ရွဲ့စောင်းနေသော ပေတံတို့၏ ကျိုးပျက်ခြင်း
ရွဲ့စောင်းနေသော ပေတံတို့၏ ကျိုးပျက်ခြင်း
ငါတို့ဟာ
အဘယ်အကြောင်းအရာကိုမဆို
အဘယ်သူနဲ့ပဲဆုံဆုံ
နီးစပ်ရာ ပုံစံ ခွက်တစ်ခုထဲ
ထည့်ပစ်လိုက်မိတာချည့်ပဲ ။
ဒါမှ မဟုတ်လည်း
လက်ထဲကိုင်ထားမိတဲ့ ပေတံနဲ့ ဆွဲ တိုင်းလိုက်မိတာချည့်ပဲ ။
ပေတံ ဆ်ိုလို့ ပြောရဦးမယ် ……
ငါတို့ တစ်ယောက်ချင်းစီမှာ
အရာတိုင်းနဲ့ ပတ်သက်ပြီး
နှိုင်းယှဉ် စရာ စံချိန် စံညွှန်းတွေ
ပုံသေ သတ်မှတ်ချက်တွေ
အလွတ်ကျက်ထားတဲ့ သူတွေချည့်ပဲ ။
(သကြားဆို ချိုရမယ်
ဆားဆိုလည်း ငံရမယ် ဆိုတာမျိုးလိုပုံသေ )
အဲ့ဒိလို ပုံသေတွေ ပေတံ ဖွဲ့
လက်ထဲ ကိုင်ထားကြတော့တာ ။
အဲ့ဒိတော့
လူ့အခွင့်အရေးဆိုတာ
လွတ်လပ်ခြင်းဆိုတာ
ညီမျှခြင်းဆိုတာ
ဘာ ဆိုတာ
ညာ ဆိုတာ
တိုင်းနေကျ ဓလေ့ ထုံးစံ အစဉ်အလာနဲ့
ခေါက်ရိုးကျိုး လူမှုစရိုက်ထဲဆွဲသွင်း
ပုံပျက်ပန်းပျက် စည်းကမ်းသေဝပ်မှုဟာ
နွားခြေရာခွက်ထဲက ဖားတစ်ကောင်ရဲ့အော်သံကြောင့်
ညဟာ သွေးပျက်ခဲ့ရပေါ့ ။
နေဝန်းနီ
9 comments
ခင်ဇော်
February 27, 2015 at 1:17 pm
ဟုတ်တယ်။
ဟုတ်တယ်။
လူတိုင်း က ကိုယ့်ပေတံကို မှန်တယ်ထင်တဲ့ သူချည်းပဲ။
ဟိ။ :mrgreenn:
အဲဒီထဲမှာ အနော် မပါပါဘု။
.
.
ဘာပုလို့တုန်းဆို ကျနော်က ပေတံ မသုံးတာကလား။။!
.
.
.
.
.
ပေကြိုးပဲ သုံးတာကိုးးး
ဟိ
:k:
Mr. MarGa
February 27, 2015 at 1:21 pm
သူ့ပေတံနဲ့ ကိုယ့်ပေတံ
အတိုင်းအတာတွေ မတူကြလေတော့
အူးးးးး ဝေးပြီဘေဘီ…..အဝေးဆုံးးးးးးးး
:mrgreenn:
တောင်ပေါ်သား
February 27, 2015 at 1:39 pm
ဪ စံပေတံ စံပေတံ
ဘယ်လိုတိုင်းဖြစ်ဦးမယ် မသိ
naywoon ni
February 27, 2015 at 1:52 pm
စံသတ်မှတ်ချက် တော့ လိုမယ်ဗျ အဲ့ဒါ မိရိုးဖလာ ဓလေ့ ထုံးစံ စံလား ? ဒီမိုကရေစီ စံ နှုန်းလား ? နှစ်ခုလုံးကို လက်ခံလို့မရ တစ်ခုခုရွေးရတော့မယ် ။ နှစ်ခုလုံးကို လက်ခံရင် ဟိုမရောက် ဒီမရောက် စံပဲဖြစ်တော့မှာ ။ ကျနော်တို့ဟာ တစ်ကယ့် လမ်းဆုံ လမ်းခွ ကို ရောက်နေပါပြီ ။ အရွေးမှားရင်တော့ နောက်နှစ်ပေါင်းဘယ်လောက် ကျိမ်စာ သင့်နေဦးမလဲ မသိ
အလင်းဆက်
February 27, 2015 at 4:45 pm
သမိုင်းမှာ ..ရိုင်းခဲ့တဲ့… ပုဂိ္ဂုလ်ကြီးတစ်ယောက်တောင် ရှိသေး..
ပင်လယ်ဓါးပြကြီးလေ…
နာမည်တော့ အခုပြောမယ်ကြံတော ့မေ့…
သူက ဖမ်းမိသူတွေထဲက မကျေနပ်သူတွေကို..
ကုတင်ပေါ် ပက်လက်လှန် အိပ်ခိုင်းပြီး..
ကုန်တင်ထက် အရပ်ရှည်သူကို ရှည်ဦးဟ ဆိုပြီး..ခုတ်ဖြတ်…သတ်…
ကုတင်ထက် တိုသူဆိုရင်..တိုဦးဟ ဆိုပြီး..ဆွဲဆန့်..ပြတ်ထွက်အောင်…သတ်…
အဲ့လို..
သူ့အတိုင်းအတာနဲ့သူတော့.. ဟုတ်လို့….
အခု …ပေတံတွေ အကြောင်းတွေးမိတော့ အဲ့လူကြီးရဲ့ လုပ်ရပ်ကို သွားသတိရတယ်..
မြစပဲရိုး
February 28, 2015 at 3:51 am
တကယ်တော့ အဘနီ ရဲ့။
အခုချိန် ပေတံ သုံးကြတော့ဝူး။
လေဆာ မီတာ တွေ နဲ့ တိုင်းနေကြပါရောလား။
လိုချင်တဲ့ အကွာ ကနေ ခလုတ်နှိပ်တာနဲ့ လေဆာ မီးနီတန်းလေး က ထွက်ပြီး တိုင်းလိုက် တာ။
ပြီးတော့ အဲဒီ ခလုတ် ဘေးမှာ အကွာအဝေး ဘယ်လောက် ဆိုပေါ်ရော။
ချရေးစရာတောင် မလို။
နည်းပညာ ကောင်းချက်ကတော့။
Kaung Kin Pyar
February 28, 2015 at 12:46 pm
သူရို့လက်ထဲက ပေတံတွေက အမျိုးအစားအစုံရှိနေတာ ဆိုးတာပဲ။ ဒီလူဆို ဒီပေတံနဲ့တိုင်း၊ ဟိုလူဆို ဟိုပေတံလောက်နဲ့ဆို ရပြီ…။ ဈေးကချိန်ခွင်တွေလိုပဲ…အလေးတွေက ချိန်တွယ်ဖို့ အလေးစစ်စစ်မဟုတ်တော့သလို…တိုင်းတာတဲ့စံတွေအတွက်….ပေတံတွေကလဲ……
kai
February 28, 2015 at 4:40 pm
အမှန်တော့
ပေတံဆိုတဲ့ စံနှုန်းနဲ့တိုင်းချင်
တိုင်းသူလူတွေဟာ တန်းစားညီရမယ်။
လူ့ဇတ်မညီသမျှ
ပေတံတူတွေကတိုင်းတွက်တဲ့ စံနှုန်းတူတွေ မညီနိုင်ကြ..။
naywoon ni
March 1, 2015 at 8:34 pm
ပေတံ စံနှုန်းတွေညီဖို့ အားလုံးမှာ တာဝန်ရှိပါတယ် ။ အစိုးရကောပြည်သူရောပေါ့ ။ ဒါပေမဲ့ အဲ့ ကိစ္စကို မေ့ထားပြိီး ငါတစ်ကောကောနေကြပုံက သမိုင်းလည်းရိုင်းခဲ့ပြီ ။