၊ အသက်လေးဆယ့် ကျော်ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် at any age!
ဒီမေးခွန်းကို ဖြေနိူင်ပါတယ်။ )
ကျွန်တော်က အသက်နှစ်ဆယ် ဝန်းကျင်ပါ။ ဒါပေမယ့် ငွေကို အကျိုးရှိရှိ၊ ဘေးကင်းကင်း မသုံးတတ်သေးပါဘူး။
သင်တို့ကော ငွေကို ဘေးကင်းကင်း သုံးတတ်ကြပါ ပြီးလား???
တကယ်လို့ မသုံးတတ်သေးဘူးဆိုရင်…..
ကျွန်တော်တို့ရဲ့ အသက်တစ်ဝက်လောက်ငယ်တဲ့ ဆယ့်နှစ်ကျော်ဝန်းကျင်ရှိတဲ့ ကောင်လေးတစ်ယောက်ကို ပိုက်ဆံ ပေးတာက အလွန် ဆိုးကျိုးရှိတယ် ဆိုတာ တွေးမိမလား မသိဘူး။ ကျွန်တော့် အမြင်ကတော့ ဒါက အလွန် ဆိုးကျိုး ဖြစ်စေပါတယ်။
ကဲ….ဒါကို ဘယ်လို ဖြေရှင်းဖို့ ဘယ်လိုလုပ်ကြမလဲ???
Think harder!!! May have a creative thinking in Your mind.
8 comments
winne
August 20, 2010 at 10:31 am
ဆယ်နှစ်ကျော် ကလေးမှ မဟုတ်ဘူး အသက်ကြီးလို့ သေခါနီးတောင် ရုတ်တရက် အလကား ရလိုက်ရင် ဘယ်မှာ သုံးရမှန်းမသိဘဲ ဘဝပျက်တဲ့ လူတွေ အများကြီးပါ
kopauk mandalay
August 20, 2010 at 12:19 pm
ခက်တာက ကျနော်တို့နိုင်ငံမှာက သနားစာနာတတ်လွန်းတဲ့လူတွေများနေတာပါ။
တစ်ချို့မှန်သလိုလိုနဲ့လွဲနေသောအတွေးလေးက ” ကိုယ်ကတော့စေတာနဲ့ လှုလိုက်တာ သူဘာသာသူဘာလုပ်လုပ်”
လို့ဆိုတဲ့ပြီး လာတောင်းတိုင်း ပေးကြတော့တာပါဘဲ။
ရမှန်းသိတော့ အချောင်ခိုချင်တဲ့သူဦးရေများလာပါတယ်။
လုပ်စားတာထက် တောင်းစားတာက ပိုသက်သာတာကိုး၊
ဒီပြဿနာက ဘယ်တော့မှ မပပျောက်နိုင်ဘူးလို့ယုံကြည်ပါတယ်။
chitsayar
August 20, 2010 at 4:51 pm
သဘောတရားအရတော့ စေတနာဟာ ဝေဒနာဖြစ်တတ်ပါတယ် အဲသည်တွက် ခေါင်းဆောင်တွေကို ချေမှူန်းပြစ်သင့်ပါတယ်
တရားသဘောအရကတော့ အလှူဆိုတာက အလှူ ခံသူနှင့် အလှူပေးသူရဲ ့အချေအနေပေါ်မူတည်ပါတယ်
intro
August 22, 2010 at 2:42 am
သေချာတာကတော့ တောင်းစားတဲ့သူတွေ များလာတာဟာ နိုင်ငံတိုးတက်မဲ့လမ်းစ မဟုတ်ဘူးဆိုတာပါပဲ… ကျွန်တော်တို့နိုင်ငံရဲ့အနေအထားနဲ့ အရွယ်ရောက်ပြီး လူတိုင်း သင့်တော်တဲ့ အလုပ်အကိုင်တစ်ခုနဲ့ သင့်တော်တဲ့ ဝင်ငွေ စီးကြောင်း တစ်ခု ရှိသင့်ပါတယ်… အလကား ရတိုင်း အချောင် လိုချင်ကြတဲ့ စိတ်ကို တော့ ပြင်နိုင်ရင် ကောင်းမှာပါ… အလုပ်လုပ်ချင်စိတ်၊ ငွေရှာချင်စိတ်ရှိတယ်ဆိုရင် နေရာတိုင်းမှာ ကိုယ့်အတွက် ဝင်ငွေရနိုင်မဲ့ နေရာတွေ တွေ့နိုင်ပါတယ်…
လင်းငယ်
August 22, 2010 at 6:13 am
ခုလို ကျွန်တော့် အက်ဆေးကို ဝေဖန်ပေးတဲ့ အများကြီး ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဒီနေရာမှာ ပြောချင်တာ တစ်ခုရှိပါတယ်။
တကယ်လို့များ….
သင်တို့ အနေနဲ့ အဲဒီတောင်းစားတဲ့ ကလေးများကို စေတနာရှိတယ်ဆိုရင် ကိုယ့်စေတနာရှိသလောက် အစားအစာကို ဝယ်ကျွေးလိုက်ပါ။
အလွန် ဆိုးကျိုုးဖြစ်စေတဲ့ ပိုက်ဆံကို သူတို့တွေရဲ့ လက်ထဲကို ထည့်မပေးလိုက်ပါနဲ့လို့ ပြောချင်ပါတယ်။
unclegyi1974
August 25, 2010 at 8:02 am
မြန်မာလူမျိုးကနဂိုကတည်းကသနားတတ်တယ်၊ညှာတာတတ်တယ်၊လှူ ချင်တန်းချင်စိတ်ရှိတတ်တယ်၊
ဒီအပေါ်မှာဒီလိုလုပ်စားနေတဲ့အချောင်သမားတွေကအမြတ်ထုတ်တာပါ၊
နိုင်ငံတိုင်းမှာဒီလိုခေါင်းပုံဖြတ်နေတဲ့လူတွေရှိပါတယ်၊
ဒီလိုဖြစ်နေတယ်ဆိုတာပြည်သူတယောက်ကတောင်မြင်နိုင်ရင်၊တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့လူတွေပိုမြင်မှာပါ၊
ဒါနိုင်ငံအရေးလို့ပြောလို့ရပါတယ်၊ဒီလိုအခိုင်းခံခလေးတွေများမလာအောင်လို့ ကိုယ်ကျိုးတခုထဲကြည့်ပြီးလုပ်နေကြ
တဲ့လူတွေကို၊ အစိုးရကဖိဖိစီးစီးအရေးယူသင့်ပါတယ်၊
ပြည်သူတွေအနေနဲ့လဲဒီခလေးတွေကိုပိုပြီးပျက်စီးအောင်အားပေးသလိုဖြစ်တဲ့ပေးကမ်းစွန့်ကြဲချင်ကိုရှောင်သင့်ပါပြီ၊
ဖြစ်သင့်တာကဒီလိုခလေးတွေကိုပြုစုစောင့်ရှောက်တဲ့ဂေဟာတွေ၊ဘုန်းတော်ကြီးကျောင်းတွေမှာကိုယ်နိုင်သလောက်
သွားရောက်လှူ ဒါန်းတာဘဲဖြစ်ပါတယ်။
thethtet87
September 25, 2010 at 12:30 pm
ကျွန်တော်လည်းသူတို့ကိုလူမှုရေးကယ်တင်မှုအဖွဲအစည်းတစ်ခုမှာအချိန်တော်တော်ကြာလုပ်ခဲ့ဘူးတယ်။ဒါတွေ့ဟာနိုင်ငံတိုင်းမှာရှိနေတဲ့ပြသနာတစ်ခုပါ။အဓိကနည်းတာများတာဘဲ
ကွာခြားတာပါ။ပြသနာကတော့လူနေမှုအဆင့်အတန်းပေါ့။လူနေမှုအဆင့်အတန်းမြင့်မားဖို့ဆိုတာကတော့လူမျိုးရဲ့အခြေခံစိတ်ဓါတ်မြင့်မားဖို့လိုလာတယ်။အခြေခံစိတ်ဓါတ်မြင့်မားဖို့က
ပညာရေးပေါ်အခြေခံမယ်ထင်တယ်။ဒါတွေကဖြေရှင်းဖို့အချိန်ကာလရယ်/အခြားအခြေခံအကြောင်းအချက်တွေသိပ်များတယ်လေ။ပပျောက်ဖို့ကတော့မဖြစ်နိုင်ပါဖူး။ကျွန်တော်တို့က
တန်ခိုးရှင်တွေမှမဟုတ်တာ။အဲတော့လူတွေကိုကယ်တင်ဖို့မဖြစ်နိုင်ဖူးထင်တယ်။ဒါကြောင့်ကူညီနိုင်ရင်ကူညီလိုက်လေ။ပြီးရင်မေ့လိုက်။ကျွန်တော်ကတော့အဲလိုခံယူတယ်။
kyansitthar101
September 25, 2010 at 3:47 pm
ကျနော်ကြားဖူးတာလေး တစ်ခုရှိတယ်။ လိုက်လံတောင်းရမ်းသူတွေကို ဖမ်းတဲ့ ကားတစ်စီး ရောက်လာပါတယ်။ ပြီးတော့ တောင်းရမ်းစားသောက်သူ တွေကိုကားပေါ်အကုန် ဆွဲတင်ကြတယ် ။ အဲဒီအချိန်မှာ တတောင်းစားတွေ ကားပေါ် တင်တာကိုမြင်တော့ လူတစ်ယောက်က ပြေးလားပြီး ညှိရအောင်လေ ဟုပြောပါတယ်။ ထို့နောက် ကားပေါ်ကလူတစ်ယောက်ဆင်းလာပြီး အဲဒီလူက မင်းက ဘယ်သူလဲ လို့မေးတယ်။ အဲတော့ သူက တတောင်းစားခေါင်း လိုဖြေပါတယ်။ အဲဒီတော့ ဟိုလူက မင်းပါကားပေါ်တက်ဆိုပြီးခေါ်သွားတယ်။