Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘဝင်မကျတာလေးတွေများ

စဆရ ႀကီးMay 29, 20151min67611

ဘာရယ်တော့ မဟုတ်ဘူးဗျာ။ လှနုထွန်းကြောင့်ဖြစ်မယ်ထင်တယ်။

ဘယ့်နှယ့်ဗျာ.. မယ်တွေသွားပြိုင်ဖို့ ရွေးလိုက်ရင် မျက်နှာလေးတစ်ခုကလွဲ ကျန်တာ ဘာမှ အဆင်ကိုမပြေတာ။ နမ်းချင်စရာကြီးကနေစလိုက်တာ ခင်ညှစ်စရာထိ။ နောက်ဆုံးဖင်မည်းကြီးကျမှ တော်တော်လေး ပွသွားရှာတယ်။ အဲ့တုန်းက ကျုပ် ဖင်မည်းကြီး ဆာဂျရီလုပ်နေတာကို ရှာရှာဖွေဖွေ တွေ့မိလို့ ဦးဦးဖျားဖျား ဂရုပ်မှာ ရှယ်ဖူးပါ့ဗျား။

ခုနောက်ပိုင်း သူထပ်လွှတ်တာတွေ ကြည့်မိတော့လည်း ထိုနည်းလည်းကောင်းပဲ။

မှားနေတယ်၊ အတော်လေး မှားနေတယ်။ ပြောချင်တာမှ ယားနေတာပဲ။ ကျုပ်တို့လို အားပေးရုံသက်သက်လူတွေများအဖို့တော့ သူရွေးလိုက်သမျှက ဒါ မြန်မာဆိုပြီး ကမ္ဘာကို ချပြနေရသလိုဖြစ်နေတယ်။ မှားတော့လည်းမမှားပါဘူး။ ကျုပ်တို့အနေနဲ့ ရွေးချယ်စရာမှ မရှိတာ။ မြန်မာမှာ ဒါပဲ အကောင်းဆုံးရှိတယ်ဆိုပြီး ချပြရသလိုဖြစ်နေတယ်။ တစ်နိုင်ငံလုံးမှာမှ အကောင်းဆုံးဆိုတာကို ရွေးလွှတ်ရတာလား။

တစ်ချိန်တုန်းကများတော့ ခါးသေးရင်ချီတွေမှ လှတယ်ထင်တာလား။ ခုနောက်ပိုင်းတော့ ခပ်ပါးပါးလေးတွေပေါ့။

ဒီမှာ ပြဿနာစတက်တာ။ ကိုယ့်ယဉ်ကျေးမှု၊၊ ကိုယ့်ခေတ်အခြေအနေနဲ့ ပြောရမယ်ဆိုရင် မှန်သလိုလိုပေါ့။ ဒါပေမယ့် နိုင်ငံတစ်ကာကို မြန်မာကိုယ်စားလှယ်ကြီးတစ်ယောက်အနေနဲ့ ချပြမယ်ဆိုရင် နိုင်ငံတစ်ကာက အကြိုက်ကိုသိဖို့လိုတယ်ဗျ။ ခုလေးတင် ဇွန်သင်ချာတစ်ယောက် ဆုရတယ်ကြားတယ်။ ကြည့်လိုက်တော့ ရှူနာရှိုက်ကုန်း။ တစ်ကယ်တော့ ခုအချိ်န်မှာ နိုင်ငံတစ်ကာက ကြိုက်တာက အုန်းသီးလုံးလောက်ကြီးတွေဗျ။

ပြောမယ့်သာပြောရတာပါဗျာ။ ဒီမှာ (အာရပ်နိုင်ငံတွေမှာတော့) လုံးကြီးပေါက်လှတွေမှဗျ။ သူတို့အကကိုက စကောဝိုင်း အကလား။ ဒီတော့ အထက်ပါရော အောက်ပါအရည်အချင်းနဲ့ပါ ပြည့်စုံမှလား။

ထားပါတော့ ဒါတွေက။ နိုင်ငံတစ်ကာအကြောင်းပဲ ဆက်ကြရအောင်။

Kate Upton ပဲကြည့်ကြည့်၊ ပြောရရင် ပစ္စည်းရှိလူတန်းစားတွေချည်းပဲ။ ဒီတော့ National Director ဒေါ်လှနုထွန်းရွေးပေးလိုက်သမျှ မြန်မာဆိုပြီးလိုက်အားပေးနေရတာတွေထက် ကိုယ့်ဖာသာဒိုင်လုပ်ရွေးရင် ကောင်းမလား စဉ်းစားမိပါတယ်။

++++++++++++++++++++++++++++++++++++

ဘာရယ်တော့ မဟုတ်ပါဘူး။ ခုတစ်လော ဖွဘုတ်ပေါ်မှာ မြင်နေရတဲ့ မြန်မာမယ်တွေအကြောင်းနဲ့၊ ဝိုင်းလေးအကြောင်းနဲ့၊ စာရေးဆရာမလေးတစ်ယောက်အတွက် ရင်လေးနေရတာတွေနဲ့ ရေးဖြစ်တာ ဖြစ်ပါကြောင်း။

တော်သေးပြီ။

11 comments

  • ခင်ဇော်

    May 29, 2015 at 6:41 am

    ဘာတွေ ပဲ ကြီးးကြီးး သေးးသေးးး
    ကျော် ကတော့ အချိုးး မကျ ရင် လှတယ် ကို မထင်တာဗျ..
    နိုင်ငံတကာ မစ်တွေ ကို ကြည့်ရင် အရမ်းးကြီးးတာ သေးးတာ ရှည်တာ မဖြစ်ပဲ
    သူ့ဟာနဲ့သူ အချိုးးတကျဗျ…!!
    မျက်နှာ အလှ ကတော့ နောက် အကြိုက်တစ်မျိုးးစီပေါ့ဗျာ..
    မြန်မာ အလှမယ်တွေ က ကစားးဖို့ လိုအပ်နေတယ် ထင်တယ်..
    ငယ် ကတည်းး က မစ် ဖြစ်ဖို့ ထရိန်းးတာ မျိုးး ရှိရင် ပိုကောင်းးမယ်…

  • ဂျက်စပဲရိုး

    May 29, 2015 at 7:56 am

    မစ် ထဲမှာ အခု တလော ခေတ်စားနေတဲ့ ဇွန်သံဇဉ် တစ်ယောက် ကိုတော့ တော်တော်လေး မျက်လုံးထဲ အဆင်မပြေသလိုပဲ။
    တခြား ဗဟုသုတ ပိုင်း ဘာသာစကားပိုင်း အတတ်ပညာပိုင်း (မော်ဒယ် လို နေပုံထိုင်ပုံ) တွေ ဘယ်လောက် တော်နေသလဲ တော့ မသိဘူး။
    သူက ဆုလဲ ၂ ဆု လား ရလိုက်သေးတယ် တဲ့။
    လူပြိန်း မျက်စိ နဲ့ကတော့ နန်းခင်ဇေယျာ မှ နန်းခင်ဇေယျာပဲ 😛

  • အောင် မိုးသူ

    May 29, 2015 at 9:53 am

    တကယ်တော့ Miss ပွဲတွေကို သေချာလေ့လာကြည့်ပါ။ ခါသေးရင်ချီမှာမှ မဟုတ်တာ။ မေမြတ်နိုးကတော့ ခု MUM ထပ်ပြိုင်ရင်တောင် စံမီသေးတယ်ဗျ။ ခုလည်း ဇွန်သံဇဉ်က Luxury Brand Model Winner ဖြစ်သွားပြီ လေ။ မြန်မာပြည်က Miss တွေထဲမှာ အချို့တစ်ယောက်နှစ်ယောက်မှ အပ ကျန်တာတွေ စံမီပါတယ်ဗျ။ Miss သက်တမ်းနုသေးတဲ့ နိုင်ငံမို့လည်း ပါတာပေါ့လေ။

  • kai

    May 29, 2015 at 12:42 pm

    တိုင်းပြည်သေးသေးမှာ… လူနည်းနည်းလေးမှာ…
    ဒီလောက်များတဲ့ မစ်စ်ပြိုင်ပွဲတွေနဲ့.. အင်း..
    တခုခုတော့..တခုခုဖြစ်နေသဗျဆိုတာ.. သေချာ..။

    ဆိုတော့…
    ကမ္ဘာသိပြိုင်ပွဲကြီးတွေကလွဲလို့… ကုမ္ပဏီစပွန်ဆာမစ်စ်ပွဲလောက်က.. ကျုပ်ထလုပ်လည်းဖြစ်တာပဲ..။
    ဘာများခက်လိုက်လို့..။
    သနားပါဘိ.. ကောင်းပါအိ…။ :k:

  • ကိုခိုင်ရေ

    တိုင်းပြည်သေးသေးလေးမှာ မစ်ပြိုင်ပွဲများများ က စီးပွားရေး ဈေး ကွက် အနေနဲ့ ငါးပွက်ရာငါးစာချနေကြတာပါ။

    စကားမစပ်

    ဟိုနေ့က ကိုခိုင်မန်းထားတာ ထင်တယ် တွေ့မရှောင် ကို ပွဲ သွင်းချင်တယ်လို့ ဖတ်လိုက်ရတယ်
    ဘယ်ပိုစ်ထဲမှာ မမှတ်မိလို့ ဒီမှာမန်းလိုက်မယ်။

    ကျနော်သာ ပွဲသွင်းမယ်ဆိုရင် တွေ့ မရှောင် ထက် စာရင် လူငယ် လက်တက် စိုးလင်းဦး ကို ပိုကြိိုက်တယ်။

    ငယ်ဂုဏ်နဲ့အတွေးအကြုံဆိုပြီး မြန်မာလက်ဝှေ့ဆောင်းပါးရေးနေတာ တစ်ဝက်တစ်ပျက်နဲ့ရပ်သွားတယ်
    ပြန်ဆက်ပြီး ရေး အုံးမယ်

    • kai

      May 29, 2015 at 4:54 pm

      ယူအက်စ်လက်ဝှေ့ပွဲသွင်းတာက.. အသက်အထိအာမခံထားရသမို့.. တော်တော်ခက်ပုံရသဗျ..။
      ကြုံတိုင်းတော့ ကြိုးစားနေတာပဲ..။
      Ultimate Fighting Championship (UFC) ထဲဆိုရင်တော့ ဘာဖြစ်မယ်မသိ…။

      ဗမာ့လက်ဝှေ့သမား ထိပ်ဆုံးအချနိုင်ဆုံး… ရွေးခေါ်ရမှာလို့ထင်တာပဲ..။
      ပွဲသွင်းဖြစ်တော့မှ.. ကိုပေါက်ဆီလည်း.. အကြံဉာဏ်အကူအညီတောင်းပါ့မယ်..။

  • Mike

    May 29, 2015 at 2:15 pm

    .သိပ်စိတ်မဝင်စားပါဘူး..ရင်လေးလွန်းလို့

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 29, 2015 at 4:02 pm

    ဇွန်သင်ချာ ကို ရှူနာ ရှိုက်ကုန်းတဲ့..
    အောင်မယ်လေးလေ့ လေ့လေ…
    တယ် ဇ-ပြင်းသကိုး …
    ငိငိ
    ဇွန်သံဇဉ် လုပ်ပါဗျာ..

    မှားဇာရှားယို့ ….

    ဇွန်ဂျီး နဲ့များ …ဟီးဟီးးး…

  • မြစပဲရိုး

    May 29, 2015 at 8:53 pm

    . မော်ဒလယ် တွေ ကတော့ ကိုယ့်စိတ်ဝင်စားမှု ထဲ မပါတာမို့ သတင်း သိပ်မလိုက်မိပါ။
    . ဒေါ်အောင်ဆန်းစုကြည် စတိုင် လောက် ဘယ်သူ့ စတိုင် ကိုမှ မကြိုက်။ (ဤကား စကားချပ်)
    အဲလာ သမ္မတကြီး ဆု မှန်း တဲ့ တစ်ယောက်လား။ အဲဒီ ဆု တော့ ရသွားတာ တော် သေးတာပေါ့။
    နောက်တစ်ခု က
    ပို့စ်နဲ့ တော့ မဆိုင် ပါဘူး မောင်ရှုံးရယ်။
    အရီးလဲ ဖတ်ပြီးပြီး ချင်း ရီလဲရီချင်၊ ရီလဲမရီရက်။ :-))))
    ဒါနဲ့ဘဲ သင်းဘောသီး များ ဘဝင်မကျ တဲ့ အမှု မို့ ဒီမှာ လာပြီး မျှလိုက်ဗျစီ။
    ခွေးလွှတ်။
    +++++++++++++++++++++++++++++++++++++++++++++++++++
    သို့
    ညွန်မှူး
    ရေကြောင်းဦးစီးဌာန

    အကြောင်းအရာ။ ။ ရုပ်ရှင်အစည်းအရုံးအား တင်ပြရန်

    အထက်ပါအကြောင်းအရာနှင့်ပတ်သတ်၍ ကျနော်တို့သဘောင်္သားများကို မြန်မာရုပ်ရှင်နှင့် ဗွီဒီယိုများ၌ လူပျက် လူကြမ်းဇတ်ပို့များ ကို ယခင်က လူပေါ လူရူး အဖြစ် ဟာသအဖြစ်လုပ်ခြင်း ဗီလိ်န် ကြာကူလီ အဖြစ်
    သရုပ်ဆောင်ကြရာတွင် သဘောင်္သားနာမည်တပ်ခဲ့ရာ ဆယ်စုနှစ်တခုမကတော့ပါ ထိုအရာကိုကျနော်တို့သဘောင်္သားများ ဒေါသထွက်သော်လည်း ခွင့်လွတ်ပေးခဲ့ကြသည်
    ယခုအခါ နာမည်တပ်ယုံမက ကျနော်တို့အမြတ်တနိုးထားသော အရာရှိ Chief officer ယူနီဖောင်း အပြည့်အစုံ အစုံ ခေါင်းမှခြေဖျားအထိ ဝတ်ဆင်၍ လူပေါ နေရာမှသရုပ်ဆောင်နေပါသည်
    ဤသို့ပြုလုပ်ခြင်းမှာ ကျနော်တို့သဘောင်္သားများ၏ ဂုဏ်သိက္ခာ ကျဆင်းစေပြီး ကျနော်တို့သဘောင်္သားလူစုကို စော်ကားရာ ရောက်သဖြင့် ထိရောက်စွာရှင်းလင်းပေးစေလိုပါသည်
    ထိုဇတ်ကား၏အမည်နှင့် အခြားအချက်အလက်များကို ဓာတ်ပုံနှင့်တကွဖော်ပြထားပါသည်

    လေးစားစွာဖြင့်
    မြန်မာနိုင်ငံ သဘောင်္သားများကိုယ်စား
    သက္ကြ(ပင်လယ်ပျော်)

    (ရုပ်ရှင် အမည် – ယုံကြည်ရင်အတူတူ နေကြမယ်)

  • Ma Ma

    May 30, 2015 at 9:03 pm

    (ကိုယ့်ဖာသာဒိုင်လုပ်ရွေးရင် ကောင်းမလား စဉ်းစားမိပါတယ်။)
    အဲ့အစီအစဉ်ကောင်းတယ်။ :k:

Leave a Reply