နေဝန်းနီ ဓာတ်သေ ဆြာဖြစ်သွားခြင်း -၃
နေဝန်းနီ ဓာတ်သေ ဆြာဖြစ်သွားခြင်း -၃
ခရီးစဉ် စပြီ
မနက်အစောမနိုးတတ်တဲ့ နေဝန်းနီ မနက်အစောနိုးဖို့ ကြိုးစားရပြီ ။ ပထမဆုံး အတွေ့ အကြုံ အဆင်မှပြေပါ့မလား ။ စိတ်ကူးထဲ မှာ အစမ်းလုပ်ကြည့်ရတာအမော ။ ပထမဆုံးသွားရမဲ့ အုပ်စု နံမယ်က ” လက်ပန်” တဲ့ ။ ရုပ်ရှင်ဇာတ်ကား နံမယ်တော့ ဟုတ်ဖူးဗျ ။ မြို့နဲ ့ ဆယ့်လေးမိုင်လောက်ဝေးပါတယ် ။ အခုမှ မော်တော်ဆိုင်ကယ်တွေ ပေါလာလို့ သွားရေး လာရေး လွယ်ကူနေပေမဲ့ လွန်ခဲ့ နှစ်နှစ်ဆယ် လောက်က ဆယ်မိုင်ခရီးကို စက်ဘီးနဲ့ သွား လေးမိုင်ခရီးက ခြေလျင် သွားခဲ့ရတာပါ ။ သွားရမှာက ဒုဦးစီး ကိုသိန်းလွင်ဦးနဲ့ လက်ထောက်လဝက ဖြိုးဇော်ဦး နဲ့ နေဝန်းနီ ပြီးတော့ အုပ်ချုပ်ရေးမှူး စာရေးရယ် လေးယောက် ။ ချိန်းထားတဲ့ လက်ဖက်ရည်ဆိုင်ရောကာတော့ စာရေးကမရောက်သေး ။ ဖုန်းနဲ့ အတန်တန် လှမ်းခေါ်မှ ရောက်လာတယ် ။ ထွေအုပ်ရုံးမှာ တန်းစီနေရသေးဆိုပဲ ။ “မင်းတို့ရုံးကလည်း စစ်တပ်လိုပဲ တန်းစီရလား”ဆိုတော့ “အဲ့ထက်ဆိုးတယ် အကိုကြီးရေ “တဲ့ ။ နေဝန်းနီက အကြောင်းသိမို့ မသက်သာတဲ့ အပြုံးနဲ့ပဲ တုန့်ပြန်လိုက်ပါတယ် ။ ဗိုက်နာမှ ရေအိမ်လိုက်ရှာတတ်တဲ့ ဝန်ထမ်းတို့ထုံးစံ အတိုင်း ပြူးပြူးပြဲပြဲ ပလပ်စတစ်အိတ်ဝယ်တာတို့ ဖုန်းကဒ်ဘေလ်ထည့်တာတို့ ဘာညာ သာရကာ လုပ်ပြီးတဲ့နောက် ရှစ်နာရီကျော်ကျော်လောက်မှာ စထွက်ဖို့ ပြင်ပါတယ် ။
သွားရမှာက ၁၄ မိုင်ခရီး ။ သွားမှာက လေးယောက် ဆိုင်ကယ်က ၂စီး ။ ဆောင်းတွင်းပေမဲ့ မ်ိုးက အုံ့ပျက်ပျက် ။ လက်ဖက်ရည်ဆိုင်က မီးပွိုင့် ရှေ့တင်ဆိုတော့ မီးနီကိုစောင့်ပြီး ထွက်လာရသေးတယ် ။ မြောက်ဖက် သုံးလေးပြ လောက်ထွက်လိုက်တာနဲ့ မြို့ ဧရိယာ ဆုံးပြီး ဓာတ်ဆီဆိုင်တွေ တွေ့လာရတယ် ။ ခုတစ်လော ကျုပ်တို့ တပ်ကုန်းမှာရှောင်မလွတ်တာက ဓာတ်ဆီဆိုင်ရယ် ဘီယာဆိုင်ရယ် ကျူရှင်ဘော်ဒါ ဆိုင်းဘုတ်ရယ် ဆိုတာလိုပဲ ။ ပန့်ဆိုင်တစ်ခုမှာ ဆီဝင်ထည့်ပြီး ဆက်ထွက်လာတော့ ဘာမှမရှိတဲ့ ကုတင်တစ်ရာ ဆေးရုံ ။ အဲ့ကမှ စစ်တပ် ။ နေဝန်းနီက ဖြိုးဇော်ဦး ဆိုတဲ့ကောင်လေးနောက်က ။ ဆိုင်ကယ်က လေဆန်ပြန်မောင်းနေရတာ ဆိုတော့ အော်ပြောလဲ သဲသဲကွဲကွဲ မကြား ။ ခမရ ၁၀၉ ရှေ့လမ်းခွဲကနေ အနောက်ဖက်ဆင်းပြီး MRTV တို့ သကြားစက် တို့ကိုဖြတ်ပြီး ဆင်သေ ဆည်လက်တံမြောင်းတွေကနေတစ်ဆင့် ဆင့်တက်ကဲ သွားလို့ရတဲ့ လမ်းရှိတယ် ။ ဒါပေမဲ့ အလယ်ကျွန်း ဆိုတဲ့ ရွာအထိပဲ လမ်းကောင်းတယ် ။ ၁ဝမိုင် ။ နောက်လေးမိုင်ခရီးက မသေချာဘူး ။ အရင် လည်း အဲ့လေးမိုင်က လမ်းလျှောက်သွားရတာ ။ လှည်းလမ်းကြောင်း အတိုင်း တစ်မျှော်တစ်ခေါ် ။ ရှေ့ကကောင်ကလည်း ခေါ်မကြား အော်မကြား စောစောက လမ်းခွဲကျော်လာတယ် ။ နောက်တစ်လမ်းက ညောင်လွန့် ရွာကနေ အနောက် ခုနှစ်မိုင်ခရီး ။ အဲ့လမ်းက တောင်ကုန်းတွေကိုဖြတ်ဖောက်ထားတဲ့ လမ်း ။ မြေသားက ကျောက်စရစ် ဆန်လို့ လမ်းကတော့ မချောပါဘူး ။ အတက်အဆင်းများတာလေးတစ်ခုပါပဲ ။ စာရေးက ဒုဦးစီးကိုတင်ပြီး ယခင်လမ်းရိုးကလစ်ပီ ။ ဆိုင်ကယ် ၂စီးလေးသွားပါတယ် ။ တစ်လမ်းစီ ။ ဘာပဲပြောပြော လက်ပန်ဆိုတဲ့ ရွာရောက်တော့ မနက် ကိုးနာရီခွဲ ။
ရွာထုံးစံကတော့ ဘယ်ကဧည့်သည် ရောက်လာလာ လက်ဖက်ရည်ကြမ်းဝိုင်းက အဆင့်သင့် ။ ခုနောက်ပိုင်း ရယ်ဒီမိတ် အင်းစတန့်တွေ ပေါလာတော့ ထပ်တိုးလာတာက ကော်ဖီမစ် ကွေကာ ဘတ်ဒီ ကြိုက်ရာ ဖျော်သောက်လို့ရအောင် အထုပ်လိုက် ချပေးထားတယ် ။ နေဝန်းနီကတော့ ရောက်လေရာမှာ စူးစမ်းတတ်တဲ့ အကျင့်အတိုင်း ရေငုတ်လို့ ခေါ်တဲ့ လက်နဲ့ နှိပ်ရတဲ့ ရေတုံကင်နား သွားအကဲခပ်ရင်း ရေအိမ် အခြေအနေ အကဲကြည့်လိုက် ။ ဓာတ်သေ ရိုက်ဖို့ ရိုက်ကွင်းလဲရှာရင်းပေါ့ ။ စိတ်ကူးထဲကအတိုင်း နောက်ခံ ပိတ်စက ပါးနေတော့ နံရံ တစ်ခုခုမှာချိတ်ဆွဲမှရမှာ ။ အဲ့ဒိနေရာကလည်း အလင်းရောင် ကောင်းကောင်းရဖို့လိုတယ် ။ နေဝန်းနီ ရိုက်ကွင်းရှာလိုက်တော့ နှစ်နေရာ တွေ့ လိုက်တယ် ။ ပထမနေရာက အလင်းကောင်းကောင်းရနိုင်ပေမယ့် အိမ်ရဲ့လှေခါးနဲ့ နီးပြီး ဖြတ်သွားဖြတ်လာ လမ်းဖြစ်နေတယ် ။ ဒီတော့ ဒုတိယဦဂစားပေးနေရာသတ်မှတ်လိုက်ပြီး နောက်တစ်နေရာကိုရွေးလိုက်တယ် ။ အိမ်ခေါင်းရင်းဘက် ကနေရာ တစ်ခု ။ အိမ်နံရံကို နောက်ခံပိတ်စ ချိတ်ဆွဲလို့ အဆင်ပြေတယ် ။ မိုးကလည်း အုံ ့နေတာဆိုတော့ နေပူလာမှာလဲ စိုးရိမ်စရာမရှိဘူး ။ အိမ်နဲ့ လွတ်ကင်းနေတော့ အလင်းရောင်လဲ ကောင်းကောင်ရတယ် ။ မြေနေရာကလည်း ညီတယ် ။ အဲ့သဟာနဲ့ အိမ်နံရံကို နောက်ခံ ပိတ်စ ချိတ်လိုက်ပြီး စားပွဲ တစ်လုံးနဲ့ ထိုင်ခုံ ၂လုံး စီစဉ်ခိုင်းလိုက်တယ် ။ ရွာလူကြီးကတော့ လူစုနေတုန်း ။ ပြင်ဆင်စရာတွေ ပြင်ဆင်ပြီးတော့မှ အိ်မ်ရှင်လာချပေးတဲ့ ကော်ဖီ ခွက်နဲ့ ဆေးလိပ်တိုကို မီးညှိလိုက်ပြီး ဖုန်းကို ဖွင့်ကြည့်လိုက်တော့မှ ဟိုက်ရှာလပတ်ရည် လို့ အော်လိုက်မိတယ် ။ ဖုန်းမှာက အော်ရီဒူးနဲ့ တယ်လီနော ၂ ကတ်ထည့်ထားတာ ၂ကတ်လုံး လိုင်းမရှိ ။ မေးကြည့်တော့ MPT လည်း လိုင်းမတက်ပါတဲ့ခင်ဗျာ ။
နေဝန်းနီ
11 comments
ခင်ဇော်
March 17, 2015 at 9:17 pm
ဟယ်
အာ့မှ ဂွ
ဓာတ်ပုံရိုက်ဖို့ ဖုန်းးလိုင်းး လိုလို့လားးးး
:g:
naywoon ni
March 17, 2015 at 9:27 pm
ဖွဘုတ်လေး ဘာလေး ညာလေး သုံးလို့ ရမလား လို့ပါအေ ညည်းကလဲ လန့်လိုက်တာ 🙂
Kaung Kin Pyar
March 18, 2015 at 9:40 am
တကူးတကကို သွားရတဲ့ခရီးပဲ….။ အဲ့ဒီဘက်ကလူတွေရဲ့ နေထိုင်မှုပုံစံ၊ သက်မွေးဝမ်းကျောင်းအလုပ်တွေကရော ဘာတွေလုပ်ကြလဲ ဆြာနေ…။
naywoon ni
March 19, 2015 at 1:39 am
ဟုတ် အပိုင်း ၅ မှာတော့ ရွာဓလေ့ လေးတွေ ချည့်ဖြစ်သွားပြီး ဓာတ်သေ လည်း ထည့်ထားပါတယ် ။ အဲ့ပုံလေးတွေက ဖုန်းနဲ့ရိုက်ယူလာပြီး FB မှာ တင်ဖူးတယ် ။ နောက် ဖုန်းမင်မိုရီ ပြည့်သွားလို့ ဖျက်တဲ့ အထဲပါသွားတာနဲ့ ရှော့ကပ်ယူပြီးတင်ပေးလိုက်တာပါ ။ အဆင်ပြေလားတော့မသိ ဒီမှာတော့ ခုမှ တစ်ပုံပဲတွေရသေးတယ် ။
Alinsett@Maung Thura
March 18, 2015 at 3:40 pm
အဲ့ဒီဒေသတွေ မဆိုထားနဲ့
ရန်ကုန် တချို့နေရာတွေတောင် လိုင်းက မမိ
ဈေးဝယ်ဖို့ စင်တာတွေထဲရောက်လို့ မြေအောက်ထပ် ရောက်သွားရင် ဖုန်းသာ ပိတ်ထားတော့
ကျိန်ဆဲရပေါင်းလည်းများလို့ အာတောင်ပေါက်နေပြီ
အိုဘယ့် MPT
Kaung Kin Pyar
March 18, 2015 at 4:16 pm
ကျားးးးလားးးးးးးး ကျားးးး လားးးးးးး ကျားးးး လားးးးးးး ကျားးးးးရဲ့လားးးး
:k:
Mr. MarGa
March 19, 2015 at 11:05 am
ဖုန်းပွတ်နေကျ အကျင့်က ဖျောက်မရဘူးကိုး
ခုနောက်ပိုင်း ကျနော်တောင် နေရာတကာ ဖုန်းပွတ်တာကို ကြိုးစားဖျောက်နေရတယ်..
:k:
Mike
March 19, 2015 at 1:08 pm
.ဘာလိုင်းမှမမိတော့လည်း မနေတတ်မထိုင်တတ်ဖြစ်နေပေမပေါ့နော :k:
naywoon ni
March 19, 2015 at 1:14 pm
ဟုတ်ပါ့ မိုက်ရာ စောစောက လေးဆယ့်ငါးမိနစ်လောက် ရွာထဲဝင်နေရင်းနဲ့ ချက်ချင်းကြီးပျောက်သွားတာ ။ ဖေ့စ်ဘွတ်မှာ အကောင်း ။ ရွာထဲကသာ ပလော်ဗလံ ဖြစ်သွားတာ ဗျ
Shwe Ei
March 19, 2015 at 2:20 pm
…ဖုန်းလိုင်းလုံးဝမမိ
..လျှပ်စစ်မီးလုံးဝမလာ.
…လမ်းပမ်းဆက်သွယ်ရေးလုံးဝ စုတ်ပြတ်သတ်သော..ဒေသများ ပေါတဲ့..
..ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြန်တျန့်ပြည် 🙂
naywoon ni
March 19, 2015 at 7:51 pm
ကျန်သေးတယ် ရွှေအိရဲ့
ခြင်ကပေါ
ဘွက်ထူဖုန်ထ
ရေကရှား
အသံချဲ့စက်ဆူ
🙂 🙂