ရွာသူားများ အားလုံး မင်္ဂလာပါ ခင်ဗျား…..။

မကြာမှီ ကျောင်းဖွင့်ရာသီသို့ ရောက်ရှိတော့မည် ဖြစ်ပါ၍ ကျနော်တို့ အဖွဲ့လေး နှစ်စဉ်ပြုလုပ်မြဲဖြစ်သော စာရေးကိရိယာ အလှူခရီးစဉ်အတွက် စာရေးကိရိယာများ လိုအပ်လျှက်ရှိနေပါသဖြင့် အလှူခံဖလားကြီး ပိုက်ကာ ယခုစာလေးကို ရေးသားရခြင်းဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့မှ ယခုနှစ်တွင် စာရေးကိရိယာအလှူခရီးနှင့်အတူ ကျေးရွာများတွင် စာပေရေချမ်းစင်ကဲ့သို့သော နေရာများဖြစ်မြောက်အောင်လည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စာပေရေချမ်းစင် ဖြစ်မြောက်ရေးအတွက် မိမိတို့ထံတွင် ရှိနေသည့် ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်းများကိုလည်း လှူဒါန်းနိုင်ပါသည်။ ထို့အတူ စာရေးကိရိယာများကိုလည်း လှူဒါန်းနိုင်ပါသည်ဆိုသည့်အကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ၂၀၁၃/၁၄ ပညာသင်နှစ်က ကျနော်တို့ ရွာသူားများ၏ လှူဒါန်းမှုဖြင့် မူလတန်းကျောင်း ၁ဝ ကျောင်းသို့ စာရေးကိရိယာများ သွားရောက်လှူဒါန်းနိုင်ခဲ့ပါသည်။ ယခု ၂၀၁၅/၁၆ ပညာသင်နှစ်တွင်လည်း ကျနော်တို့အဖွဲ့ မှ ယခင်နှစ်များအတိုင်း မူလတန်းကျောင်း ၁ဝ ကျောင်းသို့ စာရေးကိရိယာများ သွားရောက်လှူဒါန်းရန် စီစဉ်ထားပါသည်။ သို့သော် ကျနော်တို့အဖွဲ့တွင် မူလတန်းကျောင်း တစ်ကျောင်းစာကျော်ကျော်မှသော စာရေးကိရိယာများသာ ရှိနေပါသဖြင့် အကူအညီတောင်းခံရခြင်း ဖြစ်ပါသည်။

မူလတန်းကျောင်း ၉ ကျောင်းတွင် ကျောင်းသူားဦးရေ မည်မျှရှိနိုင်သည်ကို အတိအကျ မသိရပါ။ သို့သော် နှစ်စဉ်လှူဒါန်းမှု အတွေ့အကြုံအရ တစ်ကျောင်းလျှင် အနည်းဆုံး ကျောင်းသူားဦးရေ ၅ဝ နှင့်အထက် ရှိနေတတ်ပါသည်။ ကျောင်းသူား တစ်ဦးလျှင် ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံတစ်ဒါဇင်၊ ပေတံတစ်ချောင်း၊ ခဲဖျက်တစ်ခု၊ ခဲချွန်စက်တစ်ခုနှုန်းဖြင့် လှူဒါန်းလိုပါသည်။

ကျောင်းသူားတစ်ဦးလျှင် ၂၁၀ဝ ကျပ်နှုန်းခန့် ကျသင့်နိုင်ပါသည်။ ဆရာ/မများအတွက် လိုအပ်သည့် မြေဖြူ၊ မင်နီ၊ သင်ပုန်းဖျက်များကိုမူ ကျနော်တို့အဖွဲ့မှ တာဝန်ယူ လှူဒါန်းပါမည်။ ရွာသူားများမှ ဝိုင်းဝန်းပံ့ပိုးကူညီ လှူဒါန်းပေးကြမည်ဆိုလျှင် များစွာ ကြည်နူးဝမ်းမြောက်ရပါမည်။ ယခင်နှစ်ကအတိုင်း ရန်ကုန်မှ အလှူရှင်များ အဆင်ပြေစွာ လှူဒါန်းနိုင်ရန်အတွက် ရန်ကုန်မှ ရွာသူားများ ကူညီပေးကြစေလိုပါသည်။ မန ္တလေးမြို့မှ ရွာသူားများလည်း ဝိုင်းဝန်းကူညီပေးကြစေလိုပါသည်။

ယခုနှစ်တွင် နိုင်ငံတော်အစိုးရမှ မူလတန်းကျောင်းသူားများကို ကျောင်းစိမ်းဝတ်စုံနှင့် စာရေးကိရိယာများ အခမဲ့ဝေငှပေးမည် ဆိုသည့်အကြောင်းကို သိရှိရသဖြင့် များစွာ ဝမ်းမြောက်မိပါသည်။ အစိုးရမှ အခမဲ့ဝေငှပေးမည့် စာရေးကိရိယာများ၊ ကျနော်တို့အဖွဲ့မှ သွားရောက်လှူဒါန်းများ စာရေးကိရိယာများပေါင်းလိုက်လျှင် မူလတန်းကျောင်းသူားများအတွက် တစ်နှစ်စာ ဖူလုံသွားလိမ့်မည်ဟု မျှော်လင့်မိပါသည်။

လှူဒါန်းမှု မှတ်တမ်းဓာတ်ပုံများနှင့် ခရီးစဉ်အကြောင်းများကို ရွာထဲတွင် ပြန်လည်ရေးသားမျှဝေ တင်ပြပေးပါမည်။ အဆင်ပြေလျှင် အလှူခရီးစဉ်ကို ဗီဒီယိုမှတ်တမ်းဖြင့် ရိုက်ကူးပြီး အလှူရှင်များထံ အခွေများ ပေးပို့နိုင်ရန် ကြိုးစားပါမည်။ ကျနော်တို့ နိုင်ငံအနာဂတ်ကို ဦးဆောင်ကြမည့် လူငယ်လေးများကို တတ်နိုင်သည့်ဘက်မှ ကူညီဖေးမခြင်းသည် ပိုမိုကောင်းမွန်သော အနာဂတ်တိုင်းပြည်ကို တည်ဆောက်ရာရောက်သည်ဟု ထင်မြင်ယူဆမိပါသည်။ ဆရာမဂျူးရေးသားသည့် ဝတ္ထုတစ်အုပ်ထဲမှ စာသားလေးဖြင့် အဆုံးသတ်ပါရစေ….
“မျိုးဆက်တိုင်းသည် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးနိုင်ရမည်”
ပျော်ရွှင်ချမ်းမြေ့ကြပါစေ…..
K.T.W.L

 

==============

မရွှေအိ ပို့ပေးတဲ့ အလှူငွေ စာရင်းလေး စစ်ကြည့်ပြီး လိုအပ်တာရှိရင် ကွန်မန့်ပေးပါခင်ဗျာ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Final List

Final List-12 June 15

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

About kotun winlatt

ကို ထွန်းဝင်းလတ် has written 134 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။