အသက်ရှူခြင်း နဲ့ ဘဝအဓိပါယ် Breathing
အမေက ကျွန်တော့်ကိုငယ်ငယ်တုန်းက တိရစာ္ဆန်ကလေးလို့ အကောင်တွေနာမည်တပ်ပြီး ချစ်စနိူးခေါ်ရင် သားကတိရစာ္ဆန် မဟုတ်ဘူး၊ ဘာပြုလို့လဲဆိုတော့ အသက်ရှုတယ်လို့ ပြန်ပြောရင် အမေက တိရစာ္ဆန်တွေလည်း ရှုတာပဲဆိုပြီး ပြန်ပြောလေ့ရှိပါတယ်။ လူတိုင်းဘဝမှာ ခက်ခဲ၊ပင်ပန်း၊အဆင်းရဲဆုံး နေ့တွေ ရှိကြပါတယ်။ အခြေအနေ၊ ကာလ၊ ဒေသ၊ ရင့်ကြက်မှု အပေါ်တွေမူတည်ပြီးတော့ ခံစားရမှုအတိုင်းအတာ တော့ကွာမှာပေါ့လေ။ မျော်လင့်ချက်မဲ့နေရလောက်အောင် ဖြစ်နေရတဲ့ အခါမျိုးကိုဆိုလိုတာပါ။ ရည်းစားနဲ့ကွဲတာလောက်ကတော့ ဝမ်းဂိုးရင်တူးကမ်း လိမ့်မယ်ဆိုပြီးဖြေလို့ရပါတယ်။ အကယ်၍များ လက်လျှော့လုမတတ် အခြေနေဆိုးတွေနဲ့ ကြုံတွေ ့နေရရင်၊ အသက်ရူနေရခြင်းရဲ ့အရသာကို သေသေချာချာ ခံစားကြည့်လိုက်ပါ။ ဒါလူ့ဘဝရဲ ့စည်းစိမ်တခုပါပဲ၊ အရမ်းအရသာရှိပါတယ်။ ဒီအရသာရဲ့ လေးနက်မှုတန်ဖိုးကို သင့်မှာဆုံးရှုံးမှုတွေနဲ့ ပြည့်နှက်လို ့အခုဘဝရဲ ့ဆက်လက်ရပ်တည် နိုင်စွမ်းအပေါ် သံသယရှိလာတဲ့ အခါပိုပြီးသိလာပါလိမ့်မယ်။ ထွက်သက်၊ဝင်သက်တိုင်းဟာ ဘဝရဲ့တန်ဖိုးပါပဲ။
နောက်တခုက လွတ်လပ်မှုပါ။ ဆင်းရဲ၊နိမ့်ကျနေပေမဲ့ ကြောက်ရမဲ့သူမရှိ၊ အပူအပင်နဲစွာနဲ့ နေရခြင်းဟာလဲ ဘဝရဲ့တန်ဖိုးတခုပါပဲ။ လွတ်လပ်ခြင်းရဲ့ တန်ဖိုးကို စိတ်သွားတိုင်းကိုယ်မပါ ဝေဒနာ ဖိစီးနေချိန်မျိုး၊ ဘာမလုပ်ရ ညာမလုပ်ရဆိုပြီး လူသားမဆန် လေးဖက်လေးတန် ကာရံထားပြီး လူသားတဦးရဲ့ ဂုဏ်သိက္ခာနဲ့ ရပိုင်ခွင့် လုံးဝဆုံးရှုံး နေတဲ့အခါတွေမှာ သင်ဟာ လမ်းဘေးမှာအိပ်နေတဲ့ လူတယောက်ရဲ့ လွတ်လပ်စွာ အသက်ရှူနေခြင်းမျိုးကို မွတ်သိပ်စွာ တောင်းတမိပါလိမ့်မယ်။ ဒီလို အသက်ရှုခြင်းနဲ့ လွတ်လပ်မှု တန်ဖိုးနှစ်ခုကို ကောင်းစွာနားလည်ရင် တော်ရုံတန်ရုံ လောကဓံကို ခံနိုင်ရည်ရှိသွားပါပြီ်။ မကြုံရင်မသိ၊ ကြုံလည်းအသိရှိမှ ဖြစ်လို့ လူတိုင်းအသက်ကောင်းစွာ ရှုမှရှုဖူးကြပါ့မလားလို့ ကြံဖန်တွေးမိပါတယ်။
ထပ်ဆက်ချင်တာကတော့ ဘယ်လိုချမ်းသာစွာ အသက်ရှုခြင်း အရသာကို ခံစားကြမလဲဆိုတာပါ။ အာနာပါနလို ဘာသာရေးရှုဒေါင့်ကနေ တင်ပြခြင်းမျိုးမဟုတ်ဘဲ လူ့ဘဝရဲ့စည်းစိမ်ကိုလည်းခံစားလို့ရပါတယ်။ ဒီလိုပါ။ မျက်လုံးမပိတ်ခင် မိမိနှစ်သက်ရာ ကိုယ်အနေအထား စိတ်ကျေနပ်အောင်ယူပါ။ (ကျွန်တော်ကတော့ အိပ်ယာထဲ ပက်လက်လှဲနေရတာကို နှစ်သက်ပါတယ်)၊ ဘာမှမတွေးပါနဲ့၊ ဘာသာရေး၊ လောကီကျင့်စဉ်တခု ကျင့်နေတယ်လို့လည်း သဘောမထားပါနဲ့။ ဘိန်းရှူသလို စည်းစိမ်ခံစားဖို့လို့ပဲ သဘောထားပါ။ ပြီးရင်စိတ်နဲ့ တကိုယ်လုံးမှာရှိတဲ့ တင်းနေတဲ့ အကြောတွေကို တဖြည်းဖြည်းခြင်းလျှော့ပါ။ မျက်နှာပေါ်က အကြောတွေလျော့သွားတာ သိသာပါတယ်။ တကိုယ်လုံးက အကြောတွေလျော့ဖို့ကတော့ သိပ်သမာဓိကောင်းမှ ရမယ်ထင်ပါတယ်။ မိမိနှစ်သက်တဲ့ တရားဓမ္မအခွေကို နားကျပ်နဲတပ်ပြီး နာတာလည်း အလွတ်လုပ်တာထက် ပိုထိရောက်တယ်ထင်ပါတယ်။ သီချင်းလိုမျိုး စိတ်မျောသွာစေမဲ့ သောတအာရုံကိုတော့ အားမပေးပါ။ စိတ်ကလေးက ငြိမ်ပြီးဝပ်နေဖို့လိုပါတယ်။ အသိစိတ်ပျောက်ပြီး အိပ်ပျော်သလို၊ အိမ်မက်မက်သလို ဖြစ်သွားရင် လွဲသွားပါပြီ။ အေးချမ်းလွတ်လပ်စွာ အသက်ရှူခြင်း ရဲ့အရသာကိုခံစားနေတာ မဟုတ်ဘဲ မောဟဖုံးပြီးအိပ်သွားတာပါ။ အမှားအယွင်းမရှိရင် စိတ်ကလေးဟာ ငြိမ့်ကနဲငြိမ့်ကနဲ ဖြစ်သွားနေတာကို ခံစားရပါလိမ့်မယ်။ ကောင်းစွာအသိစိတ်ရှိပြီး အေးငြိမ်းလျက် ဘယ်မှမပျံ့လွင့်ဘဲ အသက်ရှူုခြင်းတမျိုးထဲ အပေါ်မှာပဲ တည်နေပါလိမ့်မယ်။ ဧကဂ္ဂတာစိတ်လို့ မနှိင်းကောင်းနှိင်းရင်ရမလားမသိ။ လောကီဧကဂ္ဂတာစိတ်ပေါ့လေ။ အရေကြီးတာက ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို သူ့သဘောအတိုင်း လျော့ထားခြင်းပါ။ အင်္ဂလိပ်လိုတော့ တိုတယ်ရီလက်ဇေးရှင်း total relaxation လို့ခေါ်မလားမသိ။ ဆရာမင်းသိင်္ခရေးတဲ့ မြေလျှောက်ဝိဇ္ဇာကိုမြသာထဲမှာ အဲဒီလိုခပ်ဆန်ဆန် ဖတ်ဖူးသလိုပါပဲ။ အဲ မိမိက ဒီလိုအရသာမျိုး လိုချင်လွန်းတဲ့ စိတ်နဲ့တွန်းလုပ်ရင်တော့ စိတ်ဇောလွန်နေလို့ အောင်မြင်ဖို့မသေချုာပါ။
နောက်တမျိုးကတော့ ဝင်သက်၊ထွက်သက်ကို သဲအင်းဂူဆရာတော်ကြီးနည်း အတိုင်း ကာယနုပဿနာတင်ရှုတာပါ။ သမထလို တနေရာထဲတည်မထား၊ သို့မဟုတ် ဝင်လေထွက်လေနောက် မလိုက်ဘဲ ဝင်လေရဲ့တွန်းမှုသဘော၊ ထွက်လေရဲ့ကန်မှုသဘောကို သိနေဖို့ဖြစ်ပါတယ်။ ဝင်လေဆုံးသွားရင် ထွက်လေက ဖြစ်လာပါတယ်။ ထွက်လေဆုံးသွားရင်လည်း ဝင်လေကပြန်ဖြစ်လာပါတယ်။ လုပ်ယူတာ မဟုတ်ရပါဘူး။ မယုံရင် နှာဝမှာ သတိထားပြီး တိုးဝင်၊ကန်ထွက်မှုသဘောကို စောင့်ကြည့်ပါ။ ကိုယ်ကလုပ်ယူတာလား၊ သူ့ဘာသာသူ ဖြစ်နေတာလားလို့။ မရှူဘဲလည်းနေကြည့်ပါ ရမလားလို့။ ဒါကို သဘောပေါက်ရင် စာထဲက အနတ္တလက္ခဏာကို ရေးရေးလေး သိလာပါလိမ့်မယ်။ ဘာသာရေးဝက်ဘ်ဆိုက်တခုက အမေးအဖြေကဏ္ဍမှာ မေးသူက ထွက်လေဝင်လေကို ဖြစ်ပျက်တင်ရှူတယ်၊ မှန်သလားလို့မေးတော့ ဖြေသူဆရာတော်က ထွက်သက်ဝင်သက်ကို် သမထ အာနာပါနရှူပုံ စာထဲက အတိုင်းဖြေတာတွေ့မိပါတယ်။ တခါဝါရင့် ကမ္မဌာန်းဆရာတော်တပါးရဲ့ အလုပ်တရားတိပ်ခွေမှာ သူက ဝင်သက်၊ထွက်သက်ကို မိမိက မလုပ်ရင်မရလို့ အဲဒီအပေါ်မှာ ငါမပိုင် အစိုးမရလို့ ဆင်ခြင်ခိုင်းတာလည်းနာဖူးပါတယ်။ ပညတ်တပ်ပုံက အဓိကမဟုတ်ဘဲ ပရမတ်သဘောပေါက်ပုံသာ လိုရင်းဖြစ်မယ်ထင်ပါတယ်။ အသက်ရှူခြင်းဖြင့် ဘဝရဲ့အဓိပါယ် ပြည့်နိုင်ကြပါစေ။
15 comments
weiwei
December 24, 2010 at 7:39 pm
လူတိုင်းအသက်ရှူရတယ် … အသက်မရှူရင် သေပြီ … အသက်ရှူတဲ့ ဝင်လေ ထွက်လေကို သိလိုက်တိုင်းလဲ ကုသိုလ်တွေရနေပြီ … နိဗာန်ကို တစ်လှမ်းခြင်း လှမ်းနေပြီ … ဖတ်ရင်းနဲ့ ခဏလေးငြိမ်ပြီး ဝင်လေ ထွက်လေ မှတ်လိုက်မိတယ် … ကျေးဇူးတင်ပါတယ် ..
kai
December 24, 2010 at 11:45 pm
ကောင်းပါတယ်..။
အသက်ရှုနည်းတွေ.. သမာဓိတည်ဆောက်နည်းတွေ..ကသိုဏ်းရှုနည်းတွေ အကုန်လိုလို .. ဗုဒ္ဓမပွင့်ခင် ..နှစ်ရာချီစောပြီး အိန္ဒိယမှာ လက်တွေ့ကျင့်င်္ကြအားထုတ်နေကြတဲ့… ဟိန္ဒူနည်းတွေပါပဲ..။ ဆာဒူးတွေဟာ..တောထဲတောင်ထဲ.. လူသူဝေးရာတွေမှာနေပြီး ..အပြင်းအထန်အားထုတ်ကြတယ်..။ တရားစခန်းတွေဖွင့်ပြီး အားထုတ်ကြတယ်..။ အခုထိလည်း ဂဂ်ါမြစ်ဘေးမှာ အဝတ်မဝတ်ပဲ..ကျင့်နေတဲ့သူတွေ..။ ဟိမဝန္တာတောင်ပေါ်မှာ.. အစာမစားပဲ ..တရားအားထုတ်နေသူတွေ.. ထောင်သောင်းချီရှိတယ်..။ ဒစ်ကာဗာရီချာနယ်မှာ ခဏခဏပြတယ်..။
ပြောရရင်…
ဂေါတမဗုဒ္ဓလည်း .. ဘုရားမဖြစ်ခင်ရော..ဖြစ်ပြီးရော.. ဟိန္ဒူယောဂကျင့်စဉ်တွေ လုပ်နေခဲ့တယ် မှတ်ပါတယ်..။ ဘုရားမဖြစ်ခင်..တရားစခန်းတွေမှာ .. ဟိန္ဒူကျင့်စဉ်တွေ သင့်ခဲ့တယ်..။ နောက်ဆုံး..တပါးတည်း.. ဒုက္ခရစရိယာကျင့်တာဟာ ..အဲဒီရှေးယောဂကျင့်စဉ်အတိုင်းလုပ်ခဲ့တာလို့ ..ဖတ်ဖူးပါတယ်..။
အခုဒီခေတ်လည်း ယောဂကျင့်တာဟာ ..ကျမ်းမာရေးကောင်းတယ်..။ စိတ်တည်ငြိမ်ပြီး.. သမာဓိအားကောင်းတယ်..။ စိတ်ကိုထိမ်းချုပ်နိုင်တယ်.. ပိန်စေတယ်...ဆိုလို ့.. ဟောလိဝုဒ်မှာ မင်းသားမင်းသမီး ဆယ်ရီဘရိတ်တီတွေတောင် လစာဈေးကြီးပေးပြီး သင်တန်းတက်နေကြတယ်.။
အိန္ဒိယက ဆာဒူးကြီးတွေကိုယ်တိုင်လာသင်ကြတာပဲ.။ ဖုန်းဆက်မေးဖူးပါတယ်.။ သွားကြည့်ဖူးပါတယ်..။စာရွက်ဖလိုင်ယာတွေတောင်းဖူးပါတယ်..။ အသက်ရူတာထိမ်းချုပ်တာ… ဗိုက်က ကျောရိုးပေါ်အောင်ကပ်သွားလိုက်တာ ..ကြည့်ရင်းတောင်လန့်တယ်..။ တနာရီ ၄-၅ရာပေးရတာတောင်ရှိတယ်..။ ဝိပဿနာအမည်နဲ့တောင်ပါသေး..။ဟိန္ဒူကြီးတဖြစ်လဲ.. ဦးဂိုအင်ဂါနည်းနဲ့ ချွတ်စွတ်နည်းပါးတူပါတယ်..။ 🙂
ဆူး
December 25, 2010 at 10:36 am
အမှတ် သတိကောင်းရင် ဝင်သက် ထွက်သက်တွေ သိမ်မွေ့ပြီး တိမ်ပြီး ပျောက်သွားတတ်ပါတယ်။ သမာဓိ အားကောင်းရင် တချို့ကိစ္စတွေ မမျှော်မှန်း နိုင်လောက်အောင် လုပ်နိုင်ကြပါတယ်။ ဒီအကြောင်းတွေ မှာဘဲ ပျော်မွေ့သွားရင်တော့ ဝိပသနာနဲ့ လမ်းလွဲလို့ သံသရာမှာ ကျင်လည်ရအုန်းမှာပါဘဲ။ သမာဓိ အားထက်သလို ဝိပသနာ ဉာဏ်နဲ့ မဝေးအောင် မှန်မှန် ကန်ကန် ကျင့်သင့်ပါတယ်။ သမာဓိ အားကောင်းလို့ ဈန်ရရင်တောင် ဗြဟ္မပြည်ဘဲ ရောက်နိုင်မယ် နိဗ္ဗာန်ကိုတော့ မရောက်နိုင်ပါ။
kopauk mandalay
December 25, 2010 at 3:28 pm
ဝင်သက် ထွက်သက် များ
ရွေ့လျားသောမင်းအရိပ်
မာယာလွန်အပြုံးနဲ့ ဘယ်ခြေလှမ်းပြောင်းမလဲ အမြဲငါစောင့်ကြည့်နေတယ်လို့ ကြွေးကြော်ဘူးတဲ့
ကျော်ဟိန်းရော အခု ရဟန်းဝတ် ဘဝနဲ့
ဝင်သက်ထွက်သက်တွေများ သိအောင်မှတ်နေပြီလားလို့ မဆီမဆိုင်သွားသတိရလိုက်ပါတယ်။
koyinmaung
December 25, 2010 at 7:41 pm
နှာသီးဖျားမှာဝင်လေထွက်လေကိုစောင့်မှတ်တဲ့နည်းနဲ့သုံးရက်လေါက် ဘယ်သူမှစကားမပြောဘဲမှတ်ကြည့်ပါ အနည်းဆုံးတနာရီမှတ်နာရီဝက်နားမှတ်ပါ အင်မတန်ကောင်းတဲ့သမာဓိရနိုင်ပါတယ် လေးရက်မြောက်နေကျမှကိုယ့်ခန္ဓာကိုပြန်ရှူ့တဲ့နည်းကိုသုံးကြည့်ပါ သင့်၏ရုပ်ခန္ဓာတရွရွ တသဲသဲလှုပ်ရှားနေတာတွေ့ရနိုင်ပါတယ် ဒီအချိန်ကျမှဝိပဿနာပြောင်းမှတ်ယင်အင်မတန်မှလွယ်ကူပါတယ် လယ်ဒီမူဆရာကြီးဦးသန်း၏နည်းဖြစ်ပါတယ် ကိုယ်တိုင်အားထုတ်ခဲ့ဘူးလို့သိတာပါ ဒီအဆင့်ရောက်လို့တနေ့မနက်တနာရီ ညတနာရီ ဆက်မှတ်ခဲ့ယင် နေလည်ဘက်အလုပ်လုပ်၍နားသည့်အချိန် နှာသီးဖျားမှအာနာပါနခဏမှတ်ပြီ ခန္ဓာကိုယ်ကိုပြန်ရှူ့ကြည့်ပါ သင်တရားမှတ်လို့ရနေတာတွေ့ရပါ့မယ်… (ဆရာကြီးဦးသန်းတရားစခန်းနဲ့ဦးဂိုအင်ကာတရားစခန်း) ဝင်ကြည့်စေချင်ပါသည်။။
bigcat
December 26, 2010 at 8:16 pm
အကြံပေးလို့ ကျေးဇူတင်ပါသည် ကိုရင်မောင်ခင်ဗျား။ မြန်မာပြည်တွင်ရှိစဉ် အနာဂါမ်ဆရာသက်ကြီး ဩဝါဒခံ ဟံသာဝတီကမ္မဌာန်းတိုက်တွင် ရိပ်သာသုံးကြိမ်ဝင်ဖူးပါသည်။ ယင်းရိပ်သာသည် ကျနော်၏ ပထမဆုံးသော စနစ်တကျ ကမ္မဌာန်းတရားထိုင်ခြင်း ဖြစ်၍ အမြဲကျေးဇူးတင် ပူဇော်ပါသည်။
တဆက်ထဲမှာ http://www.mediafire.com/kotseikkosit#1,1 ၏ဒုတိယမြောက်ဖိုင် ဦးစုရမှသဲအင်းဂူဆရာတော်ကြီး အကြောင်းပြောပြဖိုင် (သို့မဟုုတ်) http://www.mediafire.com/?fadxc414abldad3 ကိုဒေါင်းလုပ်ချပြီး နားထောင်ကြည့်ရန်တိုက်တွန်းပါသည်။ ဦးစုရသည် ဆရာတော်ကြီး၏ ရဟန်းဒါယကာ ဖြစ်ပြီး မူလက ဟံသာဝတီကမ္မဌာန်းတိုက်တွက် ကမ္မဌာန်းပြဆရာ တဦးဖြစ်ပါသည်။ နားထောင်ရန် တိုက်တွန်းရခြင်းမှာ သဲအင်းဂူယောဂီများ အပါအဝင် တရားယောဂီများ ဖြစ်လေ့ရှိသော ဦးစုရကဲ့သို့ အမှတ်မှားမှုမျိုးကို သတိမူမိစေရန်ဖြစ်ပါသည်။ ကျနော်လည်း အမြဲကိုယ့်ကိုယ်ကို ဆင်ခြင်သတိပေးနေပြီ ဓမ္မမိတ်ဆွေ အချင်းချင်း ခင်မင်ရင်းနှီးစွာ ဝေမျှလိုက်ပါသည်။
ဆူး
December 26, 2010 at 2:49 pm
ကျော်ဟိန်းနဲ့ ပတ်သတ်ပြီး ဒေါက်တာနန္ဒမာလာဘိဝံသ ကို အဆုတ်ကင်ဆာ ဖြစ်ဖို့ ရာနှုန်းနီးလို့ သေရန်ပြင်ဆင်ဖို့ အတွက် လျောက်ထားတဲ့ အမေးအဖြေကို နားထောင်ခဲ့ဘူးပါတယ်။ ဦးဇင်းကြီး ကျော်ဟိန်း တရားကို ကကြီရေ က လုပ်မလို့ အခုမှ ခဲတံချွှန်တုံး သူစိတ်ထဲမှာ သူအဆင့်တခု ရောက်နေပြီလို့ ထင်နေတယ်။ နားထောင်ဘူးတဲ့ လူတွေ သိပါလိမ့်မယ်။
စိတ်ဆိုတာ ရှိရင် အာရုံဆိုတာ ရှိတာဘဲ။ စိတ်ဆိုတာ အာရုံပေါ်မှီတည်ပြီးမှ ဖြစ်ရတာပါ။ အာရုံ (အဆင်း အသံ အနံ အရသာ အထိအတွေ့) နဲ့ ဘုရားတောင်မှ ကင်းကွာလို့ မရပါဘူး။ အာရုံကို အာရုံသဘော မြင်အောင် ရှုရတာပါ။ ဦးဇင်းကြီး ကျော်ဟိန်း မေးလျှောက်တဲ့ အချက်ကတော့ အာရုံ အဝင်မခံဘူး အဝင်မခံဘူး ဆိုတော့ တရားရဲ့ အရှိကို အရှိအတိုင်း သိအောင် မြင်အောင် ကြည့်ခိုင်းတာနဲ့ ဆန့်ကျင်နေတော့တာဘဲ။ တရားသဘောတွေကို အတွင်းကျကျ သေချာ လေ့လာကြည့်မယ် ဆိုရင် အရမ်းကို သိမ်မွေ့ပါတယ်။ သိမ်မွေ့လွန်းလို့ တိမ်မြုပ်ပြီး လူတွေ ချက်ချင်း မသိနိုင်ဘူး သိနိုင်အောင် အရင်ဆုံး သမာဓိအား ရအောင် ဝင်လေ ထွက်လေ နဲ့ အရင်ဆုံး သမာဓိ အားထူထောင်ရပါတယ်။ သမာဓိ အားတည်ငြိမ်ပြီး ဉာဏ်ထက်မှာ အရှိသဘော အရှိ အတိုင်း မြင်အောင် ရှုနိုင်ကြတာပါ။ ဒါတွေကလည်း ဘုရားသာ မဟောခဲ့ရင် သမာဓိ လိုင်းမှာဘဲ တဝဲဝဲ တလည်လည် ဖြစ်နေအုန်းမှာဘဲ။
weiwei
December 26, 2010 at 7:13 pm
နားထောင်ဖူးတယ် …
ီဦးဇင်းကျော်ဟိန်းတစ်ယောက် နှစ်ပေါင်းများစွာ တရားအားထုတ်နေတာတောင်မှ အခုထိ မာန်မကျသေးတာကို သတိထားမိဖူးတယ် … တရားကိုတော့ မဝေဖန်ချင်တော့ပါဘူး …
bigcat
December 26, 2010 at 8:02 pm
အသံဖိုင်ထဲမှာ ကြားမိလိုက်တာတော့ ဦးဇင်းကျော်ဟိန်းရော ပါမောက္ခချုပ်ဆရာတော်ပါ ဆုကြီးပန်တွေလို့ဆိုတယ်။ ဆုကြီးပန်သူတွေက တရားအားထုတ်ပေမဲ့ အပြုသဘောဖက်ကပြောရရင် သမထကျင့်စဉ်တွေ၊ လောကကောင်းကျိုးလုပ်ငန်းတွေသာလုပ်လို့ နုစဉ်မှာ ဝိပဿနာရှုတဲ့ ယောဂီတွေလို မာန်ကျဖို့ မလွယ်ဘူးထင်ပါသည်။
weiwei
December 27, 2010 at 5:47 am
အဲဒီတရားဖိုင်ထဲမှာတော့ ဦးဇင်းကျော်ဟိန်းကို ဆုကြီးပန်လို့ မကြားမိသလိုပဲ … ဆရာတော်ကတော့ ဆုကြီးပန်လို့ပြောလိုက်တာကြားတယ် … ကျွန်မတစ်သက်မှာ ဆုကြီးပန်တယ်လို့ကြားဖူးတာ ၁ဝ ဦးတော့အနဲလေးရှိလောက်ပြီ … ဒီသာသနာနဲ့ တွေ့တာတောင်မှ သံသရာလည်ဖို့ဆုပန်တာတော့ …..
ကျွန်မသိသလောက်ကတော့ ဆုကြီးပန်ထားမိရင် ဝိပသနာဉာဏ်ဖြစ်တဲ့ သောတပတ္တိမဂ်မရနိုင်တော့ဘူး … ဂုတ်သရဖူဉာဏ် (စားလုံးပေါင်းသီးခံပါ) မှာတင် ရပ်သွားတယ် … ဒါပေမယ့် တကယ်တရားအားထုတ်ချင်ရင် ဆုပန်တာကို ပြန်ပြီးပယ်ဖျက်လို့ရတယ်လို့လဲ ကြားဖူးပါတယ် …
ဆူး
December 27, 2010 at 8:46 am
ဆုကြီး ပန်တာဘဲ ဖြစ်ဖြစ်.. ဆု သေး ပန်တာဘဲ ဖြစ်ဖြစ်.. ပန်ခဲ့တဲ့ ဆု.. တချိန်ချိန်မှာ ဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပန်ခဲ့တဲ့ ဆု မှန်သမျှ အဲဒီ ဆု ရဲ့ အကျိုးပေး ဟိတ် က တိတ်တဆိတ် ကပ်ပါလာခဲ့ပါတယ်။ ကိုယ်တိုင် သတိရလို့သော်လည်းကောင်း သတိမေ့လျော့နေလို့သော်လည်းကောင်း ရှိခဲ့ဘူးရင် အားထုတ်လျှင် တရားမရနိုင်ပါဘူး သမာဓိကတော့ အထွဋ် အထိပ် ရနိုင်ပါတယ်။ တရားအားထုတ်နေပြီ ဆိုရင်တော့ သတိမေ့လျော့နေတာ မရှိဘဲ ပြန်အမှတ်ရတတ်ပါတယ်။ ပါရမီ နုစဉ်မှာတော့ ဆုကို ပါယ်ဖျက်ပြီး နိဗ္ဗာန်ကို ဝင်နိုင်ပေမဲ့ ပါရမီ ရင့်သန်သူတွေကလည်း အလိုလို သိပါတယ် ပါရမီ အတိမ် အနက် ပေါ်မူတည်ပြီး အဲဒီ ဆုတောင်း အကျိုးပေး လိုက်တတ်တယ်။ ပါရမီ နုသူတွေကတော့ ဆုတောင်းကို ရပ်ပြီး အချိန်အခါ အကျိုးပေး တိုက်ဆိုင်တုန်း နိဗ္ဗာန်ကို မျက်မှောက် ပြုသင့်ပါတယ်။ ပါရမီ အကျိုးပေး ရင့်သန်သူကတော့ လမ်းတခုကို အဆုံးစွန်အထိ ဘယ်တော့မှ လက်မလျော့ဘဲ လျောက်ပါလိမ့်မယ်။ ဆုတောင်းနဲ့ ပတ်သတ်တာကတော့ ကိုယ့်ဟာကို သိပြီး ဆင်ခြင်တာ အကောင်းဆုံးပါဘဲ။
ဆူး
December 27, 2010 at 8:48 am
ဦးဇင်းကြီး ကျော်ဟိန်း မေးလျှောက်မှု နားထောင် ချက်အရကတော့ ဆုပန် မဟုတ်ပါဘူး။ သူ့ကိုယ်သူ တနေရာ တခု ရောက်လို့ ဘဝ ပြတ်တော့လေမလားလို့ ထင်နေတဲ့ လူ တယောက်ပါ။
koyinmaung
December 27, 2010 at 6:51 pm
ကိုကြောင်ကြီးဦးစုရရဲ့အသံဖိုင်လေးညွန်းပေးတာကျေးဇူးပါ..နားထောင်ပြီးသွားပါပြီကောင်းပါတယ်ကျေးဇူးတင်ပါတယ်။။
မိုက်ကယ်ဂျော်နီအောင်ပု
December 28, 2010 at 2:00 am
ဘာဘဲဖြစ်ဖြစ်
ကျွန်တော်တို ့အားလုံး အသက်ရှုခြင်းသတိကိုတော့မဖြစ်မနေ လုပ်သင့်တယ်
ဘုရားရှင်ကိုယ်တော်တိုင်ရဲ ့မဟာသတိပဋ္ဌာန်သုတ်တော်မှာ
ဆိတ်ငြိမ်ရာအရပ်မှာ ခါးကိုမတ် ဝင်ထွက်ရှု ဒါကိုဦးစွာပထမဟောတာဘဲ
ဘယ်လိုဘဲပြောပြောဗျာ
ဒီနေ ့ခေတ်ကြီးမှာက အချို ့သောပေါ့နော ကိုယ်လည်းပါခြင်ရင်ပါမှာဘဲလေ ပါတယ်ဘဲဝန်ခံပါတယ်
အထူးသဖြင့် အဘိဓမ္မာလို ့ခေါ်မလား ဒဿနလို ့ခေါ်မလား
ဓမ္မအတွေးအခေါ်နည်းနည်းပါးပါး တီးမိခေါက်မိလာရင် ဆင်ခြင်ဉာဏ်တစ်ချက်လေးနဲ ့ဘဲ
အာသဝေါကုန်ခြင်းကို ရသွားနိုင်သလိုလို ဘာလိုလို ပြောတတ် တွေးတတ်ကြတယ်ဂလားနော
ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်တောင်မှ သတ္တဝါပုဂ္ဂိုလ်ရဲ ့အိန္ဒြေ တည်ငြိမ်ခြင်းမှာမှ ဟောတာဘဲ
ဒါကြောင့် ဝင်သက်ထွက်သက်ရှုခြင်းကနေ သမာဓိအားကောင်းလာမယ် သမာဓိအားကောင်းလာခြင်းမှသည်
မိမိတို ့ဆည်းပူးလေ့လာမှတ်သားထားသည့် တရားတော်တို ့ကိုအကြောင်းပြုပြီး
စစ်မှန်သော ပညာဉာဏ်တို ့ရရှိသက်ဝင်လာမှာ မလွဲဧကန်ပင်ဖြစ်မှာပါနော
ဒါကြောင့်မို ့ဘာကြောင့်ရှုရှု
အနည်းနှင့်အများတော့ ဝင်သက်ထွက်သက်(တစ်ချို ့က ထွက်သက်ဝင်သက်ဆိုပြီးငြင်းကြပြန်ရော)
ကို ……………..
Thint Aye Yeik
February 8, 2017 at 4:31 pm
.လောလောဆယ် ဒီပိုစ့် ဖတ်ပြီး…ကိုယ့်ဉာဏ်လေးတစ်ထွာတစ်မိုက်လောက်နဲ့ တွေးလိုက်မိတာကတော့
ငါဖြင့်…. နှာခေါင်းတစ်ဖက် ပိတ်နေတဲ့လူတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နေတဲ့လူတွေထက်…
အသက်ရှူရတာ ပို ဖြောင့်ဖြူးနေသေးတာပဲ။ တယ်….ကံကောင်းတဲ့ ငါပါလား… ဆိုတာပဲ။
😆