နေဝန်းနီ ဓာတ်သေ ဆြာဖြစ်သွားခြင်း -၄
နေဝန်းနီ ဓာတ်သေ ဆြာဖြစ်သွားခြင်း -၄
ဓာတ်သေတစ်ကယ်ရိုက်ပြီ
စိတ်ကူးနဲ့ ရိုက်လာတဲ့ ဓာတ်သေ တစ်ကယ်ရိုက်ဖြစ်ပါပြီ။ ဘယ်သူရိုက်မလဲ လာဟေ့ “ဒေါက် ဂွပ် ” ဆိုပြီး ရိုက်လို့ ရတာ မဟုတ်ဘူးဗျ။ မှတ်ပုံတင် လုပ်ဖို့ ဆိုတော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ရုံးလုပ်ထုံးလုပ်နည်းလေးတွေ ဖြည့်စရာ ရှိတဲ့ပုံစံလေးတွေဖြည့် ။ သူတို့လိုချင်တဲ့ ထောက်ခံစာလေးတွေ ပြည့်စုံအောင်လုပ်ရသေးတယ် ။ နေဝန်းနီက သူတို့ဆီက ပုံစံ အတွဲကြီးနဲ့ ထွက်လာမှ လက်ဗွေ နှိပ် ( လက်နှစ်ဘက် ဆယ်ချောင်းစလုံးနှိပ်ရတာ ။ ပုံစံက ၂ရွက် အခါနှစ်ဆယ် ) ပြီးမှ ဓာတ်သေရိုက် ။ လူနာမယ် ရွာနာမယ် ကင်မလာထဲက SD Card နံပါတ်ရေး မှတ် ။ အဲ့ဂလို ။ ကင်မလာထဲကနေ လူတစ်ယောက်ကို ဒဲ့ ကြည့်ရတာ ကိုက ခံစားမှု တစ်မျိုး ။ အရင်ရိုက်ဖူးတာက အရိုက်ခံရမဲ့သူက သူ့ကို ရိုက်မှန်းသိတာမဟုတ်ဘူး ။ ဖလက်ရှ် မီးပွင့်သွားမှ သူ့ကို ဓာတ်သေ ရိုက်မှန်းသိကြတာ ဆိုတော့ သိပ်ပြောစရာမလိုဘူး ။ ခုတော့ ကြည့်ဦး ဈေးဦးပေါက်တာက ကောင်မလေး တစ်ယောက်ဆိုတော့ ။ နောက်ခံကားရှေ့ ထိုင်ခုံလေးပေါ်မှာထိုင်နေတယ် ။ သူ့ကို ဓာတ်ပုံရိုက်မယ် ဆိုတာသိနေတယ် ။ ကင်မလာနဲ့ ချိန်ကြည့်တဲ့အခါ ……… သူဘယ်လိုမှ တည်မနေနိုင်ဘူး ။ ဘေးက စ, နေတာလည်းပါတာပေါ့ ။ အဲ့မေ့လို့ မှတ်ပုံတင် က လိုင်စင် ဓာတ်သေ တွေမှာက ကန့်သတ်ချက်တွေ ရှိတယ် ။
( မိန်းကလေးဆိုရင် ရှပ်အင်္ကျီ ကော်လံနဲ့ မရိုက်ရဘူးတဲ့ဗျ ။ ပြီးတော့ အနက်ပြောင် တီရှပ် စပို့ရှပ် မဖြစ်ရဘူး ။ ဆံထိုး ဆံညှပ် ဘီးဆံပတ် တပ်မထားရဘူး ။ သနပ်ခါးဗေဒါ ကွက်နဲ့ဆိုရင် အဖြူ အမဲ ရိုက်တာဖြစ်တဲ့ အတွက် ဓာတ်သေမှာ အကွက်ရာကြီးထင်နေမှာကြောင့် ဖျက်ခိုင်းရပါတယ် ။ ရိုးရိုးမိန်းမဝတ် အင်္ကျီ အပေါ်ဝတ် အနွေးထည် ထပ်ဝတ်မထားရ တဲ့ဗျာ ။ ဘယ်နဲ့လဲ ။ မှတ်ပုံတင် အတွက်လိုင်စင် ဓာတ် သေ အပြင်မှာ ရိုက်သွားရမှာဆိုရင် သိသွားအောင်လို့ပါ ။ ယောက်ျားလေးများကျတော့ ရှပ်ကော်လံ စတပ် ဖြစ်ရပါမယ် ။ စပို့ရှပ် တီရှပ် မရပါဘူး ။ အနွေးထည် ဝတ်ရိုက်လို့မရပါဘူး ။ နားမှာ ကပ်ထားတဲ့ နကပ်တွေဘာတွေပါရင် ဖြုတ်ခိုင်းရပါတယ် ။ ဒီစည်းကမ်းချက်တွေက ဘယ်သူ ချမှတ်ခဲ့မှန်းမသိပေမဲ့ အဲ့ ဒိစည်းကမ်းချက်တွေဘောင်ဝင်အောင် ရိုက်ပေးရသလို လူနဲ့ ကင်မလာ နံပါတ်လည်း မလွဲအောင်မှတ်ရပါတယ် ။ )
အဲ့စောစောက ကောင်မလေးက ဗေဒါကွက်လေးပါနေတာ မဖျက်ခိုင်းလိုက်မိဘူး ။ ပထမဆုံး အကြိမ်ရိုက်ရမှာ ဆိုတော့ မေ့တာပေါ့ဗျာ နော့ ။ သူအာရုံနဲနဲ ပြောင်းသွားအောင် သနပ်ခါး ဖျက်ခိုင်းလိုက်ဦးမယ်ပေါ့ ။ အနွေးထည် အကျႋီ လေးပါ ချွတ်ခိုင်းလိုက်တယ် ။ ဖုန်းထဲမှာ သူငယ်ချင်းတစ်ယောက်ထည့်ပေးလိုက်တဲ့ မူဗွီလေး တစ်ခုလိုပေါ့ ။ ” ဘယ်ဘက်နဲနဲ အိုးများသွားပြီ နဲနဲလေး အဲ့ ပြုံးပြုံးလေးနေ လှသွားဘီ ” ဆိုသလိုပေါ့ ။ ကင်မလာနဲ့ အထိ အတွေ့ မရှိတော့ ကင်မလာရှေ့မနေတတ်ဘူး ။ ခေါင်းစောင်နေတာ ။ မျက်လုံးက အောက်ကိုကြည့်နေတာ ။ နောက် လက်ပြင် ကုန်းနေတာ ။ အကုန်ပါးစပ်ကပြောပေးနေရတာ ။ အာ….. လက်နဲ့ သွားပြင်မပေးရဲပါဘူး ။ ” ရှေ့တည့်တည့်ကြည့် နှုတ်ခမ်းနဲနဲ စေ့ ။ ရိုက်ပြီ …..။ သွားပြီ ။ ကင်မလာ ခလုပ် အနှိပ် မီးအပွင့် မင်းသမီးက မျက်လုံးအမှိတ် ကွက်တိ ။ တစ်ကယ့် ကွက်တိပဲ ။ နောက်တစ်ခါပြန်ရိုက် ။ မီးအပွင့် မျက်လုံး အမှိတ် ။ မရတော့ဘူး သုံးကြိမ် မြောက်ကျတော့ မီးပိတ်ထားလိုက်တယ် ။ အသံတိုးတိုးလေးပဲ ထွက်လာပြီး မီးမပွင့်လို့ မီးအပွင့် မျက်လုံးမှိတ်ပြမလို့ ချောင်းနေတဲ့ မင်းသမီး ဘယ်ရမလဲ ။ ငါလဲ နေဝန်းနီ ကွ ဆိုပြီး ကင်မလာ ကို ခပ်တည်တည် ကိုင်ပြီး စားပွဲမှာထိုင် နာမယ်စာရင်း သွင်းနေတော့ အဖော်ပါလာတဲ့ အမေဖြစ်သူက
” ဆရာလေး ရပြီလား ”
နေဝန်းနီ ကလည်း ” ဟုတ် …. ရပါပြီ ” ဆိုပြီး စောစောက သူ့သမီး ဓာတ်သေ ဖွင့်ပြ ။ မျက်လုံးမှိတ်ရက် နှစ်ပုံ ။ ဖွင့်ရက် တစ်ပုံ ။ ရှေ့က နှစ်ပုံ ဒလိ လုပ် ။ ဓာသေ နံပါတ် မှတ်ပြီး ခေါင်း မော့ အကြည့် ရှေ့မှာ ရောက်နေတာက သုံးယောက် ။ ဆောင်းတွင်း မိုးအုံ့မှိုင်းမှိုင်း မှာ နေဝန်းနီ တို့ ချွေးတွေဘာတွေ ပြန်လို့ …….. ။
ရှေ့ရောက်နေတဲ့ သုံးယောက် အလှည့်ကျ လက်ဗွေနှိပ်ပေး ဓာတ်သေရိုက် မီးပိတ်ပြီးသားဆိုတော့ အိုကေပဲ ။ သူတ်ို့မျက်လုံး မှိတ်မပြကြတော့ဘူး ။ တစ်ခုခက်တာက လက်ဗွေနှိပ်တဲ့ အချိန်ကော ဓာတ်သေ ရိုက်တဲ့ အချိန်ပါ မတ်တပ်။ ဓာတ်သေ ရိုက်တဲ့ အချိန် ခါးက ကွေးရ ညွှတ်ရသေး ။ဒီကြားထဲ အဖျက်က ဝင်လာပြန် ။ တစ်မနက်လုံး မမြင်ရတဲ့ ဘာနုရာဇာက နေဝန်းနီရဲ့ နောက်ခံ ပိတ်စ ပေါ် ဟိုတစ်ကွက် ဒီတစ်ကွက် လာနှောက်ယှက်ပြီ ။ အဲ့ဒိတော့ ဘိုလုပ်မလဲ ။ အိမ်နံရံမှာ ချိတ်ထားတဲ့ ပိတ်စကိုဖြုတ် ။ အနားမှာထောင်ထားတဲ့ ဝါးကပ်တစ်ခုမှာ ညှပ် ။ အဲ့ ဝါးကပ်ကို ဝင်းနံရံ မှာ ကပ်ပြီးထောင်လိုက်တာပေါ့ ။ ဝါးကပ်အကျဲက အလင်းပေါက်လေး နဲနဲပါးပါးတော့ရှိတာပေါ့ ။ ဒီတစ်ခါကျတော့ ထိုင်ခုံမလိုတော့ဘူး ။ ဝါးကပ်က နဲနဲမြင့်သွားပီ ။ အဲ့တော့ အရိုက်ခံမဲ့သူနဲ့ ရိုက်မဲ့သူ ဖေ့စ်တူဖေ့စ် မတ်တပ်ကနေရိုက်လို့ရသွားပြီလေ။ ခါးညွှတ်စရာ မလိုတော့ဘူး ။ နောက်ကျပြီး ထွက်လာတဲ့ နေကိုတောင် ကျေးဇူးပဲလို့ပြောရမလို ။ အဲ့သလို အဲ့သလိုနဲ့ တစ်ယောက်ပြီး တစ်ယောက်ပြီး တစ်ယောက် ဓာတ်သေ ရိုက်လာလိုက်တာ လူနဲနဲအဆက်ပြတ်သွားလို့ လိုင်းမရှ်ိတဲ့ဖုန်းဖွင့်ပြီး နာရီ ကြည့်လိုက်တော့ နေ့လည်တစ်နာရီကျော်နေပြီ ။ ဟိုနှစ်ယောက်ရှေ့မှာ လူမပြတ်သေးဘူး ။ သူတို့နား မယောင်မလည်သွားကြည့် ။ ကျောင်းက ပေးလိုက်တဲ့ အသက်အထောက်အထား ထောက်ခံစာပေါ် အငြင်းပွားနေတာ အသာနားထောင်ရင်း ပြုံးမိ ။ အတွေးတစ်ခုဝင်လာတာနဲ့ ဝင်ပြောမိမှာစိုးလို့ စူပါကော်ဖီမစ် တစ်ထုပ်နဲ့ မတ်ခွက်ဆွဲပြီး အသာလေးပြန်လာခဲ့ရတယ် ။ နောက် အုပ်ချုပ်ရေးမှူးစာရေးက ရေနွေးဓာတ်ဗူး ဆွဲပြီးလိုက်လာတာနဲ့ နောက်တစ်ခေါက်တော့ပြန်သွားစရာ မလိုတော့ဘူး ဟဲ့ဆိုပြီး ကိုယ့်ဖာသာကို ကော်ဖီမစ်ဖျော်ပြီး ဆေးလိပ်လေးဖွာ ဆေးလိပ်မီးခိုးငွေ့တွေနောက်လိုက်ရင်း တစ်စုံတစ်ရာကို လိုက်ရှာနေမိတော့တယ် ။
နေဝန်းနီ
2015MAR 18
12:15AM
7 comments
ခင်ဇော်
March 18, 2015 at 7:49 am
ဟုတ်ကဲ့။
နောက် ဆို အကျဉ်းဦးစီးက ဓာတ်ပုံရိုက်ဖို့လို ရင် ခေါ်မယ်တဲ့ ဥနီ။
:kwi:
Kaung Kin Pyar
March 18, 2015 at 9:59 am
လိုင်စင် ဓာတ်သေတွေမှာ ကန့်သတ်ချက်တွေရှိတယ်….။ ဟုတ်ပါ့…။ ဒါပေမယ့်ပေါ့လေ…လိုင်စင်ဓာတ်ပုံမယ်…ခပ်တည်တည်နေနေတဲ့ပုံတွေထက်စာရင်….မျက်နှာချိုချိုနဲ့..ပေါ့ပေါ့ပါးပါး ပြုံးနေတဲ့ ပုံလေးတွေကို ပိုသဘောကျမိ….
လိုင်စင်ပုံတွေချည်းရိုက်ခဲ့တာလား ဆြာနေ….။ ရောက်တုန်းရောက်ခိုက် ကင်မလာလဲပါတာ…အနီးအပါး မရိုက်ခဲ့ဝူးလား…လို့..
ဥပမာ ထန်းတောနဲ့ နေလုံးကြီးတို့ ရေချိုးဆိပ်တို့ဘာတို့…
naywoon ni
March 19, 2015 at 1:42 am
ကင်မလာနဲ့ ရိုက်ပြီး အင်တာနက်ပေါ်တင်ဖို့ အဆင်မပြေလို့ပါ ။ အပိုင်း ၅ မှာတော့ ဖုန်းနဲ့ ရိုက်ထားတဲ့ပုံလေးထည့်ပေးလိုက်ပါတယ် ။ ထန်းတောထက် ပိုလှတဲ့ ပုံပေါ့ 🙂
Alinsett@Maung Thura
March 18, 2015 at 3:43 pm
ရှာလိုက်မိတဲ့ တစုံတရာကို
.တွေ့ပြီလား.
.တွေ့ မတွေ့ သိရဖို့ နောက်အပိုင်းမှာ ဆက်ဖတ်မယ်ဆြာရေ့
တောင်ပေါ်သား
March 18, 2015 at 3:54 pm
ကျုပ်မလည်း မှတ်ပုံတင်မရှိပဲ နေလာတာကြာပေါ့
လွန်ခဲ့တဲ့ ၅ နှစ်လောက်က မှတ်ပုံတင်ပျောက်လို့ သွားလုပ်တာ ၃ သောင်းတောင်းလို့ ပစ်ထားလိုက်ရော
ခရီးသွားရင် ရုံးကဒ် ၊ ရပ်ကွက်ထောက်ခံစာနဲ့ပဲ ဒိုးနေတာ
အခုတော့ မိုးပွင့် တဲ့
ကမာရွတ်ကို ဝင်မလာသေးဘူး
Mr. MarGa
March 19, 2015 at 11:08 am
ဝင်လာတဲ့ အတွေးကို စိတ်ဝင်စားနေသဗျ
:k:
naywoon ni
March 19, 2015 at 2:43 pm
ကျနော်တို့ ဗမာလူမျိုးတွေရဲ့ မွေးသက္ကရာဇ် မှတ်ပုံလေးတွေ ပတ်သက်ပြီး အတွေးဝင်လာတာပါဗျာ ။ မွေးသက္ကရာဇ် ဆိုလို့ မြန်မာသက္ကရာဇ်ပြက္ခဒိန်နဲ့ ခရစ်သက္ကရာဇ် ပြက္ခဒိန်အကြောင်းလေး မှတ်ထားတဲ့ မေးလ် Draft လေး ပြန်တွေ့တယ်ဗျာ ။ ဒီစီးရီးလေးပြီးရင် ဆက်ဆွဲရမလားလို့ 🙂