ဆင် ဦးတိုက် ကြဦးမလား
ဆင် ဦးတိုက်ကြဦးမလား
ဘယ်တုန်းကတည်းက အရိုးစွဲလာတဲ့ အယူသည်းမှုလဲတော့ မဆန်းစစ်ချင်တော့ပါဘူး ။ အိမ်ဝင်းတံခါးပေါက်ကို ဆင်ဦးတိုက်ရင် လာဘ်ကောင်းတယ် ။ ဆိုတဲ့ အယူသီးမှု ။ ခုတော့ အဲ့ အယူသီးမှုကို အခွင့်ကောင်းယူပြီး အသုံးချလိုက်တာကတော့ သစ်ဆွဲစရာ မရှိတော့တဲ့ ဆင်ဦးစီး တစ်ယောက်ပေါ့ဗျာ ။ နေဝန်းနီ ညည ရှစ်နာရီလောက် စက်ဘီးလေးနဲ့ အိမ်ပြန်လာရင် တွေ့တွေ့နေရတာ နှစ်ည သုံးညရှိပြီ ။ တွေ့ကာစ ညကတော့ အမှုမဲ့ အမှတ်မဲ့ ပါပဲ ။ အော် ……. ဆင်အငှားရှိလို့ မြို့ထဲကနေဖြတ်ပို့တယ်လို့ပဲ ထင်မိတာ ။ နောက်ညကျတော့လည်း အရင်နေ့က တွေ့ခဲ့တဲ့ လမ်းမဟုတ်ပဲ နောက်တစ်လမ်းမှာ ။ အဲ့ ဆင်နားမှာလဲ လူစုစု စုစုနဲ့ စကားတီးတိုးပြောလို့ ။ ကိုယ်နဲ့ ဘာမှမပတ်သက်တော့လည်း အမှတိမထင်ပဲ ဖြတ်လာခဲ့မိတယ် ။ ဟော အခုညကျတော့လည်း ပိုပြီး အတွင်းကျတဲ့ လမ်းကလေးထဲမှာ ။ ဆင်ပေါ်မှာ ပုခက်တင်ထားပြီး အပေါ်က ဆင်ဦးစီး ပြောလိုက်တဲ့ စကားကြောင့် နေဝန်းနီ ပြုံးလိုက်မိတယ် ။ သူပြောလိုက်တာက အနီးပတ်ဝန်းကျင်က လူတွေကြားအောင် ခပ်ကျယ်ကျယ် အော်လိုက်ကြတာပါ ။
” ဆင်ဦးတိုက်ကြဦးမလားဗျို့ ” တဲ့ ။ သူအော်လိုက်တာ သိပ်စိတ်ဝင်စားမှု မရှိကြပါဘူး ။ နေဝန်းနီလည်း လမ်းပေါ် ကန့်လန့်ဖြတ် ဖြစ်နေတဲ့ ဆင်ကြောင့် စက်ဘီးပေါ်က ဆင်းပြီး လမ်းဘေးကနေတွန်းသွားလိုက်ပါတယ် ။ (စပ်စုချင်တာကိုတော့ ထည့်မပြောတော့ဘူးနော် ) ခဏ နေမှ အိမ်တစ်အိမ်ထဲက လှမ်းမေးသံ ကြားလိုက်ရပါတယ် ။
” ဘယ်လောက်လဲ ” တဲ့
ဆင်ဦးစီးက ဆင်ပေါ်ကနေပန်ပြောလိုက်တာက
” နှစ်ထောင်ပါ ”
တဲ့ ။ အဲ့တော့ လှမ်းမေးထဲသူက
” များတယ်ကွာ ”
တစ်ခွန်းထဲပြောပြီး နောက်ဆုတ်သွားတယ် ။ ရောင်းသူ ဝယ်သူကလည်း အသံတူလိုက်တာ ။ နေဝန်းနီတွေ့ဖူးတာက ဈေးထဲမှာပါ ။ အလှူတစ်ခုမှာ မောင်ရှင်လောင်းလှည့်နေတဲ့ ဆင်က လမ်းဘေး ဆိုင်ကလေးရှေ့မှာ ကြံရိုးစုပ်နေတဲ့ ကလေးဆီက ကြံရိုးတောင်းတာ ။ ကွမ်းယာဆိုင်က ငှက်ပျောသီးတောင်းတာ ။ ဆင် ပေမဲ့ ဆိုင်မှာချိတ်ထားတဲ့ ငှက်ပျောသီး ဆွဲစားလို့ ရတာ ဆွဲမစားဘူး ။ သူ့နှာမောင်းနဲ့ ငှက်ပျောသီးကိုထိလိုက် သူ့သခင် ( ဆင်ပေါ်ပါလာတဲ့ ဆင်ဦးစီးကို ) တို့လိုက်လုပ်နေတာ ။ ကွမ်းယာဆိုင်ပေါ်က မိန်းမက သူ့ဆိုင် ဆင်ဦးတိုက်တယ်ဟဲ့ လာဘ် ကောင်းတယ် ဆိုပြီး ငှက်ပျော်သီး တွေဖြုတ်ပေးတော့မှ သူ့အလုပ် အလှူ ဆက်လှည့်တာ ။ အဲ့ဒိလို မျိုး ။ နေဝန်းနီတို့ နိုင်ငံမှာ ဖြစ်ပျက်နေတာကိုပြောတာပါ။ ဆင်ဦးတိုက်တော့ကော ဘာအလုပ်မှ မရှိလို့ ထိုင်နေရ တဲ့ မိသားစု ဘယ်က လာဘ် ဝင်မှာပါလိမ့် ။ ပြုလုပ်ထားတဲ့ ကံ ( အလုပ် ) မရှိဘဲ လာဘ်လာဘ က ဘယ်နေရာဝင်လာမှာပါလိမ့် ။ ထီမထိုးပဲ ထီပေါက်ချင်နေတဲ့ စိတ်ကူးနဲ့ တူမနေဘူးလား ။ အယူသီးတယ်ဆိုတာက တစ်ကယ်တော့ ပညာနုံနဲ့ တဲ့ ပတ်ဝန်းကျင်တွေမှာ တောရွာတွေမှာ ပိုဆိုးပါတယ် ။ ပညာကမတောက်တစ်ခေါက် ။ ဒီပညာကို အရင်းခံပြီး ထပ်ဆင့် ဆင်ခြင် တဲ့ အလေ့အထ က နဲပါး ။ ဘာသာတရား နဲ့ လည်း ပဲ့ပြင်ဆုံးမတတ်တဲ့သူ ဆုံးမပေးမဲ့ ဆရာမရှိ ။ ဘာလုပ်ရင်ဘာဖြစ်တတ်တယ် ဆိုတဲ့ ခြောက်လုံး လှန့်လုံးတွေနဲ့ နဘမ်းလုံးပြီး ကြီးပြင်းလာတဲ့ လူ့အဖွဲ့ အစည်း ။ တစ်ခါတစ်ခါ ငါ အာဖရိကတောထဲ ရောက်နေသလား ထင်ယောင်ထင်မှား ဖြစ်အောင်ကို အယူသီးမှု သည်းထနာတာတွေ တွေ့နေရတယ် ။ ပြောရရင် ကိုယ့်ပေါင်ကိုလှန်ထောင်းသလိုပဲရှိမယ် ။ ပြင်မှာတော့မပါ။ ဆိုတော့ကာ နောင်လာနောက်သားတွေတွက်
” အမျိုးသား ပညာရေး ဥပဒေ ကို ဝိုင်းဝန်းပြင်ဆင်ကြပါစို့လို့ တိုက်တွန်းရင်း ……….,………………………..
နေဝန်းနီ
15 comments
ဦးကြောင်ကြီး
March 2, 2015 at 3:14 am
ဦးနီဂို မြက်နှာမဲfoxပျံ နဲ့ ယခိုင်ကဇံမိ ဒို့ဂ ကျောင်းသားတွေကို အသုံးချ အမြတ်ထုပ်နေသတဲ့.. ရွာထဲ တအိန်တပ်စင်း လိုက်ပြောတာ နားနဲ့ စက်စက် ကြားဂဲ့ဒါ။။
မြစပဲရိုး
March 2, 2015 at 4:15 am
ဥပဒေ ကို ထပြင်လိုက်တာ နဲ့ အားလုံးကောင်း သွားမှာ သေချာရင် ဆယ်ခါပြန် ထောက်ခံ ပါတယ် အဘနီ ရယ်။
ပညာရေးမှာ တကယ်တန်း ပြင်ရမှာက ဥပဒေထက် စိတ်ဓာတ် တွေ၊ တာဝန်ယူ/တာဝန်ခံ တတ်မှု တွေပါ။
ဖွဘုတ်ထဲ မယ် သာယာဝတီ က မြန်မာစာမေးခွန်းထဲ အောက်ပါ တပည့်ဝတ် များ အကြောင်း စာစီကုန်းပါ ဆိုလား။
ပေးထားတာက “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ” တဲ့။
မနေ့ကတော့ ဂျပန် မြန်မာ တက္ကသိုလ် လက်မှတ်ထိုး တာ နောက်ခံ က ယူနီဗာစီတီ အင်္ဂလိပ်လို စာလုံးပေါင်း မှားနေရော။
ဒါတွေ က ဥပဒေ နဲ့လဲ မဆိုင်ပါ။ သင်ရိုး နဲ့လဲ မဆိုင်ပါ။
သက်ဆိုင်ရာ ဝန်ထမ်း များ ရဲ့ တာဝန်ပျက်ကွက်မှု၊ အလုပ်ပေါ် စေတနာ မရှိမှု တို့လို့ ဘဲ မြင်ပါတယ်။
ဒါက ပညာရေး တစ်ခု တင်မက ဘဲ ကျန်းမာရေး၊ လူမှုရေး အားလုံး မှာ ပျက်စီးယိုယွင်းနေခြင်းပါ။
ဒီလို ဟာ တွေ ကို ပြင်ဖို့ ကိုယ်ကျိုးကို ချန်ခဲ့ပြီး ပြည်သူအတွက် တကယ်လုပ်ပေးမဲ့ အုပ်ချုပ်သူ လူတန်းစား ကောင်းကောင်း လိုနေတာပါ။
ဒါကို မှ အရင် ရအောင် မလုပ်ဘဲ သူ တစ်လူ ငါတမင်း ထင်ရာ ကြဲ နေတာက သူတို့ အကြိုက်ပါဘဲ။
မြန်မာ တွေဟာ “Follow the Leader” ဆိုတဲ့ ကစားနည်း မတတ်ကြတာ ဝမ်းနည်းစရာပါဘဲ။
kai
March 2, 2015 at 8:58 am
စနစ်ကြောင့်မဟုတ်..စနစ်ကြောင့်မဟုတ်..
နှစ်၁၀၀ဝ ကျိန်စာ….။ :k:
naywoon ni
March 2, 2015 at 10:18 am
ဒါက ပညာရေး တစ်ခု တင်မက ဘဲ ကျန်းမာရေး၊ လူမှုရေး အားလုံး မှာ ပျက်စီးယိုယွင်းနေခြင်းပါ။
ဒီလို ဟာ တွေ ကို ပြင်ဖို့ ကိုယ်ကျိုးကို ချန်ခဲ့ပြီး ပြည်သူအတွက် တကယ်လုပ်ပေးမဲ့ အုပ်ချုပ်သူ လူတန်းစား ကောင်းကောင်း လိုနေတာပါ။
ဆိုလို့ ယုံကြည်ကိုးစားလောက်တဲ့ ခေါင်းဆောင်မပေါ်ပေါက်တာကလည်း သူကြီးပြောတဲ့ ကျိမ်စာများလား အရီးရယ် ။
ဥပဒေ တွေကတော့ ပြင်ရမှာပဲ ။။ပြည်သူတွေကို စည်းကမ်းလိုက်နာအောင် စည်းကမ်းဘောင်အတွင်းနေတတ်အောင် ဥပဒေ တွေနဲ့ပဲလေ့ကျင့်ရတော့မှာ ။ အဲ့တော့ အုပ်ချုပ်သူက ပြဌာန်းမဲ့ ဥပဒေကို မကြိုက်ဘူး ။ ဘာလို့လဲဆ်ုတော့ သူပြဌာန်းတဲ့ ဥပဒေကို သူကိုယ်တိုင်မလိုက်နာလို့ ။ ပြည်သူပြဌာန်းတဲ့ ဥပဒေ ကသာ တစ်ကဲ့ ဒီမိုကရေစီ ။ ပြည်သူက ဒီဥပဒေ ပြဌာန်းမယ် လိုက်နာနိုင်တဲ့ အစိုးရ လာခဲ့ ။ အဲ့သလိုပြောလိုက်လို့ ကျုပ် ကို ကွန်မြူနစ် တံဆိပ်ကပ်အုံးမလား မသိ 🙂
Courage
March 2, 2015 at 8:08 pm
အတတ်ပညာ အပြင် အသိပညာပါ အားနည်းနေမှု (ဆင်ချင်တုံတရားအားနည်းမှု) ဟာ ပြသနာတစ်ရပ်ပါ။ ဥပဒေကို ပြင်ရုံနဲ့ စိတ်ဓါတ်တွေ ပျောင်းလဲဖို့ကမဖြစ်နိုင်ပဲ။ တောင်းဆိုနေတဲ့ ၁၁ချက်ထဲမှာ အလယ်တန်းအထိ အခမဲ့ ပညာသင်ကြားနိုင်ရေးဆိုတာကလွဲလို့ ကျန်အချက်တွေက ဥပဒေပြုခဲ့မယ်ဆိုရင်တောင် အထမြောက်အောင် လုပ်ဖို့ခက်ပါလိမ့်မယ်။
ဒါနဲ့စကားမစပ် ကျွန်တော်တို့နိုင်ငံက ဆင်တွေမှာ အရေပြားရောဂါများ ဖြစ်နေကျသလား?????? 🙂
kai
March 3, 2015 at 5:59 am
အသိမမှားရင်.. အဲဒီဆင်ဖြူတကောင်… (ငှားတတ်ရင်) တနှစ်ဒေါ်လာ ၅သိန်းလောက်ရှာပေးနိုင်သဗျ…။
လပ်စ်ဗေးဂတ်ပို့ပြီး.. ပြစားယုံပဲ..။ ထိုင်းနိုင်ငံမှာ.. ရှင်လောင်းလှည့်ခိုင်းယုံပဲ..။
အဲဒီဝင်ငွေနဲ့.. ကလေးစာသင်ကျောင်းအတွက်.. အင်္ဂလန်က.. မာစတာဘွဲ့ရဆရာတွေပြန်ငှားပေးပြီး.. မြန်မာပြည်မယ်.. စာသင်ခိုင်းနိုင်ရင်.. ဆင်ဖြူတော်ပါ.. တကယ့်ဆင်ဖြူတော်ဖြစ်မပေါ့…။ :k:
Wow
March 2, 2015 at 9:14 am
ဘာပဲဖြစ်ဖြစ် သတ္တဝါတစ်ကောင် ကျွေးတာတော့ ကောင်းပါဒယ် ဆြာနီရာ၊ မျောက်ပြဆန်တောင်းသလို သူတို့လဲ ဆင်ပြငွေတောင်းတာပေါ့၊ လုပ်စားပါစေ ဒီလောက်လေးတွေတော့…
ဟိုဟာဂျီးဒွေတောင် မသထာရေစာ အပင်းဆို့နေဂျသေးတာ..
padonmar
March 2, 2015 at 10:15 am
အဘနီ နာမည်ပေးထားတဲ့ ဗြဟ္မဏဗုဒ္ဓဘာသာဝင်တွေကြောင့်ပေါ့ အဘနီရယ်။
kai
March 2, 2015 at 3:18 pm
ဘာမှမလုပ်.. ထိုင်တောင်းတာထက်တော့ အများကြီးသာပါသေးတယ်..။
အနည်းဆုံး.. ဆင်တကောင်နဲ့.. လူတယောက်အလုပ်လုပ်ရပြီးမှ.. ငွေရတာကိုး..။
တခုပဲ..
မတော်..အဲဒီဆင်.. မုန်ယိုပြီး အိမ်တလုံးလောက်ဖျက်.. လူတွေသတ်မိရင်.. ဘယ်သူလျှော်မယ်မသိ..။ :k:
Alinsett@Maung Thura
March 4, 2015 at 4:14 pm
အဲ.. ရပ်ကွက်ထဲက အိမ်တော်တော်များများမှာ..
အိမ်အဝင်ဝထိပ် ချိတ်ထားတဲ့ မှန်ဝိုင်းလေးတွေအကြောင်းကော…
အဘနီ ဘာများ ပြောချင်ပါသလဲ
:k:
Mr. MarGa
March 6, 2015 at 3:25 pm
ဥပါဒါန်ကြောင့် ဥပဒ် မရောက်အောင် နေမှာပေါ့ ဟယ်
Mike
March 6, 2015 at 3:20 pm
.အဲ့ဒါက လှည်းဦးတိုက်လှေဦးတိုက်နေရာမှာရှိနေတဲ့ အိမ်တွေမှာလုပ်ထားလေ့ရှိတယ်…အလက်ဆင်းရ
.အန္တရာယ်ကင်းဆိုပဲ :k:
kai
March 6, 2015 at 4:33 pm
ရှေးက.. လှည်းဖြစ်ဖြစ်.. လှေဖြစ်ဖြစ်.. ယဉ်ဖြစ်ဖြစ်.. အရှိန်နဲ့လာရင်.. မကွေ့မရှောင်နိုင်ပဲ.. တည့်တည့်ဝင်တိုးမှာမို့..လှည်းဦးတိုက်လှေဦးတိုက်နေရာ.. ကြက်လျှာစွန်းထောင့်…စတဲ့အိ်မ်..နေရာတွေမှာ.. ရောင်ပြန်အလင်း.. ရောင်ပြန်ရုပ်နဲ့..လန့်အောင်.. သတိထားမိအောင်.. မှန်ထား..။ သစ်ပင်စိုက်ဆိုတဲ့အလေ့အကျင့်ဖြစ်ခဲ့တယ်ထင်မိတယ်..။
ယူအက်စ်မှာတော့.. ကားအက်စိဒန့်..တခါ..၂ခါ..၃ခါလောက်.. တနှစ်မှာ.. တနေရာထဲပုံစံတူဖြစ်ပြီဆို… လမ်းကြော..ယဉ်ကြော..အင်ဂျင်နီယာက..လာတိုင်းတွက်ချက်.. ပြင်ပစ်တာပဲ..။
မှန်မထား..။ လက်တွေ့ကျကျဖြေရှင်း..။ :k:
Alinsett@Maung Thura
March 6, 2015 at 5:11 pm
ဟုတ်ပါ့ ။ ရပ်ကွက်ထဲမတော့ တချို့က…မကောင်းဆိုးဝါးတွေ မလာနိုင်အောင်တဲ့..
လာခဲ့ရင်… မှန်ထဲ သူ့ပုံသူမြင်ပြီး…လန့်ပြေးအောင်တဲ့.. မှန်တွေ ချိတ်ထားတာပေါ့လေ…
တွေးမိတာက…မှန်ကြိုက်တဲ့ အလှကြိုက်သရဲဆို မှန်လေးဟ ဆိုပြီး..ရှေ့ပိုတိုးလာမှာလို့…
အကျည်းတန်မှန်ကြိုက်ဆိုတဲ့ ဗမာစကားပုံကလည်း ရှိသား မဟုတ်လား..ခွိ
:k:
•*¨နန်းတော်ရာသူ •*¨
March 15, 2015 at 11:38 pm
အယူအဆ ဓလေ့ထုံးစံဆိုတာက ကိုယ့်နိုင်ငံမှာမှတော့မဟုတ် ကိုယ့်ထက်အယူသီးတဲ့နိုင်ငံတွေတောင်အများကြီးပါ။
လွန်ကဲတာတော့ ဘာမှမကောင်း။တစ်ချို့ကျတော့လည်း စိတ်ဖြေတဲ့သဘောပေါ့။
ဖြစ်လာမှ ငါဒါလေးမလုပ်မိလေခြင်းဆိုတာမဖြစ်အောင်တဲ့။
ကိုယ်တွေကတော့ ရိုးရာဓလေ့ ထုံးစံ ဘာဆိုဘာမှ မလုပ်မိ။