After Shock
ဒီနေ့ အချိန်ရလို့ ရုပ်ရှင်ကားဟောင်းလေးတွေ ပြန်ကြည့်ဖြစ်ပါတယ်
ကြည့်လိုက် မကြိုက်လိုုက် ပြောင်းလိုက်နဲ့ လုပ်နေတာ
တစ်ခါမှ မကြည့်ရသေးတဲ့ ကားဟောင်းလေး တစ်ကားမှာတော့
အဆုံးထိ ကြည့်ဖြစ်လိုက်ပါတယ်
After Shock ဆိုတဲ့ တရုတ်ကားလေးပါ
၁၉၇၆ က Tang Shan မှာ လှုပ်သွားတဲ့ ငလျှင်ကို အခြေခံရိုက်ထားတဲ့ ကားလေးပါ
(ကားဟောင်းလေး မို့ ကြည့်ဖူးသူတွေလဲ များမှာပါ)
တရုတ်ကားတွေမှာ ချောင်းနေတဲ့ ကျား အပုန်းဖြစ်သွားတဲ့ နဂါး လို သိုင်းကားတွေပဲ ရှိတယ် ထင်နေတာ
ဒီနေ့ကားလေးကတော့ ဘယ်လိုမှ ထင်မထားတဲ့ ကားလေးပါ
လောလောဆယ် နီပေါမှာ ငလျှင်လှုပ်ထားတဲ့ သတင်းတွေလဲ ကြည်နေရတာ မို့
ကားလေး က ပို အသက်ဝင်နေပါတယ်
လင်မယား နှစ်ယောက် အမွှာမောင်နှမ ကလေး နှစ်ယောက် ရှိတဲ့ မိသားစုလေးရဲ့ ဇတ်လမ်းလေးပါ
မိသားစု ပျှော်ပျော်ရွှင်ရွွှှင် လင်မယားတွေ ချစ်ချစ်ခင်ခင် ရှိတယ်ဆိုတာလေး နဲ့ စ ထားတယ်
အစပိုင်း မှာ ပဲ မနက်လင်းအားကြီး ငလျှင်လှုပ်တော့ ထွက်ပြေးကြ သား သမီးတွေ ကို ကယ်ဘို့ ကြိုးစားရင်း
အမျိုးသားက ဆုံးသွားပါတယ် ၊ သား နဲ့ သမီး ကို ဘိလပ်မြေ အချပ်လိုက်ကြီး ပိနေတယ်
ဝိုင်းကူညီ တဲ့ လူ သုံးလေး ယောက်နဲ့ ဖယ်ထုတ်ဘို့ ကြိုးစားတယ် မ လို့ မရဘူူး
နောက် အကူအညီတွေကို စောင့်နေဘို့ အချိန် မရှိဘူး
သပ်လျှို မ ရင်တော့ ဖြစ်နိုင်တယ်
သား နဲ့ သမီး က အစွန်း တဖက် ဆီမှာ
သားကို လှမ်းတွေ့ ရတယ် လက် တစ်ဖက် ကို ပိနေတယ်
တစ်ဖက်ကို မ လိုက် ရင် တစ်ဖက်ကို ပိသွားမယ်
သား နဲ့ သမီး ဘယ်သူ့ကို ရွေး မလဲ ဆိုတဲ့ အချိန် မှာ ဘာ မှ ပြန်ဖြေဘို့ စွမ်းအား မရှိတော့ဘူး
အချိန်ကြာလာရင် နှစ်ယောက်လုံးကို ဆုံးရှုံး ရနိုင်တာမို့ မိခင်စိတ်နဲ့ သားကိုကယ်မယ် လို့ ပြောလိုက်တာ ကို
သမီးက ကြားသွားတယ် ဝမ်းနည်းပြီး မျက်ရည်လေး ကျ သွားတာကို ရိုက်ထားတာများ
ရုပ်ရှင်ကြည့်နေတယ် ဆိုတဲ့ အဖြစ်ကို မေ့သွားတယ် …
လင် နဲ့ သမီး ကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်ရဲ့ ခံစားချက်
မိဘ မေတ္တာ ၊ လူနေမှု ဓလေ့ စရိုက် ၊ ယဉ်ကျေးမှု ထုံးစံ တွေကို ရိုက်ပြသွားတာ
သရုပ်ဆောင် ဇတ်လမ်း ဇတ်ကွက် အပို အလို မရှိ
တစ်ကား လုံး ၂ နာရီ ၁၆ မိနစ် ကြာတာ မယုံ နိုင်လောက်အောင် ဇတ်လမ်းထဲ မျောသွားတယ်
ကြည့်ဖူးသမျှ ကားတွေထဲ အကောင်းဆုံး ကားလို့တောင် ပြောချင်တယ်
အမေက သား ကို ပြောနေကျ စကား တစ်ခု ဖြစ်တဲ့
“ You don’t know what losing something means until you’ve lost it ”
ဆို တဲ့ အပေါ်မှာ လဲ အမျိုးမျိုးတွေးမိသွားတယ်
ကိုယ်တိုင် ခံစား ကိုယ်တိုင် ဆုံးရှုံးဘူးမှ အဲဒီဟာရဲ့ အတိမ်အနက် ခံစားချက်ကို သိနိုင်မှာ
စာလေးဖတ်ကြည့်ရုုံ ရုပ်ရှင်လေး ကြည့်ရုံ ကတော့ အငှားခံစားချက်ပဲ ဖြစ်မှာပဲ
နာဂစ်မှာ စစ်ပွဲတွေ မှာ ပစ္စည်းဥစ္စာ ၊ မိသားစု ဆုံးရှုှုံးသွားရတဲ့ လူတွေရဲ့ ဒုက္ခတွေ ခံစားချက်တွေ က
ကျနော်တို့ တွေးမိသလောက်ထက် တွေးနိုင်တာထက် အများကြီး ပိုပါတယ် ..
အဲဒီ ငလျှင်မှာ သေဆုံးသွားတဲ့ လူတွေက ( တရားဝင် ထုတ်ပြန်ချက်မှာတောင် ) ၂၅၀၀၀ဝ ကျော်တယ်
နောက်ပိုင်းမှာတော့ တာဝန်ရှိသူတွေက သေဆုံးသူတွေအတွက် အမှတ်တရ နေရာလေး တစ်ခု
တည်ဆောက်ပေးတယ် ဇတ်လမ်းရဲ့ အဆုံးသတ်မှာ အဲဒီ ငလျှင်မှာ မိသားစု ဆုံးရှုံးသွားသူ
တစ်ယောက် ကိုယ်တိုင် ဆိုထားတဲ့ သီချင်းလေး နဲ့ အမှတ်တရ နေရာလေး ရိုက်ပြရင်း အဆုံးသတ်ထားတယ်
မနက်ဖြန်ဆို နာဂစ် သက်တမ်း ရ နှစ် ပြည့်ပါပြီ
ဆုံးရှုံးခဲ့ရတဲ့ အသက်တွေ ပစ္စည်းဥစ္စာတွေဆိုတာ မနည်း မနောပါ
ကျနော်တို့ အမျိုးတွေရဲ့ ထုုံးစံ အတိုင်း ကြာလေ ကြာလေ
ဒီ အဖြစ်အပျက်တွေက မေ့လေလေ နဲ့
စာအုပ်ထဲက သမိုင်းတစ်ခု အဖြစ်နဲ့ပဲ ကျန်ခဲ့တော့မှာပါ
နောက်ပိုင်း လူငယ်တွေဆို ပိုလို့တောင် ဝေးသွားပါဦးမယ်
Tang Shan ငလျှင်မှာလိုပဲ ဧရာဝတီတိုင်းထဲက နာဂစ်ဖြစ်သွားတဲ့ သင့်တော်တဲ့ နေရာတစ်ခုမှာ
နာဂစ် အမှတ်တရလေး တစ်ခု တည်ဆောက်သင့်ပါတယ်
ပျက်စီးခဲ့ တဲ့ တကဲ့ အပျက်အစီးတွေ ဓါတ်ပုံ မှတ်တမ်းတွေ စာအုပ်စာတမ်းတွေ အပြည့်အစုံ ထားပေးလိုက်ရင်
ဘယ်လောက်ထိ ဆုံးရှုံးပျက်စီး ခဲ့ရတယ်
စေတနာရှင်တွေက ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ဘယ်လို ကူညီခဲ့ကြတယ်
နောင် အတွက် ဘယ်လိုပြင်ဆင်သင့်တယ် ဘယ်လို ကူညီရမယ် ဆိုတဲ့
သင်ခန်းစာ ယူစရာ သမိုင်းမှတ်တမ်းဝင် နေရာ တစ်ခု အဖြစ် ကျန်နေနိုင်သလို
ခရီးသွားလုပ်ငန်းအတွက် အထောက်အကူပြုတစ်နေရာဖြစ်လာမှာပါ …
မကြည့်ရသေးသူတွေ After Shock ကို ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦးနော
ကြည့်ပြီးသား လူတွေ ထပ်ကြည့်လို့ နောင်တ မရမှာ သေချာပါတယ်
ကျနောလဲ ဒီ ည နောက်တစ်ခေါက် ထပ်ကြည့်လိုက်ပါဦးမယ်
29 comments
ခင်ဇော်
May 1, 2015 at 7:02 pm
အာ့မိုးးဒေ စိတ်ထဲက ဝမ်းးနည်းးဒဏ် မခံနိုင်လောက်ဘူးးး
ရေးးထားးတာ ဖတ်ရတာတောင် ခံစားးရတာ….
😥
nozomi
May 1, 2015 at 8:21 pm
ဖတ်ပြီး ခံစားရသလို ကြည့်ပြီးလဲ ထပ်ခံစားလိုက်ပါဦး
တကယ်ကို ကြည့်ရကျိုးနပ်စေမှာပါ
naywoon ni
May 1, 2015 at 9:21 pm
အင်း နာဂစ် တောင် ခုနှစ်နှစ်ပြည့်သွားပြီကိုး ။ အစဖော်ပေးလို့သာ နို့မို့သတိရမှာမဟုတ် ။ နောက်ရက်တော်တော်ကြာမှ အကြောင်းတစ်စုံတစ်ရာနဲ့ ဆိုက်ဆိုင်မှ သတိရမဲ့သဘော ။ နောင်ဆယ်နှစ်လောက်ဆို တော်တော်များများက သိတောင်သိကြတော့မယ်မဟုတ် ။ အစိုးရကလည်း သူတို့ရဲ့ ပေါ်လစီ နေ့ရက်ကိုသာ အထိမ်းအမှတ်ပွဲလုပ်ချင်တာ ။ ဒီလို အနာတရ ဖြစ်ခဲ့တဲ့နေ့ကို သတိတရ ရှိချင်မှာ ရှိစေ့ချင်မှာ မဟုတ် ။ မေ့လွယ်ပျောက်လွယ်ပြည်သူတွေနဲ့ သူတို့မလိုချင်တဲ့နေ့ရက်တွေ သမိုင်းက အစဖျောက်ချင်နေတဲ့ အစိုးရတို့ အတော်သင့်မြတ်နေကြပေါ့ 🙂
nozomi
May 2, 2015 at 2:18 pm
ပြည့်စုံတဲ့ မှန်ကန်တဲ့ သမိုင်းကို သိခွင့်ရမှာ မအ မှာပေါ့
မှားနေတဲ့ မပြည့်စုံတဲ့ သမိုင်းကို ပဲ သိနေ သင်နေရရင်တော့
ကျနော်တို့တွေ အ နေကြဦးမှာပေါ့
ဦးနီ ရယ်
uncle gyi
May 1, 2015 at 10:57 pm
နာဂစ်အမှတ်အသားအထိမ်းအမှတ်..
ရှိသင့်လှကြောင်းပါဗျာ
nozomi
May 2, 2015 at 2:21 pm
တကယ် ရှိစေချင်တယ် ဗျာ
စောစော ကတင် စဉ်းစား နေမိတယ်
နာဂစ် အထိမ်းအမှတ် အတွက် လိုအပ်တဲ့ အကြံဉာဏ်တွေစု
ဘယ်လိုဖွဲ့မယ် ဘယ်လို ရန်ပုံငွေ ရှာ ဘယ်အချက်တွေ ပါမယ် အဆောက်အဦ ကဘယ်လိုပုံစံ
အဲဒီမှာ သေဆုံးသူတွေ တဦးချင်းနာမည်ပါမယ် ဆိုတာမျိုးတွေ အများအကြံ ဉာဏ် နဲ့ စုဆောင်း ပြင်ဆင်ပေးပြီး တကယ် လုပ်နိုင်တဲ့ သူ လက်ထဲ ထည့်ပေးချင်တယ်
မြစပဲရိုး
May 2, 2015 at 6:13 am
ကိုနို
ဖတ်ပြီး ရုပ်ရှင်ထဲ က အကြောင်း စိတ်ထဲကျန်နေတယ်။
{သမီးက ကြားသွားတယ် ဝမ်းနည်းပြီး မျက်ရည်လေး ကျ သွားတာ}
စိတ်ထဲ မကောင်းလိုက်တာ။
ကျွန်မ သာဆို နှစ်ယောက်လုံး ကို ရ အောင် ထုတ်ဖို့ကိုဘဲ ကြိုးစားမယ်။
အဲလို ကြိုးစားလို့ နှစ်ယောက်လုံးကို လက်လွှတ် ရရင်လဲ လွှတ် လိုက်တော့မယ်။
တစ်ယောက် ကို စွန့်ပြီး တစ်ယောက် ကို ကယ် ဖို့ မရွေးတတ်ဘူး။
သမီးလေး ကို သနားနေမိရော။
ဒါဏ်ရာ နာတာ ထက် ပိုတဲ့ စိတ် ဒါဏ်ရာ က ပို နာသွားလေမလားဘဲ။
ဒါကို မစိုးရိမ်လိုက်မိဘူး လား မာတာမိခင် ရယ်။
နာဂစ် သံ ကို ကြားရင် အသစ်တွေ အဟောင်းဖြစ်မှာ ကို အင်မတန် ကြောက်သူတွေ ရှိဖို့ကောင်းတယ်။
တာဝန်မဲ့ သူ တွေ ရှက်တတ် ရင် တစ်သက် စာ ဘဲ။
ရှက်တတ်မဲ့ ပုံတော့ မရှိပါဘူး။
အမှတ်တရ လုပ် ဖို့ ဖိအားပေး လိုက်နိုင်ရင် လဲ မျက်နှာပြောင်ပြောင် နဲ့ သူတို့ တာဝန်မဲ့ ခဲ့တာ တွေ မသိဟန်ဆောင်ပြီး လုပ်ပေးနိုင်ပါတယ်။
nozomi
May 2, 2015 at 2:33 pm
အဲဒီ အခန်း ကြည့်တဲ့ အချိန် ကျနော်လဲ အရမ်းခံစားရပါတယ်
ကိုယ်တိုင်လဲ သားတစ်ယောက် သမီးတစ်ယောက် အဖေ မို့ နှစ်ယောက်လုံးကို လွတ်မြောက်စေချင်တာပါ
ဇတ်ကားထဲက အမေကလဲ အဲဒီလို ပါပဲ ကယ်မဲ့သူတွေက အုတ်ချပ်ကြီးကို မ ဘို့ ကြိုးစားတယ် မရဘူး
အဲဒီအချိန် နောက်ဆက်တွဲ ငလျှင်လေးတွေက လှုပ် ထပ်ပြိုနေတယ် အခြေအနေက နှစ်ယောက်စလုံးကို ဆုံးရှုံးလိုက်ရနိုင်တယ် နောက်ဆုံး ဘယ်လိုမှ မတတ်သာလို့ လက်တဖက်ဆုံးရှုံးထားတဲ့ သားလေးကိုပဲ ရင်နာနာ နဲ့ ရွေးလိုက်မိတာ အဲဒီရွေးချယ်မှုကြောင့်ပဲ ၃၂ နှစ်လုံးလုံး စိတ်ဒဏ်ရာအပြည့်နဲ့ သူ ရှင်သန် နေခဲ့ ရတယ် သားကြီး လို့ ကျောင်းတက်တော့ နှစ်တိုင်း ကျောင်းစာအုပ် နှစ်စုုံ ဝယ်တယ် တစ်စုံက သားအတွက် တစ်စုံက ဝိဉာည် အဖြစ်နဲ့ ရှိနေမဲ့ သမီး အတွက်
အဲဒီ ရွေးချယ် မှုကြောင့်ပဲ သမီးက ကံအားလျော်စွာ အသက်ရှင်သန်ခွင့် ရသွားတာတောင် မိသားစုကို ပြန်မရှာချင်တော့တဲ့ မကျေနပ်စိတ်တွေနဲ့ ရှင်သန်နေခဲ့ရတာ
လက်တွေ့ဘဝတွေ မှာ လဲ ဒီ လို ဖြစ်စဉ်မျိုး မဟုတ်တောင် အခြားဖြစ်စဉ်တွေမှာ ကုိုယ် ဘယ်လို မှ မတတ်သာတဲ့ ရွေးချယ်မှုတွေ ကို လုပ်နေရတာ အများကြီး ပါ
အရီး အခြေအနေ ပေးရင်တော့ ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ်
black chaw
May 2, 2015 at 6:40 am
ကြည့်ဖြစ်အောင် ကြည့်မယ်ဗျာ။
ရုပ် ရှင် ကားကောင်းလေးတစ်ကား မျှဝေခြင်းနဲ ့အတူ
အ တွေးကောင်းလေးတစ်ခုကိုလည်း
မျှဝေ ပေးသွားခဲ့ပါတယ်။
နာဂစ် ရ နှစ် ပြည့် ပြီ။
နီပေါ မှာ လည်း ငလျင် လှုပ်ခြင်းနဲ ့အတူ
သေ ကြေ ပျက်စီး ခြင်းတွေကို
သတင်း ချယ်နယ်တွေက နေ အနီးကပ် မြင် တွေ ့နေရ ပါတယ်။
နာဂစ် နဲ ့ နီပေါ ငလျင် ကယ်ဆယ်ရေး ဆောင် ရွက်မှု တွေက နေ
ဘာတွေများ သင် ခန်းစာ ယူနိုင် ခဲ့ပါသလဲ။
သဘာဝ ဘေးအန္တရာယ် တွေက တော့
လာနေဦးမှာပါပဲ။
nozomi
May 2, 2015 at 2:37 pm
ကြည့်ဖြစ်အောင်သာ ကြည့်ပါ ကိုဘလက်ရှော (cd မွသဲ ) ရယ်
ကိုရှော လို အနုပညာ ဇ ရှိသူ ဆို ပိုတောင် မြင်တတ်ဦးမယ်
ဇတ်လမ်းတင် ကောင်းတာ မဟုတ်ဘူး သရုပ် ဆောင် အပို အလို မရှိ
အခန်း အကူးအပြောင်း ကွက်တိ
မြန်မာကားတွေကို အဲဒီလို ရိုက်တတ်ကြစေချင်လိုက်တာ
pooch
May 2, 2015 at 8:05 am
ကြည့်ြပြီပြီ ငိုခဲ့ရတာ လည်းမှတ်မိတယ်
သူ့သမီးလေးက မသေပဲစစ်ဗိုလ်တယောက်က မွေးစားခံရတဲ့အထိ သူ့နောက်ကြောင်းကိုလုံးဝထုတ်မပြောပဲ တဘဝလုံးခံစားသွားတာ အသ် ၃၂ နှစ်ယောက်မှ
နောက်ထပ်ငလျင်တခုမှာ ကယ်ဆယ်ရေးသွားလုပ်ရင်း သူ့မောင်နဲ့ဆုံ
အမေနဲ့ပြန်တွေ့
အမေလုပ်တဲ့သူကလည်း တဘဝလုံးအပြစ်ရှိသူလိုခံစားြပြီး ရှင်လျက်နဲ့သေ
သမီးကလည်း စိတ်ထဲ ထုနဲ့ထည်နဲ့ ခံစား
သရုပ်ဆောင်တွေအကုန်တော်တယ်
ကပ်ဘေးတွေကြုြံပြီးတဲ့အခါ ကျန်ခဲ့သူတွေရဲ့ စိတ်ဒုက္ခဟာ သေသွားနှင့်သူတွေထက်အဆပေါင်းများစွာ ထိခိုက်ပြီးကျန်နေခဲ့တာပါ
ကိုနိုကြီးပြောတဲ့ အမှတ်တရနေရာထားဖို့ထောက်ခံတယ်
စိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ပေးဖို့လည်း အရေးကြီးတယ်
နီပေါငလျင်အတွက် စိတ်မကောင်းဘူး
အမှန်ဆိုကိုယ်တွေသွားဖို့ကြံနေတာ
သေဖို့ကံမပါသေးလို့ လွဲသွားတယ်
nozomi
May 2, 2015 at 2:40 pm
ဇတ်လမ်းလေးကို အခုထိ မှတ်မိနေသေးတာပဲ
သေခြင်းတရားဆိုတာလဲ ပြောဘို့ခက်သား
နီပေါ မှာ လှုပ်ပြီး တော်တော်ကြာမှာ ဘယ်လို မှ ကိုယ့်ကို ကို မကာကွယ် နိုင်သေးတဲ့
မောင်ကံကောင်း ၄ လ သား လေးကို အသက်ရှင် လျှက် ပြန်တွေ့တော့ ဆိုတော့
ဒေါ်ပုရှ် လဲ ဥပဓိ အရ အသက် ၁၂ဝ တော့ အသာလေး နေရမှာပါ
Alinsett @ Maung Thura
May 2, 2015 at 10:47 am
ရှာ ကြည့်ဦးမယ်ဗျိုု့….
nozomi
May 2, 2015 at 2:42 pm
ရှာ ကြည့် ပါ ကိုသူရ ရေ
1.3 G ပဲ မို့ ဖိုင်ဆိုက် သေးပါတယ်
မရရင် ကူး ပေး ပါမယ်
ဝင့်ပြုံးမြင့်
May 2, 2015 at 5:35 pm
.နာမည်မှတ်ထားပြီး ရှာကြည့်ရတော့မယ့် ကားပေါ့နော်။ ဒါပေမယ့် ကြည့်လည်း မကြည့်ချင်ဘူး။ အခု ပို့စ်နဲ့ကွန်မင့်တွေ ဖတ်ရုံနဲ့တောင် တော်တော်ခံစားနေရတယ်။ ကိုယ်တိုင်က သားတစ်ယောက် သမီးတစ်ယောက်အမေဖြစ်နေတာရယ်။ အမေက အမြဲဘက်လိုက်ပြီး ကိုယ့်ကို လွှင့်ပစ်ထားတာရယ်ဆိုတော့ ကြည့်ချင်စိတ်ကို ကုန်ရော။
nozomi
May 5, 2015 at 11:37 am
အမေက အမြဲဘက်လိုက်ပြီး ကိုယ့်ကို လွှင့်ပစ်ထားတာရယ်ဆိုတော့ ကို
မိဘ တစ်ယောက် အနေ နဲ့ ရော ဒီ ကားလေး က ပေးတဲ့ သင်ခန်းစာ အရ ရော စဉ်းစား ကြည့်တာ
မိဘ တိုင်းက သား သမီး တိုင်းကို အတူတူ ကို ချစ်ကြတာပါပဲ သူ တို့ စိတ်ထဲ နဲနဲ ပိုမိရင်တောင် သားသမီး တွေ ကို မဖော်ပြတတ်ပါဘူး
ဖော်ပြရလောက်အောင် ချစ်တယ်ဆိုရင်တော့ အဲဒီ သားသမီးမှာ အားနဲချက်တစ်ခုခု ရှိလို့ သနားစိတ်နဲ့ ပိုချစ်ပြတာ ဖြစ်မှာပါ
မပြုံး အမေ က တဘက် ကို ဘက်လိုက်တယ်ဆိုရင်တောင် တဘက် သား သမီး က မပြုံးထက် ပို အားနည်းလို့ ဖြစ်မယ် ထင်ပါတယ်
မဟာရာဇာ အံစာတုံး
May 3, 2015 at 12:31 am
ဥနိုကြီး ပြောတာနဲ့ ကျော်တောင် စိတ်ဝင်စားသွားတယ် …
ရှာကြည့်အုံးမယ်ဗျာ ….
ဥနို ပြောတဲ့ နာဂစ် အိုင်ဒီယာ လည်း ကောင်းတယ်ဗျာ …
အဲ့ဒီလိုမျိုး တကယ် ဖြစ်စေချင်တယ် …
ဒါမှ … ရှေးဖြစ်တွေကို သံဝေဂ ယူ၊ ခုခံ ကာကွယ်ဖို့ ကြိုတင် ပြင်ဆင်ထားမယ့် စိတ်ကူးတွေ ပေါ်ပေါက်လာနိုင်မှာ ဖြစ်သလို …။
ကျေးဇူး တင်ထိုက်သူတွေ ကိုလည်း မမေ့မပျောက် ကျေးဇူး တင်နိုင်မှာ ဖြစ်ပါတယ် …။
nozomi
May 5, 2015 at 11:39 am
တကယ် ပေါ်စေချင်တာပါ
ဘယ်သူ့ကိုမှ အပစ်တင်ဘို့ ပြသနာရှာဘို့ မဟုတ်ပဲ
ရှေးဖြစ်တွေကို သံဝေဂ ယူ၊ ခုခံ ကာကွယ်ဖို့ ကြိုတင် ပြင်ဆင်ထားမယ့် စိတ်ကူးတွေ ပေါ်ပေါက်လာနိုင်မှာ ဖြစ်သလို …။
ကျေးဇူး တင်ထိုက်သူတွေ ကိုလည်း မမေ့မပျောက် ကျေးဇူး တင်နိုင်မှာ ဖြစ်ပါတယ် ဆိုတာမျိုုးအတွက်ပါ
Mr. MarGa
May 3, 2015 at 7:12 pm
တေးထားမယ်
လောလောဆယ်တော့ 1.3GB ကို ဒေါင်းဖို့ အခြေအနေမပေးသေးလို့
nozomi
May 5, 2015 at 11:40 am
မန်းလေးကို လာဖြစ်ရင် စတစ်နဲ့ ယူခဲ့မယ်
Mike
May 4, 2015 at 11:46 am
.ကြည့်တော့ကြည့်အုံးမယ်…ကြောက်လည်းကြောက်သဗျာ
.ကျုပ်ဆိုလည်း ဘယ်လိုမှရွေးနိုင်မယ်မထင်…မျက်နှာလွှဲပြီး .ကြိုက်တဲ့သူကိုသာကယ်ပေးကြပါလို့ပြောမိလေမလားပဲ…
nozomi
May 5, 2015 at 11:41 am
မိဘတစ်ယောက်အနေနဲ့ ဆုံးဖြတ်ချက် ချဘို့ အခက်ရဆုံး အချိန်ပါ
ကလေး နှစ်ယောက်လုံး ရှင်မယ် ကိုယ်စတေး ရမယ်ဆိုရင်တောင်
စလေးလိုက်ချင်တာမျိုုုးပါ
ကြည့်ဖြစ်အောင်တော့ ကြည့် ဗျ
Shwe Ei
May 4, 2015 at 1:17 pm
-နာဂစ် နံမယ်ကို ဗီဒယို ဇာတ်ကားလုပ်ပီး..မဟုတ်မဟတ် အချစ်ဇာတ်လမ်းရိုက်တဲ့
-အထိမ်းအမှတ်တော့ရှိပါ့ဗျာ.. :-/ (မင်းမော်ကွန်း နဲ့ အိန်ဒရာကျော်ဇင် မှတ်တာဘဲ)
manawphyulay
May 5, 2015 at 10:27 am
ဒီနာမည် အသံကို နောက်တစ်ခါ ဘယ်တော့မှ မကြားချင်ဘူး… နာနာလေးနဲ့ အားလုံးကို ဂစ်သွားအောင် လုပ်ခဲ့တယ်…
nozomi
May 5, 2015 at 11:46 am
Shwe Ei
ဟိုနေ့က မြန်မာက တီဗီက လာလို့ ကြည့်မိပါတယ်
ကောင်လေး နဲ့ ကောင်မလေး ဈေးဝယ်ဘို့ လိုက်ကြည့်တာတင် အကြာကြီး
ကားအတွက်လဲ မလို ဘာရည်ရွယ်ချက်နဲ့ ထည့်မှန်း မသိ မလိုအပ်ပဲ အချိန်တွေဖြုန်းနေသလိုပဲ
ကောင်းတဲ့ ကား တွေ ရှိနိုင်ပေမဲ့ မြန်မာကား အများစုကတော့ အဖြစ်ရိုက်နေကြတာ သေချာတယ်
မနော
ဒီနာမည် အသံကို နောက်တစ်ခါ ဘယ်တော့မှ မကြားချင်ဘူး…ဆို သူ့ အကြောင်းသိအောင်လုပ် သင်ခန်းစာ ယူ ဝေးဝေးက ရှောင်နိုင်ဘို့ ပို ကျိုုးစားရမှာပေါ့
kai
May 5, 2015 at 2:29 pm
ရွှေတွေဥနေတဲ့စေတီတွေမှာ.. ရွှေသကန်းဆိုပြီး.. ငွေတွေရင်း.. ထပ်ထပ်ကပ်နေသူတွေမြင်တိုင်း…
..
ကျိန်စာသင့်တိုင်းပြည်လို့..အထပ်ထပ်တွေးနေမိ…။
တာဝန်ရှိလျှက်နဲ့.. လမ်းညွှန်မပြတဲ့.. သာသနာ့ဝန်ထမ်းတွေစိတ်ဓာတ်တွေလည်း.. အံ့ဩမိ…။
သာသနာမှားရင်… တတိုင်းပြည်လုံးဘဝမှောက်တာပဲ..
သံသရာမှောက်တာပဲ..။
ဘဝပျက်ခဲ့ရသူတွေကို.. .. ကျန်ရစ်သူတွေကို.. အသိအမှတ်မပြု…
နောင်ဘယ်လိုပြင်ဆင်ရမယ်ဆိုတာကို.. သတိမပေး..
သခ်န်းစာမယူ…
အလုပ်အကိုင်အခွင့်အလမ်းမဖေါ်တတ်….
နှစ်၁၀၀ဝ ကျိန်စာ….။
hmee
May 5, 2015 at 7:00 pm
သဘာဝ ဘေးလို့ ကြားလိုက်ရတိုင်း ကျွန်မ အြမြဲ တွေးမိတယ်။ ကလေးနှစ်ယောက်လုံးးကို ဘယ်လိုကာကွယ်ရမလဲလို့ပါ။ အမေဆိုတော့ ဘယ်သူ့ကိုမှ လက်မလွှတ်ချင်တာ ကျိန်ဝံ့ပါတယ်။ တခါတလေ သားက မေးတတ်တယ် မေမေက ညီမလေးကို ပိုချစ်တယ်တဲ့လေ။ သမီးက ငယ်သေးတာရယ် ရောဂါသည်လေးမို့ရယ် ပိုဂရုစိုက်မိတာကို သားက သိတော့ သားကို ညီမလေးလောက် မချစ်ဘူးတဲ့လေ။ သားရယ် သားကို မေမေက ရနှစ်တောင် ချစ်ပြီးြပြီလေ ညီမလေးက ၃နှစ်မို ့ သားက ၄နှစ်ပို အချစ်ခြံပြီပြီလို့ ဖြေခဲ့ရတယ် ကိုနိုရေ။ မိဘဆိုတော့ အတူတူချစ်တာပါပဲ။ ဂရုဏာပိုတာလေးတော့ ရှိတတ်တာပေါ့။
Ma Ma
May 5, 2015 at 9:19 pm
အင်မတန်ပို့စ်တင်ခဲတဲ့ ကိုနိုကြီးပြောတာဆိုတော့ ကြည့်ဖို့ကောင်းတဲ့ကားဖြစ်ရမယ်။
ဒါပေမယ့် ဒီလိုစိတ်ဆင်းရဲစရာကောင်းတာမျိုးဆို မကြည့်ချင်ဘူး။
လောကကြီးမှာ ကိုယ်တိုင်ကြုံရတဲ့ စိတ်ဆင်းရဲစရာတွေကတောင် များလှပြီ။ :e:
အောင် မိုးသူ
May 6, 2015 at 9:07 am
ကြည့်ဖူးသလိုပဲ အရင်တုန်းက အဲ့လိုကားမျိုးတွေဆို အရမ်းကြိုက်တယ်။ ခုတော့ နှလုံးသားက ပိုပိုနုလာလို့လားမသိဘူး။ မကြည့်ရက်တော့ဘူး။