Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တနေ့ပြီးတနေ့ (၁၀) Day by Day (10)

Ma MaMarch 26, 20157min92419

ကာတွန်းပြက္ခဒိန်က ကာတွန်းတွေကြည့်ပြီး သဘောကျလို့ ရွာထဲမှာ ပြန်မျှဝေဖြစ်တယ်။

 

ကာတွန်းတွေကိုပဲ ကြည့်ဖြစ်နေတာနဲ့ ပြက္ခဒိန်ရဲ့ အနှစ်သာရတောင် ပျောက်သွားတယ်။

 

ဧပြီလအတွက်ကာတွန်းတွေ ရေးနေတာတောင် သင်္ကြန်အကြိုကဘယ်ရက်၊ နှစ်ဆန်းတစ်ရက်နေ့က ဘယ်ရက်ဆိုတာကို မသိဘူး။

 

ဒါနဲ့ပဲ အများသတိထားမိအောင် နိုင်ငံတကာရောက် ရွှေတွေလည်း သင်္ကြန်ပိတ်ရက်သိရအောင် ရေးအုံးမှပဲလို့ အတွေးပေါ်လာတယ်။

 

ဒီနှစ်သင်္ကြန်က…………..

ဧပြီလ ၁၃ရက်နေ့ တနင်္လာနေ့ သင်္ကြန်အကြိုနေ့

ဧပြီလ ၁၄ရက်နေ့ အင်္ဂ ါနေ့ သင်္ကြန်အကျနေ့

ဧပြီလ ၁၅ရက်နေ့ ဗုဒ္ဓဟူးနေ့ သင်္ကြန်အကြတ်နေ့

ဧပြီလ ၁၆ရက်နေ့ ကြာသပတေးနေ့ သင်္ကြန်အတက်နေ့

ဧပြီလ ၁ရရက်နေ့ သောကြာနေ့ နှစ်ဆန်းတစ်ရက်နေ့

တို့ ဖြစ်ပါတယ်။

 

ရုံးပိတ်ရက်သတ်မှတ်ချက်ကတော့

ဧပြီလ ၁၂ ရက်နေ့ တနင်္ဂနွေနေ့ကနေ ဧပြီလ ၂၁ရက် အင်္ဂါနေ့ထိဖြစ်ပါတယ်။

 

အခုပိုစ့်မှာ စရမယ့် ဧပြီလ ၁၆ရက်နေ့ဟာ သင်္ကြန်အတက်နေ့ဖြစ်ပါတယ်။

 

နှစ်တိုင်းပဲ သင်္ကြန်မရောက်ခင်မှာ သင်္ကြန်ရောက်မှာကို ကြိုပျော်ရ၊

သင်္ကြန်ရောက်တော့လည်း ကုန်ဆုံး(ပြီးဆုံး) သွားမှာကို နှမျောရနဲ့

 

သင်္ကြန်အတက်နေ့ဟာ နောက်တစ်နှစ်စောင့်ရအုံးမယ့် သင်္ကြန်အတွက်ပါပိုပြီး အပျော်တွေကဲတတ်ကြတဲ့နေ့ပါပဲ။

 

သင်္ကြန်အတက်နေ့ကို စိတ်နဲ့မှန်းပြီး ပျော်ပျော်ပါးပါးလေး စကြရအောင်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM03352[1]
ကာတွန်းအတွေးတွေကို ကြည့်လာတာလည်း များလာပြီမို့……..

မိုင်းဆက်တွေလည်း အတော်ရလောက်ကြပါပြီ။

 

မအောင်မြင်မှာကိုကြောက်ပြီး မလုပ်ပဲနေရင်

အောင်မြင်မှုက သူ့အလိုလိုသူ ရောက်မလာနိုင်ဘူးပေ့ါ။

 

အတွေးအခေါ်တွေက တစ်ခုနဲ့တစ်ခု ဆက်နေတယ်။

ဒီအတွေးကို ၂၅ရက်နေ့အတွေးက ဆက်ပေးပါလိမ့်မယ်။

…………………………………………………………………………………………………………………………………………………………………………….

 

CAM03353[1]

စစ်မှန်သောချီးမွမ်းစကား ဆိုတာကို သဘောကျတယ်။

စစ်မှန်သောချီးမွမ်းစကားက အကောင်းဘက်ကို ရှေ့တိုးလုပ်ဆောင်ဖို့ အင်အားပေးနိုင်တယ်။

 

သဂျီးတင်ထားတဲ့ပိုစ့်ဖြစ်တဲ့

International Women of Courage Awards 2015 ဆုရမေစံပယ်ဖြူ

 

လိုမျိုးပေ့ါ။ 🙂

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

CAM03354[1]

အခုလို ချီးမွမ်းဂုဏ်ပြုတာကို အဆင့်ဆင့် လက်ဆင့်ကမ်းအသိပေးနေကြတာကို မေစံပယ်ဖြူကိုယ်တိုင်လည်း ကြားသိမှာပါ။

 

အင်အားတွေလည်း ဆတိုးရရှိစေမှာပါ။

 

 

ကောင်းသောစိတ်ထား၊ ကောင်းသောလုပ်ရပ်များကြောင့်……….

ဂုဏ်ယူပါတယ်။

အောင်မြင်ပျော်ရွှင်ပါစေ မေစံပယ်ဖြူရေ။ 🙂

<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<

CAM03356[1]

အဲသလိုတွေကြောင့် ပညာရှိစကားလို့ ပြောကြတာ။

 

ဉာဏ်ပညာအမြှော်အမြင်ရှိလို့ ပညာရှိလို့ခေါ်တယ်။

ဉာဏ်ပညာအမြှော်အမြင်ရှိတော့ မှန်သော ကောင်းသော အကျိုးများသော စကားကိုသာပြောတယ်။

 

ဆင်ခြင်တုံတရားနည်းလို့ လူမိုက်လို့ခေါ်တယ်။

ဆင်ခြင်တုံတရားနည်းတော့ နှုတ်မစောင့်စည်းနိုင်ဘူး။

 

နှုတ်ကြောင့် ကြေ၊ လက်ကြောင့် သေ ဆိုသလို

နှုတ်ကို စောင့်စည်းဖို့ကလည်း အရေးကြီးပါတယ်။

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

 

CAM03357[1]ငွေဆိုတာ သုံးတတ်ရင် အကျိုးများပြီး

မသုံးတတ်ရင် အကျိုးမှားတတ်တယ်ဆိုတာ လူတိုင်းသိပြီးသားပါ။

လိုက်နာဖို့ခက်တာက တပိုင်းပေ့ါ။

 

ဒီနေရာမှာ ငွေရဲ့စွမ်းအားနဲ့ ဘဝတွေကို စောင့်ရှောက်ပါ ဆိုတဲ့စာကို ဖတ်ပြီး မီလျံနာ ဘီလ်ဂိတ်တို့ ဇနီးမောင်နှံကို မြင်ယောင်မိတယ်။ 🙂

//////////////////////////////////////////////////////////////////////////////////////////////////////////

CAM03358[1]

ဒေါသဖြစ်နေချိန်မှာ မှန်မှန်ကန်ကန် မစဉ်းစား မဆုံးဖြတ်နိုင်ဘူး။

ဒေါသကြောင့် ဘယ်လိုကောင်းကျိုးမှ မရနိုင်ဘူး။

 

ဒေါသကို ဘယ်လိုထိန်းနိုင်တယ်ဆိုတာ ၂၃ ရက်နေ့မှာ ဆက်ကြည့်ကြရအောင်။ :boss:

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

CAM03359[1]

ဘယ်လောက်ပဲဒေါသထွက်ထွက် ခွေးနဲ့ဖက်ကိုက်လို့တော့ မဖြစ်နိုင်ဘူးဆိုတာကို သတိပေးချင်တာ ထင်ပါရဲ့။ :kwi:

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

 

CAM03360[1]

ဒေါသထွက်တာကို ချုပ်တည်းဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်။ 🙁

 

ဒေါသထွက်ရင် တစ်ကနေ စရေပါဆိုတာ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

အဲဒီနည်းနဲ့မှမရရင် ဒေါသပြေစေတဲ့နောက်ထပ်နည်းလမ်းတစ်ခုလောက် ပေးချင်ပါတယ်။

 

စိတ်ဆိုးဒေါသထွက်နေတဲ့ပုံကို ဓာတ်ပုံရိုက်ပြီး ချိတ်ထားပါ။

 

နောင်ဒေါသထွက်တဲ့အခါမှာ အဲဒီပုံကို ပြန်ကြည့်ရင် ရီစရာသော်လည်းကောင်း၊

စိတ်ပြေစရာသော်လည်းကောင်း ဖြစ်နိုင်လိမ့်မယ် ထင်ပါတယ်။

 

မရတော့လည်း နောက်တစ်နည်းပြောင်းကြည့်ပေ့ါ။

 

ဘုရားဆေးပေးရရင်……..

မေတ္တာဘာဝနာပွားရင် ဒေါသထွက်ခဲတယ်၊ ပြေလွယ်တယ်လို့တော့ ကြားဖူးတာပဲ။

**************************************************************************************************

CAM03361[1]

မိမိကိုယ်ကို စိုးမိုးနိုင်ဖို့ဆိုတာ လွယ်မယောင်နဲ့ ခက်၊ တိမ်မယောင်နဲ့ နက်တဲ့ အလုပ်ကြီးပဲ။ :p:

 

ကိုယ်နဲ့ယှဉ်ပြီးပြောရရင် …

ကျန်းမာရေးနဲ့ ညီညွတ်အောင် အဆီအစိ်မ့်မစားနဲ့ဆိုလည်း မနေနိုင်၊

လေ့ကျင့်ခန်းလုပ်ပါဆိုတော့လည်း မလုပ်ချင်။ :byee:

 

လူတွေဟာ ကိုယ့်သေတွင်းကို ကိုယ်တိုင်ပဲ ဇွန်း ခက်ရင်း နဲ့တူးနေကြတယ်ဆိုတာကို သွားသတိရမိတယ်။ :s:

————————————————————————————————————————————

CAM03362[1]

အခု၂၅ ရက်နေ့ကာတွန်းက

၁၆ရက်နေ့ ကာတွန်းအတွေးရဲ့  နောက်ဆက်တွဲဖြစ်ပါတယ်။

 

ရှုံးနိမ့်ဖူးမှလည်း အောင်မြင်မှုကို ပိုပြီးတန်ဖိုးထားတတ်မယ် ထင်ပါတယ်။

><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><

 

CAM03363[1]

အောင်မြင်မှုကို လိုချင်ရင် ကြိုးစားမှုတော့ စို်က်ရမယ်ဆိုတဲ့သဘောပေ့ါ။

 

စိုင်းထီးဆိုင်သီချင်းတစ်ပုဒ်မှာ …………..

ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။

မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်…. ဆိုတဲ့ စာသားလေး သတိရမိတယ်။

 

သီချင်းရေးဆရာ စိုင်းခမ်းလိတ် ရေးတဲ့ သီချင်းတွေကို ကြိုက်တယ်။

 

ငယ်ငယ်ကြိုက်ခဲ့တဲ့ အကြောင်းပြချက်နဲ့

အခုအသက်အရွယ်ရောက်မှ ကြိုုက်ရတဲ့ အကြောင်းပြချက်ခြင်းတော့ ကွာသွားတယ်။ :a:

!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

 

CAM03365[1]

ပျော်ရွှင်မှုကို လူတိုင်း ရယူချင်ကြတယ်။

 

ဒါပေမယ့် ဒီရွာရဲ့လက်သုံးစကားဖြစ်တဲ့…………

ကိုယ်နဲ့တန်တာပဲ ရမယ်။

ကိုယ်စိုက်တာ ကိုယ်ရိတ်ရမယ် ပေ့ါ။

>>>>>>>>>>>>>>>>>>>>>>>>>><<<<<<<<<<<<<<<<<<<<<<<<<<<

 

CAM03366[1]

မအောင်မြင်မှု၊ ရှုံးနိမ့်မှုတွေကို အကြောင်းရင်း ရှာလိုက်ရင် ကိုယ့်ကိုကိုယ် သနားနေတတ်တဲ့ စိတ်က တရားခံပဲ။

 

ဒီနေရာမှာ ပျင်းလည်းပျင်း၊ ဖျင်းလည်းဖျင်းဆိုသလို

သနားတယ်ဆိုတာအပြင် ဇွဲလုံ့လမရှိတာကလည်း အပိုပါတတ်သေးတယ်။

:mrgreen:

//////////////////\\\\\\\\\\\\\\\\\//////////////////\\\\\\\\\\\\\\\\\\\\\\////////////

CAM03367[1]

ဒါကတော့ အထူးပြောဖို့လိုမယ်မထင်ပါဘူး။

စင်ကြယ်သော အတွေးအကြံ ဆိုတဲ့ စကားလုံးကတော့ အတော်လေးနက်နဲတယ်လို့ ထင်မိတယ်။

:chit:

 

ဤတွင် ဧပြီလအတွက် ပြီးပါပြီ။

<<>><<>><<>><<>><<>><<>><<>><<>><<>><<>><<>><<>><<>><<>><<>><<>><<

ခိုင်ဇာပေးတဲ့ ကွန်မန့်မှာ

ကိုယ်တိုင်လည်းးး ရေးးဖို့ တွေးးရတဲ့ အတွေးးးနဲ့

သိခဲ့တဲ့ အသိတွေကို ပြန် ဆင်ခြင်ရတာက
အမြတ်ပါ…

ဆိုသလိုပဲ ဒီပိုစ့်တွေ ရေးဖြစ်လို့ အတွေးတွေ အသိတွေ အများကြီးရလိုက်လို့ ရေးရကျိုးနပ်ပါတယ်။ 🙂

 

မတွေးမိတာ၊ မတွေးနိုင်တာတွေလည်း ရှိတာမို့ ကျေနပ်တယ်လို့တော့ မဆိုချင်ပါဘူး။ :cryy:

 

မာဃသိကြားမင်းက

ခေါင်းထဲကို အရမ်း ပြွတ်သိတ်ညပ်နေအောင်ရောက်လာသလိုပဲ

လို့ပြောပေမယ့်………………………..

 

ပိတ်ရက်တွေများတဲ့ ဧပြီလမှာ စာမရေးဖြစ်ပဲ

မေလကို အကြွေးတင်မှာစိုးလို့ ဆက်လက် ချီတက်ပါအုံးမည်။

 

သည်းခံခွှင့်လွှတ် ဖတ်ရှု့တော်မူကြပါကုန်လော့……….

 

သာ…. မင် (ခွက်ဒစ်တူ မလတ်) :mrgreenn:

19 comments

  • ခင်ဇော်

    March 26, 2015 at 5:34 pm

    ကျေးးကျေးး မမ
    တန်ဖိုးးရှိတဲ့ မျှဝေမှုမို့
    အချိန်တ်ိုင်းး မဆင်ခြင် မသုံးးသပ်နိုင်ရင်တောင်
    ဒီ စာကို ဖတ်နေ မြင်နေရတဲ့ အချိန်မှာ သတိဝင်တာမို့
    အကျိုးးရှိပါတယ်..
    :chit:

    • Ma Ma

      March 26, 2015 at 5:39 pm

      ဒီလိုအားပေးတဲ့ တွန်းအားတွေကြောင့်လည်း တနေ့ပြီးတနေ့ ဆက်နိုင်ခဲ့တာ။
      🙂

  • Alinsett@Maung Thura

    March 26, 2015 at 6:03 pm

    မိမိကိုယ်ကို တန်ခိုးအကြီးဆုံး ပုဂ္ဂိုလ်အဖြစ် ရှာတွေ့သွားတဲ့ ကြွက် သားအမိ ပုံပြင်တစ်ပုဒ်တောင်
    သတိရမိ

    :k:

    • Ma Ma

      March 26, 2015 at 8:41 pm

      အဲ့ပုံပြင်ထည့်ရေးလိုက်မိရင် အကောင်းသား။ 🙂

  • Mr. MarGa

    March 26, 2015 at 7:12 pm

    ဒေါသထွက်နေတုန်းမှာ
    ဓာတ်ပုံရိုက်ဖို့တော့ သတိရမယ် မထင်ဘူး :mrgreenn:
    ၂၄ရက်နေ့က စာသားက CAE ရဲ့ ဆောင်ပုဒ်လားလို့
    သိပ်တော့မသေချာဘူး ဟီးး

    • Ma Ma

      March 26, 2015 at 9:20 pm

      ကိုယ်တိုင်တော့ ဘယ်ရိုက်နိုင်ပါ့မလဲ ဖိုးသကြားရယ်။
      မိသားစုသော်လည်းကောင်း
      အရမ်းခင်တဲ့ (စိတ်မဆိုးလောက်တဲ့) သူငယ်ချင်းကသော်လည်းကောင်း ရိုက်ထားပေးဖို့ပြောတာ။

  • padonmar

    March 26, 2015 at 9:23 pm

    မအောင်မြင်မှာ ကြောက်လို့ အောင်မြင်မှုနဲ့ ဝေးနေတဲ့ထဲ ကိုယ်က ရှေ့ဆုံးက ထင်ပါရဲ့။
    ပြက္ခဒိန်ရက်စွဲ +အတွေး ၁ပုဒ်နဲ့ ၁ပုဒ်ကို
    ……………. ဖြစ်ဖြစ်
    xxxxxxxxxx ဖြစ်ဖြစ် မျဉ်းခြားပေးလိုက်ရင် ပိုရှင်းမလားလို့။

    • Ma Ma

      March 26, 2015 at 11:12 pm

      ကောင်းသားပဲ။
      ပြင်လိုက်ပြီ။ 🙂

      သို့သော် …………..
      အရစ်ရှည်ထားသေးသည်။ :k:

  • lu lu

    March 27, 2015 at 3:00 pm

    မအောင်မြင်မှစိုးလို ့ ခုချိန်ထိ ဘာမှ စ မလုပ် ဖြစ်သေးဘူး
    အဲ့ကြောင့် မအောင်မြင်နိုင်တော့ ထင်တယ်
    :buu:

    • Ma Ma

      March 27, 2015 at 10:37 pm

      ရှေ့က တနေ့ပြီးတနေ့တွေမှာ ရေးထားတာရှိတယ်။
      ရောက်တဲ့နေရာက စ ပါ။
      မပြီးခင်တော့ မဖြစ်နိုင်တဲ့ပုံပေါက်နေမှာပဲ ဆိုတာတွေလည်း ရှိသေးတယ်။
      အားမငယ်နဲ့ လုလု။ 🙂

  • တညင်သား

    March 27, 2015 at 11:29 pm

    ဒေါသထွက်နေလျှင် ဖေ့စဘုတ်ပေါ် တက်ဆဲပါ…. ပိုထွက်လာလျှင် ဆဲပြီးသားများ လိုက်လုပ်ပါ ( Like) ပိုပိုထွက်လာလျှင်ရှယ်ပါ(Share ) ..ဒါမှမရသေးရင် ပက်လက်လှန်ပြီး အပေါ်သို့ တံတွေးထွေးပါ……………….:hee:

    • Ma Ma

      March 28, 2015 at 6:32 am

      ကိုယ်တွေ့နည်းတွေလားးးးးး
      ပွဲတွေ့နည်းတွေလားးးးး တညင်သားးးးး :k:

  • Kaung Kin Pyar

    March 28, 2015 at 10:47 am

    ဒေါသဟူသည်…ရူးသွပ်မှုနှင့်စ၍ နောင်တနှင့် ဆုံးသည်…။
    :p:

  • uncle gyi

    March 29, 2015 at 9:53 pm

    ငွေရဲ့စွမ်းအားနဲ့ဘဝတွေကိုစောင့်ရှောက်ပါ

    အစိုးရကတော့ဆင်းရဲသားပပျောက်ရေးဆိုပြီး
    ငွေတွေအတင်းလိုက်ချေးပေးပြီးစောင့်ရှောက်နေတာပဲ
    မမ ရဲ့

    • Ma Ma

      March 30, 2015 at 7:40 am

      ခုရက်ထဲ မန်းလေးမှာ သတ္တာသတ္တဌာန ဆောက်လှူတာ စကိုင်းနက်မှာ live လွှင့်လို့ ကြည့်လိုက်ရတယ်။
      သိန်းပေါင်းငါးသောင်း လှူတယ်တဲ့။ (အသေအချာတော့ မသိဘူး)
      နည်းနည်းနောနော ငွေပမာဏ မဟုတ်ဘူး။
      ပညာရေး ကျန်းမာရေး လမ်းပမ်းဆက်သွယ်ရေးလို နေရာတွေမှာ လှူလိုက်ရင် ဘယ်လောက်များ အကျိုးများလိုက်မလဲလို့ ကြားထဲက မဆီမဆိုင်နှမျောမိတယ်။ :p:
      (သဂျီးဦးဏှောက်ဆေးတာပဲ ခံထားရလို့လား မသိဘူး။ :kwi:

      • kai

        March 30, 2015 at 2:58 pm

        ပိူက်ဆံကိုနှမျောတာထက်.. စိတ်ဓာတ်တွေကိုနှမျောမိတာပိုပါတယ်..။
        အင်း..
        ဒီလို”ဘက”ပညာရေးနဲ့တော့.. ဘယ်အစိုးရတက်တက်.. မြန်မာပြည်အနာဂါတ်မဲမဲပိတ်မှောင်လာတာချည်း… မြင်ရလိမ့်…။

        • pooch

          April 1, 2015 at 4:18 pm

          အမလေး သူကြီး ပြောမှ ပြောပါ့မလားလို့ စိတ်ပူနေတာ
          ဘကတွေနဲ့ ဘယ်လိုရန်ညှိုးရှိခဲ့တယ် မသိဘူး :loll:

          လောလောဆယ်တော့ အတွေးတွေက မစင်ကြယ်နိုင်ဘူး ရောင်စုံသူပုန်ထနေတယ်
          ထွက်ပေါက်ရအောင် ထိုင်စောင့်မနေနဲ့ဆိုလို့
          ဘယ်ကိုကျော်တက်ရမလဲ စဉ်းစားနေတာ :mrgreenn:

          ဆက်ရေးပါ မမ စောင့်ဖတ်နေပါတယ်

  • Ma Ei

    March 30, 2015 at 1:06 pm

    ပျော်ရွှင်မှုသည် ဘဝ၏ ရယူနိုင်သောဆုလာဒ် ဆိုတာကိုတော့
    များကြီးလိုချင်ပါတယ်….

    • Ma Ma

      March 30, 2015 at 3:13 pm

      စေတနာကောင်းလို့ များကြီးရပါစေ/ရမှာပါ မအိရေ။ 🙂

Leave a Reply