လွမ်းစေသော နှင်းရယ်
လွမ်းစေသောနှင်းရယ်
အအေးရတက် ထွေးဖက်ကာထားပေမယ့်
တစက်စက်ကယ် ကြေ ွသူမို့ မေရယ်အဝေးရပ်ကမျှော်လင့်ပြီ
ပုလဲမျက်ရည် လွမ်းရက်ကယ်ရှည်ကြာညောင်း
မေ့မေတ္တာပြောင်းမသွားပေဘူး သိပ်ချစ်တာ သူသိပါစေ
ညလေဖွေးဖွေး မြူ လည်းဝေပြီ
အနမ်းလည်းပျယ် လွမ်းလျှက်ကွယ်မျှော်သူမို့
အချမ်းရယ်အဖော်ပြုရင်း
မှန်းဆကာ တမ်းတမိတယ်
လွမ်းစေသောနှင်းရယ်
ကာရံ ၁ရ ့၃ ့၂၀၁၄
8 comments
•*¨နန်းတော်ရာသူ •*¨
March 17, 2015 at 10:31 pm
နွေမှာနှင်းကဗျာနဲ့လွမ်းတာ အားပေးသွားပါတယ်
🙂
Alinsett@Maung Thura
March 18, 2015 at 12:57 am
ဟယ် မိရံရံ ညည်း ပျောက်နေလိုက်တာ
.နေနိုင်လိုက်တာအေ
ညည်းလိုပါပဲ ကျုပ်လည်း အမ်တီနှင်းတယောက်ကို သတိရတာပဲ
သူဂ ဖေ့ဘုတ်ပေါ်မှာပဲ ရှိနေပြီး ရွာထဲ မလာဖြစ်ဘူးကိုးအေ့
ညည်းနှယ်အေ
သုလော်ဒဂင်ဂျီး အုကျောက်စ်ကျတော့ မလွမ်းဘူး
လုပ်စမ်းဘာအေ ”လွမ်းဇေသော ကျောက်စ်”တို့ ဘာတို့
:k:
kai
March 18, 2015 at 5:19 am
နှင်းပိုလွမ်းပြီး.. နစ်သွားအောင်.. အောက်ကနေရာ.. ဘော့စတွန်ပို့လိုက်မှနဲ့တူတယ်..။
black chaw
March 18, 2015 at 8:32 am
ညလေဖွေးဖွေး မြူ လည်းဝေပြီ
ဆိုတဲ့ နေရာမှာ
ညလေ ဖွေးဖွေး မြူလည်းဝေးပြီ လို့ ရေးထားတယ်မှတ်ပါတယ်…။
အဲဒါမှ ကာရန်သင့်သွားမယ် မဟုတ်လား…။
သတ်ပုံမှားပြီး ဝေ မှာ ဝစ်စနှစ်လုံး ကျန်ခဲ့တာလား…။
ဒါမှမဟုတ် ညလေဖွေးဖွေး မြူလည်းဝေပြီ က အမှန်ပဲလား…။
အဲဒါလေး သိချင်လို့ ဝင်မေးဝင်ရေးသွားပါတယ်ခင်ဗျာ…။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
ကာရံ
March 18, 2015 at 11:37 am
ဝေဆာတာကိုဆိုလိုချင်တာပါ အဝေးရောက်တယ်လို့မဟုတ်ပါဘူး
မြူ များသက်ဆင်းလာတယ်လို့ပြောချင်တာ တစ်ခုခုလွဲများနေသလား ထောက်ပြလို့ဝမ်းသာပါတယ် ကျေးဇူး
black chaw
March 18, 2015 at 11:46 am
ထောက်ပြတာ မဟုတ်ရပါဘူးခင်ဗျ…။
တစ်ပုဒ်လုံး ကာရန်ညီအောင် ရေးခဲ့ပြီးမှ
အဲဒီနေရာလေးက မညီတော့
အရမ်းသိသာနေလို့ မေးမိတာပါခင်ဗျာ…။
ကဗျာလေး ခံစား ဖတ်ရှုသွားပါတယ်ခင်ဗျ…။
Kaung Kin Pyar
March 18, 2015 at 4:41 pm
ဝင်ရောက် ဖတ်ရှုအားပေးသွားပါတယ် ကာရံရေ….
နောက်လဲ ခုလို ကဗျာကောင်းလေးတွေ အများကြီး ရေးနိုင်ပါစေ…လို့…
ကာရံ
March 19, 2015 at 5:02 pm
ခုလိုအားပေးတာကျေးဇူးတင်ပါတယ်နောက်သတိထားပြီးရေးလိုက်မယ်နော် ခုလိုပြောပြတဲ့အတွက် ကြိုဆိုပါတယ် ပြန်မပြင်ချင်တော့လို့ ဒီတိုင်းလေးထားလိုက်တာပါ