ဘဝ မွန်းတိမ်းချိန်
ခုတစ်လော
နေ့တွေညတွေ အကုန်မြန်နေသလိုပဲ
နာရီ စက္ကန့်တွေများ
လည်ပတ်နှုန်းမြန်နေတယ်တောင်ထင်ရ ။ နေ့တွေ ညတွေ
တစ်ရိပ်ရပ် ကျန်နေပုံက
ခပ်မြန်မြန်သွားနေတဲ့ ကားတစ်စီးပေါ်မှာ
လိုက်ပါသွားရသလိုမျိုး ။
ဟို အရင်တုန်းကလို
” ကြာလိုက်တာ ” ဆိုတဲ့ စကားမျိုး
မပြောဖြစ်တာ ဘယ်လောက်ကြာပြီလဲမမှတ်မိ ။
အော် ငယ်စဉ်တုန်းကတော့
တက်ကြွတဲ့ မျှော်လင့်ချက်တွေနဲ့
နုပျိုတဲ့ အိပ်မက်တွေ စုပုံထားနိုင်ခဲ့တာကိုး
ရွှေရောင်လွှမ်းသလား မလွှမ်းသလား ဆိုတာကိုတော့
ပြန်မလွမ်းပြခဲ့ တာသေချာပါရဲ့ ။
ဘဝ မွန်းတည့်ချိန်အကျော်
မွန်းတိမ်းချိန်မှာမှ
အို…… မိုးတွေ အုံမှိုင်းလာပါပကောလား ။
နေဝန်းနီ
7:33 PM
Feb 28 ,2015
7 comments
Alinsett@Maung Thura
March 1, 2015 at 12:23 am
ဘဝ မွန်းတိမ်းချိန်ကို
ည သဂေါင်သလွဲ (12 : 20) မှာ ထိုင် ဖတ်သွားးး
ဆက်တွေးနေလိုက်ဦးမယ်လို့
အဲ့ဒါလေး ပြောခဲ့တာပါ
:k:
ဝင့်ပြုံးမြင့်
March 1, 2015 at 12:49 am
. အဘနီ ရဲ့ ကဗျာတွေ ဟတ်ထိတယ်။ ကွန်မင့်ပေးရမှာတောင် မရဲဘူး။ မျှစ်ကြော်လည်း ဒီလိုပဲ အချိန်တွေ အကုန်မြန်တယ်လို့ စိတ်ထဲမှာ ခံစားနေရပြီး လုပ်သင့်တာကိုလည်း မလုပ်ချင်ဘူး။
ခင်ဇော်
March 1, 2015 at 12:17 pm
နေမဝင်သေးသရွေ့ လုပ်ချင်တာ လုပ်သင့်တာ လုပ်နိုင်တာ လုပ်လို့ ရသေး
Ma Ma
March 1, 2015 at 2:26 pm
ဘဝမွန်းတိမ်းချိန်တဲ့လား။ 🙁
စိတ်ထဲမှာတော့ နေဝင်ခါနီးအချိန်ဟာ ပိုပြီး လှပတတ်သလားလို့။
လောကကြီးကို တနေကုန် အလင်းရောင်နဲ့ အလှဆင်ပြီးလို့ အနားယူခါနီးမှာ
တိမ်ရောင်စုံနဲ့ လောကကို အလှဆင်တာလည်း အဖိုးတန်တာပဲ မဟုတ်လား။ :))
naywoon ni
March 1, 2015 at 2:47 pm
ဒါကတော့ မမရယ် ဘဝ ဆိုတာပုံသေမဟုတ်သလို ပုံစံအမျိုးမျိုးလည်းရှိတာပါ့ ။ တစ်နေ့နဲ့ တစ်နေ့တောင် ရာသီဥတုချင်း တူတာမဟုတ်။ မနက်စောစောအချိန်တွေက သာယာတယ် လှပတယ် တက်ကြွတယ် နုပျိုတယ် အပူချန်နည်းသေးတယ် ။ ဆိုပေမဲ့ အဲ့ဒိလို နေ့တိုင်းဖြစ်ရဲ့လား ။ နေဝင်ချိန်ဆိုတာကကော နေတိုင်း သာသာယာမဖြစ်နိုင်သလို ဘဝတိုင်း အလှမဆင်နိုင်ပါဘူး ။ လူမသိ သူမသိနဲ့ ဘဝ နိဂုံး ချုပ်ခဲ့ ရသူတွေ အများကြီးပါ။ ကျနော်ကတော့ ပြောစရာ ရှိတာတွေ ပြောချင်တာတွေ အများကြီး ပြောသွားချင်ပါသေးတယ် ။
မြစပဲရိုး
March 1, 2015 at 2:54 pm
မွန်းတိမ်းပြီ ဆို အချို တွေ ခါး သမို့ အမြည်း လေး သာ ပြင်ပေတော့ အဘနီ။ 😉
naywoon ni
March 1, 2015 at 6:44 pm
ဟုတ်ပါ့ဗျာ စိမ်းစားငပိလေး မီးကင်ပြီး သံပုရာရေ လေး ရွှဲရွှဲဆမ်း လက်ညိုးလေနဲ့ တို့ ပြီး မြည်းတယ် ဆိုရုံလေး မြည်း လမ်းဘေးက မရှိတော့တဲ့ ထန်းတဲလေး တောင်ပန်လွမ်းလာပြီ အရီးရေ 🙂