Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ဘယ် ဘက်မှာ နေမလဲ”

“ဘယ် ဘက်မှာ နေမလဲ”

ခေတ်တစ်ခေတ်ရဲ့
အပြောင်းအလဲမှာ
ကာလပေါ်စကားလုံးများ
ဘဝများစွာနဲရင်းနှီး
လူထုအတွင်း
စီးဆင်းရောက်ရှိ
ထိရှတဲ့ဗန်းစကား
ကျနော် တို့အားလုံး
အလိုလိုသုံးမိကြသပေါ့။
စွန့်လွှတ်ခြင်းနဲ့ဒီမိုကရေစီ
ခရိုနီနဲ့ဇီးသီးဗန်း
ပုံပြောင်းအစိုးရ-နဲ့ပြည်သူ့ခေါင်းဆောင်
ဖုံးကွယ်ခြင်းနဲ့ပွင့်လင်းမြင်သာ
စစ်သွေးကြွနဲ့အမျိုးသားနိုင်ငံရေး
စစ်လော်ဘီနဲ့ဝန်းရံပြည်သူ
ဖွင့်ဆိုချက်မတူ
တန်ဘိုးမတူ
ရည်ရွယ်ချက်မတူ
လားရာမတူ
မတူခြားနား
စကားလုံးများစွာ
ဘယ်ဘက်မှာနေမလဲ
ခပ်ရဲရဲ
ဆုံးဖြတ်ဘို့ဘဲ လိုတယ်နော်။

ကိုပေါက်လက်ဆောင်အတွေးစဉ်
ရ -၅-၂၀၁၅

 

23 comments

  • ခင်ဇော်

    May 12, 2015 at 11:20 am

    အမေ့ ဘက်ပဲ နေမယ်

  • အောင် မိုးသူ

    May 12, 2015 at 11:46 am

    တစ်ခုတည်းသော မျှော်လင့်ချက်…. တစ်ယောက်တည်းသောသူဘက်မှာနေမှာပေါ့။

  • ဝင့်ပြုံးမြင့်

    May 12, 2015 at 12:20 pm

    .အမေနိုင်လို့ တိုင်းပြည် သွေးချောင်းစီးသွားမယ်ဆိုရင်တောင် ကျမ မဲတစ်ပြား အမေ့အတွက်။

  • ဖဲစကားနဲ့ပြောရ ရင် အမြင်နဲ့တင် သာနေတာအမှန်ပါဘဲ
    မှောက်ထားတဲ့ ဖဲ က သာ မဖောက်ပါစေနဲ့ဆုတောင်းနေရတယ်
    ကိုယ်နိုင်စေချင်တဲ့သူက ဝင်မပြိုင်မှာဘဲ စိုးရိမ်နေပါတယ်။

  • အရီး လေး

    May 12, 2015 at 1:23 pm

    ဘယ်​သူ​တွေ ဘယ်​​လောက်​ပုတ်​ခတ်​ ပါ​စေ
    မယိုင်​မလဲ စိတ်​ဓာတ်​ခိုင်​မာတဲ့ ြြပြတ်​သားရဲရင့်တဲ့
    တစ်​ဦးတည်​း​သော ထူးချွန်​သူ အမျိုးသမီး ကို
    အားမ​ပေးရင်​ ဘယ်​ဖြစ်​မတုန်​း​​ .

  • Mike

    May 12, 2015 at 1:39 pm

    .အမှန်တရားဘက်ကိုလူတွေသိနေပါပြီလေ..ဒါပေမဲ့ကိုယ်ပေါက်ပြောတဲ့ “မှောက်ထားတဲ့ ဖဲ ”
    .ကြောက်နေရတုန်းပဲ…လူညစ်တွေမှန်းသိနေတာကိုး

  • မဟာရာဇာ အံစာတုံး

    May 12, 2015 at 3:18 pm

    ဒါပေါ့ဗျာ ..
    ခပ်ရဲရဲ ဆုံးဖြတ်ဖို့ လိုတာပေါ့ …

  • aye.kk

    May 12, 2015 at 4:08 pm

    ညာနေတာတွေကို
    “မုန်းလွန်းလို့”
    မှန်ကန်တဲ့အမေစုဘက်မှာပဲနေတော့မယ်။

  • Alinsett @ Maung Thura

    May 12, 2015 at 4:58 pm

    ညာဘက်မှာနေမယ်…
    .
    .
    .
    .
    .
    .
    .
    ဘုရားသိကြားမလို့… အမေ… သန်မာတဲ့ ညာဘက်မှာ ရှိနေပေးပါ…
    အမေ… ဘယ်သန် /ဘယ်ဘက် မရောက်သွားပါစေနဲ့..

    • kai

      May 12, 2015 at 5:42 pm

      political spectrum အရဆို.. ဒေါ်စုက.. ဂန္ဒီကြီးလမ်းစဉ်နီးသမို့.. ဘယ်ဖက်မှာရှိသဗျ…။
      အခု.. ယူအက်စ်က.အိုဘားမားလည်း.. ဘယ်ဖက်ခြမ်း..။ လစ်ဘရယ်သမားတွေကို.. ဘယ်ခြမ်းထားလေ့ရှိတယ်..။

  • ခင်ခ

    May 12, 2015 at 8:44 pm

    ဟိုးတုန်းက ဖေကြီဘက်
    နောက်တော့မေကြီးဘက်
    ပြီးတော့ ဖေကြီးလိုလို မေကြီးလိုလို
    နောက်တော့ဖေမှန်းမေမှန်မသိ
    အခုတော့ ကိုယ်ကိုကိုယ်တောင်ဘာမှန်းမသိ
    အဲလိုလူတွေလည်းအများကြီးရှိ

  • uncle gyi

    May 12, 2015 at 11:16 pm

    ဘက်ကရွေးစရာမလို
    ပြီးမှညစ်မှာစိုး
    သမိုင်းကရေးလာတာကို
    မမြင်ဖူးဆိုရင်ဖြင့်
    တမူထူးတယ်ဆိုရမယ်
    အိုဘယ့်မြန်ပြည်သားတွေ

  • Ma Ma

    May 13, 2015 at 7:21 am

    ကိုယ့်ပတ်ဝန်းကျင်က ၂မျိုးဖြစ်နေတယ်။
    Virtual world နဲ့ Real life ပေ့ါ။
    Virtual world က လူတွေကတော့ မေကြီးလို့ တစ်သံတည်း ထွက်ကြတာများတယ်။
    Real life က လူတွေကတော့ မိန်းမဖျက်ရင် ပြည်ပျက်မယ်လို့ တဘောင်ရှိတယ်လို့ ပြောတဲ့သူကပြော၊ ဘယ်သူ့ထည့်ရမှန်းမသိတဲ့သူက မသိ၊ အလုပ်ရှုပ်တယ် သွားမထည့်ဘူးဆိုသူကဆို။ 🙁

  • ဦးကြောင်ကြီး

    May 13, 2015 at 9:39 am

    ကိုပေါက် ချို သောက် လျှိုချောက် ညိုမျောက်

  • မမ ရေ

    လူတွေစဉ်းစားရခက်အောင်
    မျက်စေ့လည်အောင် လုပ်ပေးနေတဲ့
    တန်ပြန်လော်ဘီတွေရှိနေတော့ ဝေတေဝါးတားဖြစ်ကုန်တာပါ

  • padonmar

    May 13, 2015 at 10:32 pm

    ဘယ်တုံးကမှ ဘက်မပြောင်းခဲ့ပါဘူး။
    ၁၉၉၀၊၂၀၁၀၊၂၀၁၅ တသမတ်တည်းပါပဲ။

  • မမာရေ
    မပြောင်းမလဲစိတ်ထားနိုင်တာကိုလေးစားပါတယ်။
    တွေဝေသွားသူတွေကို တွေ့လာလို့ပါ

Leave a Reply