Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူတို့ကို သိရင် ပြောပေးကြစေလိုပါတယ်။

padonmarMarch 1, 20151min405823

ဆွေမျိုးမိဘဘိုးဘွားများထဲမှာ တန်ရွှေကြူး ဒေါ်ပိုက်အမည်များရှိလျှင် ဆက်သွယ်ပေးစေချင်ပါတယ်။

ဝါးခယ်မမြို့သကျမဟာသီရိဘုရားကြီးဝင်းအတွင်းမှာ မြန်မာသက္ကရာဇ် ၁၂၅၂ ခုက (လွန်ခဲ့တဲ့ ၁၂၄ နှစ်ကပါ) ဦးကြင်ငန်း-ဒေါ်သာရေး မိသားစုတို့ က ရေကြည်တော်ဝတ်အသင်း တန်ဆောင်းနဲ့ ဘုရားကြီး နတ်လမ်းစောင်းတန်းအကြားမှာ တန်ဆောင်းအဆောက်အဦတခု ကို ရေစက်ချ လှူဒါန်းခဲ့ပါတယ်။
နောက် ၃၉ နှစ်အကြာ မြန်မာသက္ကရာဇ် ၁၂၉၁ ခု (လွန်ခဲ့တဲ့ ၈၅နှစ်က) မှာ အလှူရှင်မိသားစုရဲ့ သားမက် တံရွှေကြူး နဲ့ သမီး မပိုက် တို့က အဲဒီ အဆောက်အဦကို ပြန်လည်ပြုပြင်ရေစက်ချလှူခဲ့ကြပါတယ်။
အခုအခါမှာအဲဒီ တန်ဆောင်းဟာ နှစ်ပေါင်း ရာချီပြီး ယိုယွင်းနေပြီဖြစ်လို့ ဂေါပကအဖွဲ့က အကြီးစားပြန်လည်ပြင်ဆင်မှု ပြု ဖို့ ဆုံးဖြတ်ပါတယ်။
အလှူတခုကို ပြင်ဆင်မွမ်းမံမယ်ဆိုရင် မူလအလှူရှင်ရဲ့ အစဉ်အဆက်ကို ဆက်လက်လှူချင်စိတ်ရှိမရှိ ဦးစားပေး မေးရပါတယ်။သူတို့ မလှူချင်မှ အခြားသူများကို ဖိတ်ခေါ်ရပါတယ်။
မူလအလှူရှင် တံရွှေကြူ း -ဒေါ်ပိုက်တို့ ဟာ အဲဒီအချိန်က ရန်ကုန်မြို့ စဉ့်အိုးတန်းလမ်းမှာ နေခဲ့ကြတယ်လို့ သိမှီသူများက တဆင့် ပြောပြလို့ မှတ်သားထားခဲ့ရပါတယ်။
ဒါပေမယ့် သူတို့ကို ရှာဖွေ ဆက်သွယ်လို့ မရပါဘူး။
ဦးကြင်ငန်း၊တန်ရွှေကြူ း ဆိုတဲ့ နာမည်တွေအရ တရုတ်အမျိုးသားတွေ ဖြစ်မယ်လို့ မှန်းရပါတယ်။ဒါကြောင့် ဝါးခယ်မမြို့ သကျမဟာသီရိဘုရားကြီး ဂေါပက အဖွဲ့ကို ကူညီတဲ့ အနေနဲ့ မိမိတို့ရဲ့ ဘိုးဘေး အစဉ်အဆက်မှာ ဦးကြင်ငန်း-ဒေါ်သာရေး၊တန်ရွှေကြူ း-ဒေါ်ပိုက် ဆိုတဲ့ ဘိုးဘွားများ ရှိခဲ့ရင် ဝါးခယ်မအသင်း-ဖုန်း 01-226590 သို့ ဆက်သွယ်ပေးကြစေချင်ပါတယ်။
ကူညီရှာဖွေပေးသူများကို ကြိုတင် ကျေးဇူးတင်ပါတယ်။

လွန်ခဲ့တဲ့ 124 နှစ်က အလှူရှင်
လွန်ခဲ့တဲ့ 124 နှစ်က အလှူရှင်
လွန်ခဲ့တဲ့ ၈၅ နှစ်က အလှူရှင် ကမ္ဗည်း
လွန်ခဲ့တဲ့ ၈၅ နှစ်က အလှူရှင် ကမ္ဗည်း

23 comments

  • padonmar

    March 1, 2015 at 8:17 pm

    သူကြီးရေ
    ဖွဘုတ်ထဲတော့ တင်ထားတယ်။
    ရှေးက မြန်မာပြည်ပေါက် တရုတ်အဖိုးကြီးအဖွားကြီးတွေ တော်တော်များများ အမေရိကားရောက်နေကြတယ်ထင်လို့ အမေရိကားက တရုတ်နွယ်တွေ သိလိုသိငြား ဂဇက်မှာ လာပြီး ကြော်ငြာကြည့်တာပါ။
    ဒါက နံပါတ်(၁)ရည်ရွယ်ချက်ပါ။
    နံပါတ်(၂)ရည်ရွယ်ချက်လည်း ရှိပါတယ်။အဲဒါကိုတော့ စိတ်ဝင်စားသူရှိမှ ဆက်ပြောပါမယ်။

  • Ma Ma

    March 1, 2015 at 11:17 pm

    နံပါတ် ၁ ရည်ရွယ်ချက်တော့ သိသွားပြီ။
    နံပါတ် ၂ ရည်ရွယ်ချက်ကိုလည်း စိတ်ဝင်စားတယ်။
    စောင့်ဖတ်နေတယ်ဆိုတာ အသိပေးသွားသည်။

    • padonmar

      March 2, 2015 at 8:12 pm

      နံပါတ်(၂)ရည်ရွယ်ချက်က ဒီလိုပါ။မြန်မာပြည်ကလူတော်တော်များများက နာမည်ကြီးတွေကလွဲရင် ကိုယ့်ဆွေမျိုးကို အဖိုးအဖွားလောက်ပဲ မှတ်ထားကြတော့တယ်။မျိုးရိုးနာမည်လည်း မသုံးတော့ တဆက်ကျော်သွားရင် အမျိုးပျောက်သွားတယ် ပြောရမှာပေါ့။
      တကယ်တော့ ကိုယ့်ဆွေစဉ်မျိုးဆက်Family Tree ဆိုတာ မှတ်သားထားသင့်ပါတယ်။ လက်ဆင့်ကမ်းထားသင့်ပါတယ်။
      လူကြီးမိဘများ ရှိစဉ်မှာပဲ မေးမြန်းပြီး မှတ်တမ်းတင်ထားသင့်ပါတယ်။ကိုယ့်အမျိုးထဲမှာ အဲဒီ ဓလေ့မရှိသေးရင်လည်း ခုကစပြီး သိမီသူတွေ မေးပြီး Family Tree ဆွဲရင် နောက်မကျသေးပါဘူးလို့ သတိပေးချင်တာပါ။

      • padonmar

        March 2, 2015 at 8:19 pm

        ရေးရင်းနဲ့ နံပါတ်(၃)ရည်ရွယ်ချက်လေးပါ ပေါ်လာပါတယ်။
        ဒါကိုတော့ ခုလိုအခါ လူတွေ ကြိုက်ချင်မှ ကြိုက်မယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂ဝကျော်ကတည်းက မြန်မာပြည်မှာနေ မြန်မာပြည်က ဘုရားကျောင်းကန်တွေကို လှူ ဒါန်းခဲ့တဲ့ လူမျိုးခြားတွေ ရှိခဲ့တာ ။(တကယ့် ဆွေမျိုး ပေါက်ဖော်တွေ ရှိခဲ့တယ် ဆိုတာကို သတိရကြရင် ခြေမ မကောင်းခြေမ၊လက်မ မကောင်းလက်မ လို့ ကျင့်နိုင်ကြစေချင်တာပါ။)
        တရုတ်/ကုလား/မဂို/အင်ဂလို စတာတွေပါပဲ။

  • ဦးကြောင်ကြီး

    March 2, 2015 at 2:27 am

    အာတီဒုံဂျီးက ပန်းသေး ဟုတ်ဖူးရား…

  • naywoon ni

    March 2, 2015 at 10:54 am

    ခက်​တာက ​နေဝန်​းနီ တို့ မြို့ထဲမှာ ရှိတဲ့ တ ုပ်​​တွေက လွန်​ခဲ့တဲ့ နှစ်​သုံးဆယ်​​လောက်​က အတိုင်​း အတိုးအ​လျော့ သိပ်​မ ရှိ သူတို့ထဲမှာ​တော့ ရှိပုံမရ ။ သူတို့က စီးပွား​ရေးပဲ လုပ်​ကြတာ ။ သူတို့အချင်​းချင်​းကလွဲ လို့ ကျန်​တဲ့ ​ပေးကမ်​းစွန်​့ကျဲ မှု သိပ်​မရှိ ။

  • padonmar

    March 2, 2015 at 1:48 pm

    မရလို့ သော်ရဲ့။
    သူတို့က ရန်ကုန်က လာလှူတာပြောကြတယ်။
    မြို့မှာလည်း အသက် ၈ဝ ကျော်တောင် နည်းနည်းပဲ ကျန်တော့တယ်။

  • kai

    March 2, 2015 at 2:17 pm

    တခါက.. မြန်မာသံရုံးကအဲလိုစာမျိုးတွေကို သတင်းစာထဲထည့်ပေးဖို့.. ပြောဖူးတယ်..။
    အခုစာလည်း.. ထည့်ရမယ်ထင်တယ်နော…။

    • padonmar

      March 2, 2015 at 8:04 pm

      ထည့်ပေးရင် ကောင်းတာပေါ့သူကြီးရယ်။

  • fb တရုတ်စာဂရုတွေမှာ share ပေးရမလားတီဒုံ။အဲ့ထဲမှာ လမ်းမတော် စဉ့်အိုးတန်းတဝိုက်ကတရုတ်တွေတော်တော်များပါတယ်။

  • padonmar

    March 2, 2015 at 8:05 pm

    Share ပေးပါ သော်ရေ။
    အန်တီက ဖွဘုတ်မကျွမ်းဘူး။(ကျွမ်းတဲ့နေရာတော့ ရှိသလိုလို)

    • :mrgreen:
      တီဒုံ့အဖြေကိုမစောင့်ပဲ နေ့လည်ကပဲ တရုတ်၂ဂရုမှာတင်ပေးထားတယ်။တစ်ချို့လည်းပြန်ရှဲပေးထားတာတွေ့တယ်။တဆင့်စကားတဆင့်နားသိရင် တီဒုံပေးထားတဲ့ဖုန်းကိုဆက်သွယ်ပါလိမ့်မယ်။
      🙂

  • manawphyulay

    March 3, 2015 at 9:53 am

    တီဒုံရဲ့ အဘိုးတွေ အဘေးတွေလားဟင်…. 😆

    • padonmar

      March 3, 2015 at 10:02 pm

      တီဒုံ့ဘိုးဘေး မဟုတ်ရပါဘူးမနောရယ်။မသိလို့ ရှာနေရတာပါ။

  • ဝင့်ပြုံးမြင့်

    March 3, 2015 at 5:45 pm

    .နံပါတ် (၁) ရည်ရွယ်ချက် အတွက် ကျမ ပြောပြချင်တာကတော့ ဝါးခယ်မမြို့ ဟာ အာတီဒုံလို လူတစ်ယောက်ရှိတဲ့အတွက်ကို ဂုဏ်ယူစရာကောင်းနေပါပြီ။ အခြောက်တိုက် မြှောက်နေတာ မဟုတ်ပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရမ်းခံစားခဲ့ရတာတွေ ကျမမှာရှိတယ်။ ရှင်းပြစရာမို့ ကွန်မင့်ရှည်ရင် သီးခံပေးပါ။ ကျမ အဖိုးအဖွား တွေဟာ ဖျာပုံမှာ ဘုရား ကျောင်း တန်ဆောင်း စတာတွေအပြင် အလှူ ကြီးတွေ လုပ်ခဲ့တာပါ။ ဟိုခေတ်က လုပ်ခဲ့တာမှာ ဘုရားဆိုရင် မြေကိုပါဝယ်ပြီး လမ်းခင်း တန်ဆောင်းလုပ် အဲဒီလို။ အုတ်သားတွေ အင်မတန်ကောင်းတယ်။ နှစ်ကြာတော့ ပွန်းပဲ့၊ အဲဒါကို နောက်လူတွေက ထပ်မံမွန်းမံပြီး အဓိကကျတဲ့ မူလ အလှူ ရှင်ကို အမည်ဖျက်ပြီး သူတို့ နာမည် ထည့်လိုက်တာပါပဲ။ သူတို့က နှမ်းဖြူ း။ အဲဒီလို လုပ်တာမှာ မူလအလှူ ရှင်ရဲ့ သမီး တစ်ယောက်လုံး ရန်ကုန်မှာ ငုတ်တုတ်ထိုင်နေတာကို သိရက်နဲ့ တမင်ကို အကြောင်းမကြားဘဲ လုပ်ခဲ့တာ။ ကျမ အဖွားရဲ့ အဓိကအကျဆုံး အလှူ ကတော့ ဖျာပုံမှာ မိခင်နှင့် သားဖွားဆောင် ဆောက်လုပ်လှူ ဒါန်းခဲ့တာပါပဲ။ ဟိုခေတ်က ဟိုးလေးတကြော်။ သတင်းစာ ဖြတ်ပိုင်း ကျမတို့မှာ ခုထိရှိတယ်။ အဲဒီခေတ်တုန်းက တိုက်တစ်လုံးဆောက်ဖို့ ဆိုတာ ငွေကုန်ကြေးကျ အင်မတန်များတယ်။ အဲဒါဆောက်ဖို့ ကျမ အဖွား ရွှေ ပိသာ ၇ဝ ရောင်းခဲ့တာပါ။ ဒီခေတ်မှာ တော့ သိန်း ၃- ၄ရာလောက်ရှိရုံနဲ့ ဆောက်လို့ရတယ်။ အဲဒီဆေးရုံကို ပြု ပြင်ဖို့လိုနေတော့ ကျမ တို့ကို အကြောင်းလည်း မကြား၊ သူတို့ဖာသာ အနည်းအကျဉ်း ပြု ပြင်ပြီး မူလ အလှူ ရှင် ကျောက်ပြား လေးကိုပါ ခွာချလိုက်ပြီး နောက်အလှူ ရှင် နာမည် ထည့်လိုက်တာပဲ။ ပကာသန မကြိုက်တဲ့ ကျမ အဖွားဟာ အလှူ ရှင် အမည်အတွက် တစ်ပေသာသာလောက် ကျောက်ပြားလေးပဲ သုံးခဲ့တာ။ လှူ ခဲ့တဲ့ ပမာဏ ကနည်းနည်းနောနော မှ မဟုတ်တာ။ ဒီအတွက် ကျမ မေမေ တော်တော်ခံစားခဲ့ရတယ်။
    အဲဒါကြောင့် အာတီဒုံရဲ့ ပထမ ရည်ရွယ်ချက်မှာ တကယ်လို့ မူလအလှူ ရှင်ကို ပြန်ရှာမတွေ့ခဲ့ရင်၊ တကယ်လို့ တွေ့ခဲ့ပြီး သူတို့က ထပ်လှူ ချင်စိတ် မရှိတော့ရင်လည်း နောက်လှူ တဲ့ အလှူ ရှင်ရဲ့ အမည်ဘေးမှာ မူလအလှူ ရှင်အမည်ကို မဖျက်ဘဲ ထားစေချင်ပါတယ်။
    —-
    .ရည်ရွယ်ချက် (၂)– မျိုး ရိုးစဉ်ဆက်စာရင်း မှတ်တမ်းသွင်းတာကို ရာနှုန်းပြည့် ထောက်ခံပါတယ် တီဒုံ။ နာမည်ပေးတာကအစ စည်းကမ်းမရှိတဲ့ မြန်မာ့စရိုက်ကို မကြိုက်ပါ။ ကလေးနာမည်ပေးတာကအစ ဗေဒင်ဆရာအားကိုးနေရမှတော့ ဘယ်လိုလုပ် ကောင်းနိုင်ပါဦးမလဲ။ စည်းနဲ့ကမ်းနဲ့ မျိုး ရိုးနာမည် သတ်မှတ်တာကို ကြိုက်ပါတယ်။
    —-
    .ရည်ရွယ်ချက် (၃) ကိုလည်း အပြည့်အဝ ထောက်ခံပါတယ်။ ကျမ အဖိုးဆိုရင် တရုတ်ပြည်ပေါက် စစ်စစ်။ ဒါပေမယ့် မြန်မာပြည်ကို အရမ်းချစ်တယ်။ ရဟန်းခံခဲ့တာ ၃ ကြိမ်။ တရုတ်ဗုဒ္ဒဘာသာကနေ မြန်မာ ဗုဒ္စ ဘာသာ စစ်စစ်ကို ကူးပြောင်းခဲ့တဲ့လူ။ အင်မတန် ဉာဏ်ကောင်းပြီး ဝိသုဒ္ဓိ ကျမ်း ကိုင်ခဲ့တဲ့လူပေါ့။ တရုတ်တန်မဲ့ မြန်မာအမျိုး သမီး တစ်ယောက်ထည်းကိုသာ စွဲစွဲမြဲမြဲ သစ္စာရှိခဲ့ပြီး အငယ်အနှောင်း လုံးဝမထားခဲ့တဲ့လူ။ မြန်မာပြည်ကို အဲလောက် သူက ချစ်တယ်။ ဒါကြောင့်တီဒုံပြောတဲ့ ခြေမ မကောင်း၊ခြေမ၊ လက်မ မကောင်း လက်မဆိုတာကို အကြွင်းမဲ့ ထောက်ခဲ့ပါတယ်။

    • kai

      March 3, 2015 at 7:18 pm

      နံပါတ် ၂ ရည်ရွယ်ချက်ကိုပြောချင်တာက…
      သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းအရေးအရတော့… ပုဂံခေတ်. မြန်မာ့နန်းတွင်းထဲမှာတော့.. မျိုးရိုးအမည်လိုက်ပေးတဲ့သဘောတွေ့ရတယ်…။
      ပြောရရင်.. ဂျပန်တွေလည်း.. ရှေးက.. (သိပ်တောင်ရှေးမကျ) လူတွေကိုယ့်အမည်ကို.. မြန်မာတွေလို.. တိုက်ရိုက်ပဲ..အမည်ပေးကြတယ်လို့..မှတ်ဖူးတယ်..။
      သူတို့မှာလည်း.. နန်းတွင်းခေါ်မလား.. ဘုရင်..ဆာမူရိုင်းအနွယ်တွေကမှ.. မျိုးရိုးအလိုက်..မျိုးရိုးအမည်ပေးခွင့်ရပြီး.. သာမန်လူတွေမျိုးရိုးအမည်ပေးရင်.. ပြဿနာရှာတယ်ဆိုတာပဲ..။
      နောက်မှ.. ဘုရင်ကခွင့်ပြုသမို့.. သာမန်လူတွေ.. မျိုးရိုးအမည်တပ်ခွင့်ရတာတဲ့..။

      အဲဒီအကြောင်းတို့ထိဖို့.. ပြီးခဲ့တဲ့လ အယ်တီတာ့သင်ပုန်းမှာ.. အောက်ကအတိုင်းရေးထားခဲ့တယ်လေ..။

      စကားလုံးများနှင့်ရန်ဖြစ်ခြင်း

      အမေရိက/အမေရိကန်၊ ဘင်္ဂလီ/ရိုဟင်ဂျာ။ ကုလား/တရုတ်၊ Burma/Myanmar စသဖြင့် စကားလုံးများနှင့် မြန်မာတို့ရန်ဖြစ်ကြသည်။
      ယဉ်ကျေးမှုမြင့်သော လူမျိုးကြီးတို့တွင် အမည်နာမ ခေါ်ခြင်း/ပေးခြင်းသည်လွန်စွာအရေးကြီးပါ၏။

      မျိုးရိုးအမည်ကိုထိန်းသိမ်းစောင့်ရှောက်မှုသည်လည်း အယောက်စီ၏ ဘဝ၊မျိုးဆက်အတွက် များစွာအရေးပါသည်။
      ထင်ရှားချက်တခုကား ကမ္ဘာလူမျိုးကြီးများ။နိုင်ငံကြီးသားများတွင်ရှိသော မျိုးရိုးဗီဇအမည် Family Name “ဗမာ”တို့တွင်မရှိခြင်းဖြစ်သည်။
      မျိုးရိုးအမည်မရှိသဖြင့် မိမိကိုယ်အမည်ပေး နှောင်ကြိုးမရှိ လွတ်လပ်သည်ဆိုနိုင်ငြား အမည်နာမကိုတန်ဖိုးထားခြင်းနှင့် အမည်သညာခေါ်ခြင်း၌ကား”တာစား”သွားခဲ့သည်ဟုထင်ပါသည်။ မြန်မာစာဖြင့်အမည်ခေါ် စကားပြောအသုံးအနှုန်းကိစ္စတို့ကို နိုင်ငံတကာအတွေ့အကြုံ၊ ဗဟုသုတများသူ ပညာအရည်အချင်းနှင့် ပြည့်စုံသူ မြန်မာနှင့် နိုင်ငံခြားသားပညာရှင်များ တိုင်ပင်ဆွေးနွေးကြကာ နိုင်ငံတော်အဆင့်ထား စနစ်တကျ မူဘောင်ထားလုပ်သင့်လှပါသည်။
      ဤသို့အားဖြင့် စကားလုံးများနှင့်ရန်ဖြစ်ကြရသူများဘဝမှ လွတ်မြောက်ကြမည်ဖြစ်ပါသတည်း။ ။

      =
      နံပါတ် ၃ ရည်ရွယ်ချက်ကိုပြောချင်တာက…
      လွန်ခဲ့တဲ့..နှစ်၁၀ဝကျော်.. ၂၀ဝကျော်…မျိုးဆက်.. ၂ဆက်..၃-၄-၅ ဆက်လောက်မြန်မာပြည်အခြေချနေထိုင်သူတွေကို… နိုင်ငံခြားသားသဘော.. ခွဲခြားတဲ့သဘောသက်နေတဲ့.. တရုတ်..။ ကုလားမခေါ်သင့်ပါဘူး..။
      ဒါမှမဟုတ်.. ချိုင်းနားကို.. ချိုင်းနီးစ်တွေကို.. တရုတ်ပြည်.. တရုတ်လူမျိုးတွေလို့မခေါ်သင့်ပါဘူး..။
      ဆိုတော့..
      .. လွန်ခဲ့တဲ့နှစ်၁၀၀၀.. ပုဂံခေတ်နံရံပန်းချီတွေမှာ.. မိဘုရား..ကိုယ်လုပ်တော်တွေအသားအရောင်..မျက်နှာပေါက်ကို… အဖြူ..အဝါ..စိန့်တိုင်းသားမျက်နှာပေါက်နဲ့ ဆေးရေးဆွဲထားတဲ့…အထောက်အထားတွေရှိသမို့.. ချိုင်းနားနဲ့မြန်မာပြည်က.. နှစ်၁၀၀ဝ ကျော်အဆက်အသွယ်ကူးလူး.. သွေးနှောနေတာ…သေချာပါတယ်..။
      လွတ်လပ်ရေးရပြီး.. ရေးထားတဲ့မြန်မာ့အခြေခံဥပဒေအရလည်း.. မြန်မာတိုင်းရင်းသားကို.. ပထမအင်္ဂလို-ဘားမန်းစစ်မတိုင်မှီ.. အမြဲနေထိုင်နေသူတွေကို… “တိုင်းရင်းသား”သတ်မှတ်ရမယ်လို့.. ဥပဒေပြုထားပါတယ်..။
      အဲဒီတော့.. အခု..စိန့်တိုင်းဇာတိနွယ်.. မြန်မာတွေကို.. တရုတ်လို့ခေါ်ရင်.. တရုတ်ဟာ.. မြန်မာတိုင်းရင်းသားတမျိုးလို့..သတ်မှတ်သင့်ကြောင်းပါ… လို့…။

    • padonmar

      March 3, 2015 at 10:38 pm

      ပြုံးရေ၊
      တကယ်တော့ တီဒုံ့ကို ချီးကျူးရမှာမဟုတ်၊ဘုရားဂေါပကနဲ့ ဝါးခယ်မအသင်းလူကြီးတွေက ကူရှာပေးဖို့ အကူအညီတောင်းတာ။
      ပြုံးပေးတဲ့ အကြံကို လေးလေးစားစား မှတ်သွားပါတယ်။
      များသောအားဖြင့် အဆောက်အဦဟောင်းပြင်ရင် မူလအလှူရှင် ကမ္ဗည်းပြန်ထည့်ကြပေမယ့် အသစ်ပြန်ဆောက်ရင်တော့ ပြန်မတပ်တတ်ကြတော့ဘူး။
      တကယ်တော့ သူတို့ လှူခဲ့လို့သာ ဒီလို အဆောက်အဦနေရာတွေ ရှိခဲ့တာဖြစ်လို့ မှတ်တမ်းတင်တဲ့ အနေနဲ့ တနေရာပေးသင့်ပါတယ်။အကြံပေးလိုက်ပါမယ်။
      ပြုံးတို့ အဖိုးအဖွားတွေကို လေးစားပါတယ်။
      ဆွေစဉ်မျိုးဆက် Family tree ကို လူတိုင်းဆွဲသင့်သိသင့်ပါတယ်။
      တီဒုံတို့ အဖေဖက်က အဖိုးအဖွားတွေက အဖေငယ်ငယ်လေးထဲက ဆုံးသွားတော့ သူတို့အထိပဲ မှတ်လို့ရလိုက်တယ်။ အမေဖက်က အသက်ရှည်တဲ့ ဖိုးလေးဖွားလေးဖွားကြီးတွေ ရှိတယ်။လွန်ခဲ့တဲ့ နှစ်၂ဝ လောက် အဖွား အသက်၈ဝမှာ သတိကောင်းတုံး စိတ်ဝင်စားတဲ့ အမဝမ်းကွဲ တယောက်နဲ့အတူ မေးမြန်းပြီး Family tree ဆွဲ မှတ်တမ်းလုပ်ထားတယ်။အမေဖက်က အမျိုး ၄ဆက်ထိ ပြည့်ပြည့်စုံစုံရလိုက်တယ်။အန်တီတို့ အဆင့်ထိဆို ၅ဆက်၊ကိုယ့်တူမ ကမွေးတဲ့ မြေးကလေးတွက် ဆွေမျိုး ရဆက်ထိ မှတ်တမ်းရသွားပြီ။အခုမှ လိုချင်ရင် အဖွားဆုံးသွားပြီဆိုတော့ မှတ်တမ်းအမှန်လို့ သတ်မှတ်လို့မရတော့ဘူး။တီဒုံ့တူမလေးက အဲဒါကို စိတ်ဝင်စားတယ်။ တီဒုံ လက်ရေးနဲ့ မှတ်တာကို သူက ကွန်ပျူတာနဲ့ဆွဲတယ်။လူဓာတ်ပုံတွေနဲ့ပါ မှတ်တမ်းလုပ်ဖို့ သူကြိုးစားနေတယ်။(စိတ်ဝင်စားတဲ့သူတွေ ဘိုးဘွားတွေ မှတ်ဉာဏ်ကောင်းတုံးမေးပြီးမှတ်ကြစေချင်ပါတယ်)
      ………..
      ကိုယ့်နောက်မျိုးဆက် တွေကိုတော့ မျိုးရိုးနာမည်လေးပါအောင် ထည့်မှည့်ခိုင်းမယ် စိတ်ကူးပါတယ်။

  • padonmar

    March 3, 2015 at 10:40 pm

    သူကြီးပြောတာ ပြူစောထီး၊ထီးမင်းယဉ်၊ယဉ်မင်းပိုက်၊ပိုက်သေလည်၊သေလည်ကြောင်၊ကြောင်ဒူရစ် ဆိုတာတွေ ထင်တယ်။

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    March 3, 2015 at 11:17 pm

    ​ကျော်​့နာမည်​ ​စောဂီ

    🙂

  • padonmar

    March 4, 2015 at 12:16 am

    နံပါတ်(၃)ရည်ရွယ်ချက်
    တကယ်တော့ လူမျိုးအလိုက် အားသာတဲ့ စရိုက်တွေရှိတယ်။အဲဒါကို တိုင်းပြည်တွက် အသုံးချတတ်ဖို့လိုတယ်။
    ဥပမာ-တရုတ်တွေက ပင်ကိုယ်လောဘကြီးတယ်။ဒါကြောင့် အလုပ်ကို ပိုကြိုးစားလုပ်တတ်ကြတယ်။အရောင်းအဝယ်မှာ အကင်းပါးတယ်။ဒါကြောင့် စီးပွားရေးအတွက် တရုတ်လူမျိုးကို အသုံးချရတယ်။(ထိုင်းမှာဆို သက်ဆင်တို့လည်း တရုတ်သွေးပါတာပဲ။သူ့လက်ထက် စီးပွားရေးတိုးတက်တယ်။ခြစားတာမျိုးမကောင်းတာလည်းရှိတာ တပိုင်းလေ။)
    ကုသလတွေက စိတ်ရှည်တယ်။လူညီတယ်။အမှုအခင်းမကြောက်တတ်ဘူး။
    သူတို့ကို တရားရုံး/ရဲတို့လိုနေရာမျိုးမှာ သုံးရတယ်။
    ကရင်တွေက ရှူးရှူးဒိုင်းဒိုင်းနဲ့ ၊ခွန်အားသုံးလုပ်ရတဲ့ အလုပ်မျိုးနဲ့ကိုက်တယ်။ရေရှည်မရဘူး။
    မွန်တွေက ဇွဲရှိတယ်။ရေရှည်အလုပ်ကိုစွဲမြဲလုပ်တတ်တယ်။…..
    ခေါင်းဆောင်ကောင်းဆိုတာ နောက်လိုက်တွေကို သင့်သလို ထုတ်သုံးရတယ်။
    ဘူမိပုတြ-ဒီမြေကဒီလူမျိုးမှလို့ ကန့်သတ်ထားရင် အဲဒီတိုင်းပြည်မတိုးတက်ဘူး။

    • ဦးကြောင်ကြီး

      March 4, 2015 at 12:36 pm

      အာတီဒုံဂျီးက လူတွေကို တံဆိပ်လိုက်ခပ်နေရအောင် တရုတ်ကူမြူ နစ် အာဏာရှင် မော်စီတုံး မြစ်လား…

  • aye.kk

    March 4, 2015 at 4:24 pm

    အမဒုံရေးတဲ့ postဖတ်ပြီး
    ကိုယ်တိုင်ကြားဘူးတာ သိထားတာ ပြောပြချင်မိပါတယ်။
    အဖေ(တရုတ်အခေါ်က အတယ်)၊အတယ်ဆုံးတော့ တရုတ်လိုချပါတယ်
    အဲဒီမှာတရုတ်တွေ(လူကြီးတွေ)ပြောပြကြတာပါ။
    တရုတ်မှာနာမည်ကိုအဆင့်အတန်းနဲ့ခွဲခြားပြီးမှည့်ခေါ်တာဗသုတအဖြစ်
    သူတို့ပြောပြခဲ့ပါတယ် ကျမအဖေက သူ့နာမည်အရင်း ကိုသားသ္မီးတွေဖြစ်တဲ့ကျမတို့ကို
    ရယ်မောစရာရာအဖြစ်နဲ့ ငယ်ငယ်ကစနောက်ပြောင်ပြီး ပြောပြတော့ အမှုမဲ့အမှတ်မဲ့ သဘောအနေနဲ့ဘဲ
    စိတ်ထဲထားခဲ့မိတာပါ၊(အတယ်)အသုဘရက်လည်မှာ သူ့မိတ်ဆွေတွေက ကျမတို့ကို ပြောပြတော့မှ နာမည်နဲ့ပါတ်သက်တာ
    အသေအချာသိရပါတယ် ။သေသူအမည်ရင်းရဲ ့အမည်နာမကို တရုတ်စာလုံးနဲ့ဖော်ပြရမှာမို့ပါ-အဲဒီတော့မှ အတယ့်နာမည်ဟာ
    တန်ကင်းချိန် လို့ခေါ်တယ်ဆိုတာကို သရုပ်အမှန်သိခွင့်ရတာပါဘဲ ။ ဗမာပြည်မှာ မွေးတာပါ ၊ ဗမာလို အလွယ်ပေးထားတာ
    တန်ကြင်းယား ပါ။
    အတယ်အသုဘချတဲ့အချိန် အတယ်နာမည်က တန်ကင်းချိန် ဆိုပြီးသိလိုက်ရပါတယ်။
    တရုတ်မိတ်ဆွေ(လူကြီးတွေ)က သူကြွယ်မျိုးရိုးမှာမှ မှည့်ဆိုခွင့်ပြုလို့ရနိုင်တဲ့ အမည်နာမဖြစ်ကြောင်း ပြောပြကြလို့ သိရှိရတာပါ ။ သာမာန်အတန်းစားမှာတော့ ဒီနာမည်သုံးစွဲခွင့် မရှိကြောင်း သူတို့ပြောပြလို့ အဖေ့တို့ရဲ ့အမည်နာမဇတ်ကြောင်း တစ်စိတ်တစ်ဒေသ သိခွင့်ရခဲ့ပါတယ် ။ အဖေ့ကို တန်ကြင်းယား အမည်နဲ့မဟုတ်ပဲ တန်ကင်းချိန် ဆိုပြီးအမည်နာမသုံးစွဲ ပြီး အသုဘချခဲ့ပါတယ် ။ တရုတ်မိတ်ဆွေ (လူကြီးတွေ) အယူသီးတာ တွေ့ခဲ့ရပါတယ်။ တန်ဆိုတာ မျိုးရိုးကိုဆက်ခံတဲ့ အမည်ပါဘဲ။ ဘိုးဘေးတွေကို ရိုသေတဲ့အနေနဲ့ အရှက်မရစေရအောင် ဆုပြီး အတယ်မိတ်ဆွေတွေက မျိုးရိုးအမည်နာမအမှန်ကို အသုဘချတဲ့အချိန်မှာ သုံးစွဲပေးကြမှသာ အမည်နာမအမှန်ဆိုတာ ကျမလက်ခံမိသွားပါတယ် ။ အတယ်ဆွေရင်းတွေက စဉ့်အိုးတန်းအလယ်ဘလောက်မှာ နေထိုင်သွားပြီး တူမဖြစ်သူ ကေါက်ဘို့က တရုတ်အရေးအခင်း ဖြစ်ပြီးမှာ ပြည်ကြီးကို အပြီးပြန်သွားပါတယ် ။ ကျမတို့အနေနဲ့ ဆွေမျိုးအရင်းတွေ ရှိတာ အသိအမှတ် မိတ်ဆွေ အဖြစ် ၊ မဆက်ဆံခဲ့တာ ၊ မိဘတွေရဲ ့အတိတ်ကို မိဘတွေက ကန့်လာကါချခဲ့တာ ၊ ကျမတို့ကို ပါတ်ဝန်းကျင်နဲ့ ရောထွေးယှက်တင် မနေစေခဲ့တာ ၊ အထီးကျန်ဆန်ဆန် ဖြတ်သန်းစေခဲ့တာ ၊ အတိတ်ကံ အကြောင်းတရားလို့ပဲ မှတ်ယူမိပါတယ် ။
    အဘိုးအဘွားတွေ မွေးစားခဲ့တဲ့ သွေးသားမတော်စပ်သူတွေ ကိုယ်တိုင် ဆွေမျိုးရင်းကြားမှာ ဝင်ပြီးခလောက်ဆန်ခဲ့မှုတွေ ကြောင့် ၊ အမျိုးတွေနဲ့ အဆက်သွယ်ပြတ်တဲ့ ဘဝက ကျမတို့အရင်ဘဝပြုလုပ်ခဲ့တဲ့ကံ ကြောင့်လို့ပဲ မှတ်ယူမိတဲ့အကြောင်း ရင်ဖွင့်စကါးပြောပြလိုက်ပါစေ။။

Leave a Reply