Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရန်ကုန်မြို့ အမွေအနှစ်များ – ၃

ဧရာဝတီဘဏ် (ယခု)

IMG_20150222_093807 copy
ယခုအခါ နေ့ပိုင်းမြင်ကွင်း

ရိုးလ်ကုန်တိုက် (ယခင်)

ခန့်ညားတဲ့ မြို့ တော်ခန်းမကြီးရဲ့ ယာဘက်တစ်ဖက်တစ်ချက်မှာ လှပတဲ့ ဗိသုကာ အဆောက်အဦးအကြီးတစ်ခုကိုတွေ့ ရမှာပါ။ ယခုမြင်တွေ့ရမှာတော့ အဲသည်အဆောက်ဦးကို အဝါခပ်နုနုနဲ့ ဆင်စွယ်ရောင်ကို ခွဲခြားကာ ခန့်ညာစွာ ဆေးသုတ်ထားတာ တွေ့မြင်ရပါလိမ့်မယ်။ အခုအခါမှာတော့ အဲသည်ခန့်ညားတဲ့ ဗိသုကာအဆောက်အဦးကြီးဟာ ဧရာဝတီဘဏ်အဖြစ် တည်ရှိနေပါတယ်။

အဲသည်ခန့်ညားတဲ့အဆောက်အဦးဟာ ၁၉၀၈ခုနှစ်စတင်တည်ဆောက်ခဲ့ပြီး ၁၉၅ဝခုနှစ်မှာ ရိုးလ်ကုန်တိုက်အဖြစ် စတင်တည်ရှိခဲ့တာပါ။ ရိုးလ်ကုန်တိုက်ဟာ ပြည်တွင်းမှာသာမကပဲ အရှေ့တောင်အာရှ တစ်ဝမ်းမှာ အလွန်နာမည်ကျော်ကြားတဲ့ ကုန်တိုက်တစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ ရိုးလ်ကုန်တိုင်မှာမှ USA Made စစ်စစ်ရတာမျိုး။ ရိုးလ်ကုန်တိုက်က ပစ္စည်းကမှ အရည်အသွေးကောင်းတာကအစ အလွန်နာမည်ကျော်ကြားတာမို့ အခြားနိုင်ငံက လူများဟာ မြန်မာနိုင်ငံလာပြီး ဈေးဝယ်ထွက်ကြတယ်လို့ ဆိုပါတယ်။

2326183441_233b394e39_z
ပြည်သူ့ဆက်ဆံရေးဦးစီးငှာနအဖြစ်တည်ရှိစဉ် (ကြော်ငြာဘုတ်တောင်ထောင်လိုက်သေးတယ်။)

ရိုးလ်ကုန်တိုက်ရဲ့ အရှိန်အဝါဟာ ဘယ်လောက်ကြီးမားသလဲဆို လူတစ်ယောက်ဟာ ရိုးလ်ကုန်တိုက် ပစ္စည်းတစ်ခုဝယ်ပြီး အဲသည်ကုန်တိုက်တံဆိပ်ပါတဲ့ အိတ်လေးဆွဲပြီး လမ်းလျှောက်ထွက်ရင်တော့ ဂုဏ်ယူပါသတဲ့။ အချို့ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေအချို့ ကတော့ အချင်းချင်းပြောတဲ့စကားတွေမှာ “ဟေ့ကောင် မင်းငါ့ကို တကယ်ခင်ရင် ရိုးလ်ကုန်တိုက်က ကြွေပန်းကန်ပြားနဲ့ ထမင်းဖိတ်ကျွေးကွာ’လို့တောင် ပြောရတဲ့အထိ အရှိန်အဝါကြီးမားခဲ့ပါတယ်။

yangon-colonial-building1
ပြန်လည်မွမ်းမံစဉ်

၁၉၆၂ခုနှစ်နောက်ပိုင်းမှာ ပြည်သူပိုင်အဖြစ်သိမ်းလာခဲ့ပြီး (ပြည်သူပိုင်လို့သာပြောတာပါ အမှန်တော့ အာဏာရှင်ပိုင်သွားတာ) ပြည်သူ့အင်အားဦးစီးဌာနရုံးအဖြစ် ၂၀၀၅ခုနှစ်ထိ အသုံးပြုခဲ့ပါတယ်။

IMG_20150224_220722 copy
ညဘက်မြင်ကွင်း

ယခုအခါမှာတော့ ဦးဇော်ဇော်မှဝယ်ယူလိုက်ပြီး ဧရာဝတီဘဏ်အဖြစ်ထားရှိပါတယ်။ ဒီနေရာမှာ ဦးဇော်ဇော်ကို ချီးကျူးချင်တာ မဝယ်ခင်က ပျက်စီးတဲ့အရာများကိုပါ ဗိသုကာလက်ရာမပျက် ပြန်လည်မွမ်းမံပြီး ညဘက်ဆိုရင်လည်း လှပအောင် ပြယုဂ်တစ်ခုအဖြစ်ထားရှိတဲ့ သူ့စိတ်သဘောထားတော့ လေးစားစရာကောင်းပါတယ်။  နိုင်ငံခြားသားများဟာ အခုသုတ်ထားတဲ့ ဆေးရောင်အယူအဆကိုလည်း စိတ်ဝင်စားကြပါသတဲ့။ ညဘက်ဆိုရင်လည်း ဓာတ်ပုံရိုက်တဲ့သူနဲ့ လေ့လာတဲ့သူများ များစွာရှိပါတယ်။

Yagon Heritage Trust အဖွဲ့အစည်းကတော့ သူတို့အနေနဲ့ နောက် ရှေးဟောင်းအမွေအနှစ် အဆောက်အဦးတွေကို ဧရာဝတီဘဏ်(ရိုးလ်ကုန်တိုက်) လိုဖြစ်စေဖို့ စံပြထားပါသတဲ့။ ပိုင်ရှင်အနေနဲ့ကလည်း လက်ရာမပျက်အောင်ထိန်းသိမ်းနိုင်ပြီး သူကိုယ်တိုင်ကလည်း တန်ဖိုးထားတာကြောင့် ယခုထက်ထိ လှပခန့်ညားစွာ မြင်တွေ့ရဦးမှာပါ။

 

လေးစားစွာဖြင့်

အောင်မိုးသူ

Ref : Yagon Heritage Trust လေ့လာရေးခရီးစဉ်

 

26 comments

  • ခင်ဇော်

    February 27, 2015 at 1:30 pm

    ဖတ်သွားးမှတ်သွားတယ်။
    ရိုး ကုန်တိုက် ကို ကြားဖူးတယ်။
    ဘယ်နားမှန်းမသိဘူးးး
    ခု သိပြီ။
    🙂

  • Mr. MarGa

    February 27, 2015 at 1:32 pm

    မန်းလေးမှာလည်း ရိုးကုန်တိုက် ရှိသလားလို့
    နေရာတော့မမေးနဲ့ မသိတော့ဘူး
    ဟိုဂျီးဒေါ် သိမလားမသိ :mrgreenn:

  • Ma Ei

    February 27, 2015 at 2:02 pm

    ခု ဧရာဝတီဘဏ် ညဖက် မီးထွန်းထားတာများ လှချက်…

  • naywoon ni

    February 27, 2015 at 2:13 pm

    ဧရာဝတီ ဘဏ်​သာ ညဖက်​ မီးထိန်​​နေတာပါဗျ ာ ။ ဧရာ ဝတီ မြစ်​ကြီးက​တော့ ညဘက်​ ​ကြောက်​စရာ ​မှောင်​မဲ ​နေပုံက
    ကျပ်​တို့ဟာ လျှို့ဝှက်​သည်​းဖို ပြဇာတ်​ကြည်​့​နေရသလိုပဲ ။ ဇာတ်​စင်​​ပေါ်မှာ မြင်​​စေ့ ချင်​တဲ့ ​နေရာ​လေး ကိုပဲ ဆလိုက်​မီးထွန်​း​ပေးထားပြီး မလိုဘူးထင်​တဲ့ ​နေရာ အားလုံး အ​မှောင်​ချ ​ပေးထားတာ​လေ ။ အဲ့ ဒါကို ​ပေါက္ခရ ဝသ မိုးလို့ ​ခေါ်တာလား မသိ ။

  • ဦးကျောက်ခဲ

    February 27, 2015 at 2:19 pm

    ရိုးလ် ကုန်တိုက် ၊ ဒီဆူဇာ ဆေးတိုက် ၊ ရှားမီး ကွန်တီနင်တယ် မုန့်တိုက်…
    ကြက်ဆင်တံဆိပ် ဖဲထီး ၊ ဂျစ်ကားတံဆိပ် နိုင်လွန် … အစရှိတာတွေဟာ…
    ဗိုလ်နေဝင်းတို့ ဗိုလ်အောင်ဂျီးတို့ ကောင်းမှုနဲ့ မြန်မာ့မြေပေါ်က ပျောက်ပြီး…
    မဆလ တခေတ်လုံး မှောင်ခိုပစ္စည်းတွေနဲ့ နှစ်ပါးသွားခဲ့ရတာပေါ့…
    ရှားမီး ကိုတော့ ပြည်သူပိုင် ရသာမုန့်တိုက် လုပ်ပလိုက်တယ်…
    ဒီဆူဇာကို ဘာလုပ်ထားလဲ မသိဘူး… ပြောပါဦး

    • Mr. MarGa

      February 27, 2015 at 2:38 pm

      http://myanmore.lycheeventures1.netdna-cdn.com/yangon/wp-content/uploads/sites/2/2014/09/4-BEAUTY-THARAPY-640×640.jpg

      This postcard is of the once-prosperous De Souza Pharmacy building. This building is still standing in Mahabandoola Road (old address was 475 Dalhousie Street), just west of Sule Pagoda. It is now occupied by the Accounts Division of Myanmar Posts and Telecommunications.

      http://myanmore.com/yangon/2014/09/throwback-postcard/

    • kai

      February 27, 2015 at 3:10 pm

      အမှတ်မမှားရင်..
      ရိုးလ်ကုန်တိုက်က.. မြို့တော်ခန်းမ..ဘယ်ဖက်က..တိုက်..။
      “ဆေးဝယ်ရင်ဒီဆူဆာမှာစိတ်ချရတယ်” လို့.. သခင်သိန်းဖေမြင့် ပရိုမိုးရှင်းစာရေးပေးတဲ့.. ဒီဆူဆာ. ဆိုတဲ့တိုက်က.. ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်.. ဆက်သွယ်ရေးရုံးမရောက်ခင်တတိုက်..။
      ရှားမီးတိုက်က.. မဟာဗန္ဓုလလမ်းနဲ့.. ဆူးလှေလမ်းထောင့်..။
      ကွန်တီနင်တယ် မုန့်တိုက်က.. အခု.. ထရိတ်ဒါးလား ဘာလားဖြစ်နေတဲ့ဟော်တယ်နေရာ..။

      လမ်းနာမယ်တွေတော့.. မေ့တေ့တေ့..။
      ဖရေဇာ..။ ဒါလဟိုဇီ..။ မားချန့်.။ စတာတွေအခုဘာတွေဖြစ်နေသလဲမသိ..။

        • kai

          February 27, 2015 at 3:14 pm

          အမ်..
          ကျုပ်က.. မြို့တော်ခန်းမနေရာထိုင်ပြီး ဘယ်ဖက်ပြောတာဗျ..။
          ကြည့်ရတာ.. ဒီဆူဆာနေရာတော့ အမှတ်မှားနေပုံရတယ်..။ :i:

        • Mr. MarGa

          February 27, 2015 at 3:18 pm

          သူတို့လုပ်တာ လူပါ ချာချာလည်ပြီ 🙁

      • ဦးကျောက်ခဲ

        February 27, 2015 at 3:39 pm

        ရှားမီးမုန့်တိုက်က … မဟာဗန္ဓုလလမ်းနဲ့ ၃၂-လမ်း ထောင့်…
        ဒီဆူဇာကို ကောင်းကောင်း အမှတ်မထာမိဘူး…
        သဂျီးပြောတဲ့နေရာဆိုရင်တော့ ဖျက်ပြီး အသစ်ပြန်ဆောက်လိုက်ပြီ…
        ဖရေဇာက … အနော်ရထာလမ်း…
        ဒါလဟိုဇီက … မဟာဗန္ဓုလလမ်း….
        မားချန့်က … ကုန်သည်လမ်း …
        မောင်ထော်လေးလမ်းက … ဗိုလ်ဆွန်ပက်လမ်း …
        မောင်ခိုင်လမ်းက … ဗိုလ်ရွဲလမ်း …
        လွစ်လမ်းက … ဆိပ်ကမ်းသာလမ်း …
        ဘားလမ်းက … မဟာဗန္ဓုလပန်းခြံလမ်း….
        ခရစ်လမ်းက … ဗိုလ်မြတ်ထွန်းလမ်း …
        လန်ကတ်စ်တာက … နဝဒေးလမ်း …
        ယော့ခ်လမ်းက … ယောမင်းကြီးလမ်း …
        ………
        တော်တော် သောက်လုပ်ရှုပ်တဲ့ စစ်အစိုးရ… အလုပ်မရှိ သန်းရှာ…
        :k:

        • အောင် မိုးသူ

          February 27, 2015 at 4:08 pm

          အဖွဲ့အစည်းမပေါ်ခင်က ဖျက်ဆီးခံရတဲ့အဆောက်အဦးတွေ တော်တော်များများပါသွားတယ်။ အခု ရှေ့နေ့ တရားရုံးကြီးလည်းလေလံအောင်ထားလေရဲ့ (ဟိုတယ်အဖြစ်တည်ရှိမယ်ဆိုပဲ)

  • Mike

    February 27, 2015 at 4:01 pm

    .ခုလိုတင်ပြပေးနေတာကျေးဇူးပါဗျာ

  • အလင်းဆက်

    February 27, 2015 at 4:35 pm

    မြို့တော်ခန်းမကနေ ထိုုင်ပြီးပြောရင် ဘယ်ဘက်က တိုက်ကြီးပေါ့…
    ဗန္ဓုလပန်းခြံထဲက လှမ်းကြည့်ရင်…မြို့တော်ခန်းမရဲ့ ညာဘက်ကပေါ့..
    အပြင်ပန်းတော့ အတော်လှသွားပေမယ့်..
    အတွင်းမှာတော့..လူတွေနေလို့ ရအောင် မနည်းလုပ်ထားရသဗျ…
    အတွင်းမှာ…ဘဏ်လုပ်ငန်း ဝန်ထမ်းတွေ ရာချီ ရှိတဲ့အပြင်… ၂၄ နာရီလုံး အဲဒီတိုက်တာကြီးကို
    ရေ/မီး ထိန်းသိမ်းဖို့…ဝန်ထမ်းအပြည့်ဗျ…
    တကယ့်ကို ၂၄ နာရီ ထိန်းသိမ်းထားရတာ…
    ဒါတောင်မှ.. အပေါ်ထပ်က ဦးဇော်ဇော် ရုံခန်း(တစ်ခန်းလုံး ရွှေချထားတဲ့ အခန်း)က
    မိုးယိုသေး…

    အတွင်းက မျက်နှာကျက်တွေကို အသစ်အတိုင်း ပြန်ပြင်တာမဟုတ်ပဲနဲ့
    အဟောင်းပေါ်ကနေ အသစ်ထပ်အုပ်ထားတော့…
    တမျိုးကြီး ဖြစ်နေတော့တာ…
    အဲဒီ ကုန်တိုက်ထဲမှာ …အရင် မူလက ရှိခဲ့တဲ့…မီးဆိုင်းတွေ… ဘာညာသာလကာ အသုံးအဆောင်ပစ္စည်းတွေတော့…တစ်ခုမှ မရှိလေပြီ…

  • padonmar

    February 27, 2015 at 10:08 pm

    ဒဂုံမဂ္ဂဇင်းအဟောင်းကို ငယ်ငယ်တုံးက စာအုပ်အဟောင်းပုံကြားက ရခဲ့ဖတ်ခဲ့ဖူးတယ်။
    အဲဒီထဲမှာ ရိုးကုမ္ပဏီက ဝယ်လာတာ ဆိုတဲ့ စကားတွေပါတယ်။
    အပ်ကအစ လယ်ထွန်စက်အဆုံး ရှိတယ်ဆိုလား။
    သိပ်မကြာသေးခင်ကအထိ အဲဒီအပေါ်မှာ ရာလေးစက်ဘီး ကြော်ငြာတွေ့ခဲ့ဖူးတယ်ထင်ပါတယ်။
    …….
    ခရိုနီထဲတော့ ဇော်ဇော်တယောက် မဆိုးလှဘူးထင်တယ်။
    ရန်ကင်းကလေးဆေးရုံလည်း လှူတယ်။
    ဧရာဝတီ ဖောင်ဒေးရှင်း လူနာတင်ယာဉ်တွေလည်း တွေ့တယ်။
    ဘောလုံးလောကတိုးတက်ရေးအတွက်လည်း အတော်အကုန်အကျခံတာတွေ့ရတယ်။
    ဒါ့ကြောင့် ကားဆီထည့်ရင် max မှာ ထည့်ပေးတယ်။

    • အလင်းဆက်

      February 28, 2015 at 11:28 am

      .ဘောလုံး သမိုင်းကိုလည်း တတ်နိုင်သမျှ လှအောင် ကူရေးပေးနေတယ်…
      ဦးဇော်ဇော်က သူ့ကို မှီနေတဲ့ ဝန်ထမ်းတွေကိုလည်း ကောင်းလှပါတယ်.. ။
      အဲ အကောင်းတောင် လွန်နေသလားမသိ…
      သူက… ဆရာအောင်ထွန်းသက်ကိုလည်း အတော် ရိုသေ..အတော်အားထားသဗျ…

      • ကထူးဆန်း

        February 28, 2015 at 1:45 pm

        ထူးဆန်းတာက တော့အဲ့ဒီ့ အဆောက် အအုံ က လေ လံ မ ပစ် ။ ဘယ်သူ မှ မသိဘဲ ပြန်လည်ထိန်းသိမ်းဖို့ ပြင် ပြန် နေသလိုလို နဲ့ ဘဏ် ဘဝ ပြောင်းသွားတာပါဘဲ..
        ကိုဇော်ဇော် ပဥွလက် တွေ ပေါ့ ။

        နား နှ ခေါင်း လည်ချောင်း ဆေးရုံလည်း ထိုနည်း ၎င်း ။ Max ရုံး ဖြစ်သွား …

        • Alinsett@Maung Thura

          March 1, 2015 at 12:16 am

          အဘဇော်ဇော် အနေနဲ့ နောက်ထပ် အဲ့လိုအကွက်တွေ
          ဟောတစ်ကွက် ဟောတစ်ကွက် ပြစရာတစ်ပုံကြီး ကျန်သေးတယ်ထင်
          ဒါက အသေးအမွှားသာ. . .

          :kwi:

  • မြစပဲရိုး

    February 28, 2015 at 3:38 am

    အဲဒီ ရိုးလ်တိုက် ကြီး က အခွန်ရုံး ဖြစ်လိုက်သေးသလားလို့။
    သိပ်တော့ မမှတ်မိတော့ဘူး။ ရုံးကိစ္စတစ်ခုခု အဲဒီမှာ လုပ်ဘူးတာတော့ မှတ်မိတယ်။
    လွန်ခဲ့သော နှစ် ၂ဝ ပါတ်ဝန်းကျင်ကပေါ့။

    ZZ ကို ဟိုမှာ ပေါင်းဖို့ တွန်းစို့။ :))

      • ကထူးဆန်း

        February 28, 2015 at 1:26 pm

        လူဝင်မှုကြီးကြပ်ရေး ရုံး ။

        • မြစပဲရိုး

          February 28, 2015 at 4:38 pm

          ဟုတ်တယ် ကထူးဆန်း မှတ်မိပြီ။
          လူဝင်မှုကြီးကြပ်ရေး။ Thanks.
          တိုင်းပြည်ကူးဖို့ လုပ်တုန်း က သွားလိုက်ရတာ။
          အခေါက်ပေါင်းမနည်း။

Leave a Reply