ရှိသေးရင် နဲနဲပေးပါ

ရာမညMay 12, 20151min1899

 

 

ဒုတိယမိပြန်လှည့်ခြင်းကို

နားလည်ပေးပါသခင်

 

ခိုင်ထူးရဲ့သီချင်းလို

မင်းလောက်ကိုယ့်အပေါ် ဘူမှကောင်းဘူး

မင်းတျောက်ထဲသာ ကိုယ့်တွက်ကောင်းနိုင်ဆုံးအဖေါ်

 

တကယ်ဆိုရင်

ကိုယ်ကပဲ စိတ်ခုနေတာ

အများသူငါ ရန်ရှာမိတယ်လေ

အေးအေး မနေတတ်တာ ဝါသနာပါ

 

သခင်ရယ်

ခြေဦးလှည့်ခွင့်ရပလား

ပြန်တူးကြည့်ခွင့်ရပလား

သံယောဇဉ် ရထားက

မခွါချင်ဘူးတဲ့သခင်ရယ်

 

မပေတော့ပါဘူး

မမိုက်တော့ပါဘူး

မတိုက်ခိုက်တော့ပါဘူး

ဒုတိယနဲ့ နောက်ထပ်တခေါက်ပါပဲ

သပြေပန်းနဲ့ကြိုပေးပါ

ရေပန်းနဲ့ ဖြန်းပေးပါ

အပြန်လမ်းမှာ လွမ်းနာကျခဲ့လို့ပါ

 

လေချုပ်ရဲမိုးပြောတာ

အမြှောက်တွေပစ်ပါ

အမြှောက်တွေပစ်ပါ တဲ့

ကျွန်တော်တစ်ခွန်းပဲပြောချင်တယ်

ကျွန်တော်ပြဿနာမောင်မွှေးမဟုတ်ပါ

သနပ်ခါးပေးပါ

မိတ်ကပ်ပေးပါ

မျက်နှာပြောင်နေလို့ ရှိသေးရင်နဲနဲပေးပါ ။

 

 

 

 

 

 

 

 

 

 

 

9 comments

  • Alinsett @ Maung Thura

    May 12, 2015 at 10:19 am

    .ရလဲ့… ကဗျာလည်း အရေးကောင်းသကိုး…
    ကဗျာရဲ့ ဆိုလိုရင်းလေးကို ပုံဖော်ကြည့်တော့…ဘာဂလိုတိုတိုလေး…
    အဟိ…

    ကဗျာကို ခံစားကြည့်ရင်း.. ပေါ်လာတဲ့အတွေးက..
    မျက်နှာ ပြောင်နေတာကိုလည်း နားလည်ပေးနိုင်တယ်..
    ဒါမယ့် တစ်ခုဆိုတစ်ခုပဲ တောင်းပါ…
    သနပ်ခါး ယူမလား..
    မိတ်ကပ် ယူမလား…

    အဲ… မြင်း လုပ်မလား…လှည်းလုပ်မလားပေါ့…
    .မြင်းလှည်းကြီး လုပ်မယ်လို့ ပြောလည်း ရတာပဲ…
    ပိုစ့်မော်ဒန်ခေတ်…
    အမှန်တရားမျိုးစုံ ရှိတယ်..

    ဘာရယ်မဟုတ်…
    ၁၂ ကျပ်ရအောင် စိတ်ထဲတွေ့ရာ ဝင်ပြောသွားတာ..
    :k:

    • ရာမည

      May 12, 2015 at 10:49 am

      နှုတ်ခမ်းနီပေးပါ

      ဟီဟိ

  • ရာမည

    May 12, 2015 at 10:52 am

    ကဗျာမရေးတတ်လို့ပါခင်ဗျာ

  • ခင်ဇော်

    May 12, 2015 at 11:15 am

    ရှိတော့ဘူးး၊.

    ၊ကုန်ဘီ

    :k:

  • ဝင့်ပြုံးမြင့်

    May 12, 2015 at 12:30 pm

    .ဘာမှ မရှိတော့ဘူး။ ဦးနှောက်ပါ ချောင်နေလို့ စိတ်ကူးလေးတောင် မွဲပြာကျသွားတယ်

  • Mike

    May 12, 2015 at 1:34 pm

    .အကုန်ရရင်ရ မရရင်ဘာမှမလိုချင်ဘူး ♫♪♫ :k:

  • uncle gyi

    May 12, 2015 at 11:20 pm

    ဒီလိုနဲ့ဘာမှမရခဲ့တာကြာပါပကောကိုမိုက်ရယ်

  • lu lu

    May 13, 2015 at 4:26 pm

    ယူူပါ
    ယူပါ ယူပါ . . .
    🙂
    ဘာပေးရမှန်းလည်းမသိဘူးးး

Leave a Reply