စင်ကာပူ ကားမှတ်တိုင်က ဖြစ်ရပ်လေးတစ်ခု – written by မောင်ဝံသ
စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာ ၂၃ ဇွန် ၂၀၁ဝ နေ့ထုတ်မှာ
လူထုအာဘော် အတိုလေးတစ်ပုဒ် ဖတ်လို်က်ရတယ်။ ရေးသူက
စင်ကာပူလူမျိုးတစ်ယောက်ပါ။ သူက ဘတ်စ်ကားမှတ်တိုင်တစ်ခုမှာ
တန်းစီစောင့်နေရင်း ကြုံခဲ့ရတဲ့ မြင်ကွင်းလေးတစ်ခုအကြောင်း ရေးထားတာပါ။
အဖိုးတန်ဝတ်စုံဝတ်ထားတဲ့ အသက်ကြီးကြီး စင်ကာပူအမျိုးသားကြီးတစ်ယော
ကြိမ်းမောင်းတော့တာပဲတဲ့။ နောက်ဆုံးစကားကတော့ နင်တို့ အလကားလာရှုပ်နေတယ်။
ကိုယ့်တိုင်းပြည် ကိုယ်ပြန်လို့ ပြောတာဖြစ်တယ်တဲ့။ ဖိလစ်ပီနိုအမျိုးသမီးဟာ
ကလေးလေးချီပြီး တန်းစီတဲ့ထဲက ထွက်သွားရရှာတယ်တဲ့။
ပေးစာရေးသူက အော်ဟစ်ကြိမ်းမောင်းတဲ့ စင်ကာပူလူကြီးရဲ့ အပြုအမူဟာ ယဉ်ကျေးတဲ့
နိုင်ငံကြီးသား မပီသကြောင်း၊ ဖိလစ်ပီနိုတွေကတော့ စင်ကာပူသားတွေအပေါ်
အများကြီး ခံစားသွားကြမှာ ဖြစ်ကြောင်းရေးပြီး ရိုင်းပြတဲ့
စင်ကာပူသားတွေအတွက် သူက အားနာနေမိပုံကို ဖော်ပြခဲ့တယ်။ နိဂုံးချုပ်မှာ
သူရေးလိုက်ပုံက ဒဿနဆန်တယ်။ ဘယ်လိုလဲဆိုတော့ “ကျွန်တော်ပိုပြီး
စိတ်မကောင်းဖြစ်ရတာကတော့ ကလေးလေး ချီထားတဲ့ မိန်းမသားတစ်ယောက်ကို
အဲဒီလူကြီး တရားလက်လွတ် နိုင့်ထက်ကလူ ပြောဆိုနေတာကို ကျွန်တော်အပါအဝင်
မည်သူကမှ ဝင်ရောက်ဟန့်တားခြင်း မပြုခဲ့ကြတာဖြစ်တယ်။ ဝင်ရောက်ဟန့်တားဖို့
မဝံ့ရဲခဲ့ကြတာ ဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့ ရှက်မိပါတယ်” လို့
ရေးထားတာပဲဗျ။
အဲဒီပေးစာရှင်ရဲ့ စိတ်ထားလေးကို သဘောကျလွန်းလို့ ကျွန်တော်က စင်ကာပူမှာ
အလုပ်လုပ်နေတဲ့ သမီးဆီကို “ဂျီတော့” ပြောတဲ့အခါ ဒီအကြောင်း
ထည့်ပြောလိုက်တယ်။
သမီးက အဲဒီတော့မှ သူ့အနားမှာရှိတဲ့ သတင်းစာကို ပြန်ဖတ်ကြည့်ပြီး
ဘယ်လိုပြန်ပြောလဲဆိုတော့ အဲဒီ ပေးစာရေးသူဟာ စလုံးတစ်ယောက် ဖြစ်မယ်လို့
လုံးဝမထင်ဘူးတဲ့။ ကလေးလေးနဲ့ ဖိလစ်ပီနို အမျိုးသမီးက ပြန်ပြောလို့ သိရတဲ့
သူတို့လူမျိုး တစ်ယောက်သော်လည်းကောင်း၊ အဲဒီအချိန်က တန်းစီနေတဲ့ထဲမှာ
ရှိနေတဲ့ စလုံးမဟုတ်သူ တစ်ယောက်ယောက်သော်လည်းကောင်း ဖြစ်ရမယ်လို့ တစ်ထစ်ချပြောတယ်။ ဘာကြောင့်လဲဆိုတော့ သမီးရဲ့ အတွေ့အကြုံအရ အဲသလို နိုင်ငံခြားက
အလုပ်လာလုပ်နေသူတွေကို လူလူချင်း စာနာထောက်ထားတဲ့စိတ်နဲ့ ရှုမြင်တဲ့
စလုံးဆိုလို့ တစ်ယောက်မှ မတွေ့ဖူးလို့ပါပဲတဲ့။
သမီးပြောတာတွေရော၊ ကျွန်တော့်ကို်ယ်တွေ့ရော ပေါင်းစပ်ပြောရရင်ဖြင့်
စင်ကာပူအတော်များများဟာ မျက်နှာထားကိုက အပြောင်းအလဲများတာ တွေ့ရတယ်။
အရှေ့တောင်အာရှက သူတို့ဆီ အလုပ်လာလုပ်နေသူတွေကို ဆက်ဆံရာမှာ အလွန်မောက်မှာ
ရိုင်းပြတယ်။ ဥရောပတို့ အမေရိကန်တို့က လာပြီးအလုပ်လုပ်နေသူ
အဖြူတွေကိုကျတော့ ဖင်လျက်ဆားဖြူး လုပ်လိုက်ကြတာ လွန်ရောပဲ။
စင်ကာပူသားတွေ အခုဖြစ်နေပုံက လွန်ခဲ့တဲ့ နှစ် ၃ဝ ကျော်က ဂျပန်တွေနဲ့တူတယ်။
၁၉၇၆ ခုမှာ ကျွန်တော် ဂျပန်ကို လေ့လာရေးသွားခဲ့ဖူးတယ်။ ၁၉၇ရ မှာ
နောက်တစ်ခေါက် ထပ်ရောက်တယ်။
ကျွန်တော်ထိတွေ့ခဲ့ဖူးတဲ့ ဂျပန်တွေထဲက အများစုဟာ အမေရိကန်ကို
အရမ်းအထင်ကြီးတယ်။ ကျန်အာရှတိုက်သားတွေကို အထင်သေးတယ်။
ကိုရီးယားတွေကိုကျတော့ ချိုးချိုးနှိမ်နှိမ်ကို ဆက်ဆံတယ်။ (မကြာခင်
တောင်ကိုရီးယားက သူတို့ကို မယိုးမစွဲ လိုက်ယှဉ်လာတော့တာပါပဲ) ကျွန်တော်နဲ့
နည်းနည်းရင်းနှီးသွားတဲ့ ဂျပန်အရာရှိတစ်ယောက်ကို ခင်ဗျားရုပ်ရည်က
ရုတ်တရက်ကြည့်ရင် ကိုရီးယားလူမျိုးနဲ့ တူတယ်နော်။ ခင်ဗျားတို့က
နိုင်ငံချင်းကပ်နေသလောက် ရုပ်ချင်းလည်း ဆင်တယ်လို့ ပြောမိတာနဲ့
စိတ်ဆိုးသွားလိုက်တာ လန့်တောင်လန့်တယ်။ ဂျပန်တစ်ယောက်ကို ကိုရီးယားနဲ့
တူတယ်လို့ပြောတာ အဲဒီဂျပန်ကို မစင်ထုပ်နဲ့ ပေါက်သလိုပဲလို့ သူကပြောတယ်။
ကျွန်တော့်မှာ တောင်းပန်လိုက်ရတာ အာကိုပေါက်ရော။
စင်ကာပူတွေက ခုမှ နီပွန်တွေနောက်က လိုက်တာ။ ဒါပေမယ့် တူတော့မတူပါဘူး။
ဂျပန်က လူဦးရေ ၁၂ရ သန်းကျော်၊ စင်ကာပူက ၄ သန်းခွဲလောက်ပဲ ရှိတယ်။ ၁၉၆၅
ကျမှ စင်ကာပူဟာ တိုင်းရယ်ပြည်ရယ်လို့ ဖြစ်လာတာ၊ သို့ပေမယ့် ခေါင်းဆောင်
လီကွမ်ယူက အကွပ်အညှပ်ကောင်းလို့ စီးပွားတက်လာခဲ့တယ်။ စီးပွားရေး
ကောင်းလာတော့ အိမ်နီးချင်းတွေက အလုပ်လာလုပ်ကြတယ်။ ပထမတော့ သူတို့ဆီမှာ
ပရော်ဖက်ရှင်နယ်တွေ ရှားပါးလို့ နိုင်ငံခြားသားတွေကို ကြိုဆိုတယ်။
ပျော်အောင်ထားတယ်။ နောက်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံသားတွေကို ဘက်ကန်တယ်။ သူတို့ဆီမှာ မနေချင်အောင် စိတ်ညစ်အောင် လုပ်တယ်။ နောက်တော့ မနေနိုင်အောင် လုပ်လာကြတယ်။
သတင်းစာထဲမှာပါတဲ့ ပေးစာရေးသူဟာ စင်ကာပူမဖြစ်နိုင်ဘူးလို့ ကျွန်တော့်သမီးက
ယူဆတာက အဲဒီစာထဲပါတဲ့ အတွေးအခေါ်မျိုးဟာ စလုံးတွေအတွက်
မြင့်လွန်းနေလို့ပါတဲ့။ မိမိရှေ့မှာ မတော်မတရား ပြောဆိုပြုမူနေတာကို
မဟန့်တားဘဲ လက်ပိုက်ကြည့်နေရင် အဲသလို ကြည့်နေသူဟာလည်း အပြစ်မကင်းဘူးဆိုတဲ့
အယူအဆဟာ တကယ်ယဉ်ကျေးတဲ့ နိုင်ငံကြီးသားစိတ်ဓာတ် လူကြီးလူကောင်းစိတ်ဓာတ်
ဖြစ်တယ်လို့ နားလည်ထားကြတာကိုး။
စင်ကာပူမှာ ခုနဘတ်စ်ကားဂိတ်မှာ ဖိလစ်ပီနိုအမျိုးသမီး ခံလိုက်ရသလို
စော်ကားမော်ကား ဆက်ဆံခံရတဲ့ ဘဝတူတွေ အများကြီးပါ။ မြန်မာလူငယ်တွေကတော့
ချန်ဂီလေဆိပ် စရောက်ကတည်းက အဲသလိုမျိုးတွေ ဆက်ဆံခံရတာပါပဲလို့ ဆိုပါတယ်။
အဲဒီသတင်းမျိုးတွေကြားရင် ကျွန်တော်တို့ကတော့ ကိုယ့်ပြည်တွင်းမှာ
စင်ကာပူလို လုပ်ခလစာပေးနိုင်တဲ့ လုပ်ငန်းတွေ များများပေါ်လာပါစေလို့ပဲ
ဆုတောင်းတယ်။ ကျွန်တော်တို့ဆီမှာ ဘာလို့မဖြစ်နိုင်ရမှာလဲ။ မဝေးတော့တဲ့
ကာလအတွင်း မုချဖြစ်လာရမယ်လို့ပဲ ကြုံးဝါးနေမိပါတယ်။
7 comments
bigcat
August 21, 2010 at 2:58 am
ဆရာကြုံးဝါးသလို ရလာရမဲ့လုပ်ခလစာ ပိုက်ဆံငွေစက္ကူ တွေဟာ အဖဗိုလ်ချုပ်အောင်ဆန်းပုံတွေနဲ့ဖြစ်ပါစေလို့ ထပ်ဆင့်ဆန္ဒပြုလိုက်ပါတယ်။
cobra
August 21, 2010 at 4:42 am
ကိုယ့်နိုင်ငံလောက်မဆိုးသေးပါဘူး….
ဒီမှာဆိုအကုန်လုံးကိုကြောက်နေရတာလေ…
kai
August 21, 2010 at 7:46 am
တကယ်က …မြန်မာပြည်အခုစင်္ကာပူလိုနေရာရောက်ခဲ့ဘူးပါတယ်။ သူ့ခေတ်နဲ့သူ နှိုင်းယှဉ်အခြေအနေအရပေါ့။
အဲဒီတုံးက တခြားတိုင်းပြည်တွေကအလုပ်လာလုပ်ကြတဲ့၊ အလုပ်ကောင်းလို့လာအခြေချကြတဲ့ လူမျိုးခြားတွေကို မြန်မာတွေဆက်ဆံပုံတွေ ဆရာမောင်ဝံသ ပြန်စဉ်းစားစေချင်တာပါပဲ။ သူဆိုရင်တော့ မှီလိုက်မှာကိုး..။
အဲဒီတုံးက မလေးရှားဖြစ်နေတဲ့ အခုစင်္ကာပူကလူတွေလည်း မြန်မာပြည်ကျောင်းလာတက်။ အလုပ်လာလုပ်ကြတာပဲ။
ယိူးဒယားတွေ၊ အိန္ဒိယကလူတွေ။ နီပေါတွေ၊ ဂေါရခါးတွေ။ တရုတ်တွေ…စုံလို့…ပေါ့။
မြန်မာတွေ ဘယ်လိုဆက်ဆံခဲ့ကြသလဲ။ ဆက်ဆံနေသလဲ။ ဆက်ဆံနေဆဲလဲ..။
အဲ..ဥရောပက အဖြူတွေကိုကျတော့…ဟဲဟဲဟဲ..စဉ်းစားကြည့်သာနေပေရော့..။
သမိုင်းဘီးက တပါတ်ပြီးတပါတ်လည်ပါတယ်..။
သမိုင်းဘီးတပါတ်ပြန်လည်လာတဲ့အချိန်မှာ အဲဒီလိုမဖြစ်ဖို့..မြန်မာတွေ တော်တော်လုပ်ကြရဦးမယ်လေ…။
chitsayar
August 21, 2010 at 11:36 am
အပြုအမူဆိုတာ
ကောင်းသာ/ဆိုးသော စိတ်ရဲ ့အကြံစည်မှာ မူတည်တယ်ဆိုးလားဗျာ……………
intro
August 21, 2010 at 3:00 pm
ကျွန်တော်ထင်တာကတော့ လူ့စိတ်သဘောသဘာဝနဲ့ ဆိုင်မယ်ထင်တယ်… လူဆိုတာက (ကျွန်တော့်အမြင်ပေ့ါနော်) ကိုယ့်အတွက် အကျိုးအမြတ် ရနိုင်မယ့်လူကို ပိုပြီး ဦးစားပေးချင်တယ်… နေရာပေးချင်ကြတယ်… ကိုယ့်ကို မှီခိုအားထားနေရတဲ့ သူကိုတော့ နှိမ့်ချသလို (မတော်တဆပဲ ဖြစ်ဖြစ်) ဆက်ဆံတတ်ကြပါတယ်… အလုပ်ရှင်နဲ့ အလုပ်သမားလိုပေါ့… ကျွန်တော်တို့ နိုင်ငံမှာတောင် (တချို့အလုပ်တွေမှာ) အလုပ်ရှင်က အလုပ်သမားတွေကို ဆက်ဆံတာ ချေငံခြင်း မရှိကြပါဘူး… ချွင်းချက် အရမ်းတော်တဲ့ အလုပ်ရှင်တွေတော့ ရှိပါတယ်… သူတို့တွေက ဒါမျိုး တော့ မလုပ်ပါဘူး… များသောအားဖြင့် မြန်မာတွေ၊ ဖိလစ်ပိုင်တွေ၊ ယိုးဒယားတွေ၊ တစ်ခြားလူမျိုးတွေ စင်ကာပူကိုလာတယ်ဆိုတာ သူတို့ နိုင်ငံရဲ့ အနေအထားကို နှစ်သက်လို့၊ ဒီမှာကျောင်းတက်ရင်၊ အလုပ်လုပ်ရင်၊ ငါတို့ဆီမှာထက် (သက်ဆိုင်ရာနိုင်ငံများကိုဆိုလိုပါသည်) တိုးတက်နိုင်မယ်လို့ ထင်လို့ လာတာ၊ တစ်နည်းအားဖြင့် singapore Facility ကို ကြိုက်လို့လာတာ… ဥရောပ၊ အမေရိကန်တို့ကလို အဖြူတွေက (များသောအားဖြင့်) စင်ကာပူကို လာတယ်ဆိုတာ စင်ကာပူမှာ အောက်ခြေသိမ်း အလုပ်တွေ လုပ်ဖို့ လာတာ မဟုတ်ဘူး။ ရင်းနှီးမြုတ်နှံချင်လို့ပဲ ဖြစ်ဖြစ်၊ တစ်ခြား high business ကြောင့် ဖြစ်ဖြစ် အပျော်သဘောဖြစ်ဖြစ် လာကြတာများတယ်… အဲသည့်တော့ သူတို့ (စင်ကာပူနိုင်ငံသားတွေ) ဘက်က ကြည့်မယ်ဆိုရင် သူတို့အတွက် ပိုပြီး အကျိုးအမြတ်ရနိုင်တဲ့၊ သူတို့နိုင်ငံထက် အနေအထားတွေ သာတဲ့ လူတွေကို ဦးစားပေးမယ်၊ ကျွန်တော်တို့လို စလုံးကို အထင်ကြီးပြီး သူတို့အတွက် အလုပ်ပေးနေရတဲ့ လူတွေ၊ သူတို့နိုင်ငံလောက်တိုးတက်မှုမရှိဘူးလို့ အထင်ခံရတဲ့နိုင်ငံတွေဆီက လာတဲ့သူတွေ၊ low business သမားတွေကို (အများစုကိုပြောခြင်းပါ၊ အားလုံးကို မဆိုလိုပါ) တော့ အထင်သေးအမြင်သေး ဆက်ဆံနေကြတာ သိတ်တော့ မဆန်းပါဘူး… ဖြစ်နိုင်မယ်ဆိုရင်တော့ ကိုယ့်နိုင်ငံမှာပဲ ကိုယ်ချစ်တဲ့မိသားစုနဲ့ အတူတူ ကြီးပွားတိုးတက်အောင် နေနိုင်ကြရင် ပိုပြီး မကောင်းပေဘူးလား ဗျာ..
(ကျွန်တော့်အမြင်သာဖြစ်ပါသည်၊ မည်သူ့ကိုမှ ထိခိုက်ရန် မရည်ရွယ်ပါ)
mitesmith
August 21, 2010 at 11:55 pm
ဲမြန်မာပြည်က ထွက်တာနှင့် ဒီပြဿနာက သာမာန်လူတန်းစားတွေ ခံစားနေကြရတာပါ။
Patriot
August 24, 2010 at 4:45 pm
Yeah! i fully recommend that this guy wasn’t Singaporean mean ” author”. As per my experience in Singapore, they don’t have those kind of soft conscience to foreigner except those come form western countries. they always proud themselves but a lot of Singaporean who working in my company are so lazy and don’t want to take any high responsibilities. In real crisis situation, they push the jobs to foreigners and try to hide from difficulties.