သတင်းတွေဖတ်ရအောင်
Forward Mail ကရတာပါ။ တင်ပေးလိုက်ပါတယ်။ စုံစုံလင်လင်ဖတ်ရတာပေါ့။
- အသားစားသုံးခြင်းက ကိုယ်အလေးချိန်တိုး ၊
- ဆီးချိုရောဂါရှင် အမေရိကန် သက်ကြီး ရွယ်အိုများ အမြင်အာရုံ အားနည်း ၊
- အရေပြားကင်ဆာရောဂါ ကုသနိုင်ဖွယ် နည်းလမ်းတွေ့ရှိ ၊
- မိချောင်းသွေးနဲ့ HIV ပိုး ၊
- ဘောင်းဘီအနက်ဝတ်ယင် သွေးလွန်တုပ်ကွေးရောဂါရနိုင်တယ်… ၊
- AIDS တိုက်ဖျက်ရေး တရုတ်အစိုးရ ဇောက်ချ ဆောင်ရွက်နေဟုဆို ၊
- အသားစား ဘက်တီးရီးယားပိုး တိုက်ခိုက် ခံရသည့် အမေရိကန် အမျိုးသမီး
- လွန်ခဲ ့တဲ ့နှစ်ပေါင်း100လောက်ကHealth club ၊
- Vasectomy ယောက်ျား သားကြောဖြတ်ခြင်း
အသားစားသုံးခြင်းက ကိုယ်အလေးချိန်တိုး
အသားကို အနည်းငယ်သာစားသုံးခြင်းအား ဖြင့် ခန္ဓာကိုယ် သွယ်လျကျစ်လျစ်စေရန် အထောက် အကူပြုစေဖွယ်ရှိကြောင်း လေ့လာဆန်းစစ်မှုတစ်ခုတွင် တွေ့ရှိရသည်ဟု သိရသည်။
လန်ဒန်ရှိ Imperial ကောလိပ်မှ သုတေသန ပညာရှင်တို့၏တွေ့ရှိချက်အရ ကယ်လိုရီပါဝင်မှု တူညီ လင့်ကစား အသားကို ငမ်းငမ်းတက်စားသုံးသူများမှာ အသားအနည်းငယ်စားသုံးသူတို့ထက် ပို၍ခန္ဓာကိုယ် ဝဖြိုးစေသည်ဟုဆိုသည်။ သုတေသနပညာရှင်တို့က မတူကွဲပြားသော အသားများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ကြက်သားသည် ခန္ဓာကိုယ်အလေးချိန် တိုးစေရာတွင် အားအပေးဆုံးအသားဖြစ်ကြောင်း တွေ့ရှိရသည်ဟု သိရသည်။
သုတေသနပညာရှင်တို့က ဥရောပ ၁ဝနိုင်ငံမှ အမျိုးသား ၁၀၀၀၀ဝနှင့် အမျိုးသမီး ၂၇၀၀၀ဝတို့အား ကင်ဆာရောဂါ၊ အာဟာရနှင့် အခြားသော ဘဝလူနေမှု ဟန်ပန်များနှင့်ပတ်သက်၍ လေ့လာဆန်းစစ်ခဲ့ရာတွင် ဒိန်းမတ်၊ ဂျာမနီ၊ စပိန်နှင့် ဆွီဒင်လူမျိုးများမှာ အသား ကို အများဆုံး စားသုံးသူများဖြစ်ပြီး အမျိုးသားများ သည် နေ့စဉ် ကယ်လိုရီ ၃၀ဝပါဝင်သော အသားကိုစား ၍ အမျိုးသမီးတို့က ကယ်လိုရီ ၂၀ဝပါဝင်သောအသား ကို စားသုံးကြောင်း တွေ့ရှိရသည်။ အသားအများဆုံး စားသုံးသည့် ဥရောပနိုင်ငံသားတို့၏ ငါးနှစ်တာကာလ အပိုင်းအခြားကိုလေ့လာကြည့်ရှုရာ ထိုသူတို့သည် တစ် နှစ်လျှင် ပျမ်းမျှ ဝဒသမ၄၅ကီလိုဂရမ် ကိုယ်အလေးချိန် တိုးလာကြောင်း တွေ့ရှိရသည်။
လူတစ်ဦးသည် နေ့စဉ် အသားဂရမ်၂၅ဝ စား သုံးပါက ငါးနှစ်အတွင်း နှစ်ကီလိုဂရမ်မျှ ကိုယ်အလေး ချိန်တိုးလာဖွယ်ရှိသည်ဟု ဆိုသည်။ ထိုအချက်အပေါ် အခြေခံ၍ လူတစ်ဦးသည် နေ့စဉ် အသားဂရမ်၂၅ဝစား သုံးခြင်းကိုလျှော့ချခဲ့ပါက ငါးနှစ်အတွင်း ၎င်းင်း၏ခန္ဓာကိုယ် အလေးချိန်ကို ၁ဒသမ၈ကီလိုဂရမ် လျော့ကျစေဖွယ် ရှိကြောင်း သုတေသီတို့က ပြောကြားခဲ့ကြောင်း သိရ သည်။
ဆီးချိုရောဂါရှင် အမေရိကန် သက်ကြီး ရွယ်အိုများ အမြင်အာရုံ အားနည်း
အမေရိကန်ရှိ ဆီးချိုရောဂါရှင် သက်ကြီးရွယ်အို အတော်များများသည် အမြင်အာရုံ အားနည်းမှုများ ရှိနေကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။
အသက် ၄ဝ အထက် ဆီးချိုရောဂါ ဝေဒနာရှင် ၄ ဦးတိုင်းတွင် ၁ ဦးသည် အမြင်အာရုံ အားနည်းနေပြီး ယင်းတို့ အနက် ၄ ရာခိုင်နှုန်းမျှသည် ဆေးဝါး ကုသမှုပင် ခံယူ နေရကြောင်း အမေရိကန် ဆေးပညာ အဖွဲ့က ကြေညာ သွားသည်။ အမေရိကန်တွင် မျက်စိ လုံးဝ ကွယ်သွားသည့် အကြောင်းခြင်းရာများ အနက် ဆီးချို ရောဂါသည်လည်း အဓိက ကျသည့် အကြောင်းတစ်ချက်မှ ပါဝင် နေသည်။ အမေရိကန် ရောဂါ ကာကွယ်ရေးနှင့် တားဆီးရေး ဌာနက ပြုလုပ်သော စစ်တမ်းတွင် အမေရိကန်၏ အသက် ၄ဝ အထက် အရွယ်များတွင် ဆီးချို ရောဂါ ဖြစ်ပွားမှုသည်လည်း တစထက်တစ မြင့်တက် လာနေကြောင်း ဖော်ပြပါရှိသည်။
သုတေသီများသည် ဆီးချိုရောဂါသည် သက်ကြီးပိုင်း ၁၀၀၆ ဦး၏ အမြင်အာရုံ စစ်ဆေးမှုများကို ပြုလုပ်ခဲ့ရာ ၂၅ ရာခိုင်နှုန်းမျှသည် အမြင်ပိုင်း ချွတ်ယွင်းချက်များ ရှိနေကြောင်း တွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အရေပြားကင်ဆာရောဂါ ကုသနိုင်ဖွယ် နည်းလမ်းတွေ့ရှိ
လူတွေကို အစာအဆိပ်သင့်စေတယ်လို့ အများက လက်ခံ သိရှိထားတဲ့ ဘက်တီးရီးယား ပိုးတွေကတဆင့် လူကို သေစေနိုင်တဲ့ အရေပြားကင်ဆာကို ကုသနိုင်တဲ့နည်းကို အီတလီ ဒေါက်တာတွေက စမ်းသပ် တွေ့ရှိခဲ့ကြပါတယ်။ကြွက်ရဲ့ ခန္ဓာကိုယ်ထဲကို Salmonella ဘက်တီးရီးယားပိုးတွေ ထိုးသွင်းလိုက်ခြင်းအားဖြင့် သူ့ရဲ့ ခံနိုင်ရည်စွမ်းအား ရပ်တန့်သွားပြီး ကင်ဆာဖြစ်နိုင်တဲ့ ဆဲတွေကို သတ်ပစ်လိုက်တာ တွေ့ရတဲ့အကြောင်း အီတလီနိုင်ငံ မီလန်မြို့ အခြေစိုက် ဥရောပ အကြိတ်အခဲများဆိုင်ရာ သုတေသနဌာနက သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ကြွက်တွေမှာ Melanoma ဆိုတဲ့ အဆိုးဆုံး ကင်ဆာရောဂါ တမျိုးနဲ့ ကြီးထွားလာအောင် အရင် ပြုစုပျိုးထောင်ပြီးမှ သိပ္ပံပညာရှင်တွေက အခုလို စမ်းသပ်ခဲ့ကြတာပါ။
Melanoma ကင်ဆာကို စောစောစီးစီး စမ်းသပ်တွေ့ရှိခဲ့ရင် ပျောက်အောင် ကုသလို့ ရပါတယ်။ ဒါပေမဲ့ မကုသဘဲထားရင် အဲဒီ ကင်ဆာရောဂါဟာ ခန္ဓာကိုယ် တခုလုံးကို ပျံ့နှံ့နိုင်တယ်လို့ ဆိုပါတယ်။
Salmonella ပိုးကို ဆေးထိုးအပ်နဲ့ ထိုးသွင်းလိုက်တဲ့ အတွက်ကြောင့် ကြွက်တွေမှာ ကင်ဆာရောဂါပိုး ပျံ့နှံ့မှုက ရပ်သွားတယ်လို့ သုတေသီတွေက ပြောပါတယ်။ ဒီတွေ့ရှိချက်က တချိန်မှာ ကင်ဆာရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ အလားအလာကောင်း တခုလို့ ဆိုပါတယ်။
ဒီနည်းအတိုင်း လူသားတွေမှာ စမ်းသပ်ခွင့်ရဖို့ ဆရာဝန်တွေက စောင့်ဆိုင်းနေကြပါတယ်။ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်ကို Science Translational Medicine ဆိုတဲ့ မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
မိချောင်းသွေးနဲ့ HIV ပိုး
ဩစတေးလျ မှ သိပ္ပံပညာရှင်တွေ မှ အပူပိုင်း ဒေသတွေရှိတဲ့ မိချောင်းရဲ့ သွေးဟာ လူ့ခန္ဓာမှာရှိတဲ့ antibiotic ကို အလွန်ဖွံ့ဖြိုးမှု့ကောင်းစေတဲ့အတွက် HIV ပိုးကို သတ်နိုင်တဲ့အထိ စွမ်းတယ်လို့ ဆိုပါတယ်။ ဩစီ က သိပ္ပံပညာရှင် တစ်ယောက်ဖြစ်တဲ့ Adam Britton ကတော့ မိချောင်းရဲ့ သွေးဟာ ဘက်တီးရီးယား ပိုးတွေကို သတ်ဖြစ်နိုင်တယ်လို့ Reuters သတင်းဌာကို ပြောခဲ့ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်ပါ မိချောင်း ရဲ့ သွေးထဲမှာ ရှိတယ် ခုခံအား တွေနဲ့ လူတွေရဲ့ အသက်ကို ကယ်လို့ရမှာဖြစ်ပါတယ်။ လုပ်စရာတွေတော့ အများကြီး နှစ်နဲ့ချီကာ စမ်းသပ်ပြုလုပ်ရဖို့အတွက် တော့ရှိပါသေးတယ်လို့ဆိုပါတယ်။
ဟိုတနေ့ကလည်း သတင်းထဲမှာ တောက်တဲ့တွေကို ဈေးကောင်းပေးဝယ်တဲ့ အကြောင်းနဲ့ ပါတ်သက်ပြီး တောက်တဲ့ အန်ဖတ်နဲ့ HIV ရောဂါကို ကုလို့ ရတယ်လို့ ဖတ်လိုက်ရပါသေးတယ်။
ဘောင်းဘီအနက်ဝတ်ယင် သွေးလွန်တုပ်ကွေးရောဂါရနိုင်တယ်…
ကိုရီးယားရုပ်ရှင်ကားများရဲ ့ဖက်ရှင်ဒီဇိုင်းများကိုအတုယူကာ အနက်ရောင်ကိုယ်ကြပ်ဘောင်းဘီများဝတ် ဆင်ကြသည် ့ ဆယ်ကျော်သက်များဟာ အသက်အန ္တရယ်အထိဖြစ်လောက်သည့်သွေးလွန်တုပ်ကွေးရော ဂါပိုးများ ကူးစက်ခံရဖို ့နီးစပ်နေပါတယ်လို ့ထိုင်းနိုင်ငံအစိုးရက သတိပေးပြောကြားလိုက်ပါတယ်… ” လူတွေဝတ်စားဆင်ယင်မှုနဲ ့ပါတ်သက်ပြီး၊ အထူးသဖြင် ့ဆယ်ကျော်သက်လူငယ်တွေအတွက် ပိုပြီးစိုး
ရိမ်ပူပန်မိပါတယ်…” လို ့ထိုင်းနိုင်ငံဒုတိယကျန်းမာရေးဝန်ကြီး ဖန်စီရီ ကူလာနာ ့ တ်စီရီ က သွေးလွန်တုတ် ကွေးရောဂါ ပိုးသယ်ဆောင်ပျံ ့ပွားစေသည် ့ခြင်များကို အနက်ရောင်က ပိုမိုဆွဲဆောင်စေတတ်ကြောင်း အ လေးထားပြီး ပြောဆိုသွားပါတယ်…
ပါးလွှာတဲ ့ကိုယ်ကြပ်ဘောင်းဘီအသားများကိုဖောက်ပြီးခြင်တွေက သွေးစုပ်နိုင်ကြတာမို ့ထိုသို ့ဘောင် ဘီအနက်ဝတ်ထားသူတွေဟာ သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရဖို ့ပိုနီးစပ်ပါတယ်… ဒါကြောင် အရောက်ပိုမိုဖြော ့တော ့ပြီးခြင်မကိုက်နိုင်တဲ ့ဂျင်းပင် လိုဘောင်းဘီမျိူးဝတ်ဆင်တာ ပိုကောင်း ပါတယ်လို ့သူမက တနင်္ဂနွေနေ ့ကထုတ်ပြန်တဲ ့ကြေငြာချက်မှာ ပြောကြားခဲ ့ပါတယ်…
ယခုနှစ် ပထမခြောက်လအတွင်းမှာပဲ ထိုင်းနိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါကူးစက်သူပေါင်း ၄၅၀၀ဝ အထိုတိုးတက်လာခဲ ့ပြီး သေဆုံးသူ ၄၃ ယောက်ရှိခဲ ့တယ်လို ့အစိုးရဆိုင်ရာသတင်းများအရသိရှိရပါတယ်… ထိုအထဲကအများစုဟာ ငယ်ရွယ်သူတွေဖြစ်ကြပါတယ်…v
AIDS တိုက်ဖျက်ရေး တရုတ်အစိုးရ ဇောက်ချ ဆောင်ရွက်နေဟုဆို
တရုတ် အစိုးရသည် AIDS ရောဂါကို တိုက်ဖျက်ရေး အတွက် ဇောက်ချ ဆောင်ရွက် နေကြောင်း ပြောကြား လိုက်သည်။ နိုင်ငံ၏ နံပါတ် ၁ အန္တရာယ် အရှိဆုံး ကူးစက် ရောဂါ တစ်ခု ဖြစ်နေသည့်
AIDS ရောဂါကို ကုသ နိုင်မည့် ဆေးဝါးများကို သုတေသန ပြုနေကြောင်း တရုတ် ဒုတိယ သမ္မတ ဇီကျင်ပင်းက ကုလ သမဂ္ဂ လက်အောက်ခံ AIDS ရောဂါ တိုက်ဖျက်ရေး ဌာန၏ အကြီးအကဲ မိုက်ကယ်ဆီဒီဘီနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဘေဂျင်း အခြေစိုက် အစိုးရသည် နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်းကို မြှင့်တင်ရန်လည်း ကြိုးပမ်း နေကြောင်း ဇီကဆိုသည်။ AIDS ရောဂါကို ဖြစ်ပွားစေသည့် HIV ပိုး ကူးစက်မှုသည် တရုတ် နိုင်ငံတွင် လျင်မြန်စွာ ပျံ့နှံ့လျက်ရှိရာ အစိုးရအနေနှင့် ယင်း အရှိန်အဟုန်ကို လျှော့ချရန် ကြိုးပမ်းလျက်ရှိသည်။ ရှန်ဟိုင်းရှိ ကျန်းမာရေး စောင့်ရှောက်မှု ဌာနပေါင်း အခု ၁၀ဝ ကျော် တို့တွင် လိင်မှ တဆင့် AIDS ရောဂါ ကူးစက်မှုကို လျှော့ချ နိုင်ရန် ကွန်ဒုံးများ အခမဲ့ ဝေငှ ပေးလျက်ရှိသည်။
ဆီဒီဘီက တရုတ်ရှိ မြို့ပြများတွင် HIV ပိုး ကူးစက်မှု မြန်ဆန် နေခြင်းသည် တရုတ် နိုင်ငံသာမက ကမ႓ာ့နိုင်ငံ အသီးသီး အတွက်ပါ ခြိမ်းခြောက်မှု ဖြစ်လာ နိုင်ကြောင်း မှတ်ချက် ပြုခဲ့သည်။ ၎င်းက ကမ႓ာ့ မြို့ကြီးများတွင် ၂၀၁၅ ခုနှစ် အရောက် HIV ကူးစက်မှု ကင်းစင်ရေး ကြိုးပမ်း ဆောင်ရွက်မှုသို့ ရှန်ဟိုင်းပါ ပူးပေါင်း ပါဝင်ရန် တိုက်တွန်းခဲ့သည်။
အသားစား ဘက်တီးရီးယားပိုး တိုက်ခိုက် ခံရသည့် အမေရိကန် အမျိုးသမီး
ဆန်ဒီဝီဆင်၏ ဘဝသည် လွန်ခဲ့သော ၅ နှစ်က ဆိုးဆိုး ရွားရွား ငရဲဘုံနှင့် တွေ့ကြုံ ခဲ့ရသည်။ သူမသည် အလွန် ကြောက်စရာ ကောင်းသည့် အသားစား ဘက်တီးရီးယားပိုး တစ်မျိုး၏ နှိပ်စက်မှုနှင့် ကြုံခဲ့ ရခြင်း ဖြစ်သည်။
အမေရိကန် နိုင်ငံမှ အသက် ၃၄ နှစ်အရွယ် ရှိပြီ ဖြစ်သော ဆန်ဒီက ထိုပိုးမွှား၏ ဝါးမျိုမှုကြောင့် သူမ၏ ဝမ်းဗိုက် အတွင်းရှိ ကလီစာများကိုပင် ပြန်မြင် နေခဲ့ရကြောင်း ပြောပြ သွားခဲ့သည်။ ကမ႓ာပေါ်တွင် ရှိသော ဘက်တီးရီးယားပိုး အမြောက်အမြား အနက် ကုသရန် ခက်ခဲသော ရာခိုင်နှုန်း အနည်းငယ်တွင် ပါဝင်သည့် ယင်းပိုးသည် ဆန်ဒီ၏ ဝမ်းဗိုက်သားများ သာမက ကလီစာများကိုပါ ဝါးမြို စားသောက်ခဲ့သည်။ MRSA မျိုးနွယ်ဝင် ဘက်တီးရီးယားများသည် ဆန်ဒီ၏ သရက်ရွက်၊ ဘေလုံး၊ အူအတက် တို့ကိုပါ ဖျက်ဆီးပစ် ခဲ့ကြသည်။ ယင်း ပိုးများသည် ကလေး မွေးပြီးစ၊ ခန္ဓာကိုယ် အစားထိုး ခွဲစိတ်မှု ခံယူပြီးစ အခြေအနေမျိုးနှင့် ခုခံအား အလွန်နည်းနေသော ကာလများတွင် ခန္ဓာကိုယ် ထဲသို့ ဝင်ရောက်လာ တတ်သည်။ ဆန်ဒီအား ကုသပေးသည့် ဒေါက်တာ သောမတ်စကာလီယာက လူနာ၏ ခန္ဓာကိုယ်တွင်း လှိုက်စားနေသော ပိုးမွှားသည် အလွန် ကြောက်စရာ ကောင်းကြောင်း ဝန်ခ ံခဲ့သည်။
ဆန်ဒီသည် ၂၀၀၅ ခုနှစ်က ကလေးမွေးဖွားပြီးနောက် ကံအကြောင်းမလှစွာ အဆိုပါပိုး ကူးစက်မှုကို ခံခဲ့ရသည်။ သူမသည် လွန်ခဲ့သော ၄ နှစ်အတွင်း ကလေးငယ်အား ပွေ့ချီခွင့်၊ နို့တိုက်ခွင့်ပင် မရခဲ့ချေ။ ထိုအတော အတွင်း ဆေးရုံနှင့် ပြန်လည် ထူထောင်ရေး စင်တာများတွင်သာ အချိန်ကုန်နေရပြီး ရောဂါပိုးက ဝါးမျိုဖျက်ဆီးခဲ့သည့် ကိုယ်တွင်း ကလီစာများကို အကြိမ်ကြိမ် အစားထိုး ကုသမှု ခံယူ ခဲ့ရသည်။ ဆန်ဒီက သူမ အနေနှင့် အသက်ရှင်ခွင့် မရတော့ဟု ယူဆမိပြီး အလွန် စိတ်ဓာတ် ကျခဲ့သော်လည်း ဂျပန် ရိုးရာ စိတ်ကျင့်စဉ် တစ်ခုနှင့် အပ်စိုက် ကုထုံးများက သူမအား သက်သာရာ ရစေခဲ့ကြောင်း ဝန်ခံ ခဲ့သည်။ ကာလရှည်ကြာစွာ သုတေသန ပြုပြီးနောက် ပညာရှင်များသည် ဆန်ဒီ၏ ကိုယ်အတွင်း ဝင်ရောက်နေသည့် ရောဂါပိုးကို ဟန့်တားနိုင်မည့် ဆေးဝါးမျိုးကို တွေ့ရှိလ ာခဲ့သည်။
၂၀၀၆ ခုနှစ်တွင် ဆန်ဒီ၏ အူသည် စင်တီမီတာ အနည်းငယ်မျှသာ အရှည်ရှိတော့သည်အထိ အခြေအနေ ဆိုးနေခဲ့သလို သူမသည်လည်း အမြဲလိုလို ပိုက်များ၊ အောက်စီဂျင် စက်များနှင့်သာ ရှင်သန်နေတော့သည်။ သို့သော်လည်း ဆင်ဒီသည် ကူးစက်ခံရသူ (၂၀) ရာခိုင်နှုန်းကို သေစေပြီး ကျန်သူများကို ဆိုးဆိုးရွားရွား ခန္ဓာကိုယ် ချို့တဲ့ ယိုယွင်း သွားစေသည့် ကပ်ဆိုးကြီးမှ ပြန်လည် ထူထောင်လာနိုင်ခဲ့သည်။ ဒေါက်တာ သောမတ်က ဆန်ဒီသည် အသက်ရှင် နေသမျှ ကာလပတ်လုံး ဆေးဝါးများကို အစဉ်တစိုက် မှီဝဲ နေရတော့မည်ဟု ဆိုသည်။ ဆရာဝန်များသည် ဆန်ဒီ၏ နှလုံးနှင့် အသည်းတို့ထိ ရောက်ရှိနေသည့် ပိုးမွှားများနှင့် အခြားသော ကလီစာ အစိတ်အပိုင်းများမှ နေရာ အတော်များများကို လှီးဖြတ် ဖယ်ရှားခဲ့ရသည်။ ဆန်ဒီ၏ ကျန်းမာရေး စရိတ်သည် ဒေါ်လာ ၅ သန်း ကျော်ထိ မြင့်တက်ခဲ့ပြီး သူမ၏ အသက် အာမခံဌာနနှင့် လူမှုရေး အဖွဲ့အစည်းများက ဝိုင်းဝန်း ကျခံခဲ့သည်။ ယခုအခါတွင်မူ ဆေးရုံမှ ဆင်းလာပြီး သားငယ် ခရစ်စတိုဖာနှင့် အချိန်ဖြုန်းနေသည့် ဆန်ဒီက သူမ၏ အိပ်မက်ဆိုးကြီးအား မေ့ပစ်ချင်ပြီဟု ပြောကြား ခဲ့သည်။
ဆန်ဒီက သားငယ်သည် အသား ပြန်တက် လာသော်လည်း ပုံပန်းမကျ ဖြစ်နေသေးသည့် သူမ၏ ဝမ်းဗိုက်ကို တအံ့တဩ ဖြစ်လေ့ ရှိကြောင်း ပြောကြားခဲ့သည်။ သူမအနေနှင့် ပိုးမွှားများကြောင့် ဝမ်းဗိုက်တွင် အပေါက်ကြီး ဖြစ်နေစဉ်က ကလီစာများ အတွင်းမှ ထွက်လာသည့် ပုပ်အက် နံစော်သော အနံ့ကြီးကိုပင် တခါတရံ ပြန်လည် သတိရ ကြောက်လန့် နေမိကြောင်း ဆန်ဒီက ဖွင့်ဟ သွားခဲ့သည်။
Vasectomy ယောက်ျား သားကြောဖြတ်ခြင်း
မင်္ဂလာပါဆရာ။
အမျိုးသားတွေ သားကြောဖြတ်ခြင်းအကြောင်းကို သိချင်ပါတယ်ဆရာ။ ကျွန်မအမျိုးသားက အသက် ၃၄ နှစ်ပါ။ ကျွန်မတို့ နှစ်ယောက်လုံး ဗမာ၊ ဗုဒ္ဓဘာသာပါ။ သူ့ကို သားကြောဖြတ်စေချင်ပါတယ်။ မလုပ်ခင်မှာ အမျိုးသားတွေ သားကြော ဖြတ်ခြင်းကြောင့် ဖြစ်တတ်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး၊ စိတ်ခံစားမှုတွေ အကြောင်းနဲ့၊ သားကြော ဖြတ်နည်း ဘယ်နှစ်မျိုး ရှိတယ်ဆိုတာကို ဖြေကြားပေးစေချင်ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး အခြား သိသင့်တာတွေ ရှိရင်လည်း ဖြည့်စွက် ပြောကြားပေးပါ။ လုပ်သင့်၊ မသင့် ဆရာ့အမြင်ကိုလည်း ပြောကြားပေးပါဆရာ။
ခွဲစိတ်ကုသမှုတွေကို (မေဂျာ) လား (မိုင်နာ) လား ခွဲခြားသတ်မှတ်ရင် ယောက်ျား သားကြောဖြတ်တာ Vasectomy ဟာ အသေးစား ဖြစ်ပါတယ်။ Vasa deferentia ပြွန်ကို Sperm သုတ်ပိုး သွားမရအောင် လုပ်လိုက်တာပါ။ တိရစ္ဆာန်တွေကို သင်းသတ်နည်းလို သုတ်ပိုး ပေါက်ပွါးဖြစ်တည်ရာ အစေ့ Testis ကို ထုတ်ပြစ်-ဖျက်ပြစ်တဲ့ Castration နဲ့ မတူပါ။
ဘာဘဲလုပ်လုပ် ဒီလိုလုပ်လိုက်ရင် ဘယ်အကျိုး၊ ဘာအပြစ်တွေ ရှိလာနိုင်သလဲ ဆန်းစစ်-သိမြင်ထားတာဟာ အင်မတန် ကောင်းတဲ့ အကျင့်တခု ဖြစ်တယ်။ ယေက်ျား သားကြော ဖြတ်တာမှာ မကောင်းဘူးဖြစ်စရာ အလွန်တရာ နည်းပါတယ်။ ကျားအစေ့ကနေ ကျားဟော်မုန်း Testosterone ထုတ်နေတယ်။ ဟော်မုန်းက ဖြတ်ပြစ်တဲ့ အကြော (ပြွန်) ကို အသုံးမချပါ။ သွေးထဲကို တိုက်ရိုက် ဝင်သွားတာမို့ ဟော်မုန်းသတ္တိကို မထိခိုက်ဘူး။ ဆက်ဆံလိုစိတ်ကို သူ့ကြောင့် တိုက်ရိုက် ထိခိုက်စရာ မရှိနိုင်ပါ။ ၁ဝ ယောက် ၁ ယောက် နည်းသလို ဖြစ်နိုင်တယ်လို့ ပြောကြတယ်။ ဒါကလည်း စိတ်နဲ့သာ ဆိုင်တယ်။
Ejaculation ဆက်ဆံလို့ပြီးတိုင်း ထွက်တာထဲမှာ သုတ်ပိုးတွေပါတဲ့ အရည်က ၁၀% သာရှိလို့၊ အသွင်သဏ္ဌာန်၊ အရသာ၊ အစေး-အပြစ်၊ အနံ့၊ ဘာမှ မပြောင်းလဲဘဲ၊ ထုထည် ၁၀% သာ လျာ့နည်းနိုင်တယ်။
သားကြောဖြတ်လိုက်ရင် ဆက်ထွက်နေမဲ့ သုတ်ပိုးတွေ ဘယ်ရောက် သွားသလဲ မေးရင်၊ သူ့ဖါသူ ပျက်စီးပြီး၊ အသွေး အသားကနေ စုပ်ယူသွားပါလိမ့်မယ်။ မုတ်ရောဂါ Hydrocele ကို ခွဲရင် အရည်တွေကို ထုတ်ပြစ်တာကြောင့် ပျောက်တာ မဟုတ်ပါ။ အရည်ထွက်မဲ့ မျက်နှာပြင်ကို ပြောင်းပြန်လှန် ချုပ်ပေးတော့ ထွက်လာနေမဲ့ အရည်ကို အသွေးအသားကနေ စုပ်ယူပေးနေလို့ အရည်အောင်းစရာလည်းမရှိဘဲ၊ မုတ္တရောဂါ ပျောက်သွားရတာပါ။ ဖိတ်ခြင်းဖိတ် ကိုယ့်အိပ်ထဲမှာဘဲ ဖိတ်တာမျိုးပေါ့။
ယောက်ျား သားကြောဖြတ်တာ ဘယ်လောက် ထိရောက်ပါသလဲ။ ဗြိတိသျှ ဆေးသုတေသန တခုအရ ၂၀၀ဝ မှာ ၁ ယောက်၊ စာမေးပွဲကျသတဲ့။ အမျိုးသမီးတွေနဲ့ စာရင် အောင်ချက်က အင်မတန် ကောင်းပါတယ်။ သားအိမ်ပြွန် ဖြတ်တာမှာ ၂၀၀-၃၀ဝ လုပ်ရင် ၁ ယောက်က မအောင်-မမြင် ဖြစ်ရတယ်။ ဒါတောင် ယောက်ျား သားကြောဖြတ်တာ လုပ်အပြီး၊ အတူနေတာ သိပ်စောလို့ ကိုယ်ဝန်ရတာကိုပါ ထည့်တွက်လို့တဲ့၊ ဖြတ်လိုက်တဲ့ ပြွန်ပြန်ဆက်တယ်ဆိုတာ ဒိထက် နည်းပါတယ်။
ဘယ်တော့ အတူပြန်နေနိုင်သလဲ။ “ခွဲစိတ်ထားတာကို ခံနိုင်ရင်တော့ သဘောဘဲ” ဆိုပြီး ဆေးစာက မရေမရာ ရေးပါတယ်။ ဒေါက်တာတိကျ တွေကတော့ ရ ရက်တပါတ်။ ဘာလို့ ပြောရလဲဆိုတော့ သုတ်ပိုး ဇီးရိုး မဟုတ်ရင် ကိုယ်ဝန် ရနိုင်သေးလို့ပါ။ ဒါ့ကြောင့် ၃ လ၊ ဒါမှမဟုတ် သုတ်အကြိမ် ၂ဝ လွှတ်ပြီးမှ သေခြာတယ်။ ဖြတ်ပြီးတဲ့နောက် ထွက်တာထဲမှာ သုတ်ပိုးပါနေ-မနေ စစ်ဘို့ ကောင်းတယ်။
သတိပေးချင်တာက အတူနေလို့ ကလေး မရနိုင်တော့ပေမဲ့ အကာအကွယ်မဲ့ ဆက်ဆံတာမျိုးကို သတိထားရပါအုံးမယ်။ အဖေါ်မှာ လိင်ကတဆင့် ကူးစက်ရောဂါရှိနေရင် ကိုယ့်ကို ကူးလာစေမယ်။ ကိုယ့်မှာ ရှိရင်လဲ ဖြန့်ပေးလိမ့်မယ်။ တိုင်းပြည် တချို့မှာ အိမ်ထောင်သည်တွေ အဲလိုဖြတ်နည်း သုံးရင် ဇနီးရဲ့ ခွင့်ပြုချက် လိုတယ်လို့ ဥပဒေလုပ်ထားတယ်။
နည်းကတော့ တနည်းထဲလို့ ပြောနိုင်ပါတယ်။ ထုံဆေးနဲ့ ခွဲပါတယ်။ Scrotum ကပ်ပဲ့အိပ်၊ Testis အစေ့အထက်မှာ ခွဲတာ များတယ်။ တချို့လဲ အထက်နား သွားခွဲသေးတယ်။ Hernia, Hydrocele ခွဲရင်း စေတနာ ပိုတာလည်း လုပ်လေ့ရှိတယ်။ ကပ်ပဲ့အိပ်မှာဆို ဒါးရာ တခုထဲဖြစ်ဖြစ် ၂ ခုဖြစ်ဖြစ်ရတယ်။ ဖြတ်မဲ့ အကြောကို သေသေခြာခြာ ရွေးထုတ်ပြီး၊ ဖြတ်-ခြည်တာ ဖြစ်ဖြစ်၊ ထိပ်ကို မီးရှို့ပိတ်နည်း ဖြစ်ဖြစ်၊ လုပ်ပြီး အစသေးလေး ထုတ်ပြစ်ရတယ်။ အကြောကို ရွေးရတာက ပညာပါ။ ဘေးမှာ အရောင် ဆင်တူတွေ ရှိတယ်။ လက်နဲ့စမ်း ခွဲခြားရတယ်။ ထုံဆေး ထိုးထားတော (တစ်ရှူး) တွေ ဖေါင်း-ရောင်နေလို့ သတိကြီးရတယ်။ ဒါးရာသေးရင် တချို့က အရေပြားကို ပြန်တောင် မချုပ်ဘူး။ ခွဲစိတ်ဆရာဝန်တွေထဲမှာ ဒါးရာ သေးသေးနဲ့ ခွဲနိုင်တာကို ဂုဏ်ယူသူတွေ ရှိတယ်။ တချို့ကလည်း ကွင်းကျယ်ကျယ်မှာ ကစားရမှ အားရတယ်။
ခွဲပြီး နာရင် ရေခဲ ကပ်ရတယ်။ ပဋိဇီဝဆေးပေးပါမယ်။ အနာသက်သာဆေး သတိနဲ့ သောက်ရမယ်။ Athletic supporter ဝတ်ထားသင့်တယ်။ ၃-၄ ရက် ငြိမ်ငြိမ်နေတာ ကောင်းတယ်။ ၇-၁ဝ ရက် အလေးအပင် မမပါနဲ့။
ဆေးစာရေးတာ မပြည့်စုံရင် ထိန်ချန်မှု ရောက်နိုင်တယ်။ ဒီလိုလုပ်တာ (မိုင်နာ) ဖြစ်ပေမဲ့ ခွဲတာ-စိတ်တာတိုင်းမှာ ကြုံရတတ်တဲ့ နောက်ဆက်တွဲ သတိထားစရာတွေ ရှိပါတယ်။ သွေးခြည်ဥတာ၊ သွေးယိုတာ၊ ရောင်တာ၊ ရင်းတာ၊ နာတာ၊ စသဖြင့်။ နာတာက ထူးဖြစ်တတ်တာကို Post-vasectomy pain syndrome ခေါ်တယ်။ အကြာကြီး နာနေတာ၊ ထိရင် နာတာ၊ သုတ်လွှတ်ရင် နာတာ၊ ဆက်ဆံတဲ့အခါ နာတာ။ ရှားတော့ အလွန်မတန် ရှားပါတယ်။ ဖြစ်လည်း ကုလို့ရပါတယ်။
အမျိုးသမီးတွေကို သားကြောဖြတ်တာထက် နောက်ဆက်တွဲဖြစ်မှာတွေ သိသိသာသာ နည်းတယ်။ မိသားစုစီမံကိန်း နည်း အမျိုးမျိုးကို (သူများဆီမှာ) သုတေသန လုပ်ထားတယ်။ ယောက်ျား သားကြောဖြတ်နည်းက မအောင်မြင်မှု ဝ့ဝ၂-ဝ့၁% နဲ့ စိတ်ချရဆုံး၊ အမျိုးသမီး သားကြောဖြတ်နည်း = ဝ့၂%၊ အမျိုးသမီး စားဆေးနည်း = ဝ့၁%၊ ယောက်ျား ကွန်ဒွန်နည်း = ၁-၃%၊ အမျိုးသမီး (ဒိုင်ယာဖရမ်) နည်း = ၁-၆%၊ အမျိုးသမီး သုတ်ပိုးသေဆေးနည်း ၃%၊ အမျိုးသမီး ဟော်မုန်း ကပ်ခွါနည်း = ဝ့၂%၊ အမျိုးသမီး သားအိမ်ထဲ ပစ္စည်းထည့်နည်း IUCD = ဝ့၆-၁့၅%၊ ရက်ရှောင်နည်း = ၃%၊ ယောက်ျား သုတ်ရည် အပြင်ထုတ်နည်း = ၄%၊ ဘာမှ မသုံးရင် ၈၅% ကလေးရနိုင်တယ်။
ရှုံ့ချည်နှပ်ချည် လုပ်ခြင်သူတွေ အတွက်လည်း ရေးပါမယ်။ USA မှာ ၅% လောက်ရှိတယ်။ သားကြောဖြတ်တယ်ဆိုတာ ရှင်ခန်းဖြတ် မဟုတ်ပါ။ ပြန်ဆက်လို့ မရဘူး မဟုတ်ပါ။ (သီအိုရီ) အရ ဖြစ်နိုင်ပေမဲ့၊ လက်တွေ့မှာ အတော်ကြီး ခက်ပါတယ်။ (မိုက်ခရို-ဆာဂျရီ) အနုစိတ် လုပ်ရလိမ့်မယ်။ ကရိကထ များတယ်၊ လက်ဝင်တယ်။ အမေရိကားမှာဆို တနှစ်မှာ လူ ၆ သိန်းက $300 ကနေ $1,000 အကုန်ခံ ဖြတ်နေကြတယ်။ ပြန်ဆက်ဘို့ ဆိုရင်တော့ $7,000 ကုန်မယ်။ အောင်မြင်မှုနှုန်း စောစောပြန်လုပ်သူတွေက ပိုများတယ်။ ဖြတ်ထားပြီး ၃ နှစ်အတွင်း ပြန်ဆက်ချင်သူတွေက ၇၆%၊ ၁၅ နှစ် ကြာမှ လုပ်ရင် ၃၀% ကလေး ပြန်ရနိုင်တယ်။
စာတွေ သုတေသနတွေမှာ ရှိတာရေးပြီးတော့ ရွှေတွေ အပြင်ထွက်တဲ့ တိုင်းပြည်က သူတွေအတွက် ရေးပါအုံးမယ်။ ဗမာပြည်မှာ ကျန်းမာရေးနဲ့ ဆေးဆိုတာ လူတိုင်းအတွက် မဟုတ်ဘူး။ ဟုတ်လမ်းလည်း မမြင်ရသေးဘူး။ ဆင်းရဲတော့ ဈေးချိုတဲ့နည်း၊ ပညာရည် နှိမ့်ထားတော့ တော်တဲ့သူတွေ မတော်ရာ သွားရလို့ လက်လှမ်းမီတဲ့လူနဲ့ လုပ်ရတဲ့နည်း၊ မသိအောင်-မကြားအောင် လုပ်ထားတော့ ကြားဘူး-နားဝနည်း၊ ဆန်းစစ်တာ လက်မခံတော့ ကောင်း-မကောင်း၊ တော်-မတော် မသိတဲ့နည်းတွေသာ အားကိုးစရာ ရှိနေကြရပါတယ်။
ယောက်ျား သားကြောဖြတ်တဲ့အခါ ဗမာပြည်မှာ ပြဿနာက အကြော မှားဖြတ်မိတာ ဖြစ်ပါတယ်။ ဖြတ်ပြီးမှ ထပ်ကိုယ်ဝန် ရတယ်။ ရိုးသားတဲ့ ဇနီး ဗိုက်သာမက မျက်နှာပါပူရရော။ ခိုးကြောင်-ခိုးဝှက်၊ လက်လှမ်းမီတဲ့၊ ဆရာဝန် မဟုတ်တဲ့၊ ဆရာဝန် ဖြစ်အုံးတော့ အတွေ့အကြုံ နည်းတဲ့ သူတွေဆီမှာ လုပ်ကြရလို့ပါ။
“မလိုချင်တာ မှန်သမျှ စနစ်တကျ ပြတ်အောင် ဖြတ်ကြပါလေ။”
လွန်ခဲ ့တဲ ့နှစ်ပေါင်း100လောက်ကHealth club
ကရိယာတွေပါပဲလေ..
ကျွန်တော်တို ့တွေလည်းလွန်ခ ဲ့တဲ ့နှစ်100လောက်ကသာမွေးဖွားခဲ ့ကြရင်ဒီလိုကရိယာတွေနဲ ့နပန်းလုံးရမှာပဲနော်
😛
—
Tu me manques ….!
One comment
Pyaung Gye
August 20, 2010 at 8:23 pm
စဉ်းစားလိုက်အုံးမယ်ဗျာ
ငယ်သေးတော့ လူလုပ်ဘို့ အများကြီးကျန်သေးတယ်