ပျက်ရယ်ပြုသင့် မပြုသင့်
အားလုံး မင်္ဂလာပါရှင်
အကြောင်းအမျိုးမျိုးနဲ့ ရွာထဲမရောက်ဖြစ်တာ ကြာပါပြီ။ ရွာထဲဝင်ဖို့ ပြီးကိုယ်ပြောချင်တာလေးတွေ ပြောဖို့ကြံမိတာအခါခါပေမယ့် ခုမှပဲ ရောက်ဖြစ်ပါတော့တယ်။ ရွာထဲစရောက်ကတည်းကအခုထိ သိတဲ့သူလည်းနည်းတာကတစ်ကြောင်း၊ ရွာနဲ့အဆက်အသွယ်ပြတ်နေတာလည်း နည်းနည်းကြာပြီဆိုတော့ မှတ်မိတဲ့သူ ရှိပါ့မလားတော့ မပြောတတ်ပါဘူး။ ဘယ်လိုပင်ရှိစေ ဒီနေ့တော့ ကြုံခဲ့တာလေးပြောချင်လို့ အရောက်လာခဲ့မိပါတယ်ရှင်။
ဖြစ်ပုံကတော့ ဒီလိုပါ။ ဒီနေ့ အလုပ်ပိတ်ရက်မှာ ကိစ္စတစ်ခုရှိလို့ အပြင်သွားတော့ လိုင်းကားပေါ်မှာ ကိုယ့်နောက်ကကပ်လျက်ရှိတဲ့ ထိုင်ခုံဆီက သူငယ်ချင်နှစ်ေယာက် (ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်) ပြောနေတာတွေကို ကြားနေရတယ်။ သူတို့ပြောတာတွေက ခပ်ကျယ်ကျယ်ဆိုတော့ နားမထောင်ပေမယ့်ကြားနေရတာပေါ့။ ကောင်လေးပြောတာကိုကြားရတာတော့ နှစ်ယောက်လုံး တက္ကသိုလ်ကျောင်းသားပဲ။ အောင်စာရင်းသွားကြည့်မယ့်အကြောင်း ကောင်မလေးရဲ့မွေးနေ့မှာ သွားချင်တဲ့ဘုရားကိုလိုက်ပို့ပေးမယ်ဆိုတာတွေပြောနေရင်းက ကောင်လေးက ကောင်မလေးကိုမေးတယ်။ သူသိထားတဲ့ကောင်လေးနဲ့ခုထိတွဲနေတုန်းလား ဘာလားပေါ့။ အဲဒီတစ်ယောက်နဲ့ပြတ်သွားပြီလို့ကောင်မလေးက ပြန်ပြောတယ်။ အိမ်ကသဘောတူထားတဲ့တစ်ယောက်နဲ့ရော ဘယ်လိုလဲဆိုတာဆက်မေးလိုက်တဲ့အခါမှာတော့ မပြောသင့်ဘူးလို့ ကျမယူဆတဲ့ စိတ်မကောင်းစရာစကားကို ကြားလိုက်ရတယ်။ ကောင်မလေးပြန်ပြောလိုက်တာက ”လောက်ကိုင်မှာ ကျသွားပြီ” လို့ ခပ်ပေါ့ပေါ့ပဲ အတည်လိုလို ဟာသသဖွယ်နောက်ပြောင်ပြောလိုက်တယ်။ ကောင်လေးက ”မဖြစ်နိုင်တာ ပေါက်ကရတွေပြောတော့မယ်..နင်ပြောတော့ သင်္ဘောသားဆို” လို့ဆက်ပြောတော့ ကောင်မလေးက ”နင်အမှတ်မှားနေတာပါ..သင်္ဘောသားမဟုတ်ပါဘူး..သင်္ဘောသားဆိုလည်း ရေနစ်သေသွားပြီ” လို့ စောစောကလိုပဲ ပြောပြန်တယ်..အမှန်က အင်ဂျင်နီယာတဲ့။ အဲဒါကို အဲဒီလိုတွေပြောတာကြားရတော့ လောက်ကိုင် စစ်မြေပြင် ရှေ့တန်းရောက်စစ်သားတွေကိုယ်စားရော စစ်ဘေးခံကြရတဲ့ ပြည်သူတွေအတွက်ရော သင်္ဘောသားတွေကိုယ်စားရော တော်တော် စိတ်မကောင်းဖြစ်မိသွားတယ်။ ကျမဆွေမျိုး အသိုင်းအဝိုင်းထဲမှာ သင်္ဘောသားတွေရှိပါတယ်။ လောက်ကိုင်စစ်မြေပြင်ရောက် စစ်သားတွေထဲမှာရော စစ်ဒဏ်ခံရတဲ့လူတွေထဲမှာရော ကျမတို့ရဲ့ဆွေမျိုး အသိ တစ်ယောက်မှမရှိပေမယ့်ကြားရတဲ့စကားအပေါ်တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ နောက်လှည့်ပြီး ချိုသာစွာနဲ့ တစ်ခုခုပြောချင်စိတ်ဖြစ်မိပေမယ့် လိုင်းကားပေါ်မှာမို့ ထိန်းလိုက်တယ်။ သူ့မိသားစုအသိုင်းအဝိုင်းထဲမှာ လောက်ကိုင်စစ်မြေပြင်ရောက်စစ်သား၊ စစ်ဘေးခံရသူ၊ သင်္ဘောသား တစ်ယောက်ယောက်ရှိနေရင် အဲဒီလို လွယ်လွယ်နဲ့ ဟာသသဖွယ်နောက်ပြောင်ပြောဆိုနိုင်မယ်မထင်ပါဘူး။ သူငယ်ချင်းနဲ့ ဘယ်လိုပင် လွတ်လွတ်လပ်လပ်နောက်ပြောင်ပြောဆိုလို့ရတာမှန်ပေမယ့် အခုလိုတော့ မပြောသင့်ဘူးလို့ထင်ပါတယ်။ စာနာစိတ်မရှိ မထားနိုင်ရင်သော်မှ အဲဒီလို ဟာသသဖွယ် မပြောသင့်ဘူးထင်ပါတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ ဘာကြောင့်များ အဲဒီလို ပြောထွက်ရက်သလဲဆိုတာ နားမလည်နိုင်အောင်ပါပဲ။ သတိပြု ဆင်ခြင်စရာတစ်ခုအနေနဲ့ ရေးလိုက်ခြင်းပါ။
ဒီနေ့ကြားခဲ့ရတဲ့ ကိစ္စနဲ့ စကားတစ်ခွန်း အပေါ် ကျမရဲ့အယူအဆ ခံစားချက်သက်သက်ပါ။
အားလုံး ကျန်းမာရွှင်လန်းကြပါစေ။
ပန်းစံပါယ်
16 comments
ဦးကြောင်ကြီး
March 2, 2015 at 2:41 am
ဒါဗေမဲ့ဂျာ.. လောက်ကိုင်သွားတိုက်တာတော့ သိပ်ရွံဖို့ကောင်းဒရယ်..။ ဘယ့်နှယ် ကိုင်ဇာ ရှားလို့..။
ပန်း စံပါယ်
March 2, 2015 at 3:21 pm
မြင်ဖူးတဲ့ တစ်ချို့လောက်ကလေးတွေက ဖြူဖြူလေးတွေနော်..ဦးကြောင်ကြီး
မြစပဲရိုး
March 2, 2015 at 4:33 am
ပန်းစံပါယ် ကို မှတ်မိပါတယ်။
ငါစွဲ တွေ ကင်းပြီး အားလုံး စိတ်တူညီမျှ နေလို့ ကတော့ ကမ္ဘာကြီးမှာ စစ် ဆိုတာ ဘယ်ရှိပါ့မလဲကွယ်။
ပန်း စံပါယ်
March 2, 2015 at 3:19 pm
ဖတ်ရှုပေးတဲ့အတွက်ရော မှတ်မိတဲ့အတွက်ရော ကွန်မန့်ပေးတဲ့အတွက်ပါ ကျေးဇူးအများကြီးပါလို့
naywoon ni
March 2, 2015 at 10:29 am
သူအပြောခံလိုက်ရတဲ့ တစ်ယောက်ကလည်း သူ့အတွက် ဘာတွေ နာကျည်း မုန်းတီးစရာတွေ ရှိနေမှန်းမှ မသိဘဲ ။ နာကျည်း မုန်းတီးစရာရှိလို့ ပြောတာလဲ ဖြစ်နိုင်တာပဲ ။ ဒါက ပြောခဲ့တဲ့ မိန်းကလေးဘက်က တွေးပေးတာ ။ တစ်ဘက်ကကြည့်တော့လည်း ဒါ ဘာသာရေး အဆုံးအမ အားနည်းလို့ ပညာ နုံနဲ့ လို့ ဖြစ်သွားတာပါ ။ ဒီလို လူငယ် ဒီတစ်ယောက်ထဲရှိတယ် မထင်နဲ့ ( ခပ်ရိုင်းရိုင်း ပြောရရင် ) ရိုက်သတ်လို့ မကုန်ဘူး ။ ဒီလို လူငယ်တွေလက်ထဲ အနာဂါတ်တစ်ခုလုံး ပုံအပ်ပေးထားရမှာ နိုင်တစ်ခုအတွက်ရင်လေးစရာပါ
ခင်ဇော်
March 2, 2015 at 11:49 am
လူ့ အသက်နဲ့ ပတ်သက်တဲ့ ဘယ် ကိစ္စမဆို ဟာသ မလုပ်သင့်ဘူးလို့ တော့ မြင်တယ်။
:a:
သူ့ဘက်က ကြည့်တော့ လည်း ဘာ အနာရှိမှန်းမှ မသိ။
အဲဒီ အဖွဲ့အစည်းက ကျူးလွန်ထားတဲ့ ကိစ္စတွေ လူတန်းစား အမျိုးမျိုး အပေါ် အများကြီးလေ။
:p:
•*¨နန်းတော်ရာသူ •*¨
March 2, 2015 at 1:11 pm
ပန်းစံပါယ်အရေးအသားကိုကြည့်ပုံအရဆို ကောင်မလေးက ပေါ့ပျက်ပျက်အရာရာကိုရီစရာလိုလိုလုပ်ပြောရတာ မြတ်သောမင်္ဂလာတစ်ပါးလို့ခံယူထားပုံရပါတယ်။
🙂
kai
March 2, 2015 at 3:07 pm
ယူအက်စ်မှာဆိုရင်တော့.. သူတို့အဲလိုပြောနေတာကို.. ဘေးကနေသွားထောက်သူကမှ.. ဥပဒေအရရော…
လူမှုရေးအရပါ.. မှားသူဖြစ်လိမ့်မယ်..။
တကယ်တော့.. ဒီအဖြစ်ကလေးက.. ကျုပ်အတွက်တော့…. လူငယ်စုံတွဲတခုကနေ.. လက်ရှိခေတ်.. အခြေအနေတခုကိုမှန်းဆယူလို့ရတဲ့အတွက်.. ကျေးဇူး..။ :k:
ပန်း စံပါယ်
March 2, 2015 at 3:14 pm
ဖတ်ရှုပေးတဲ့သူတွေကိုရော comment ပေးတဲ့သူတွေကိုရော ကျေးဇူးပါရှင်။
ကောင်မလေးပြောနေတဲ့အနေအထားကိုကြည့်ရတာ နာကျည်းလို့တော့ ဟုတ်ဟန်မတူဘူး။ ကို/ဦး naywoon ni နဲ့ မ နန်းတော်ရာသူ တို့ယူဆသလိုဖြစ်မယ်လို့ ကျမလည်း ယူဆမိတယ်။
Ma Ma
March 2, 2015 at 4:36 pm
ပြောလိုက်တဲ့စကားရဲ့ အတိမ်အနက်ကို သေသေချာချာ မစဉ်းစားပဲ ပြောလိုက်ပုံရတယ်။ 🙁
ပန်း စံပါယ်
March 2, 2015 at 5:28 pm
ကျမလည်း အဲလိုပဲ ထင်တယ် Ma Ma ရေ။ သူကတော့ ဘာရယ်လို့မဟုတ်ဘူး ပြောလိုက်တာပဲ။ ဒါပေမယ့် ကိုယ့်ဆွေမျိုး အသိုင်းအဝိုင်းထဲမှာ သင်္ဘောသားတွေရှိနေတာက တစ်ကြောင်း၊ လောက်ကိုင်ဒေသမှာ အသက်ပေးသွားတဲ့ စစ်သားနဲ့ ြပြည်သူေတွအတွက် စိတ်မကောင်းဖြစ်တာကတစ်ကြောင်းဆိုတော့ တိုက်ဆိုင်ပြီး ပြောရက်လေခြင်းဆိုပြီး ကျမလည်း feel ဖြစ်သွားတယ်ပေါ့လေ။
Courage
March 2, 2015 at 7:50 pm
ဟွာလေ အဲ့ကောင်မလေးရဲ့ ခပ်ပေါ့ပေါ့ ပြောလိုက်တဲ့ဟာသနဲ့ ပတ်သတ်ပြီး ဟွာလေးတောင် သွားသတိရတယ်။ “ကုလားလူမျိုးကို ကုလားလို့ခေါ်တာ မိဘသွန်သင်မှုနည်းတာပဲ” ဆိုတဲ့ အမွေစုစကားလေး။
ခုလဲ အဲ့ကောင်မလေးရဲ့ အပျော်သဘော အမှတ်မဲ့စကားကို တားမြစ်ရင် အမွေစုစကားလို ဝိုင်းထောပနာ ပြုကျမလားပဲ။
စဉ်းစားမတာ့ ပြောတာပါ… … …
Mr. MarGa
March 3, 2015 at 7:18 pm
အမြင် အမျိုးမျိုး ပေါ့လေ
ဒီစနစ် ဒီခေတ်အောက်မှာ ဒီလိုအတွေးတွေ ထွက်လာတာ မဆန်းဘူးပဲ ပြောရမလားတော့ မသိဘူးဗျာ…
Alinsett@Maung Thura
March 4, 2015 at 2:17 pm
ရွာထဲ မရောက်တာ ဘယ်လောက်ကြာကြာ…
ပန်းစံပါယ်ဆိုတဲ့ နာမည်ကိုတော့….
ပြန်တွေ့လိုက်ရသည်ဖြစ်စေ..
ပြန်မတွေ့ရဘူးဖြစ်စေ…
အမှတ်ရရ ရှိနေသူပါ ခညာ…
:kwi:
.စာရေးသူပြောပြတဲ့ အဖြစ်ကိုဖတ်ပြီး..
တစ်ယောက်ယောက်ရဲ့ ဒုက္ခတွေ အနာတရတွေဟာ..
အခြားတစ်ယောက်ယောက်အတွက်…ရယ်စရာ…လှောင်ပြောင်သရော်ချင်စရာ…
ခပ်ပေါ့ပေါ့ပြောဆိုစရာတွေ ဖြစ်သွားတတ်တာပါပဲ..ရယ်လို့..တွေးမိ…
ပန်း စံပါယ်
March 4, 2015 at 2:32 pm
မှတ်မိတဲ့အတွက် ဝမ်းသာပါရတယ် ကို Alinsett@Maung Thura ရေ။
အခြားတဖက်ကတွေးပြီးပြောရရင် အခြားတစ်ယောက်ယောက်အတွက် ခပ်ပေါ့ပေါ့ ပြောဆို စရာ လှောင်ပြောင်သရော်စရာ ရယ်စရာဟာ ကာယကံရှင်အတွက်တော့ အတိုင်းအတာတခုထိ ခံစားရတဲ့ အရာတွေဖြစ်နေတတ်တယ်လို့ တွေးမိပြန်ပါတယ်။
စကားမစပ် အတင်းစပ်..@နောက်က နာမည်ကိုတွေ့တော့ အပြင်မှာ သိတဲ့ သူရ ခေါ် နိုင်နဲ့စတဲ့နာမည်နဲ့သူများလားလို့ ထင်မိတယ်။ မှားသွားရင်လည်း စိတ်မရှိနဲ့နော်။
Alinsett@Maung Thura
March 4, 2015 at 2:49 pm
ကျနော့်နာမည်အရင်းက Thura ပါပဲ။ အသက် ၁၈ နှစ်ပြည့်တုန်းက ကိုယ့်ဘာသာ စိတ်ကြိုက်ရွေးပေးခဲ့တဲ့ နာမည်.. သူရ ပါပဲ။ အရှေ့က Maung တောင် ခေါ်ရအဆင်ပြေအောင် ထပ်တိုးထားတာဆိုပါတော့..
မှတ်ပုံတင်ထဲက နာမည်ကတော့ သူရ …
ငယ်ငယ်က အဖေ ပေးခဲ့တဲ့နာမည်က ”သန်းဇော်ဌေး”
ကျောင်းသားဘဝတလျှောက်လုံး အဲဒီ သန်းဇော်ဌေးဆ်ိုတဲ့နာမည်နဲ့ပေါ့…
:k: