ဒေါ်ခိုင်ခိုင်နွယ် – Joint Secretary UMFCCI Interview
ယခုလ ထင်ရှားကျော်ကြားမြန်မာများကဏ္ဍမှာ US-Myanmar Exchange Gala Dinner မှာPanel Discussion မှာပါဝင်ဖို့ မြန်မာပြည်ကနေရောက်ရှိလာတဲ့ ဒေါ်ခိုင်ခိုင်နွယ် Joint Secretary UMFCCI (The Union of Myanmar Federation of Chambers of Commerce and Industry) နဲ့စကားပြောဖြစ်ခဲ့ပါတယ်။
♠ ဒေါ်ခိုင်ခိုင်နွယ်ရဲ့ ဇာတိနဲ့ ကိုယ်ရေးအကျဉ်းပြောပြပေးပါ။
ကျမကမော်လမြိုင်ဇာတိ။ ၁၉၇၄ မှာ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်က B.Sc(Zoology) ဘွဲ့ကို ရတယ်။ ၁၉၇၉ မှာ မဟာသိပ္ပံဘွဲ့ကိုရတယ်။ ဆေးဝါးသုတေသနမှာ အလုပ်လုပ်ခဲ့တယ်။ ပါရဂူဘွဲ့ Plan အတွက် ဒေဝူးအထည်ချုပ်ကုမ္ပဏီမှာ အလုပ်ဝင်ခဲ့တယ်။ Assumption University of Thailand မှာ Business English ဆရာမအဖြစ် ၁၉၈၉ ကနေ စပြီး၃နှစ်တာဝန်ထမ်းဆောင်ခဲ့တယ်။
♠ တက္ကသိုလ်ဆရာမဘဝကနေ စီးပွားရေးလုပ်ငန်းထဲဝင်ဖြစ်ပုံက။
ပထမဆုံး Vacation မှာ US ကိုတခေါက်အလည်လာခဲ့တယ်။ ပြန်သွားတော့ အရိုးကျီးပေါင်းတက်ရောဂါဖြစ်တော့ 2 semesters ခွင့်ရပြီး မြန်မာပြည်ပြန်ခဲ့တယ်။ ကံကောင်းချင်တော့ ရောဂါက၁ပတ်နဲ့သက်သာသွားတယ်။ အရင်လုပ်ခဲ့တဲ့ ဒေဝူးစက်ရုံက ကိုရီးယားဆရာက ဦးပို်င်နဲ့ဖွင့်တဲ့အထည်ချုပ်စက်ရုံမှာ Planning မှာဝင်ကူပါလို့ပြောလို့ ၃လဝင်ကူတယ်။ ၃လပြည့်တဲ့အခါနောက်ထပ် ၃လထပ်ကူပါဆိုတာနဲ့ ထိုင်းကို မပြန်ဖြစ်တော့ဘူး။ ဆရာက Business လုပ်ပုံလုပ်နည်းကိုသင်ပေးမယ်။ တိုင်းပြည်အတွက် လိုတာပဲဆက်လုပ်မယ်ဆိုဆုံးဖြတ်ပြီး ထိုင်းကနေစုလာတဲ့ပိုက်ဆံနဲ့ အိမ်မှာ အိမ်စက်ရုံလေးဆောက်ပြီး စီးပွားရေးလုပ်ငန်းထဲစဝင်ဖြစ်ခဲ့တယ်။ စတာ အိမ်နီးနားချင်းမိန်းကလေးအယောက်၂ဝကို အလုပ်ပေးပြီးစခဲ့တယ်။ ဒေဝူးစက်ရုံကစက်တွေကို အကြွေးနဲ့ဝယ်တယ်။ လုပ်ငန်းအဓိကမူကတော့ ချုပ်ထည်တွေအရည်အသွေးမှီဖို့နဲ့ အချိန်မှီဖို့ပေါ့။ နောက်ပိုင်းကိုယ့် Cutting ကိုယ်လုပ်လာနိုင်တယ်။ Cutting အတွက် အမျိုးသားဝန်ထမ်းတဦးနဲ့ Packing နဲ့မီးပူတိုက်အမျိုးသားတဦးကို ထပ်ခန့်နိုင်ခဲ့သည်။ အဲ့ဒီ့ကနေထပ်ပြီးတော့ အမျိုးသမီးဝန်ထမ်း၆ဝထိ ထပ်တိုးပြီးခန့်နိုင်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ကျမတို့မြန်မာသူငယ်ချင်း၄ယောက်နဲ့ကိုရီးယားဆရာနဲ့ပေါင်းပြီး Best Industrial Co., Ltd. အထည်ချုပ်လုပ်ငန်းကို ရွှေပြည်သာမှာ ၁၉၉၄ဒီဇင်ဘာမှာ ဝန်ထမ်းအင်အား၁၄၅ယောက်ကနေစလာတာ ၅နှစ်ကြာတဲ့အခါမှာ ဝန်ထမ်းပေါင်း၁၂၀ဝကိုအလုပ်ခန့်နိုင်တဲ့ထိ တိုးတက်လာ ခဲ့တယ်။
♠ အဲ့ဒီ့တုန်းက အထည်ချုပ်လုပ်ငန်းအတွေ့အကြုံတွေကိုပြောပြပါဦး။
ကျမတို့မိသားစုက နယ်မှာနေတယ်။ အစိုးရအလုပ်လုပ်တော့ လခကဖယ်ရီဖိုးနဲ့ကုန်တယ်။ မိဘကပြန်ထောက်ပံ့ရတယ်။ နယ်ကိုပြန်တဲ့အခါမိဘကိုမကန်တော့နိုင်ဘူး။ ဒေဝူးမှာလုပ်တဲ့အချိန်ကျတော့ အိမ်ပြန်တဲ့အခါမေမေ့ဖို့ မုန့်လေးဘာလေးဝယ်ပြန်နိုင်တယ်။ ကျမထိုင်းမှာဆရာမအလုပ် လုပ်တဲ့အခါကျမှ မေမေ့ကိုပြန်ကန်တော့နိုင်ပြီ။ ကျမအထည်ချုပ်လုပ်ငန်းစလုပ်ဖြစ်တော့လဲ ရပ်ကွက်ထဲကဟိန္ဒူကလေးမလေးတွေကိုလည်း ကိုယ်ချင်းစာစိတ်နဲ့ တဝေးတလံအပြင်ထွက်မလုပ်ရဘဲ အိမ်အနီးအနားမှာအလုပ်ပေး
နိုင်ခဲ့တယ်။ မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့မှုမလုပ်ခင်က Product ကအများဆုံး US ကိုပို့တယ်။ ဥရောပကိုလည်းပို့ရတယ်။ နာမည်ကြီး Brand တွေထဲက Nortica အမျိုးသားဝတ်ရှပ်နဲ့ ဂျာကင်တွေ၊ Children’s Place, Pacific Trail, ဂျာမဏီက C&A, Mia အပါအဝင် အီတလီကအားကစားထည်တွေ အပ်ထည်တွေရတယ် ။ US နဲ့ EU က စီးပွားရေးပိတ်ဆို့လိုက်တဲ့အချိန်မှာ ကျမတို့အလုပ်တွေ၅လလောက်ရပ်သွားတယ်။ ဒါပေမယ့် ကလေးတွေကို အလုပ်မဖြုတ် ဘူး။ နေ့တိုင်းဖယ်ရီနဲ့အကြိုအပို့လုပ်ပြီး အလုပ်ခေါ်တယ်။ အလုပ်မရှိတဲ့အခါ မိသားစုအခြေအနေတွေ၊ ပတ်ဝန်းကျင်အနေအထားတွေပြောခိုင်း၊ ဆွေးနွေးခိုင်းတယ်။
♠ မြန်မာပြည်ကိုစီးပွားရေးပိတ်ဆို့မှုဆိုလို့ အဲ့ဒီ့ကာလကရပ်တည်မှုကိုပြောပြပါဦး။
အလုပ်တွေရပ်သွားတဲ့အခါ အလုပ်သမားခပေးစရာမရှိတဲ့အခါမှာ ကားရောင်းရ၊ စက်ရုံဆောက်ဖို့ဝယ်ထားတဲ့မြေကွက်ရောင်း၊ နောက်ဆုံး CDMA ဖုန်းတောင် ရောင်းရတဲ့အထိ ကျပ်တည်းခဲ့တယ်။ ကျမတို့ ဈေးကွက်သစ်ကိုအပူတပြင်းရှာရတယ်။ အာရှဈေးကွက်ဘက်ကိုဦးတည်ရတယ်။ ဂျပန်ကိုဦးတည်ဖို့ ၂၀၀၀၊ ၂၀၀၁ကစပြီးကြိုးစားခဲ့တာ အဆင်မပြေခဲ့ဘူး။ စီးပွားရေးမပိတ်ဆို့ခင်က မြန်မာပြည်မှာ စက်ရုံပေါင်း၃ရာကျော်နဲ့ ဝန်ထမ်းပေါင်း၃သိန်းကျော်ရှိတယ်။ အမျိုးသမီးက၉၀%။ အနောက်နိုင်ငံနဲ့ US ကစီးပွားရေး ပိတ်ဆို့လိုက်တဲ့အခါမှာ စက်ရုံပေါင်း၆ဝနဲ့ ဝန်ထမ်းပေါင်း၆သောင်းကျော်သာကျန်ခဲ့တယ်။ အရင်ကစက်ရုံအလုပ်သမားမိန်းကလေးတွေဟာ နယ်စပ်ရွှေ့ပြောင်းတာ၊ Entertainment နယ်ပယ်တွေမှာ၊ လူကုန်ကူးခံရတဲ့ဆီမှာ အသက်မွေးကြရတယ်။ ဒါကြောင့် ကျမတို့ ကမ္ဘောဒီးယားနဲ့ဂျပန်ဈေးကွက်ဘက်ကို ပြန်ဦးတည်ရတယ်။ ၂၀၀၀၊ ၂၀၀၁ ထဲက ကြိုးစားခဲ့တာအဆင်မပြေခဲ့ဘူး။ ၂၀၀၇၊ ၂၀၀၈မှာရေးရေးလေးပေါ်လာတယ်။ ဂျပန်ကကိုယ်စားလှယ်အဖွဲ့နဲ့မမတို့အထည်ချုပ်က၃ဦး၊ အစိုးရဘက်က ကိုယ်စားလှယ်တွေလဲပါတယ်။ ၂၀၀၉ မှာ ဂျပန်အကူအညီစရတယ်။ စီးပွားရေးပိတ်ဆို့မှုမတိုင်ခင်မှာ US က နံပါတ်၁ဖြစ်ပြီး ပိတ်ဆို့မှုအပြီးမှာ ဂျပန်ကနံပါတ်၁ဖြစ်သွားတယ်။ Myanmar Garment Human Resources Development Center (MGHRDC) ဆိုတဲ့သင်တန်းကျောင်းကို လည်း ဖွင့်လှစ်နိုင်ခဲ့တယ်။ ကျမက သင်တန်းကျောင်းဥက္ကဌအနေနဲ့ တာဝန်ယူပါတယ်။
♠ မြန်မာပြည်ကို US နဲ့အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့တာကို စီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ ဘယ်လိုမြင်လဲ။ ဘာ့ကြောင့်လို့ထင်လဲ။
နိုင်ငံရေးပါလာရင် ဘယ်လောက်ပဲကိုယ်ကကောင်းအောင်လုပ်လုပ် သွားတာပဲ။ အီတလီကအားကစားအထည်တွေဆို မမတို့ Compliance အောင်ထားပြီးသား။ ၂၀၀ရ သံဃာ့အရေးပြီးတော့ ပြန်ထွက်သွားတယ်။ နယ်သာလန်ကဘောလုံးအကျီဆိုလည်း နာဂစ်အပြီးပြန်ထွက်သွားတယ်။ ဒါတွေကို မြန်မာအစိုးရကိုလည်း သိစေချင်ပါတယ်။ ၂၀၀၁မှာ စီးပွားရေးပိတ်ဆို့မှုကိုဖွင့်ပေးဖို့ ကျမတို့ကုမ္ပဏီကအလုပ်သမားလက်မှတ်ပေါင်း
၃သောင်းကျော်နဲ့တင်တယ်။ ကိုယ့်နိုင်ငံရဲ့လက်တွေ့တိုးတက်မှုကိုမှ မပြနိုင်တော့ မအောင်မြင်ပါဘူး။ ကိုယ်သာသူ့နေရာဆိုလဲ ဖွင့်ပေးမှာမဟုတ်ပါဘူး။
♠ ILO ကရော မြန်မာပြည်ကို ဘာလို့အရေးယူတယ် ထင်ပါသလဲ။ အလုပ်သမားအခွင့်အရေးနဲ့ Forced Labor ကိစ္စတွေကို ILO မှာ ဘယ်လိုရှင်းလင်းခဲ့ကြလဲ သိချင်ပါတယ်။
ILO ကပိတ်ဆို့အရေးယူမှုက ၂၀၁၂မှာစပွင့်တယ်။ ၂၀၁၁ ILO ညီလာခံမှာ ကျမကအလုပ်ရှင်ကိုယ်စားလှယ်အနေနဲ့အရွေးချယ်ခံခဲ့ရတယ်။ ILO အရေးယူပိတ်ဆို့မှုက Human Rights ကမလွတ်သေးဘူး။ ILO က ၂၀၁၁ဇွန်လမှာပြန်ရောက်တယ်။ အထက်လူကြီးတွေကိုတင်ပြတယ်။ ၂၀၁၂ ဖေဖော်ဝါရီမှာ အလုပ်သမားအဖွဲ့အစည်းဥပ ဒေ
ထွက်လာတယ်။ ၂၀၁၂ ILO Resolution မှာ Sanctions ၈ခုမှာ ၆ခုကိုလွှတ်ပေးတယ်။ ၂ခုကစောင့်ကြည့်မယ်ပေါ့။ ၂၀၁၃ဇွန်မှာ အကုန်လွတ်သွားပါတယ်။ EU က GSP ပေးမယ့်ကိစ္စမှာ ILO နဲ့ငြိနေတဲ့အတွက် ILO က လျှှော့ပေးလိုက်တဲ့အခါမှာ ၂၀၁၂မတ်လမှာ GSP ပွင့်လာပါတယ်။ ဒီအဆင့်ရောက်ဖို့အတွက် ကျမရယ်၊ ကိုမိုးကျော်၊ ဦးကျော်ဒင်၊ ဒေါ် Debbie Aung Din တို့ Brussel မှာပြောခဲ့ပြီးတဲ့နောက် EU က GSP စဖွင့်တယ်။ ILO က တိုင်းပြည်ထဲဖြစ်နေတာတွေကို ဆက်လက်စောင့်ကြည့် ပြီး ၂၀၁၃ဇွန်မှာ ကျန်သေးတဲ့ပိတ်ဆို့မှု၂ခုကို ထပ်ဖွင့်ပေးလိုက်တယ်။ မေးထားတဲ့ Forced Labor ကိ်စ္စက အရင်အစိုးရလက်ထက်မှာ နယ်စပ်မှာပေါ်တာဆွဲတာတို့ဘာတို့ရှိခဲ့တယ်။ ဒါ့ကြောင့်မို့လဲ ILO ကလဲ မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့တယ်။ တခုရှိတာက မြန်မာဥပဒေမှာက တိုင်းပြည်မှာ လိုရင်လိုသလို ပြည်သူတွေက လုပ်ရမယ်ဆိုတာကရှိတယ်လေ။ ၂၀၁၂ကနေ ၂၀၁၅ထိ ILO, အစိုးရနဲ့ဝန်ကြီးဌာနတွေပူးပေါင်းလုပ်ဆောင်ခဲ့တဲ့အတွက် ခုနေခါမှာ အဓမ္မလုပ်အားပေးတိုက်ဖျက် ရေးက တိုးတက်လာပါတယ်။
♠ မြန်မာပြည်မှာ အထည်ချုပ်အလုပ်သမားတယောက်ရဲ့အခြေခံလစာက ဘယ်လောက် ရှိလဲ။ အစ်မတို့ကုမ္ပဏီမှာရော အလုပ်သမားအခွင့်အရေးတွေဘာတွေပေးထားလဲ။
အခြေခံလစာတဦးကိုတလကိ ကျပ်၁သိန်းကျော်ရှိပါတယ်။ ကျမတို့က တလမှာ တနင်္ဂနွေ၄ရက်ပိတ်တယ်။ စနေကိုနေ့တဝက်ဆင်းခိုင်းတယ်။ အချိန်ပိုကြေးကတော့ သာမန်ထက်၂ဆပေါ့။ သင်္ကြန်ပိတ်ရက်၁ဝရက်အပြက် နယ်ပြန်တဲ့ကလေးတွေဆို အပြန်၃ရက်နဲ့ ပြန်အလာ၃ရက်ခွင့်ပိုပေးတယ်။ Social Security ပေးတယ်။ အလုပ်ရှင် ၃% အလုပ်သမား၂% ပေါ့။ နေမကောင်းတဲ့အခါဆေးအခမဲ့ကုလို့ရအောင်
စီစဉ်ပေးတယ်။ အလုပ်သမားသမဂ္ဂဖွဲ့ရေးကတော့ Workers’ Organization Law အရ မဖြစ်မနေဖွဲ့ရမယ်တော့မဟုတ်ဘူး။ ဖွဲ့လဲခွင့်ပြုတယ်။ အလုပ်ရှင်ဘက်ကကိုယ်စားလှယ်တယောက်၊ အလုပ်သမားဘက်ကကိုယ်စားလှယ်တယောက်ထားပြီး
အမြဲ ဒိုင်ယာလော့ကရှိနေရတယ်။ လခအနဲအများက အလုပ်ချိန်နဲ့မဆိုင်ဘူး။ သတ်မှတ်ထားတဲ့အလုပ်ချိန်အတွင်း မှာ သူ့အလုပ်သူပိုလုပ်နိုင်ရင် လစာများများရမယ်ပေါ့။ မနက်မိုးလင်းအလုပ်ထဲရောက်တာနဲ့ မင်္ဂလာပါလို့ နှုတ်ဆက်တဲ့အကျင့်ကို ချထားပေးတယ်။ ပြီးရင် စက်ရုံရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်။ မိမိအလုပ်ကို ကောင်းအောင်ကြိုးစားမည်။ မိမိစက်ရုံကို ကောင်းအောင်ကြိုးစားမည်။ မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်။ ဆိုတာကို သံပြိုင်ဆိုရတယ်။ မိဘ၊ ဆရာ၊ အလုပ်ရှင်နဲ့ ကိုယ့်စက်ရုံကအပ်ထည်မှာတဲ့သူ၊ ဝယ်ဝတ်တဲ့သူတွေကို မေတ္တာပို့ခိုင်းတယ်။
♠ မြန်မာပြည်နဲ့ကလေးအလုပ်သမားကိစ္စ Child Labor ကိစ္စကိုရော ဘယ်လိုမြင်ပါလဲ။
ကျမတို့အနေနဲ့ ကလေးတယောက်ကို ကလေးလို့သိပြီး ဘယ်တုန်းကမှ အလုပ်မခန့်ခဲ့ဘူး။
ပြဿနာကဘာလဲဆို နိုင်ငံသားမှတ်ပုံတင်တွေမရှိတဲ့ကိစ္စ။ နယ်ကလာတဲ့ကလေးတွေဆို မှတ်ပုံတင်အတုနဲ့လာကြတယ်။ အသက်လိမ်တယ်။ တချို့လုပ်ငန်းရှင်တွေက မသိလို့ခန့်မိတာ
တွေလဲ ရှိမှာပဲ။ ပြီးခဲ့တဲ့၆လက အလုပ်သမားဝန်ကြီးစက်ရုံလာကြည့်တော့ နိုင်ငံတကာမှာ Child Labor ကိစ္စပြောနေပြီလို့ တင်ပြခဲ့ပါတယ်။ ဝန်ကြီးကို နိုင်ငံသားမှတ်ပုံတင်ကိစ္စလဲပြောတော့ သူလဲ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးကို စကားပြော မယ်လို့ပြောပါတယ်။ ကျမတို့စက်ရုံမှာတော့ နိုင်ငံသားမှတ်ပုံတင်မရှိတဲ့အလုပ်သမားတွေကို Screen လုပ်တယ်။ လဝကဘက်ကလဲ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားတွေကို စက်ရုံထိ လာထုတ်ပေးပါတယ်။ ဒါတွေလုပ်တာဟာ နိုင်ငံတကာက လူတွေ ကျမတို့စက်ရုံကိုလာစစ်ရင်ဆိုပြီး ကြိုတင်ပြင်ဆင် တာမဟုတ်ပါဘူး။ ကိုယ့်အလုပ်အတွက်၊ ကိုယ့်အလုပ်သမားအတွက် ကိုယ့်အသိစိတ်နဲ့
ကိုယ်လုပ်တာဖြစ်ပါတယ်။
♠ Myanmar Garment Human Resources Development Center (MGHRDC) အကြောင်းနဲနဲပြောပြပါဦး။
MGHRDC ကို ၂၀၀၉ မှာ ဂျပန်အကူအညီနဲ့စတည်ထောင်ပါတယ်။ 3 Years term ၂နှစ်ရှိသွားပြီ။ ကျမကသင်တန်းကျောင်းဥက္ကဌအနေနဲ့တာဝန်ယူပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ မိန်းကလေးတွေကို အချုပ်အလုပ်အသက်မွေးဝမ်းကျောင်း
ပညာသင်ပေးမယ်ဆိုတာပါပဲ။ သင်တန်းကထွက်တဲ့သင်တန်းသား ၄၅၀ဝ ကို ခုဆိုရင် စက်ရုံ၃ရုံမှာ အလုပ်ပေးနိုင်ခဲ့တယ်။
♠ မြန်မာပြည်လက်ရှိအနေအထားမှာ ပြည်ပကရင်းနှီးမြှုပ်နှံမှုတွေလာလုပ်ဖို့ရာ UMFCCI အထွေထွေအတွင်းရေးမှူးတယောက်အနေနဲ့ ဘယ်လိုမြင်လဲ။ ဘာအခက်အခဲတွေရှိမလဲ။
တိုင်းပြည်က ပြောင်းတာတွေတော့ပြောင်းလဲနေပါတယ်။ ခုဆို လူတိုင်း နိုင်ငံခြားငွေ ကိုင်ခွင့်ရှိတာ ၂နှစ်ရှိပြီ။ ငွေကြေးလဲလှယ်မှု Market Rate ရှိသွားပြီ။ Foreign Bank ၉ခုကို မြန်မာပြည်မှာ ဖွင့်ဖို့ခွင့်ပြုလိုက်ပြီ။ SME Law ကို လွှတ်တော်ကအတည်ပြုလိုက်ပြီ။ Foreign Investment Law တွေကလည်း အရင်ကလို အစိုးရတယောက်ထဲကထုတ်တာမဟုတ်တော့ဘူးလေ။ ဝန်ကြီးဌာနတွေပြန် Reform လုပ်တာရှိသလို အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေက လေ့လာသုံးသပ်မှုတွေလည်းရှိနေပါတယ်။ သို့သော်လည်း တိုင်းပြည်ထဲမှာ ပြဿနာအခက်အခဲတွေက ကျန်သေးတာပေါ့နော်။
♠ ယနေ့ခေတ် ဝန်ကြီးအပြောင်းအလဲမှာ ရှေ့ကဝန်ကြီးသဘောတူပူးပေါင်းမှုတွေက
ဘယ်လောက်ထိစိတ်ချအာမခံရသလဲ။ နောက်ဝန်ကြီးတက်တဲ့အခါ ပေါ်လစီတမျိုး အသစ်ထွက်လာတဲ့ဟာမျိုးကျတော့ရော။ ဥပမာ- John Hopkins တက္ကသိုလ် တလောကပိတ်လိုက်တဲ့ကိစ္စမျိုးကျတော့ရော။
John Hopkins တက္ကသိုလ် ဘာလို့ပိတ်ပြန်သွားသလဲဆိုတာတော့ အသေးစိတ်မသိပါဘူး။ ရှေ့ဝန်ကြီးကလက်ခံအသိအမှတ်ပြုခဲ့တာကို နောက်ဝန်ကြီးက လက်မခံဘူးဆိုတာမျိုးကကျ ကျမထင်တာကတော့ ရှေ့ဝန်ကြီးက သေချာခိုင်မာတဲ့သဘောတူညီမှုမထားခဲ့လို့လဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ စကားတခုဆိုတာက ဘာရည်ရွယ်ချက်နဲ့ပြောသလဲ။ ဘယ်လောက်ထိအဓိပ္ပာယ်သက်ရောက်သလဲဆိုတာ သိပ်အရေးကြီးပါတယ်။ Assume လုပ်တာချည်းသိပ်များနေရင်လဲ အကျိုးကဖြစ်မလာပါဘူး။ သူတို့လုပ်နေတာမှားနေရင်လဲ ယနေ့အခါမှာ Private Sector က ထောက်ပြ ခွင့်တော့ရှိနေပြီလေ။ အဲ့ဒီ့တော့ မမပြောချင်တာက မြန်မာအစိုးရကို မယုံပါနဲ့ဦး။ ယုံချင်စရာလဲကောင်းမှမကောင်းခဲ့တာ။
ဒါပေမယ့် လတ်တလောတော့ သူတို့သည်လည်း ကောင်းတဲ့အပြောင်းအလဲဘက်ကို ကြိုးစားနေတယ်ဆိုတာကိုတော့ လက်ခံပေးပါလို့။
♠ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကို ပြောပြလို့ရမလား။
၂၀၁၃ခုနှစ်မှာ တကမ္ဘာလုံးနဲ့အလုပ်လုပ်လို့ရတဲ့ဝင်ငွေ( Value Added Price ပေါ့နော်။ )
ဒေါ်လာ၁.၂ဘီလီယံရှိတယ်။ ၂၀၁၄မှာ ၁.၄ဘီလီယံထိတိုးတက်လာတယ်။ အမြတ်ကတော့ ၈% ကနေ၁၀% လောက်ရှိတယ်။ စကားကြုံလို့ မြန်မာစက်ရုံတွေအော်ဒါလက်ခံတဲ့ဈေးကိုလည်း ပြောပြချင်ပါတယ်။ US မှာ တီရှပ်တထည်ဘယ်ဈေးရှိသလဲ စဉ်းစားကြည့်ပေါ့နော်။ ကျမတို့ဆီမှာ တီရှပ်တဒါဇင်ကို အထည်ချုပ်စက်ရုံက အော်ဒါလက်ခံတဲ့ဈေးက တဒါဇင်ကိုမှ $2.5 ဖြစ်ပါတယ်။
♠ လက်ရှိမြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကို ဘယ်လိုမြင်ပါလဲ။
မြန်မာပြည်ပညာရေးက Teaching Method က One Way စနစ်ဖြစ်နေတယ်။ ကျောင်းသားက ပြန်လှန်ဆွေးနွေးခွင့်မရဘူး။ ဒါဟာ စနစ်ကြောင့်ဖြစ်တာလား။ လူတွေ
ကြောင့်ဖြစ်တာလားမပြောတတ်ဘူး။ ဒါကျက်ဒါဖြေစာအုပ်အတိုင်းဆိုတာကတော့
မဟုတ်သေးဘူး။ ပြည်တွင်းမှာက နိုင်ငံတကာအဆင့်သင်ကြားတဲ့ Private ကျောင်းတွေတော့ရှိတယ်။ ဒါပေမယ့် စားရိတ်သိပ်ကြီးတယ်။
♠ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ဖို့ ခံယူချက်တွေက။
သစ္စာရှိရမယ်။ ရိုးသားရမယ်။ ကတိတည်ရမည်။ ဒီ၃ချက်အဓိကပဲ။ နောက်ပြီး မြတ်စွာဘုရားဟောသလို ကိုယ်နဲ့ကိုယ်ပဲနှိုင်းယှဉ်တယ်။ သူများနဲ့ Compare လုပ်လိုက်တာနဲ့ Compete စိတ်တွေဝင်လာတတ်တာမို့ ဘာလုပ်လုပ် ကိုယ့်အလုပ်သာကိုယ်အကောင်းဆုံးဖြစ်အောင်လုပ်ပါတယ်။
♠ အထည်ချုပ်လုပ်ငန်းပိုင်ရှင်တယောက်အနေနဲ့ မြန်မာ့ရိုးရာအထည်တွေနိုင်ငံတကာကို ဖောက်နိုင်မယ်ထင်လား။
ဗမာဝတ်စုံတွေက ပိတ်အရည်အသွေးက ရေကျုံ့တာ၊ ဆေးမညီတာ၊ ယက်တဲ့အခါအနာအဆာရှိတာမျိုးပြဿနာတွေရှိတယ်။ ဈေးနှုံးတင်ပြီး ကွာလတီကောင်းလာတယ် ဆိုရင်တော့ ဖြစ်နိုင်တယ်။နိုင်ငံတကာ ဈေးကွက်ကိုဖောက်ဖို့က သူများနိုင်ငံ အကြိုက် အရောင်၊ ဒီဇိုင်းကိုသိရမယ်။ ဗမာပြည်မှာက ရာသီဥတုနဲ့လိုက်ပြီး အဝတ်အစားလိုက်ပြောင်းတဲ့အကျင့် မရှိဘူးလေ။
♠ မေ၂ရက်နေ့က Los Angeles မှာကျင်းပခဲ့တဲ့ US-Myanmar Exchange Gala Dinner မှာဆွေးနွေးခဲ့တာတွေကိုရောအားရလား။ အဲ့ဒီ့အခမ်းအနားကို ဘယ်လိုမြင်သလဲ။
အားရပါတယ်။ ဒီအခမ်းအနားကို ကြိုက်တယ်။ US Congress ကအရာရှိ
တွေလာကြတယ်။ US က မြန်မာလုပ်
ငန်းရှင်တွေနဲ့ လူမှုအသိုင်းအဝိုင်း
ကိုမြင်ရတယ်။ ဒီနိုင်ငံလွှတ်တော်ကလဲ အသိအမှတ်ပြုတာကို မြင်ရတယ်လေ။ ဒီကမြန်မာအင်အားကိုသုံးပြီး တိုင်းပြည်
ကောင်းဖို့ တခုခုလုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
မှတ်ချက်။ ။ မြန်မာ့ဂဇက် ဇွန် ၂၀၁၅တွင်ဖေါ်ပြပြီးဖြစ်သည်။
22 comments
ခင်ဇော်
May 29, 2015 at 3:58 am
ကောင်းးလိုက်တာ..
ဒီလို အမြင်ရှိတဲ့ မြန်မာတွေ များးများးလိုတယ်..
ဆန်ရှင်ကြောင့် ပြည်တွင်းးစီးးပွားရေးးက ပိုထိပြီးး
အိမ်နီးးနားးချင်းး နိုင်ငံတွေ က အမြတ်ကျန်ကြောင်းး ပြောသွားးသေးးတယ်ဗျ..
kai
May 29, 2015 at 4:16 am
ယူအက်စ်ဆန်ရှင်က.. အထည်ချုပ်မှာ.. တော်တော်သွားထိတယ်..။
ဆိုင်ရာဒေသမှာ.. အလုပ်သိန်းချီပေးထားနိုင်တယ်လေ…။
ဘီယီယန်ချီတဲ့ငွေတွေက.. တကယ်တော့ အခြေခံအလုပ်သမတွေဆီရောက်ပြီး.. ဘဝလည်ပါတ်ဖို့.. လခစားငွေတချို့ဖြစ်ကုန်တာမို့ပါ…။
ကျုပ်သာ နောက်တက်မယ့်အစိုးရ..အကြံပေးခွင့်ရရင်..
အခု မြန်မာအနောက်ဖက်ကမ်းဒေသ..လုပ်အားဈေးပေါတဲ့.. ဘင်္ဂလီနေရာတွေမှာ.. နိုင်ငံတကာ အထည်ချုပ်စက်ရုံတွေကိုဆောက်ခိုင်းပြီး.. သူတို့ကိုအလုပ်ပေးတယ်..။
အစိုးရက.. အခွန်များများယူပေါ့…။
အဲဒီဒေသအတွက်ကို.. ဆန်ရှင်လွှတ်ခိုင်းမယ့်အပြင်.. ဆင်းရဲနိုင်ငံအနေနဲ့.. ယူအက်စ်… မစ်ဒယ်အိစ်ကို ကုန်သွင်းခွင့်အထူးလိုင်စင်(ကိုတာ) တောင်းချင်တာ…။
Win-Win ဖြစ်မယ်.. ထင်..။
စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ် ယောကျာ်း
May 29, 2015 at 4:26 am
ထှောက်ခ်…
ရွာက ဂွက်ထော် -ာ ဖြစ်တာ ဒါ့ဂျောင့်ဂိုးးးးး…
တေဂွ တို့က တော့ ခုတ်ရင်း ချမ်းသာရင်းးး တရားအားထုတ်ရင်းးး
ကျုပ်တို့မှာသာ မိုးမမှန်လို့ မီးမလာ ….ပူပါဘီ ဆယ်နေကဲ….
သာဂိ… နောင်နောင့် ကို ယက်ဆက်ဇမ်းးးးး
ဆန်ရှင် ခိုင်းသူ ဒို့ ယန်သူ
မီးဒုတ် မီးဒုတ် ရှို့ ရှို့ …
ဒချိ ဒချိ
မြစပဲရိုး
May 29, 2015 at 4:00 am
သူကြီး သတင်းစာထဲ သူ့ဓာတ်ပုံပါ တွေ့တယ်။ တော်တော်ချောတဲ့ အမျိုးသမီး လို့ဆိုရမယ်။
အားကျမိစရာ နောက်ထပ် အမျိုးသမီး တစ်ယောက်ပေါ့။
kai
May 29, 2015 at 4:10 am
အရီးဒုံဒုံတို့.. ဂိုဏ်းဝင်တယောက်ပေါ့..။
ဘဝတခုလုံးကို.. ဘာသာရေးမှာ ပုံထားတာ…။
padonmar
May 30, 2015 at 9:34 pm
တကယ့်ကို ထက်မြက်ပြီး တော်တဲ့ အမျိုးသမီးပါ။
English speaking လည်းကောင်း၊အပြောလည်းကောင်း၊ ဝတ်စားဆင်ယင်မှုလည်း smart ဖြစ်တော့
ဒုတိယ ဒေါ်စုပါပဲ။
စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ် ယောကျာ်း
May 29, 2015 at 4:23 am
ဆန်ရှင်ဆိုတာ ဘာလဲဟင်င်င်င်င်
😀
အောင် မိုးသူ
May 29, 2015 at 9:39 am
သစ္စာရှိရမယ် ရိုးသားရမယ် ကတိတည်ရမယ်။ ပြီးတော့ သူတို့ကုမ္ပဏီမှာလို့ပြောသွားတဲ့ သင်္ကြန်ဆယ်ရယ်ပိတ်ပေးတာရယ်။ လစာပျှမ်းမျှတစ်သိန်းကျော်ရတာရယ်။ ခု အဲလိုမရတဲ့ အထည်ချုပ်အလုပ်သမားတွေ အများကြီးရှိသေးတယ်။ သင်္ကြန်ဆယ်ရက်က ကျနော်တို့တောင် မပိတ်ဘူး။
ဒေါ် လေး
May 29, 2015 at 10:28 am
သူ့အတွေးတွေ သဘောထားတွေ လုပ်နိုင်စွမ်းတွေကို
လေးစားအားကျပါတယ် အင်တာဗျူး တင်ပေးတဲ့ သူကြီးကိုလည်း
ကျေးဇူးပါလို့
ကြည်ဆောင်း
May 29, 2015 at 11:57 am
ဒီလိုလူမျိုးမြန်မာပြည်မှာ များများရှိစေချင် ….
မြန်မာပြည် မှာ ရှိနေတာလဲ လူတွေများများသိစေချင် ….
Alinsett @ Maung Thura
May 29, 2015 at 3:36 pm
တဲ့….
.
.
.
အတော် ဟုတ်တဲ့ အလုပ်ပဲ…
အာ့မျိုးတွေချည်းဆိုရင်..ဆန္ဒတွေတောင် ထွက်ပြနေစရာ မလိုရေးချ မလိုလောက်တော့ဘူး
အခုတော့…
အတော်များများသော စက်ရုံတွေမှာ အလုပ်သမားလေးတွေခမျာ…. လစာ ခြောက်သောင်း ရ သောင်းလောက်နဲ့လည်း အပြေးအလွှား လုပ်နေရ…
မနက်ဆို ဖယ်ရီ မမှီရင် စက်မှုဇုံတွေထဲ လိုင်းကားတိုးစီး သွားဖို့ မလွယ်လို့ရယ်…
မမှီရင် လစာနည်းရတဲ့ကြားထဲ ဘော ဆိုတာကြီး ပြုတ်ရင် လစာဘာမှမကျန်လို့ရယ်…
.ပြေးကြ လွှားကြ….
အချိန်ပိုဆင်းခိုင်းပြန်တော့လည်း… အချိန်ပို လုပ်အားခက ပြောပလောက်အောင်မရှိ
ဖယ်ရီဆိုတာလည်း ထိုင်မစီးရပဲ ….တိုးကြိတ် မတ်တပ်….စီးရ
တခုခု ထိခိုက်မိရင်လည်း..နင်တို့က နမော်နမဲ့နဲ့ မို့ ဖြစ်တာတောင် နည်းသေး…ဆိုတာမျိုး အပြောခံရ…
ညည့်နက် ၁ဝ နာရီနောက်ပိုင်းမှ… သရဲနဲ့အတူ လမ်းလျှောက်ပြန်လာကြရတဲ့ …အထည်ချုပ်သမလေးတွေ
ကျနော်တို့ရပ်ကွက်ထဲမှာ တပုံကြီး…
padonmar
May 30, 2015 at 9:31 pm
ဆက်ဆက်ရေ
မြန်မာပိုင် စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေးတွေ ဒေါ်ခိုင်ခိုင်ပြောသလိုပဲ ရနေပါတယ်။
နိုင်ငံခြားသားပိုင်တွေမှာတော့ အဲဒီပြဿ နာတွေ ရှိကောင်းရှိနိုင်ပါတယ်။
တချို့ အလုပ်သမလေးတွေက အိမ်ကို ဘတ်ငွေတင်ချင်လို့ လျှော့ပြောတာတွေလည်း ရှိတတ်ပါတယ်။
ဝင့်ပြုံးမြင့်
May 30, 2015 at 12:32 pm
.အရီးဒုံဒုံ တို့ ဂိုဏ်းဝင် လို့ သဂျီးပြောလို့ မျှစ်မ အီကွေးရှင်း တစ်ခု ရသွားတယ်။
.ချမ်းသာတဲ့လူတွေက လူကြောက်တွေ။ သူတို့က ဘဝမှာ ဒုက္ခသုက္ခရောက်မှာ ၊ ကံခေမှာ အဲဒါမျိုးတွေအတွက် ဘုရားတရားလည်း လုပ်တယ်။ ဒုတိယဘုရားသခင် ငွေကိုလည်း ရိုသေတယ်။
ဒါကြောင့် အီကွေးရှင်းက လူကြောက်=ဘုရားတရားလုပ်သူ=ချမ်းသာသူ
(ဟီး.. အရီးဒုံ နဲ့ တီမမ မမြင်စေရ)
မြစပဲရိုး
May 30, 2015 at 1:58 pm
သူရို့ မမြင်လဲ မြ မြင် သွားလို့ ဝင်ပြီး ချွေးနွေးဗျစီ။ lol:-)))
. ညီမတော်ပြုံး ရဲ့ ( လူကြောက်=ဘုရားတရားလုပ်သူ=ချမ်းသာသူ ) ဆိုတဲ့ အီကွေးရှင်းက စိတ်ဝင်စားစရာပါ။
ဒါပေမဲ့ နေရာတိုင်းမှာ မှန်မဲ့ အီကွေးရှင်းလို့တော့ ပြောမရဘူး ထင်ရဲ့။
ဘာလို့လဲ ဆိုတော့ လောကကြီး ထဲ မကြောက်သူ ရှိနိုင်လို့လား။
ဘုရား တောင် သံသရာ ဆိုတာကြီး ၊ အိုနာသေ ဆိုတာကြီး ကြောက်လို့ တောထွက်တာလို့ အဆိုရှိသကိုး။
ထားပါတော့ ဘာသာရေးအပိုင်း။
အကယ်လို့များ
ဆင်းရဲနေတဲ့ လူ တစ်ယောက်က အလုပ်လုပ်ရမှာကြောက်လို့ အိမ်မှာဘဲ ရှိတာနဲ့ စား နေတာနေတာကလဲ ကြောက်နည်း တစ်မျိုးဘဲ မဟုတ်လား။
အရက်သမား တစ်ချို့ ဘုရားတရား မလုပ်ပါဘူး။ ဒါပေမဲ့ အချိန်တန် အရက်မရ မှာ ကြောက်သမှ ကြောက်လေ။
ဝုတ်ဘူးလား ??? :-)))
Ma Ma
May 30, 2015 at 5:07 pm
မျှစ်ကြော်ရေ-
အမှန်အတိုင်း ပြောတာမို့ မနာတော့ပါဘူး။ :k:
တခါက FM တစ်ခုမှာ ပြောသွားတာ။
ဘာသာရေးကို လူတိုင်းလုပ်သင့်တယ်။
အိမ်ထောင်သည်တွေက အိမ်ထောင်မှုကိစ္စ သားရေးသမီးရေးရှိလို့ မလုပ်နိုင်တာ ထားပါတော့။
အိမ်ထောင်မရှိတဲ့ အပျိုကြီး လူပျိုကြီးတွေက ဘာအမှုကိစ္စမှရှိတာ မဟုတ်တော့ ဘာသာရေးကို အချိန်များများပေးပြီး လုပ်သင့်တယ်တဲ့။
အဲဒီလိုပြောတဲ့ ပညာရှိသာ အာဏာရရင် အပျိုကြီး လူပျိုကြီးတွေ တောထွက်ရမယ်လို့များ ဥပဒေ ထုတ်မလား မသိဘူး။ :a:
kai
May 31, 2015 at 1:57 am
ကိုးကွယ်ရာဘာသာရေး…ဆိုတာ..။
အလုပ်အကိုင်မရှိ.. ပျင်းရမှာပျင်းသူတွေက… တဖက်လှည့်နဲ့.. ခိုင်းစားဖို့..လူကျွန်မွေးနည်းလို့ပဲ.. ရိုးရိုးလေးမြင်မိ…။
အင်း..
ကိုးကွယ်ရာမှားရင်.. သံသရာမှောက်…။
တချိန်လုံး ပုတီးမချ…တရားစခန်းဝင်နေသူတွေကိုပြောတာ..။
padonmar
May 30, 2015 at 9:26 pm
ခုတော့ မြင်သွားပြီ၊ဘယ်လိုလုပ်မလဲ မျှစ်။
ကြောက်ရတဲ့ အကြောင်းကတော့ တစ်တစ်လတ်က ရှင်းသွားပြီ။
ဘုရားတရားလုပ်တယ်ဆိုတာမှာ ပစ္စည်းဥစ္စာရချင်လို့ ဘေးရန်ကြောက်လို့ အများယောင်လို့ လုပ်တဲ့သူတွေနဲ့ တကယ်စူးစမ်းချင်လို့ တကယ် ယုံကြည်လို့ လေ့လာလိုက်စားသူကို အပြင်ပန်းကြည့်ရင် မကွဲတတ်ကြဘူး။
ချမ်းသာသူဆိုတာထက် ပညာတတ်သူတွေ (အတန်းပညာပါ)ဟာ ဘာသာတရားကို (ရချင်/ကြောက်/ယောင်)တာမဟုတ်ပဲ တကယ်လေ့လာပြီး ယုံကြည်ကြတာပါ။
တီဒုံတို့ ဓမ္မစာပေ သင်တန်းတွေမှာ လာတက်သူတွေဟာ ပညာတတ်တွေ များပါတယ်။အထူးသဖြင့် ဆရာဝန်တွေ များတယ်။ဘာလို့လဲ ဆိုတော့ ကိုယ်ဆင်းရဲ ဆိုတာကို သူများထက် ပိုမြင်လို့ပါ။ စိတ်ဆင်းရဲဆိုတာကိုတော့ ကြည့်သောသူမှ မြင်ပါတယ်။
ချမ်းသာသူတွေကတော့ အပေါ်ကပြောခဲ့တဲ့ ၃နည်းနဲ့ ဘုရားတရားလုပ်တာပါ။သူတို့ကြောင့်လည်း ဘာသာတရား နာမည်ပျက်ရတာပဲ။
ဝင့်ပြုံးမြင့်
May 31, 2015 at 5:58 pm
.အား တီဒုံ အဲလောက်ကြီး လျှောက်မတွေးနဲ့လေ။ မျှစ် က ခပ်ပေါ့ပေါ့ ပြောတာပါ။ တကယ်တော့ ချမ်းသာတဲ့လူတွေကို မျှစ်အထင်ကြီးတယ်။ ဘာလို့ ချမ်းသာလဲဆိုတော့ တော်လို့ပါ။ သူတို့ဟာ ဘာလုပ်လုပ်ပေါ့နော်။ ဘာသာရေးပဲ လုပ်လုပ် ဘာပဲလုပ်လုပ် အရေးမကြီးဘူး။ သူ့အခွင့်အရေးပဲဟာ။ ဆင်းရဲတာလည်း အကြောင်းရှိတယ်။ ချမ်းသာတာလည်း အကြောင်းရှိတယ်။ ဘာသာရေးက ငယ်ဘဝကို သိပ်မလွှမ်းမိုးစေချင်တာတော့ အမှန်ပဲ။ ဘရိန်းအဝပ်ခံရတာ ဆိုးတယ်။ ဘာသာရေးစွက်ဖက်တဲ့ ပညာရေး မှာ တိုင်းပြည်နစ်တယ်။ ဒါပေမယ့် နောက်မှ ပါရမီ ကိစ္စ တီဒုံနဲ့ဆွေးနွေးဦးမယ်။
padonmar
May 31, 2015 at 10:36 pm
မျှစ်ရေ၊
တီဒုံလည်း ဘာသာရေးဆိုတာကို ဇွတ်အတင်းထည့်တာ မကြိုက်ပါဘူး။တကယ်လေ့လာ တကယ်နှစ်သက် တကယ်ယုံကြည်တာကို ပိုလိုချင်ပါတယ်။
တခါက ဘုန်းကြီးဘဝကနေ မိန်းမယူသွားတဲ့ အကြောင်းမှာ မအားလို့ မျှစ်နဲ့ မဆွေးနွေးလိုက်ရဘူး။
အထူးသဖြင့်ကျေးလက်တွေမှာ လူငယ်လေးတွေကို မိဘက သာသနာ့ဘောင် ဝင်စေချင်လို့ သူတို့ ဆန္ဒမပါပဲ ကိုရင်ဝတ်၊ပဉ္ဇင်းတက် ဆိုတာတွေ ရှိတယ်။
အဲသလို ဝတ်တာမျိုးထက် တကယ့်သဒ္ဓါနဲ့ ဝတ်တာမျိုးပဲ ဖြစ်စေချင်ပါတယ်။
ဒါပေမယ့် ဘာသာရေးအခြေခံဆိုတာကို ကလေးများ နားလည်အောင် ရှင်းပြပြီးမှ သင်ပေးတာမျိုးကိုတော့ ဘရိန်းဝပ်ရှ် လုပ်တယ်လို့ မထင်မိဘူး။ရှိသင့်တယ်လို့ မြင်တယ်။
“ဘီလူးကြီး”ogre
June 2, 2015 at 4:01 pm
အထည်ချုပ် လုပ်ငန်းရှင်တွေဘက်ကတော့ အမြဲရပ်တည်ပေးပါတယ်
ဒါပေသိ့———-
စွာကျယ်ကျယ် နဲ့ နည်းနည်း အစွန်းရောက် သယောင် ရှိသလားလို့ ထင်မိတယ်
သူပါတဲ့ အစည်းအဝေးဆို မိုးချုပ်တော့တာပဲ း)
Wow
June 2, 2015 at 4:29 pm
အိုစီ (Over Confidence) နေမှာပေါ့အေ…
မြင့်လေ နှိမ့်ချရလေဆိုတဲ့ အက်သစ် သိလောက်အောင် မချူ းဝါးမဖြစ်သေးလို့ပေါ့..
နာဆို ဘာမှ မတတ် တပြားမှ မရှိပဲတောင် အိုစီဖြစ်ချင်နေတာ..
kai
June 3, 2015 at 3:27 pm
ဘီလီယံဘစ်ဇနက်ကြီးမှာ.. ယူအက်စ်က..ဆန်ရှင်ဖွင့်လိုက်ရင်.. … ဘီလီယံထပ်ဆင့်နိုင်တာကို… ဆန်ရှင်ဖွင့်ပေးနိုင်ဖို့.. ကန်င်ပိန်းလုပ်ချင်လုပ်ဖို့..ငွေတပြားမှမသုံးချင်.. မသုံးကြတာကိုတော့.. အံ့ဩမိတယ်..။
ယူချည်း… ယူချင်ကြသကိုး..။
ယူအက်စ်မှာ နိုင်ငံရေးသမားတွေကို.. ဥပဒေပြုသမားတွေကို.. ဝင်ဆန့်ဖို့က.. လောဘီ..လောဘစ်လိုသဗျ..။
လောဘစ်ဆိုတာမျိုးက.. အလကားမရ..။
အနိစ္စ..။