တနေ့ပြီးတနေ့ (၉) Day by Day (9)
မြန်မာ့နှစ်သစ်ကူးလဖြစ်တဲ့ ဧပြီလမှာ ပိတ်ရက်တွေများတော့……………….
ခရီးသွားသူသွား၊
ရိပ်သာသွားသူသွားနဲ့
သူသူကိုယ်ကိုယ် နေ့စဉ်လုပ်နေကျ ပုံစံခွက်ထဲက လွတ်လပ်ရေးရကြတဲ့လ ဖြစ်ပါတယ်။ 🙂
ကိုယ်တိုင်လည်း ဧပြီလဆို အွန်လိုင်းတက်ချိန်/ရက် နည်းလို့
မတ်လထဲမှာပဲ အကြွေးရှင်းတဲ့အနေနဲ့ ဧပြီလအတွက် ကြိုတင်ပြီး အားထုတ်ရေးသားလိုက်ပါတယ်။
မနာလိုကင်း ဝန်တိုရှင်း
လက်ငင်းချမ်းသာရလိမ့်မည်…. လို့ မဟာစည်ဆရာတော်ကြီးက ဆုံးမဩဝါဒပေးပါတယ်။ 🙂
ဟိုးအရင်က တော်ဝင်နှင်းဆီခြံကို ရောက်သွားရင် အဲဒီက နှင်းဆီပန်းအိုးတွေ လိုက်ကြည့်ပြီး သိပ်သဘောကျတာ။
အဲဒါနဲ့ပဲ အဲဒီကပန်းအိုးတွေဝယ်ပြီးစိုက်ဖြစ်တယ်။
စိုက်ပျိုးရေးအသိပညာနဲ့အလှမ်းဝေးတော့ အပင်ကို မပြုစုတတ်၊
မပြုစုတတ်တော့ ပန်းကမပွင့်၊
ပန်းလေးတစ်ပွင့်လောက်ပွင့်ပြီဆိုရင် မခူးရက်၊ မပန်ရက်နဲ့ သွားသွားကြည့်ရတာ၊ ဓာတ်ပုံရိုက်ရတာ အမော။
အဲဒါကိုမြင်ပြင်းကပ်တဲ့ အိမ်ကမိသားစုတွေက ဈေးမှာသွားဝယ်ရင် တစ်ပွင့် ၅ဝ ပဲ ပေးရတယ် တဲ့။
ဒါပေမယ့် ကိုယ်စိုက်ပျိုးလု့ိပွင့်လာတဲ့ပန်းနဲ့ ဈေးကဝယ်လာတဲ့ပန်း တန်ဖိုးချင်းကွာတာ ကိုယ်တိုင်ပဲသိတယ်။
ကိုယ့်လုပ်ဆောင်ချက် အောင်မြင်တယ်ဆိုတဲ့ ပီတိဟာ စိတ်ရောကိုယ်ပါ ကြံ့ခိုင်မှု၊ သန်မာမှုကို ပေးစွမ်းနိုင်တယ်။
ခေါင်းဆောင်ရဲ့ စွမ်းအားကိုသိပြီး တန်ဖိုးထားတတ်ဖို့ သတိတစ်ချက်ရစေပါတယ်။
မျှော်လင့်ချက်ရှိနေသူဆိုတာနဲ့ ချုပ်ထားလေတော့…….
အဲဒီမျှော်လင့်ချက် ရှိနေသူဆိုတာကိုပဲ ဒက်ဖနေးရှင်း အမျိုးမျိုးဖွင့်ရလိမ့်အုံးမယ် ထင်တယ်။ :a:
လူအများရှေ့မှာ စကားပြောဖို့ ကြုံလာမယ်ဆိုရင် ကြိုတင်ပြင်ဆင်တာ၊ အနှစ်ထုတ် ရေးသားထားတာတွေ လုပ်သင့်တာပေ့ါ။
လူငယ်တွေကို ပြုစုပျိုးထောင်တဲ့အခါ ခေါင်းဆောင်ရဲ့အရည်အချင်းတစ်ခုဖြစ်တဲ့ လူရှေ့ထွက်ပြောတတ်/နိုင်အောင် အလေ့အကျင့်လုပ်ပေးထားသင့်တယ်။
စင်္ကာပူမှာ မူလတန်း အလယ်တန်းကျောင်းတက်တဲ့ ကျောင်းသားတွေကို အဲလိုပြောခိုင်းလေ့ရှိလို့
အိမ်ကမှန်ရှေ့ရပ်ပြီး စကားပြောကျင့်ကြတာကိုကြည့်ပြီး အတော်သဘောကျမိတယ်။
အလုပ်ကြီးလို့ စိတ်ပျက်နေမယ့်အစား၊
ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်ပါ့မလားလို့ အားငယ်နေမယ့်အစား၊
တစ်ခုချင်း တစ်စိတ်တစ်ပိုင်းချင်း လုပ်သွားရင် ပြီးမြောက်အောင်မြင်နိုင်ပါတယ်။ 🙂
ရလာဒ်အတွက် ကြိုတင်စဉ်းစား။
ကြိုမစဉ်းစားပဲ အချိန်လွန်မှ နှောင်းနောင်တမရရလေအောင်……….
ပြင်ဆင်ခြင်းသည် အချိန်စီမံခန့်ခွဲခြင်း။
လူတိုင်း အပိုအလိုမရှိ တစ်နေ့ကို ၂၄ နာရီပဲ ရကြပါတယ်။
အညီအမျှရတဲ့ တစ်နေ့မှာရှိတဲ့၂၄ နာရီကိုပဲ စနစ်တကျစီမံခန့်ခွဲ အသုံးချတတ်ဖို့ ကြိုးစားကြရပါမယ်။
ဒီမှာလည်း ပေးချင်တဲ့မက်ဆေ့ချ်ကို ချက်ပြုတ်ကြော်လှော်တာနဲ့ နှိုင်းယှဉ်ပြတဲ့ ဆရာအော်ပီကျယ်ရဲ့အတွေးကို နှစ်ခြိုက်မိပါတယ်။
မပြီးခင်တော့ မဖြစ်နိုင်မယ့်ပုံပေါက်နေမှာပဲ လို့ဆိုတာရဲ့ အဆက်အနွယ်လို့ပဲ ပြောချင်ပါတယ်။
ဒီနေရာမှာတော့ စိတ်ဓာတ်ခိုင်မာမှုရှိဖို့ကို ပိုပြီး အားပေးချင်ဟန်တူပါတယ်။ 🙂
ကိုယ်နဲ့တန်တာပဲ ရမယ်၊
ကိုယ်စိုက်တာ ကိုယ်ရိတ်ရမယ် လို့ နားလည်လိုက်မိပါတယ်။
များများလက်ခံနိုင်အောင် များများကြိုးစားရမယ်ပေ့ါ။ 🙂
တည်ကြည်မှု၊ ရိုးသားမှု၊ ခိုင်မာမှု၊ ဂုဏ်သိက္ခာရှိမှု တို့ဆိုတာတွေက…….
ခေါင်းဆောင် ဆိုတာနဲ့ ခေါင်းဆောင်ကောင်း ဆိုတာကို စည်းခြားပေးလိုက်တာလု့ိ ထင်ပါတယ်။
ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားတယ်ဆိုကတည်းက မဟုတ်တာ၊ မမှန်တာ မပြု ဖြစ်၊ မပြောဖြစ်၊ မလုပ်ဖြစ်တော့ဘူး။
အဲဒါကပဲ အောင်မြင်မှုကို ဆွဲခေါ်ပေးသွားနိုင်လို့ အခြေခံအုတ်မြစ်ချထားဖို့ လိုပါတယ်။ 🙂
မူလတန်းဖတ်စာမှာတုန်းက ဦးခေါင်း၃လုံးရှိသူကို ဆည်းကပ်ပါ (အတိအကျ မှန်ချင်မှမှန်မယ်။)
ဆိုတာကို သွားသတိရမိတယ်။
ရီစရာပြောရရင် ……..
အကြားအမြင် ဗဟုသုတသည် တန်ခိုး ဆိုတာကို ဖတ်ပြီး
အကြားအမြင် ဟောသည် ဆိုတဲ့ ဆရာ/မတွေကို မြင်ယောင်မိသွားတယ်။ :a:
ငါမအိုသေးဘူးလို့ ထင်တားတာ ဒီကာတွန်းနဲ့တွေ့မှ သွားတာပဲ။ :a:
တစ်နေ့ပြီးတစ်နေ့ပိုစ့်တွေကို စပြီးရေးတုန်းက ရေးနိုင်ပါ့မလားလို့ တွေးမိတယ်။
ရေးရင်းနဲ့ ပြီးအောင်ရေးမယ်လို့ ကြိုးစားမိတယ်။
ကြိုးစားရေးရင်းနဲ့ ငါရေးနေတာ အကျိုးရှိရဲ့လား၊
ကိုယ့်အချိန် သူများအချိန်ကိုဖြုန်းပြီး သဂျီးအိတ်ကပ်ထဲက ဒေါ်လှနှိုက်ယူနေတာများလားဆိုတဲ့
နောင်တတွေ သံဝေဂတွေ ဖြစ်လာတယ်။ 🙄
ဆက်ပဲရေးရမလား၊ ရပ်ပဲပစ်ရမလားလို့ တွေးမိတာလည်း အကြိမ်ကြိမ်။
အော်…….ငါ အတော် အိုနေပါပြီကော။ :b:
ကောင်းတာလုပ်ရင် ကောင်းကျိုးရတယ်လို့ ဆိုလိုချင်ပါတယ်။
ဒီတစ်ခေါက်ပိုစ့်မှာ ဒီကာတွန်းကို အကြိုက်ဆုံးပါပဲ။
ဆင်းဆင်းရဲရဲနဲ့မွေးလာတာ အပြစ်မဟုတ်။
ဆင်းဆင်းရဲရဲနဲ့ သေသွားတာကမှ အပြစ်
လို့ ဖတ်ဖူးတယ်။
ဆင်းရဲကြောင်းဆိုတာကို သံသရာကလွတ်ကြောင်းအထိလို့ ချဲ့တွေးမိတယ်။
လွတ်မြောက်အောင် အားမထုတ်တာ၊
လွတ်မြောက်ချင်စိတ်မရှိတာက ပိုလို့သာ ဆိုးပါတယ်။
အရင်တုန်းကတော့ ပုံတစ်ပုံကို စာအများကြီး မဖြစ်အောင် တတ်နိုင်သမျှ ထိန်းပြီးရေးတယ်။
ခုတော့ သဂျီးမင်းခွင့်ပုချက်နဲ့ :kwi: စာများလည်း များပါစေဆိုပြီး ရေးမိလိုက်ပြီ။
သည်းခံခွင့်လွှတ်ဖတ်ရှု့တော်မူကြပါ ရွာသူားအပေါင်းသူတော်ကောင်းတို့။ :k:
(ခွက်ဒစ်တူ ကိုဘလက်)
12 comments
Alinsett@Maung Thura
March 22, 2015 at 2:04 pm
.ပြီးမြောက်အောင် အားထုတ်ပြီးလို့ ရတဲ့ပီတိ
ဟုတ်တယ် ဘာနဲ့မှ မတူပါဘူး
ကျနော်တို့ စာတပုဒ် ကဗျာတပုဒ်ရေးပြီးလို့ အထပ်ထပ် ပြန်ချောပြီး အချောထည်ထွက်လာပြီဆိုရင်
အဲ့ဒီ ကဗျာ/စာကို ဖတ်ပြီးရင်း ပြန်ဖတ်ရင်းပေါ့
.ကြည့်မဝ ရှုမဝနဲ့
ပန်းစိုက်သမားလည်း အဲ့လို ပီတိမျိုးနဲ့နေမှာပေါ့
😆
မြစပဲရိုး
March 22, 2015 at 2:53 pm
တာဝန်ကျေသူ ချစ်မမ ။ ကြို ပြီး ဖတ်ခွင့်ပေးထားလို့ ကျေးဇူးပါ။ :))
၂ ရက် နေ့ ကို ကြိုက် ပေါ့။
ယမင်းရုပ် မှန်းထု ပြီး သွားကြားထိုးတံ ဖြစ်တောင် ဂုဏ်ယူသင့်ပါတယ်။
၃ ရက်မြောက် – ကြောင်ကြောင် အရေးလုပ်ဖတ်ရန်။
အပြစ်တင်တာလဲ တင်ပါလေ။
စု ရဲ့ ကောင်းကွက်တွေ ကိုရော ချကြည့်ဘူးလား။ ယုံပါတယ်။ ချကြည့် ဘူးမယ်လို့။
တိုင်းတာဘူးမယ်လို့။
၉ ရက် ကို ကျွန်မ တွေးမိတာ တော့ မြင့်မြင့် မှန်း ရင် မြင့် တာ ရမယ်။
နိမ့်ပြီး မှန်း ရင် နိမ့် တဲ့ အတိုင်း ဘဲ ရမယ်။
တကယ်တော့ အဲဒီ ပုံ ကအမှန်ပါဘဲ။
“LUCK” ဆို တဲ့ စာလုံး ကို ဖျောက်ထားခဲ့ရင်ပေါ့။
၁၁ ရက်မှာ တော့ တစ်ချို့ လူ တွေ က ကိုယ့်ကိုယ်ကို စိန် ရွှေ ငွေကြေး တွေ ဆင်ပြီး လေးစား ကြဖို့ ကြိုးစားနေကြတယ်။
တကယ်တော့ အဲဒီ မှာတင် အလွဲ ကြီး လွဲ နေတော့ တာ ကို သူတို့ မသိနိုင်ကြတော့ဘူး။
အဲဒီ နောက်မှာ လူသားဆန်တဲ့ မြင့်မြတ် တဲ့ ကိုယ်ကျင့်တရား တွေ ပျောက်ကုန်တာ။
၁၄ ရက်မှာ ကလေး တွေ ကိုတော့ တစ်ချိန်လုံး ချီးမွန်းခန်း ဖွင့် နေလို့ မရဘူး တဲ့။
အချီးမွမ်းလွန် ရင် Over power ဖြစ်ပြီး သူတို့ ကိုယ် သူတို့ perfect လို့ မြင်သွားတတ်ကြလို့ တဲ့။
သများ ပြောတာ ဝုတ်ဘူး။ ကလေး ဆိုက်ကို တွေ ပြောတာ။
တကယ်တော့ သူတို့ချင်းလဲ ဒီဘိတ် တွေနဲ့။
ဘာဘဲ ဖြစ်ဖြစ် ကိုယ်နဲ့ တည့်တဲ့ ဆေး ကို ယူသုံး ဖို့ က ကိုယ့်တာဝန်ပေါ့။
၁၅ ရက် မှာ နိုင်ငံတကာ လှည့်ပြီး ဆင်းရဲကြောင်း ဝန်ခံ ရင်တော့ အကြွေးလျှော် ပေးကြတယ်။
ကျန်တာတော့ ပြောတော့ဝူး။
lol:-))))
Mike
March 23, 2015 at 11:14 am
.“ဆင်းရဲကြောင်းဝန်ခံတာရှက်စရာမဟုတ်၊ လွတ်မြောက်အောင်အားမထုတ်တာရှက်စရာ”
.အစိုးရမင်းများကတော့ ဘယ်လိုအားထုတ်ရမှန်းကိုမသိတာပါ…ရှိတာတွေထုတ်ရောင်း၊ .ကုန်တော့သူများဆီကချေး…ဒါပဲတတ်ရှာတယ် :boss:
pooch
March 23, 2015 at 1:29 pm
အိပ်မက်ကို နောင်တနဲ့ သံဝေဂ အစားထိုးလာရင် အိုပြီတဲ့
ဘိုလုပ်ရမှာလဲ
ဒီရက်ပိုင်း ဘာမှန်းမသိတဲ့ stress တွေရနေတယ်
မူစယ်ဖက်လမ်းတွေသိပ် မလုံခြုံတော့ဘူးဆိုတဲ့ သတင်းကြားလို့ အတွင်းထဲထိ ကိုယ်သွားမဲ့ခရီးရှည်ကြီးအတွက် တွေနေတာ
လေယာဉ်နဲ့ဆို ရန်ကုန်လာစီးရမယ် ဗီဇာကလည်းကိုယ်လိုချင်တဲ့ ရက်ရဖို့ သိပ်မသေချာတဲ့
စိတ်ညစ်တယ်မမရေလို့သာ အော်ငိုချင်တော့တာပဲ မားသားကလည်းရေလည်တင်း နေပြီ သွားရဲသွားကြည့်စမ်းတဲ့ ;'(
Mr. MarGa
March 26, 2015 at 9:41 am
ဆိုတော့ မသွားဘူးလား
pooch
April 1, 2015 at 2:37 pm
သွားမှာပဲ :mrgreenn:
Mr. MarGa
March 23, 2015 at 7:33 pm
တစ်နေ့တစ်နေ့ ဖတ်ရင်းဖတ်ရင်း ခေါင်းထဲကို အရမ်း ပြွတ်သိတ်ညပ်နေအောင်ရောက်လာသလိုပဲ
တစ်ရက်ချင်းစီ တစ်ကြောင်းချင်း ဖတ်သွားတာ ကောင်းမယ်ထင်ပါတယ်ဗျာ
အခုကျ ဆန်တစ်အိတ်ကို တစ်ရက်ထဲ စားရသလို
အီလည်လည်ရီး
uncle gyi
March 23, 2015 at 10:34 pm
ဆင်းရဲကြောင်းဝန်ခံတာရှက်စရာမဟုတ်
လွတ်မြောက်အောင်အားမထုတ်တာရှက်စရာ
စာပိုဒ်ကိုအကြိုက်ဆုံး
မြန်မာပြည်ကလူအများစုက
ဆင်းရဲကြောင်းဝန်ခံရတာရှက်စရာလို့
မြင်ပြီး
လွတ်မြောက်အောင်အားမထုတ်ကြလို့
့မြင်မိကြောင်းပါ
မမရေ
အမြင်မတူရင်
ခွင့်လွတ်တော့
kai
March 23, 2015 at 11:45 pm
Myanmar
GDP (PPP) 2014 estimate
– Total $244.331 billion[3]
– Per capita $4,751[3]
======================
Thailand
GDP (PPP) 2014 estimate
– Total US$990.093 billion[9] (22nd)
– Per capita US$14,442[9]
lu lu
March 23, 2015 at 10:34 pm
ဘယ် စာကြောင်းကို အရင် လိုက်နာ ရမလဲ သိဘူးးးး
ခင်ဇော်
March 24, 2015 at 7:00 am
ဆက်ရေးးပေးပါ ချစ်မ..!!
ကိုယ်တိုင်လည်းးး
ရေးးဖို့
တွေးးရတဲ့ အတွေးးးနဲ့ သိခဲ့တဲ့ အသိတွေကို ပြန် ဆင်ခြင်ရတာက
အမြတ်ပါ…
:chit:
etone
April 1, 2015 at 12:07 pm
မင်္ဂလာပါ အန်တီ မမရေ ။
တနေ့ပြီး တနေ့တွေရေးလာတာ အပိုင်း (၉)ထိရောက်ပေမယ့် အခုမှ နံပါတ်(၉)ကနေ စဖတ်ဖြစ်တယ် ။
အချိန်ပေးပြီးစာရေးဖို့က မလွယ်ကူကြောင်း ကိုယ်တိုင်သိလာရတဲ့ အခါ ၊ အခုလို ပိုစ့်ကို ပုံလေးတွေ ဒသနစာလေးတွေနဲ့ပါ တွဲပြီး တင်ပေးထားတာနဲ့တင် စာဖတ်သူကို အလေးထားမှန်း မြင်သာနေပါပြီ ။
တခြားအပိုင်းတွေလည်း ပြေးဖတ်ပါဦးမယ် ။ ဆက်ပြီးလည်း ရေးပါဦးလို့ 🙂