Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နားဦးတည့်ရာ နှစ်ဆယ့်လေး – ဇော်ဝင်းထွဋ် (မယ်သီတာခိုးတာဘယ်သူလဲ) “Ladies Only” ;-)

မြစပဲရိုးJune 6, 20151min114624

. ပြီးခဲ့တဲ့ အပါတ်တုန်းက မဟာပုရိသ မင်းယောကျာင်္းကြီး များ အတွက် လက်ချာပြီး တော့
ဒီတစ်ပါတ် ချစ်သော လုံမ တို့ အတွက် လက်ချာပါ။
အမှန်လို့တော့ မပြောပါဘူး။ အပျော်နည်းပေါ့။
(ဒါကြောင့် အတည်ကြံပြီးကြကုန် သော မွန်မွန် the လုံမတို့၊ တုံတုံ the လုံမ တို့ မဖတ်ရ။)

လက်ချာ ကို နိဒါန်းချီမနေဘဲ ဒဲ့ စရမယ် ဆိုရင်တော့
“အိမ်ထောင်မပြု ခင် ဘယ်သူ့ အတုတ်အနှောင် ကိုမှ မခံကြဖို့ပါဘဲ”။
. ရှေးလူကြီးများ ပြောစကား “လင်စံရွေး လင်ခွေး နဲ့ညား” ဆိုတာ ဘာသဘောလဲတော့မသိ။
သို့ပေမဲ့ ကိုယ့်တစ်သက်လုံးပေါင်းရမဲ့ သူ (ဒီတစ်ယောက်မကောင်း နောက်တစ်ယောက်ပေါင်း ဆိုတဲ့ စိတ်မထားရင်) ကိုတော့ ကိုယ်နဲ့ စိတ်တူရာလူ ကို စိတ်ရှည်ရှည်ထား ရှာဖို့ သင့်ပါတယ်။

စိတ်တူရာလို့ ဆိုတာမှာ ကိုယ် ကြိုက်တဲ့ အစားအသောက် နဲ့ သူကြိုက်တဲ့ အစားအသောက် ၊ ကိုယ်ကြိုက်တဲ့ ရုပ်ရှင် နဲ့ သူကြိုက် တဲ့ ရုပ်ရှင် တူတာမျိုးတွေ က စိတ်တူတာလို့ မပြောနိုင်ဘူး။
ဘာလို့လဲ ဆိုတော့ ကွကိုယ်တောင် ဒီနေ့ကြိုက်တဲ့ အစားအသောက် ကို နောက်နေ့ မှာ ကြိုက်ချင်မှ ကြိုက်တော့တာမဟုတ်လား။
တစ်ချို့ မတူတာတွေက ညှိလို့ ရတာ အသေအချာပါ။
အဲဒီအတွက် ညှိနှိုင်းတတ်တဲ့ စိတ်ရှိသူ ဖြစ်ဖို့ နဲနဲ အရေးကြီးလာတယ်။
သူများ ကို ညှိခိုင်း တဲ့ ကိုယ်တိုင်ကလဲ flexible  ဖြစ်နေသင့်တာပေါ့။

. ကြုံ တုန်း ဒီရက် FB ထဲ ကိုယ်တို့မိန်းမများ ရဲ့ တောင်းဆိုချက် စာလွှာ တွေ ဖတ်နေရင်း စိတ်ပျက်မိတာ တွေ ကို ပြောလိုက်ဦးမယ်။
တစ်ချို့ မိန်းကလေး များ ဟာ ကိုယ်ကချည်း အသာစီး လိုချင်တယ်။
ကိုယ်တော်တွေကလဲ မရခင်ချစ်စိတ်မွှန် နေချိန် လျှော့ပြကြမှာပါ။
. နောက်ပိုင်း အိမ်ထောင်ပြုပြီး ကြာရှည်မှာတော့ အဲဒီ အနိုင်ယူချင်စိတ် က ကိုယ့် ကို စိတ်ပျက်စေမဲ့ အကြောင်းဖြစ်လာလိမ့်မယ်။
တစ်ချို့ မိန်းကလေးများ က မဟုတ်တာပြောတဲ့ အလိမ်အညာတွေမှာ သာယာတတ်တယ်။
မညာဘဲ တဲ့တိုးပြောတဲ့ အမှန်ဆို စိတ်ဆိုး ကြတယ်။
ကိုယ့် မိန်းကလေး စိတ်ဆိုးမှာကြောက်လို့ ညာတဲ့  ကိုယ်တော်များ ရဲ့ စကားတွေ ကို အဟုတ်မှတ် နေရော။
ဒီတော့ အဲဒီ ချွတ်ယွင်းမှု ကို မပြင်ဘဲ မသိသလို နေရင်း တကယ်ပေါင်းဖက်ချိန်ကျ အပြစ်ဖို့စရာ အကြောင်းဖြစ် သွားတတ်ပါတယ်။

ထားပါတော့။
ဒါတွေ ဆွဲပြောနေရင် လိုရင်းမရောက်ဘဲ နေတော့မယ်။
စိတ်တူရာ ရွေး ဆိုတော့ ကိုယ်ကြိုက်တာတွေ  နဲ့တူ တာ ရွေးတာမျိုး မဟုတ်ဘူး။
ကိုယ် စရိုက် နဲ့ ကွဲကွဲပြားပြား မတူဖြစ်နေတဲ့၊ ကိုယ့်အနေ နဲ့ မညှိနိုင်တဲ့ ဟာမျိုး တွေ မရှိမှ ကိုယ်နဲ့ စိတ်တူတယ် ခေါ်နိုင်တာ။
အဲဒါမျိုး စရိုက်မတူတာ မရှိမှ ရွေးသင့်တာ လို့ ထင်မိတယ်။

အဲလို အတွင်းကျကျ သိနိုင်ဖို့ အတွက် သမီးရီးစားဘဝ က နေ ဆို သိဖို့ အင်မတန်ခက်သွားပါတယ်။
. နှစ်ဖက်လုံး က ပင်ကိုယ်မဟုတ်တဲ့ စရိုက် မျိုးတွေ နဲ့ အကောင်းဆုံးလိုဖြစ်နေ ဟန်ဆောင် နေပြကြတော့တာ မဟုတ်လား။
. နောက်ပြီး ချစ်သလိုလို နဲ့ သဝန်တိုစိတ်တွေ ရှေ့ထားပြီး မောင်ပိုင်/မယ်ပိုင် စီးထားဖို့ လိုင်စင်ရသွားပါလိမ့်မယ်။
အကြောင်းသိလွန်း သဝန်တို တတ်ကြသလို အကြောင်းမသိ လို့ လဲ သဝန်တိုရပါတယ်။
ဒါကို ရေတိုမှာ ပီတိဖြစ်သလို နဲ့ ခံနိုင်ပေမဲ့ ရေရှည်ဘဝ မှာ အတော်စိတ်ကုန် ဖို့ကောင်းလာမှာ မဟုတ်လား။

တစ်ချို့မိန်းကလေးများ က ရီးစားဖြစ်သွားရင် ကိုယ့်ကို ပိုချစ်လိမ့်မယ်လို့ ထင်ကြတယ်။
လူ့သဘောအရ ကြည့်ရင်ဘဲ အဲဒါ မှားပါတယ်။
. မယုံရင် ထိုထိုသော မဟာပုရိသများ ကို မေးကြည့်ပါ။
မိန်းကလေး တစ်ယောက်ကို ရပြီးချိန်မှာ မရခင် က လောက် ဈေးကြီး တယ် မထင်တော့ဘူး။
မရခင် က သာ ဒီမိန်းကလေး ဘဲ ကိုယ့်မျက်စိထဲ စွဲနေတာ၊
ရပြီးချိန်မှာတော့ တစ်ခြား ပုံရိပ် တွေ ကို မြင်တတ်သွားတယ်။
အိမ်ထောင်ကျပြီးချိန် ပိုဆိုးပါတယ်။
ဒါဟာ သဘာဝ တစ်ခု လိုမို့ အဲဒီ သဘာဝတရားကို မိန်းကလေးများ လက်ခံ တတ်ရမှာပါ။
အဲဒီ အချက် ကြောင့်လဲ ဖြစ်နိုင်သမျှ ကိုယ့် ဘဝကို သူများလက်ထဲ အလွယ် ထိုးမအပ် လိုက်ကြပါနဲ့။
ပိုပိုပြီး တန်ဖိုးရှိ အောင် တနည်း ဈေးမကျအောင် ကိုယ့်ကိုယ်ကို မြှင့်ဖို့သာ ကြိုးစားပါ။
အဓိကကတော့ စိတ်ဓာတ်ရေးရာပိုင်းမှာပေါ့။

ရုပ်ခန္တာ ဆိုတာ ရိုးအီလွယ်ပါတယ်။
ဘယ်လောက် လှလှ တစ်ယောက် ထဲ ကိုချည်း နေ့တိုင်း ကြည့်နေရင် ကြာတော့ သာမာန်လိုဘဲ ဖြစ်သွားမှာ အသေအချာပေါ့။
ဝက်သားသုံးထပ်သား ဟင်း က တစ်ခါတစ်လေတော့ ကောင်း ပေမဲ့ ကြာရင် အီလာသလိုပေါ့။
. ရေရှည် မှာ  ကိုယ့် ကို အမြဲတမ်း စိတ်ဝင်စား နေမှာက ကိုယ့်ရဲ့ စိတ်ဓာတ်၊အတွေးအခေါ်၊ အပြော အဆို အပြုအမူ တွေ ပါဘဲ။
ဒါတွေ နဲ့ ဘဲ ထို မင်းယောကျာင်္းများ ကို ရေရှည် ကြိုးဆွဲနိုင်လိမ့်မယ်။
ရုပ်ရည်ဘယ်လောက်ဘဲ တင့်တယ် တင့်တယ် စိတ်ဓာတ်အားကောင်းကောင်း မရှိရင် ရေရှည် မှာ အဲဒီ အရေပြားအလှ က နောက်ကျန်သွားမှာဘဲ။
တစ်ခြား ရွက်ကြမ်းရေကြို ကတောင် သူ့ထက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းသွားမဲ့ အခြေပေါ့။

ဒါကြောင့် ကိုယ်ချစ်သော မိန်းကလေးများ ရေ
အတိုချုပ် ရရင်တော့ ……
သမီးရီးစား အဖြစ် မကူးခင် သူငယ်ချင်းဘဝ နဲ့ ခပ်ကြာကြာ နေကြည့်ပါ။
သူငယ်ချင်းဘဝ မှာလဲနှစ်ဦးနှစ်ဖက် လွတ်လပ်နေပါစေ။
သူလဲ ကိုယ့်အပြင် တစ်ခြား သူ ကို လေ့လာရင်လဲ လေ့လာဖို့ အခွင့်ပေးလိုက်ပါ။
ကိုယ်ကလဲ တစ်ခြားသူ ကို လေ့လာနိုင်ဖို့ အခွင့်ယူပါ။
ဘဝ မှာ တစ်ယောက်ထဲဆီကို မြန်မြန်ကြီး လောင်းကြေး မထပ်လိုက်ပါနဲ့။
လွန်ပြီးချိန် ပြန်ပြင်ဖို့အကြောင်းက အလွန်ခက်ပြီး ကိုယ့်အတွက် ပိုပြီး နစ်နာပါတယ်။

အခု နားဦးတည့်လိုက်တဲ့ သီချင်းထဲက အဆိုကျော်ကြီး များ အော်ပြီး သတိပေးနေကြသလို ဒသဘီလူး လို့ ခေါ်ချင်လဲ ခေါ်ပါစေ။
တစ်ချိန် အိမ်ထောင်ပြုမယ် မှန်းရင် ရီးစားမဟုတ် တဲ့ အနီးကပ် သူငယ်ချင်းများများထားပြီး ဘဝ ဖော်ကို ရှာကြည့်ကြပါ။
ရီးစား ဖြစ်ဖို့သာ ခက်မှာပါ။ ( ပြောသာပြောရ ဒီ ခေတ်က တော့ အားလုံး လွယ်နေပါပြီ)

သူငယ်ချင်း ကတော့ အလွယ်ဖြစ်နိုင်ကြတာဘဲ။  လေ့လာစဉ် ကာလထဲ ကိုယ့် အရည်အချင်းကို ကိုယ် မြင့်သည်ထက် မြင့်အောင်၊ ရေရှည်မှာ တစ်ပါးသူက ကိုယ့်ကိုပျင်းမသွားနိုင်အောင် ကြိုးစားကြပါ။
. နောက်မှလဲ အမေပေးစားတာ ကို ကောက်ယူချင်လဲယူ ပေါ့။
ဒါမှမဟုတ် ဘာကိုမှ စိတ်တိုင်းမကျလဲ အပျိုကြီးဘွက ပိုပြီး နေပျော်ပါလိမ့်မယ်။ ကလေးမွေးနှုန်းကျတာ အပျိုကြီး တွေများလို့ ဆိုပြီး စွပ်စွဲချင်လဲ စွဲပါစေ။ ကိုယ်မွေးတာ ကို သူတို့ လာထိန်းပေး ပြီး ကျွေးမွေးမှာ မဟုတ်။ ကွကိုယ် ဘဲ လုပ်ရမှာ။
(အစိုးရကောင်း ဖြစ်လို့ စီမံတတ်ရင် ဒီလို သူများ လွတ်လပ်ခွင့် ကို ထိပါး စရာမရှိ –  စကားချပ်)

ဤတွင် မဟာတစ် ၏ လက်ချာ ပြီးပါပြီ။
မဟာကွန်ဆားဗေးတစ် မှန်း ပီသစေရန်တော့ အချက်တစ်ချက် ထည့်လိုက်ပါသည်။
“အပေါင်းအသင်း ကာလ အတွင်း ကိုယ့်ကို ဘယ်သူမှ မထိစေပါနဲ့။”

+++++++++++++++++++++++++++++++++
. ဇော်ဝင်းထွဋ်  နှင့် အဖွဲ့ – မယ်သီတာခိုးတာဘယ်သူလဲ

စာအုပ်ထဲမှာသင်တဲ့ မယ်သီတာခိုးတာဘယ်သူလဲ
သူငယ်ချင်း ငယ်ရီးစားက ကမေးတယ်
ဒီလိုပါ မောင့်ချစ်တဲ့ ချစ်သူမေရယ်
ဒသဂီရိ ဘီလူး ဘီလူးတဲ့ကွယ်။

ရီးစားများများ ထားတဲ့သူကို
ဒသဂီရိ ဘီလူး နဲ့ တူသလို မျက်နှာများကြတာကို ဆိုသတဲ့
စဉ်းစဉ်းစားစား တွေးကြည့်ပါကွယ်။
ဒသမင်း နဲ့ တူမယ် မျက်နှာမများနဲ့ နော်ကွယ်။

ဒီလိုမဖြစ်ပါစေနဲ့၊ ဒီလိုမဖြစ်အောင်နေကွဲ့
သူငယ်ချင်း ငယ်ရီးစားကလေးရယ်
လိမ္မာပါ နောက်တစ်ယောက် နဲ့ မတွေ့စေချင်တယ်
သစ္စာတွေပျက် ဖျက်မသွားနဲ့ကွယ်။

+++++++++++++++++++++++++++++++++

24 comments

  • မြစပဲရိုး

    June 6, 2015 at 4:09 am

    မအိ ရဲ့ ယုဇနပန်း တွေ က တစ်ဆင့် ထဲ မှာ ဖဲကြိုးဝါ သီချင်း ရှာ နားထောင်တော့ မင်းမင်းလတ် သီချင်း ကို ရှာလို့ရတယ်။
    အဲဒီ ကနေ အခု သီချင်း ကလဲ သူ စဆိုထားမှန်း သိလိုက်ရတယ်။ အရင်က မသိဘူး။
    https://www.youtube.com/watch?v=C0Khjdg-WOc (မယ်သီတာခိုးတာဘယ်သူလဲ –
    မင်းမင်းလတ် – ၁၉၇၁)

    ဒါပေမဲ့ ဇော်ဝင်းထွဋ် တို့ ရဲ့ အဖွဲ လိုက် ဆိုကြတဲ့ စတိုင် ကို ပိုပြီး နှစ်သက်လို့ နောက်ပေါက်ဗားရှင်း ကို ဘဲ မျှလိုက်ပါတယ်။

    . ဇော်ဝင်းထွဋ် နှင့် အဖွဲ့ – မယ်သီတာခိုးတာဘယ်သူလဲ

    https://www.youtube.com/watch?v=dm_Zzplo0sc

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    June 6, 2015 at 4:25 am

    ဝုတ်ဘာဒယ်…
    လက်ရှိယီးဇားထက် စကားဂျို အပုံကြီးလှတာ ဝန်ခံဘာဒယ်….
    ဒချိ ဒချိ….

    • မြစပဲရိုး

      June 6, 2015 at 4:29 am

      ဝန်ခံသူ သက်သေ(၁) စိမ်းလိုက်ပြီ။ :-)))

  • ခင်ဇော်

    June 6, 2015 at 6:18 am

    တစ်ချို့ အတွေးး ရိုင်းးသော အမျိုးးသားးများးတွင်
    မိန်းးမ တစ်ယောက်ကို အထိအတွေ့ ဖြင့် ထိန်းးထားး စွဲသွားး အောင် လုပ်မည် ဟူသော
    မိန်းးမတွေ ကို အထင်သေးး နှိမ်ချ အကြမ်းးဖက်ချင်သော အတွေးးမျိုးး ရှိပါ၍
    သတိကြီးးခြင်းး နဲ့ သံသယ ကြီးး ခြင်း
    ကြီးး ၂ ကြီးး ကို လက်ယာ လက်ဝဲ ကိုင်စွဲ ထားးစေ ချင်ပါသည် အမျိုးးသမီးးတို့…!!!
    ——
    မိန်းးမတွေ ရဲ့ မိခင်စိတ်ဟာ မိန်းးမတွေ ရဲ့ ပျော့ကွက်အဖြစ် အသုံးးချ ခံ ရတာ များးတယ်ရယ်..
    —–
    တော်ဘီ.. ဆက်မပြောတော့ ဘူးး
    သများး ကို မုဆိုးးတပိုင်းး မိန်းးမရိုင်းးလို့ ပြောကြလိမ့်မယ်…
    😉

    ပြောချင်တာ က ဘူ့ ကို မှ ပစ်ပျက် မယုံနဲ့ လို့…

    ပုံ/ ၁၃ကြိုးးး

    • Wow

      June 10, 2015 at 4:27 pm

      ဘလာစီယာကြိုးလုပ်ဖို့ (၂)ကြိုးလောက်ပေးးးး :mrgreen:

  • တောင်ပေါ်သား

    June 6, 2015 at 8:19 am

    သများတို့လည်း တကယ်ချစ်ခဲ့ပေမယ့်
    မူယာမာယာများ အချိန်ဆွဲ အိုက်တင်ခံကြ
    အဲသလိုမိန်းမတွေအတွက် ကြာတော့ စိတ်မရှည်ဘူးဗျ ၊
    ဘယ့်နှယ် ၁ နှစ်ကျော်လို့ ၂ နှစ်လည်း ပိုထူးမလာအောင်
    အိုက်တင်ခံနေမှတော့ ထားပစ်ခဲ့တာပေါ့ဗျာ ၊
    နောင်တနဲ့ အဝေးကြီးပဲ ၊ တကယ်ချစ်တာနော်
    ဒါပေမယ့် ဒင်း သက်သက်မဲ့ ကြိုးရှည်ရှည်နဲ့လှန်ထားသလား
    ငါ နွားဖြစ်နေပြီလား ၊ အဲသလို တွေးမိသွားရောဗျာ ၊
    အဲသလို ဘယ်ယောင်္ကျားတွေ တွေးမိသေးသလဲ မသိ ၊
    ( မယ်သီတာ လှည့်စားသမျှ ခံခဲ့ရတဲ့ ဒဿမျိုး )

  • kai

    June 6, 2015 at 9:41 am

    ဒီခေတ်ကြီးမယ်… ယောက်ျားတွေက…မိန်းမဇာတိ ပြောင်းလို့ရနေပြီဗျ…
    မိန်းမတွေယောက်ျားလိင်ပြောင်းလို့ရတဲ့ခေတ်.. မြန်မြန်ရောက်စေဖို့.. ဇီဝသိပ္ပံပညာရှင်တွေကို.. ဖိအားပေးမှ…

    ဒါမှ.. မောင်တထမ်း..မယ်တရွက်…
    မယ်တထမ်း..မောင်တရွက်..
    ဆူးပေါ်ဖက်ကျ
    ဖက်ကြောင့် ဆူးလိပ်
    တလှည့်စီပြောင်း.. စိတ်ကူးတည့်သလိုနေနိုင်ကြမယ်..။
    =
    လူ့ဘဝဟူသည်
    ဤသို့မည်၏
    အိပ်စားကာမ
    ထိုသုံးဝကို
    ပြည့်သိခံစား
    ပြီးမှ စိတ်ထင်
    လုပ်ချင်ရာကို
    မနှေးရွှင်ပြ
    လုပ်နိုင်စွသူ
    အနှီလူသား..
    ဂုဏ်ပြုစကား…။ :k:

    • Mike

      June 6, 2015 at 3:49 pm

      .သဂ ျီးက..အိပ်စားကာမ ၊ထိုသုံးဝကို ၊ပြည့်သိခံစား…ဆိုလို့…သတိရသွားတာလေး..

      .အိပ်စားကာမ
      .ထိုသုံးဝကား
      .နွားနှင့်လူသည်
      .တူ၏မှန်ပင်
      .အကြင်ယောက်က ျား
      .နွားထက်သာပို
      .ပညာကိုလ ျှင်
      .တတ်အောင်သင်လော့
      .ပသင်လတ်လ ျှား
      .ပညာရှားမူ
      .တူ၏နွားနှယ်မယွင်းတည်းတဲ့….အဟွတ်..အဟွတ်

      • kai

        June 8, 2015 at 2:26 pm

        တကယ်တော့လူမှာ..
        လူသားရယ်လို့ဖြစ်လာရင်.. တွေ့သိ..ခံစားရမယ့်ဟာတွေထဲ.. အခြေခံလိုအပ်ချက်ဆိုတာတွေရှိသပေါ့..။
        အိပ်စားကာမ.. အဲဒါပြည့်သိခံစား.. မရရင်.. လူက..”အူ”နေတယ်လို့ထင်သဗျ..။
        သဘာဝတရားမှာ.. လူသားဆန်စွာ.. ရသင့်ရထိုက်.. ရယူရမယ့်.. အရာတွေပါ…။
        တဦးချင်း.. ပုဂ္ဂလိက.. လူ့အခွင့်အရေးပါပဲ..။
        ဒါတွေ…ဒါတွေပြည့်ပြီးမှ… ကျန်တာဆက်ယူ.. ဆက်လုပ်သင့်ပါတယ်..။

        ဒါတွေမပြည့်/မရအောင်.. ရှောက်ပိတ်နေသူတွေကသာ..
        “တူ၏ပြိသာနှယ်မယွင်းတည်း..” လို့..။

        အဟွတ်..အဟွတ်.. ဟတ်.. ဟတ်.. ဟတ်… ချိုးးးးးးးးးးးးးးး။ :k:

        • မြစပဲရိုး

          June 10, 2015 at 5:18 am

          အဲဒီလို အူ တဲ့ လူ တွေ ရှိလို့ အခုလို လေထဲမှာ မိတ်ဆွေ တွေ ရနေတယ် မှတ်။
          အဲဒီလို ပြိတ္တာ မဟုတ်တဲ့ သူ တွေ များ နေလို့ အခွန်ထမ်းတွေ အလှူပေး နေရတယ်မှတ်။

          . နှာချေ ချောင်းဆိုးနေတာ ဆြာခို လိမ်းထားလိုက်။ lol:-))))

  • nozomi

    June 6, 2015 at 10:23 am

    ရုပ်ခန္တာ ဆိုတာ ရိုးအီလွယ်ပါတယ်။
    ဘယ်လောက် လှလှ တစ်ယောက် ထဲ ကိုချည်း နေ့တိုင်း ကြည့်နေရင် ကြာတော့ သာမာန်လိုဘဲ ဖြစ်သွားမှာ အသေအချာပေါ့။
    ဝက်သားသုံးထပ်သား ဟင်း က တစ်ခါတစ်လေတော့ ကောင်း ပေမဲ့ ကြာရင် အီလာသလိုပေါ့။
    . ရေရှည် မှာ ကိုယ့် ကို အမြဲတမ်း စိတ်ဝင်စား နေမှာက ကိုယ့်ရဲ့ စိတ်ဓာတ်၊အတွေးအခေါ်၊ အပြော အဆို အပြုအမူ တွေ ပါဘဲ။
    ဒါတွေ နဲ့ ဘဲ ထို မင်းယောကျာင်္းများ ကို ရေရှည် ကြိုးဆွဲနိုင်လိမ့်မယ်။
    အဲဒါ အမှန် ပဲ ဗျ ဆိုတာလေး လာ ပြော တာ
    ဒီ ဆရာမကြီး နဲ့ အတွေ့နောက်ကျတာ နာ သ ဗျာ

  • Ma Ma

    June 6, 2015 at 11:15 am

    (ကိုယ်မွေးတာ ကို သူတို့ လာထိန်းပေး ပြီး ကျွေးမွေးမှာ မဟုတ်။ ကွကိုယ် ဘဲ လုပ်ရမှာ။)
    ထောက်ခံပါတယ်။ 🙂

    ကိုယ်ပြောချင်တာတွေမို့လိုပ ဖဘမှာ ရှဲခွင့်ပြုပါ။

    မဆိုင်ပေမယ့် ကြုံတုန်းပြောချင်တာက…
    ဒီက ဖက်ဖ်အမ် အသံလွှင့်ဌာနတစ်ခုမှာလာသွားတဲ့ မဟာပညာရှိကြီးတစ်ယောက်ရဲ့အဆိုကတော့ အပျိုကြီး လူပျိုကြီးတွေ တရားစခန်းအပြီးတိုင်ဝင်ရမယ့်သဘောဖစ်နေတယ်။ :k:

  • ရှေးဗမာတွေ ခေတ်မှီပါတယ်

    ရီးစား တစ်ထောင် လင်ကောင်တစ်ယောက်တဲ့

    မှာချင်တာကတော့

    ကိုလတ်ကြီး ပြောသလိုပါဘဲ

    ဘယ်လောက်ဘဲ ပွင့်လင်းမြင်သာတဲ့ခေတ်ရောက်ပါစေ

    ရီးစားတစ်ထောင်နဲ့ မယူခင်

    ဒန် ဒန့် မဒန် ဘို့ဘဲလိုပါတယ်

  • အောင် မိုးသူ

    June 6, 2015 at 3:39 pm

    ကျနော့်ဘဝမှာ ကောင်မလေးဘက်ကနေ ရည်စားစကားစပြောတာ သုံးယောက်တိတိရှိခဲ့ဖူးတယ်။ အဲသည်ထဲက တစ်ယောက်ဆို ကြောက်ဖို့တောင်ကောင်းတယ်။ လိမ်လိမ်မာမာနဲ့သာ ရှောင်မထွက်ခဲ့ရင် ခုဆို…. ကလေးအဖေဖြစ်နေလောက်ပြီ။

  • Mike

    June 6, 2015 at 3:45 pm

    .ပြောကိုပြောခ ျင်တော့ဝူး
    .ပုံ။ အပ ျို ဂ ျီးများကိုသနားနေသူ :))

  • ​ဒေါ် လေး

    June 7, 2015 at 11:39 am

    အရီးရေ အမှန်တွေကြီးပါလား
    ကိုယ့်ဘဝ ကို ကိုယ်သာ ထိန်းချုပ်နိုင်ပါတယ်
    ကိုယ်ဘာသာ ကိုယ့်ဘဝ ကို တန်ဘိုးထားရင်
    အိမ်ထောင်ပြု ပြီးတဲ့ အခါမှာလဲ နှိမ်ချဆက်ဆက်ဆံခြင်း မခံရဘူ
    ခုခေတ်မှာတော့ အမျိုးသားများက ဘယ်လိုဘဲခေတ် မှီတယ်
    လစ်ဘရယ် လို့ကြွေးကြော် ပေမယ့် အရှေတိုင်းက ယောက်ကျားဝါဒီ
    ကို မစွန့်လွှတ်နိုင်ဘူး
    မိန်းမသည် ယောက်ကျားထက် ကျော်ပြီး တော်နေတတ်နေလျှင်
    သီးမခံ ခြင်ကြ သူတို့သာ တော်သည် သိသည် တတ်သည်
    အကုန်လုံးတော့ မဟုတ်၍ မဟုတ်သည့်သူများ
    မနာကြစေလိုပါ တော်တော် များများ က ဒီလို ဆုပ်ကိုင်ထားတုန်း
    ရှေးခောတ် က ရေးသားခဲ့သော အဆိုအမိန့် ဆုံးမစာ တော်တော်များများ
    မိန်းမ များကိုသာ တဖက်သတ်ရေးထားတာ တွေ့ လျှင် အလာ့ဂျစ်ဖြစ်သည်
    အမျိုးသားနှင့် အမျိုး သမီး လူလူချင်း လို့တွေးလျှင် ဒီလို မဖြစ်ပါ
    မိန်းမများမှာ အားနည်းချက် ရှိသလို ယောက်ကျားများမှာလည်း
    ဒေါသ ကြီး တတ်သည့် အပြုအမူ မျိုးရှိသည်
    နောက်ဆုံးတော့ အရီးရေ ဘယ်လောက် ဘဲ ရွေးရွေး
    အခြေအနေ အချိန်အခါ ကိုလိုက်ပြီး လိုက်လျောညီထွေ
    နေတတ်အောင် နေရမယ်ဆိုတာလေးပါ ကိုယ်စိတ်ကို ဆုံးမ ပြီး
    နေမှ လောကကြီးက နေပျော်စရာ ဖြစ်မှာ
    ( ကိုယ့်အတွေးသက်သက်သာ မည်သူကိုမှပုတ်ခတ် ခြင်းမဟုတ်)

  • မြစပဲရိုး

    June 8, 2015 at 2:34 am

    Post က မှတ်ချက် တွေ တစ်ခုချင်းဖတ်လိုက် reply လုပ်လိုက် လုပ်နေတာ ကြည့်နေရင်း အခုလေးဘဲ အနီရောင် တွေ ရဲ သွားတယ်။
    သရဲ ခြောက်လားမသိ။
    lol:-))))

  • မြစပဲရိုး

    June 8, 2015 at 2:53 am

    ဇီကလေး
    ဟုတ်ပါ့။ အဲဒီလို အပြင် ……
    အားလုံးမဟုတ်ပေမဲ့ တစ်ချို့သော ပိုက်ဆံရှိ (သို့) ရုပ်ဖြောင့် (သို့) ရာထူးရှိ အမျိုးကောင်းသားများ ရဲ့ စိတ်ထဲ မသိမသာ ဘဝင်စိတ် တွေလဲ ရှိတတ်တယ်။
    အဲဒီစိတ်တွေကလဲ မိန်းမဆို နှိမ့်ပြီးကြည့်တတ်တယ်။
    အဲလိုမျိုးတွေကျ နဲနဲပါးပါး ပညာပေး လိုက်မှ အချိုးပြေသွားမယ်။
    အမှန် ကတော့ ကိုယ်တွေ မိန်းမ တွေထဲ လဲ ဒါမျိုးတွေ ရှိပါတယ်။
    ဒီလို စရိုက်တူခြင်း သာ တွေ့သင့်တာ။

    ကိုမျိုး ကလဲ နဲနဲပါးပါး လေး အချိန်ဆွဲပြီး မှ ရီးစားစကားပြောသင့်တာလေ။
    သီချင်းတောင်ရှိသေး။ ရီးစားမဟုတ်၊ ဘာမှလဲ မဟုတ် ဆိုတာ
    ဟိုမရောက် ဒီမရောက် အချိန် က
    သမီးရီးစား ဘဝ ထက် ပိုပြီး ရိုမန်တစ် ဖြစ်တာ မယုံကြဘူး ထင်ရဲ့။
    . နောက်တစ်ချက်က
    တစ်ဖက်မိန်းကလေး က ကိုယ့်ကိုလဲ အီကြာရိုက်၊ နောက်တစ်ယောက် ကျလဲ ခါကြာမုန့်ကျွေး ပုံစံ မျိုး ဆိုရင်တော့ စောင့်နေရင် နွားကျတယ် ခေါ်လို့ ရပါတယ်။
    ဒါမျိုးကတော့ အမြန်ဆုံး ဖြတ်မှ အရူးလုပ်ခံရတဲ့ ဘဝ က လွတ်မှာပါ။
    ဒါပေမဲ့ သူ့ဟာသူ တည်တည်တန့်တန့် နဲ့ အချိန်ယူပြီး စဉ်းစားနေတာဆိုတာမျိုး ကို မစောင့်နိုင်ရင်တော့ လဲ ထားခဲ့ပေါ့။
    ဒါပေမဲ့ အဲလို စိတ်မရှည်နိုင်တာ ကို က ကိုမျိုး အဲဒီမိန်းကလေး ကို ရိုးသားစွာ မချစ်တတ်လို့ဘဲ။
    သူငယ်ချင်းတွေလို ရင်းရင်းနှီးနှီး တွဲသွားတွဲလာ လုပ်၊ စကားတွေ ပြောနေလို့လဲ ရတာဘဲ။
    ကိုမျိုး က သာ သူ့အနားမှာ စိတ်ရှည်ရှည် နေပေးရင် တစ်နေ့ ရာထူးတက်မှာပေါ့။
    ရီးစား ဖြစ်ဖို့ ကို အမြန်လိုချင်တဲ့ သဘောက ဘာများ ထူးထူးခြားခြား ပိုမိုချင်လို့လဲရှင့်။ 😉

    ကိုနို
    . အမှန်လို့ထောက်ခံပေးတာလေးအတွက်ကျေးဇူးပါ။
    ဆရာမကြီး နဲ့ အတွေ့နောက်မကျသေးပါဘူးလေ။
    ကိုနို အဖို့ ကတော့ ဒီစကားတွေပြောဖို့ စောပါသေးတယ်။
    ကျွန်မတော့ ဒီမှာ စုံးမကြီးလုပ်နေရပြီ။
    ကိုယ့် စုံးမပါဝါဘယ်လောက်စွမ်း/မစွမ်း ကတော့ နောက် ရနှစ် ၈နှစ် လောက်မှ အဖြေရလိမ့်မယ်။

    ချစ်မမ
    . တကယ်လား။ ကြည့်ရတာ မကောင်းကျောင်းပို့ လမ်းစဉ် အကောင်အထည်ဖော်ချင်နေသလား။

    ဆက်ဆက်
    အခုတော့ မကြိုက်တော့ဘူးလား။

    ကပေါက်ကြီး ရေ
    ဒီနေ့ မိန်းကလေး တွေ က ကိုယ်ဘယ်လို နည်းနဲ့ ပေါ်ပြူလာ ဖြစ်မလဲ ဘဲ တွေးတာများလာပြီ။
    လူ့စိတ် လူ့သဘော ကို နားမလည်ကြဘူး။
    အမှန်တော့ ကျား/မ နှစ်ဖက်လုံး က အပြန်အလှန်ထိန်းသင့်တာပါ။
    . ယောကျာင်္းလေးတွေ ကလဲ လွယ်လွယ်ရနေတော့ နဲနဲခက်တာ ကို အပင်ပန်းခံ လိုက်မနေတော့ဘူး။
    မိန်းကလေး တစ်ချို့ ကလဲ ကောင်လေး တွေ သူတို့ ဆီမှာ ကပ်နေအောင် ထိုးပေးကြတယ်။
    အဲလိုပေးရင် သူတို့ ကို မခွါနိုင်ဘူး ထင်ကြတယ်။
    ဒါပေမဲ့ အလွယ်ပေးတဲ့ နောက်မိန်းကလေး နဲ့ တွေ့ချိန် အဲဒီ ကိုယ်တော်က သူ့ကို သေချာပေါက်ထားခဲ့မှာကို သူတို့ မသိရှာဘူး။
    အဲဒီ ကနေ ဟိုကလဲ နောက်တစ်ယောက်ပြောင်း သူကလဲ နောက်အသစ်ရှာ ဒီလို နဲ့ တန်ဖိုးက နိမ့်ပြီးရင်းနိမ့်ပေါ့။
    ပညာတတ်ပြီး ကိုယ့်ကိုယ်ကို ထိန်းတဲ့ မိန်းကလေး တွေ များနေရင် ကောင်လေးတွေ ကလဲ တန်ဖိုးကြီး တဲ့ မိန်းကလေး ကိုရဖို့ သူ့ဟာသူလဲ မြှင့်ဖို့ကြိုးစားတာ မဟုတ်လား။
    ဒီလိုမှဘဲ တိရိစ္ဆာန် အပြုအမူ တွေထက်သာတဲ့ လူသား လောကကြီး ဖြစ်လာမှာပါ။

    . မောင်အောင်
    မပြောမရှိနဲ့။
    တစ်ချို့မိန်းကလေး တွေ က ရီးစားဦးရေ အများပြိုင်ကြတယ်။
    တွဲရုံဆိုတော်သေး သဒ္ဒါများလွန်းပြီး ရောဂါပွါးမှ ခက်မှာ။

    မိုက်
    ကဗျာလေးအတွက် ကျေးဇူး။
    သူ့ဟာသူ စိတ်ချမ်းသာ ကိုယ်ချမ်းသာ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း နေနေကြသူတွေ ကို သနားနေတဲ့ ကိုယ့်ကိုယ်ကိုသာ သနားလိုက်ပါလေ။
    မနေ့က ၁ဝတန်းအောင်စာရင်း သတင်းကြားတော့ သမီးလေး နဲ့ သူရဲ့ပါပါကြီး ရဲ့ မနှစ်က အပျော်ကို သွားသတိရမိသေး။

    . ဒေါ်လေးရေ
    မှန်ပါတယ်။
    ဒါကြောင့် မိန်းကလေး တွေ ကို ပညာလဲ ဂုဏ်မြင့်မြင့် နဲ့ လူရာဝင်ပြီး ပွဲတိုးစေချင်တဲ့ တွန်းအားပေးမိတာပါ။
    ဒါပေမဲ့ ကိုယ်တိုင်က ပညာ၊ ရာထူး နဲ့ မြင့်နေလဲ ကိုယ့်ကလင်သား အပေါ်မှာ မမောက်မာသင့်ပြန်ဘူး။
    စိုင်းထီးဆိုင် ရဲ့ (တေးရေး- စိုင်းခမ်းလိတ်) ရဲ့ သီချင်းထဲ က ဒေါ်ဘယ်သူ နဲ့ ခင်ပွန်း လို့ အတပ်ခံရချိန် မှာ ပိုပြီး သတိထားသင့်တယ်။
    တကယ်တော့ ဒီလို ပြသနာ မဖြစ်ချင်ရင် နဂိုထဲ က ကိုယ် နဲ့ တန်းတူ နိုင်မှု ကိုလဲ ထည့်စဉ်းစားသင့်တာပါ။
    . ဒေါ်လေးပြောလိုက်တဲ့
    { အခြေအနေ အချိန်အခါ ကိုလိုက်ပြီး လိုက်လျောညီထွေ နေတတ်အောင် နေရမယ်ဆိုတာလေးပါ }
    ဆိုတာ လေး ကို သဘောကျစွာ နဲ့ နာယူသွားပါတယ်။ (အဲဒီ အတွက် စိမ်းလိုက်ပါတယ်)
    ဘယ်လောက်ဘဲ စီမံကိန်းကောင်းကောင်း တွေ ချထားထား အနာဂါတ်မှာ အဲဒီ အတိုင်း မဖြစ်ဘဲ လွဲ နေတာ တွေ ကြုံ ရတာများလာတော့
    အဲဒီ စကားလေး က တန်ဖိုးရှိလွန်းပါတယ်။
    ကျွန်မကိုယ်တိုင်လဲ မပြည့်သေးတာမို့ လိုက်နာဖို့ ကြိုးစားပါ့မယ်။ ကျေးဇူးပါ။

  • မြစပဲရိုး

    June 8, 2015 at 3:41 am

    သူကြီး မင်း အတွက် သီးသန့် စုံးမစာပါ။
    ကျွန်မလဲ ကျမ်းဂန်တွေ မသိသူမို့ သူကြီး ကို သိပ္ပံစကား နဲ့ဘဲ ပြောပါမယ်။ 😉

    Quantum physicists တွေ ထဲ က တစ်ချို့ရဲ့ သူတို့ နယ်ပယ်ထဲ က ရှာဖွေတွေ့ရှိချက် တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ဝလောက်က ဗုဒ္ဓရဲ့ သင်ကြားချက် နဲ့ ကိုက်နေတာ တွေ ကို ဆွဲထုတ်ပြတဲ့ စာတန်း တွေ ရှိလာနေတယ်။

    အဲဒီထဲ မှာ
    “ “All matter originates and exists only by a virtue of a force…
    We must assume behind this force the existence of a conscious and intelligent Mind.
    This Mind is the matrix of the matter.”
    Max Planck – the Founder of Quantum Physics.”

    ““All that we are is the result of what we have thought.
    The mind is everything. “
    The Buddha.”

    သူကြီး ပြောတဲ့ “အိပ်စားကာမ” ကို ရှေ့တန်းထားတဲ့ စိတ်အတွေး က ဘဝမှာ “အိပ်စားကာမ” ဘဲ သိတဲ့ အဆင့်ဘဲ ရလာဒ် ထွက်မှာပေါ့။
    ဒါထက် ပိုပြီး တွေခေါ်စဉ်းစားဆင်ခြင် တတ်မှ ပိုပြီး မြင့်မြတ်တဲ့ အဆင့်ရှိတဲ့ ဘဝ ရမယ်။

    ဟိုနေ့က ပေးခဲ့တဲ့ ဆောင်းပါးထဲက “Quantum entanglement” ဆိုတာကို ရှာတွေ့ချိန် ” ” ဆိုတာ ဖြစ်ချင်တိုင်း ဖြစ်သွား တာ မဟုတ်တော့ဘူး လို့ ဖြစ်လာတယ်။ (သေချာအောင်တော့ ပြန်ဖတ်ပါဦးမယ်)
    “Quantum entanglement” က အရမ်းကို သေးတဲ့ အက်တမ်လေး တစ်ခု အပြောင်းမှာ အဲဒါနဲ့ အဝေးကြီး မှာ ရှိနေတဲ့ တစ်ခြား အက်တမ်လေးကလဲ လိုက်ပြောင်းလိုက်တာ တွေ့လာရတယ်။
    ဒါပေမဲ့ အဲဒီ နှစ်ခု က ထိစပ်နေတာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့ ပြောင်းလိုက်တာ က သက်ဆိုင်နေသတဲ့။
    . လောလောဆယ် လက်တွေ့မြင်နိုင်တဲ့ X,Y,Z, Time ဒိုင်မန်းရှင်း တွေ အပြင် တစ်ခြားသော မမြင်နိုင်တဲ့ ဒိုင်မန်းရှင်းများကြောင့် လို့ ဆိုကြတယ်။
    အဲဒါကို တွေ့ပြီးနောက်ပိုင်း လူတွေ ရဲ့ သေချိန်မှာ ဖြစ်လိုက်တဲ့ စွမ်းအားစိတ်ကလေး က နောက် တစ်နေရာ ကို ကူးပြောင်းသွားတဲ့ သဘော Rebirth လို့ ယှဉ်တွေးလာတဲ့ ဆောင်းပါးတွေ ထွက်လာ တယ်။
    . လောလောဆယ်တော့ ဒါတွေ ဟာ အမှန်လို့ မပြောနိုင်ပါဘူး။ ကိုယ်သန်ရာ မှန်းဆချက် သက်သက်တွေပါ။

    ဒါပေမဲ့ အဲဒီ ပြောင်းသွား ကူးသွားတဲ့ စွမ်းအားလေးကို လိုက်မှီလိုက်တဲ့ တစ်နေ့ မြန်မာပြည်ထဲ မှာ တစ်ချို့ ရဲ့ “ရုပ်ကသာ နာမ်စိတ်ကလေး ကို ဦးဆောင်တယ်၊ သေရင် ပြီးပြီ ၊ နောက်ဘဝ မရှိ ဆိုတဲ့ ရုပ်ဝါဒီ” အတွေးအခေါ် တွေ မှားပြီ လို့ ဆိုနိုင်လိမ့်မယ်။
    အဲဒီ တစ်နေ့ က မဝေးတော့ဘူး လို့လဲ ကျွန်မ ထင်တယ်။
    အဲဒီအချိန် သေချိန်မှာ ထားရမဲ့ စိတ်အင်အား က ဘယ်လောက် အရေးကြီးတယ် ဆိုတာ ပိုပြီး ခိုင်မာသွားမယ်။
    ဒါကြောင့် စိတ် ကို ကိလေသာ အညစ်အကြေး မကပ်စေဖို့ ကြိုးစားရတာ၊ ငါစွဲ အတ္တတွေ နဲဖို့ အားထုတ်ရတာ တွေဟာ အလကား အပျော်သဘောတော့မဟုတ်ဘူး။
    အဲဒီလို ကူးနိုင်မဲ့ စိတ်စွမ်းအားလေး မရှိတော့ ရင် ဘဝ မဖြစ်တော့တဲ့ သဘောပေါ့။ သံသရာ ထဲ က လွတ်ပြီ လို့ ဆိုနိုင်မလား။

    . လောလောဆယ်တော့ ဗုဒ္ဓဘာသာဝင် အများစုပါလို့ အမည်တပ်ထားတဲ့ နိုင်ငံ မှာ ငါစွဲ တွေများများ နဲ့ တွယ်ငြိ တပ်မက် နေတာတွေ၊ မမြဲ တဲ့ ဘဝ အခြေ တွေကို ကို အတင်း စွဲ နေတာတွေ ပိုပိုများ လာတာ လို့ လဲ ထင်မိတာပါဘဲ။
    (မှတ်ချက် – အခု ပြောနေတဲ့ Quantum entanglement နဲ့ ဗုဒ္ဓသင်ကြားမှု ကို ဆက်စပ်တဲ့ ဆောင်းပါး ကို မိမိ ကိုယ်ပိုင် အတွေး နဲ့ ရေးတာ ဖြစ်လို့ အမှန် လုံးဝ မဟုတ်ပါ။ ထင်မြင်ချက်သာ ဖြစ်ပါကြောင်း)

    • kai

      June 8, 2015 at 2:37 pm

      သိပ္ပံရှု့ထောင့်ရော.. ဝိဇ္ဇာရှု့ထောင့်ရော.. ဓမ္မရှု့ထောင်ရောကပြောရရင်..
      အရာရာက..တခုခုဖြစ်မယ်.. တည်မယ်.. ပျက်မယ်.. ဆို.. စွမ်းအင်လိုသဗျ..။
      အဲလိုဘဝကူးဖို့ဆိုရင်.. အဲဒီလိုဘဝဘဝက.. ကောင်းဆို.. ကုသိုလ်အကုသိုလ်တွေမှတ်ဖို့.. မီမိုရီလိုမယ်..။ ပါဝါ.. စွမ်းအင်လိုမယ်..။
      လူသားတယောက်ကနေ.. အဲလောက်ကြီးတဲ့ပါဝါစွမ်းအင်.. ထွက်နိုင်ပါ့မလား..ရှိပါ့မလား.. တွေးနေမိ..။
      ကိုယ့်ဦးနှောက်ကလေးနဲ့.. လိုက်တွေးစဉ်းစားနေတာရောမဖြစ်နိုင်ဘူးလား.။
      လူ့စိတ်ဆိုတာအင်မတန်ဆန်းကျယ်..။
      ဘာမဟုတ်တဲ့.. အသက်ရှုတာလေးကိုပဲ.. အစိတ်စိတ်ခွဲခြမ်းစိတ်ဖြာလိုက်ရင်.. လူ့ဘဝသက်တမ်းတခုတောင်မလောက်…။
      အလုပ်ကို အကြီးအကျယ်ကို.. ရှုပ်နေရောပဲ..။

      ဆိုတော့..
      ဗုဒ္ဓရဲ့တရားဓမ္မအရတော့.. ဗုဒ္ဓကိုယ်တော်တိုင်က.. အဲဒီရှေ့ဘဝ-နောက်ဘဝအယူကို..မယူပါဘူး..။
      အဲဒါလေးတော့ ပြောခဲ့ချင်..။ :k:

  • Shwe Ei

    June 9, 2015 at 10:42 am

    -သများ အခု ဦးနုရဲ့ ကာမတဏှာ ဆိုတဲ့ စာအုပ်ဖတ်နေတယ်
    -ပြီးသွားရင် စာညွှန်းရေးအုံးမယ် 😛

    • မြစပဲရိုး

      June 10, 2015 at 5:15 am

      . မျှော်နေမယ် ချွေ၏ လေး။ :))

Leave a Reply