ရဲရှောင်နည်း နှင့် ရဲတွေ့စဉ် ဖြေရှင်းနည်းလမ်း လေးများ
နိုင်ငံခြား အတွေ့အကြုံလေးများကို သိချင်မိသည့် သကာလ မလေးရောက်သူတစ်ဦးရဲ့ အတွေ့အကြုံလေးများကို မနောဖြူလေးတစ်ယောက် မေးမြန်းခဲ့ပြီးနောက် ပြောသည့်အတိုင်း ပြန်လည် မျှဝေလိုက်ပါသည်။
ကျွန်တော်တို့ ရဲနဲ့ တွေ့ပုံလေးများနှင့် ဖြေရှင်းနည်းလမ်းကလေးများက တော့ ဒီလိုပါဗျာ။ ကျွန်တော်တို့ အလုပ်လုပ်တဲ့ စက်ရုံကို နောက်ပိုင်းမှာ အေးဂျင့် ကမ်ရဲ့ ဦးဆောင်မုှကြောင့် မြန်မာ အလုပ်သမား ၄ဝခန့် ထပ်ပြီး ရောက်ရှိလာချိန်မှာတော့ လူတွေက များလာ(မြန်မာ အလုပ်သမားတွေပေါ့နော်)။ရဲတွေက ရိပ်မိလာကြတော့ ထမင်းစားချိန်တွေဆိုရင် ဆိုင်ကယ်တစ်စီးပေါ်မှာ နှစ်ယောက်စီ စီးပြီး ငွေရှာနည်းလမ်းစပြီပေါ့ဗျာ။ အခုနောက်ပိုင်းတော့ တစ်ယောက်ကို တစ်စီး ဖြစ်သွားပါပြီခင်ဗျာ။အထုူးသဖြင့် ညနေပိုင်း ၆နာရီကျော်လောက်ဆိုရင် ပတ်လာကြပြီပေါ့နော်။ အဲဒါကြောင့် အားလုံး စုပြီး ထွက်မဲ့အစား လူခွဲထွက်ကြရတာပေါ့။၅ယောက်မှာ တစ်ယောက်က ထမင်းအလှည့်ကျ ထွက်ဝယ်ပေါ့နော်။ကိုယ် မိရင် ကိုယ်ရှင်းလေ။ရဲတွေက စက်ရုံရှေ့မှ ဖြတ်သွားရင် သူတို့နဲ့ ဆန့်ကျင်ဘက်ကို တစ်ယောက်က စက်ဘီးနဲ့ ထမင်း ဆိုင်ဘက်ကို ထွက်ရတာပေါ့ဗျာ။ထမင်းဆိုင်ကနှစ်ဆိုင်ရှိတယ်လေ တစ်ဘက်စီမှာပေါ့ဗျာ။ စက်ရုံနဲဲ့သိပ်မဝေးတဲ့နေရာမှာတရုတ်ထမင်းဆိုင်နဲ့ တစ်ခြား ဘက်မှာ မလေးဆိုင်ရှိတယ်လေ။ထမင်းကို ရွေးနေလို့ မရဘူးလေ။ရတဲ့ ထမင်းကို စားရတာပေါ့ဗျာ။ တရုတ်၊မလေး ထမင်း ကြုံရာပေါ့နော်။ထမင်းဆိုင်ထဲမှာ ထမင်း မှာရင်း ရဲ လွတ်အောင် ပုန်းပြီး စက်ဘီးနဲ့ စက်ရုံကို ထွက်/ဝင် နေ့စဉ်လုပ်ရတာပေါ့ခင်ဗျာ။
တစ်ရက်မှာ ထားဝယ်သားလေးကို ရဲမိတော့ ပိုက်ဆံတောင်းတယ်လေ။သူကလည်း ရှိတဲ့ မြန်မာ အရင်တုန်းက ပိုက်ဆံ အစိမ်းရောင် ငါးကျပ်တန်ကိုပေးလိုက်တာပေါ့။ရဲတွေကလည်း အဲဒီ တုန်းက ဒေါ်လာကို သေချာ မကိုင်ဘူးသေးတော့ မသိသေးဘူးလေ။ယူထားလိုက်ပြီး သေချာကြည့်တော့ ဘာပိုက်ဆံမှန်း မသိလို့ လိုက်ရှာတော့ ထားဝယ်သားလေးက တရုတ်ထမင်းဆိုင်ထဲ ဝင်ပြေးတာပေါ့။ ရဲတွေက မလေး မူဆလင်တွေမို့ ဝက်သားကိုလန့်တာကြောင့် ဝင် မလိုက်ပဲနေလို့ လွတ်သွားတာပေါ့နော်။ အခုဆိုရင်လား လိုက်တာပေါ့ ပိုက်ဆံက တော်တော် ရမှာကိုးနော်။ဝက်သားကို မကြောက်တော့ဘူးလေ ဟဲ ဟဲ။ငွေ လေ ငွေ။နောက် တစ်ကြိမ် သူငယ်ချင်းကို မိသွားပြန်တော့ သူက ကြောက်တတ်သူမို့ မရှင်းရဲတာကြောင့် ကျွန်တော်ကိုယ်တိုင် လိုက်ပြီး ဖြေရှင်းပေးခဲ့ရပါသေးတယ်။ပိုက်ဆံတောင်းတာပေါ့ဗျာ။ကဲလေ ဒါဖြင့် ပေးမယ်ဆိုပြီး မလေး ပိုက်ဆံ ၅ဝကို ထုတ်ပေးတော့(အဲဒိတုန်းက မလေး ၅ဝ က အသုံးခံသလို တန်ဘိုးရှိသေးတာကိုးဗျ။အခုလား လာထား အနည်း ဆုံး ၂၀ဝနဲ့ ၁၀၀ဝကြားဘဲနော်။)လက်နဲ့ မယူဘူးဗျ။ ဟို ဆိုင်ကယ်ရှေ့က ခြင်းထဲ ထည့်တဲ့လေ။အင်း ဘာလို့ လက်နဲ့ မယူလဲ စဉ်းစားတာပေါ့။နောက်မှ သိတာက မူဆလင်ဥပဒေက လက်နဲ့ ယူလို့ မရသလို သူတို့က ခြင်းထဲ ထည့်ခဲ့လို့ ယူတာဆိုပြီး လက်တစ်လုံးကြား လုပ်ခဲ့တာကိုးဗျ။အခုများတော့ လာထား တစ်ကိုယ်လုံး ရှာပြီး ရတာအကုန်ယူတယ်ဗျို့။မရရင် သူငယ်ချင်းတွေဆီတောင်းခိုင်းတယ်။ရဲတွေကိုယ်တိုင် လိုက်တောင်းတယ်လေ။ကောင်းတယ်နော် ဖမ်းရင် အလုပ်ရှုပ်တယ် ပိုက်ဆံရတော့ မိသားစုလည်းပြေလည်တယ်လေ။ကျွန်တော်တို့ နိုင်ငံခြားသားတွေလည်း သက်တမ်းရှည်တာပေါ့နော်။ ကိုင်းကျွန်းမှီ။ ကျွန်းကိုင်းမီပေါ့ဗျာ။အဲဒါကြောင့် မလေးရှားမှာ ကြာကြာနေလို့ ရတာ မဟုတ်လားခင်ဗျာ။ကျေးဇူးပါ ကိုရွှေ ရဲတွေရယ်။
အဲဒါနဲ့ ပုံပြင်လေး တစ်ခု သတိသွားရမိတယ်။ ကျွန်တော်တို့ ငယ်စဉ်တုန်းကပေါ့နော်။ ဟိုး အရင် ခေတ်က ကျမ်းကျိန်ရင် တစ်ကယ်စူးတဲ့ ခေတ်ပေါ့နော်။ခိုးတယ်ဆိုတာ သေချာတယ် မခိုးဘူးဆိုတာ လိမ်ရင် ကျိမ်စာသင့်တယ်ပေါ့နော်။တစ်နေ့တော့ သူဌေးအိမ်က အစေခံ လူကြီး တစ်ယောက်က သူဌေးရဲ့ ပစ္စည်းတွေ လက်ဝတ်ရတနာတွေ ခိုးတာပေါ့ဗျာ။သူဌေးက ပစ္စည်းပျောက်လို့ အိမ်မှာရှိတဲ့ သူတွေကို တရားခွင်မှာ ကျမ်းကျိန်ပြီး တရားခံရှာတာပေါ့။ဘယ်သူမှ မပေါ်တဲ့အပြင် ကျန်းကျိမ်တာ ဘယ်သူမှ မထိတော့ စဉ်းစားတယ်လေ။ သူထင်တဲ့ သူကလည်း ကျမ်းကျိန်ပေမဲ့ ဘာမှ မဖြစ်ဘူးဆိုတော့ ခေါင်းစားတာပေါ့နော်။သူထင်ထားတဲ့ လူကြီးကလည်း ကျမ်းကျိန်ကာနီးရင် သူကိုင်နေတဲ့ ဒုတ်ကောက်ကို သူဌေးကို်ပေးထား ပြီး ဒီလို ကျမ်းကျိန်တယ်လေ။ကျွန်တော်မျိုးကြီးသည် မိမိရှေ့တွင် ရှိသော သူဌေးအိမ်မှ မည်သည့် ပစ္စည်းကိုမှ မခိုးထားပါကြောင်းနှင့် မိမိထံတွင် မရှိပါကြောင်း။သူဌေးပစ္စည်းသည် သူဌေးထံတွင်သာ ရှိပါကြောင်း အမြဲ ကျမ်းကျိန်တာပေါ့။ဒီလိုနဲ့ ခဏခဏ ဆိုတော့ သံသယဖြစ်လာတာကြောင့် တစ်နေ့မှ လူကြီးပေးထားတဲ့ ဒုတ်ကောက်ကို ရိုက်ချိုးလိုက်တော့မှာ ဒုတ်ကောက်ထဲမှာ ထည့်ထားတဲ့ လက်ဝတ်ရတနာတွေ ထွက်လာပြီးတော့ သူခိုးပေါ်ခဲ့တာကိုး။အော် အဲဒါကြောင့် မလေးရှား အရင်တုန်းက ရဲတွေကလည်း သူတို့ ယူတာမဟုတ်ကြောင်း ပိုက်ဆံကို ဖမ်းမိခံရ သူတို့ကိုယ်တိုင် ဆိုင်ကယ်ခြင်းထဲတွင် လာထည့်ခဲ့ကြောင်း လက်တစ်လုံးခြား လုပ်လိုက်တာကိုးနော်။ဥပဒေနဲ့လွတ်တယ်ဟုတ် ရှင်းသွားပြီနော်။
နောက်တစ်ခါ ကျွန်တော်တို့ သူငယ်ချင်းတွေ တရုတ်နှစ်ကူးပိတ်ရက် ပီနန်ကျွန်းကို အလည်သွားဘို့ လုပ်တဲ့ ညက သူငယ်ချင်းတွေနဲ့ အတူ ၆ယောက်မှာ နှစ်ယောက်ထွက်ပြေးလို့ ကျွန်တော် အပါအဝင် သုံးယောက် မလေးရှားရဲကို ပိုက်ဆံ ၅ဝ သာပေးပြီး လွတ်ခဲ့ပုံလေးက ဒီလိုပါဗျာ။
အဲဒီညက ခရီးသွားဘို့ ကျွန်တော့် ပိုက်ဆံ အိတ်ထဲမှာ ဒေါ်လာ ၄၀ဝနှင့် မလေးငွေ ၈၀ဝကျော် ပါတဲ့ ပိုက်ဆံအိတ်ကို ဂျင်းအကျီင်္အိတ်ထဲမှာ ထည့်ထားတာပေါ့နော်။တစ်ဖက်အိတ်မှာကတော့ ပါရာစီတမော(မြန်မာလို)၊မလေးလိုက ပနယ်ဒေါပေါ့ဗျာ။ဆေးနာမည်နော် ကိုက်ခဲဖျားနာ ပျောက်ဆေးနော်။ရဲတွေက ကိုယ်တိုင်ရှာတဲ့ အချိန်ရောက်နေပြီကိုး တစ်ယောက်စီ ရှာတာပေါ့ဗျာ။ ကျွန်တော့် အလှည့်ရောက်တော့ ဘာလို့ ဂျင်းအကျီင်္ဝတ်ထားလည်းပေါ့။ကျွန်တော်က နေသိပ်မကောင်းဘူးလို့ပြောလိုက်တယ်လေ။ရှာမယ်ပေါ့။အိတ်ထောင်တွေရှာတော့ ရှာတဲ့ ဘက်ရဲ့ အောက်အိတ်မှာ ဆေးတွေကို ဒီအတိုင်း အလုံးလိုက်ထည့်ထားတော့ သူတို့ နှိုက်လိုက်တဲ့ အချိန်မှာ အောက်ကို ထွက်ကျကုန်တာပေါ့ဗျာ။သူတို့ကလည်း ဘာဆေးတွေလည်း မသိတော့ ကုန်းပြိီးကြည့်တာပေါ့။ မလေးရှားမှာက မူးယစ်စေတဲ့ ဆေးဝါးက ပေါတာကိုး။အဲဒိ အချိန်မှာ ကျွန်တော့်လက်က တစ်ဘက်အိတ်ထဲမှာ ရှိတဲ့ ပိုက်ဆံအိတ်ကို အမြန်နှိုက်ပြီး ရှာပြီးသားအိတ်ထဲပြောင်းထည့်လိုက်တာပေါ့နော်။ သူတို့က ထပ်ရှာမယ်လုပ်တော့ မင်းတို့ ရှာပြီးပြီလေ ဒီဘက်က ဆိုပြီး မရှာရသေးတဲ့ဘက်ကို လှည့်ပေးတာပေါ့နော်။ဘယ်ရမလဲ မြန်မာဉာဏ်လေ။
နောက်တော့ နေမကောင်းဘူးလို့ပြောပြီး တစ်ဖက်လှည့်ထိုင်ရင်း အိတ်ထဲက ၅ဝတန်တစ်ရွက်ကို အသာလေး ထုတ်ထားတာပေါ့ဗျာ။ သူငယ်ချင်းတွေဆီမှာ မပါဘူးလေ။ထွက်ပြေးတဲ့ သူတွေဆီမှာ ပတ်စ်ပို့နဲ့ ပိုက်ဆံတွေပါသွားတာကိုး ။တုံးအတုတွေ ထုထားပေမဲ့ မပြနိုင်တာကြောင့် ပိုက်ဆံပေးရမယ်လေ မဟုတ်ဘူးလား။ နောက်ဆုံးတော့ ၅ဝတန်လေး အသာကလေးနှိုက်ယူပြီး သူငယ်ချင်း တစ်ယောက်ကို ကပ်ပေးရင်း ၅ဝနဲ့ တည့်သွားပြီး ပီနန်ကျွန်းဆီသို့ ဆက်လက်ချီတက်ရင်း နောက်ကြုံမဲ့ အတွေ့အကြုံလေးတွေကို ဆက်လက်တင်ပြဘို့ ဒီတွင် ခေတ္တရပ်ရင်း နားခွင့်ပြုပါနော်။
4 comments
တောင်ပေါ်သား
March 19, 2015 at 2:48 pm
မလွယ်ပါလား ဟ
တော်ပီ ၊ ရန်ကုန်မှာပဲ နေမယ် 🙂
black chaw
March 20, 2015 at 9:11 pm
လေ့လာမှတ်သားသွားပါတယ်ဗျာ…။
Alinsett@Maung Thura
March 21, 2015 at 12:10 pm
ဒီမှာတော့ ရဲနဲ့ တွေ့ရင် သေနတ်မကြောက်နဲ့…
သူတို့ သေနတ်မှာ ကျည်ဆန် မပါဘူး…
.ကြောက်ရမှာက… ရာဘာတုတ်…
.ရှောင်ရမှာက…သူတို့ သောက်ညင်ကပ်အောင် မနေမိစေနဲ့
.ဆောင်ထားရမှာက… ငွေ…
မြစပဲရိုး
March 21, 2015 at 6:09 pm
အဲ့ဒီ ရဲ ရှောင် နည်း ကို ရွာ့လုံမ မရွှေအိ က ပိုကျွမ်းလိမ့်မယ်။
ဟုတ်တယ်နော် ချွေ၏ ။ :))