မိတ်ဆွေစစ်
သူငယ်ချင်းရေ…
ကြုံဆုံလာကြ ဒီဘဝ
ရေစက်ဆုံစဉ် တစ်ခဏ
နင်နဲ့ငါဟာ ချိန်ခါရက်ညောင်း
နှစ် လ ဟောင်းက အကြောင်းမလျော်
ကွဲကြသော်မှ မတော်တဆ
ကံပစ်ချ၍ နင်က နိုင်ငံခြားရောက်
ငါက ငါ့မြို့လေးတွင်ရှိခဲ့ရင်လဲ
တစ်ချိန် တစ်ကွေ့
ဘဝတစ်ကွေ့မှာ
ကံကြမ္မာ အလှည့်အပြောင်းကြောင့်
မတူညီတဲ့ မျဉ်းပြိုင်နှစ်ကြောင်း
လျှောက်ခဲ့ရင်လဲ
ငါနဲ့ ကြုံစဉ် မကြည်မျက်နှာ
ဒေါမာန်နဲ့ကြည့် အထက်စီးဖြင့်
မကြည့်လေဟု
ငါ မျှော်မှန်းသည် သူငယ်ချင်း…
9 comments
aye.kk
June 17, 2015 at 10:59 am
မိတ်ဆွေစစ်ရင်
မေတ္တာမြစ်ရေဆိုတာလည်း
ခမ်းခြောက်သွားလိမ့်မယ်လို့မထင်မိပါဘူး….မနောလေးရေ။
lu lu
June 17, 2015 at 12:53 pm
တွေ ့ဆုံ ကြုံ ကွဲ
တချို ့က ခါးသီးစွာ
တချို ့က ပျော်ရွှင် စွာ
ဘဝ တွေ က စိတ်ပျက်စရာ
ခန လေးမှာ သင့်မြတ် ကြစို ့
🙂
Mike
June 17, 2015 at 1:15 pm
.မိတ်ဆွေစစ် ရဖို့ဆိုရင်
.ကိုယ်တိုင်ကမိတ်ဆွေတွေအပေါ်
.မိတ်ဆွေစစ် လိုပြုမူ ဆက်ဆံဖို့လိုတာပေါ့နော
မြစပဲရိုး
June 18, 2015 at 12:12 am
အဲလို လာကြည့်ခဲ့ရင် ဆက်ပြီး မိတ်ဆွေတော်မနေနဲ့ မနောရေ။
ကိုယ့်ဘက်ကလဲ မျက်မှန်စိမ်းချွတ်ထားဖို့ လိုမယ်။ :-))
Ma Ma
June 18, 2015 at 7:39 am
မိတ်ဆွေစစ်ဆိုရင်ဖြင့် အဲလို အထက်စီးကနေ ဒေါမာန်နဲ့မကြည့်ဘူး။
အဲလိုကြည့်ပြီဆိုမှဖြင့် မိတ်ဆွေစစ် မဟုတ်လို့ပဲ။
အောင် မိုးသူ
June 18, 2015 at 11:32 am
သူငယ်ချင်း
Courage
June 24, 2015 at 4:54 am
မိတ်ဆွေစစ်ဆိုတာ အဆင့်အတန်းတို့ ဂုဏ်တို့ ငွေတို့ ဘာကိုမှအရေးမလုပ်ပဲ လူကိုသာ ပဓာန သဘောထားတတ်သူတွေပါ။
manawphyulay
June 24, 2015 at 9:38 am
ဟုတ်ပါတယ်ရှင်။
မိတ်ဆွေ အစစ်အမှန်တိုင်းသည် ဘာမှ မလိုအပ်ပဲ သံယောဇဉ်တစ်ခုတည်းသာ ရှိတတ်သူများ ဖြစ်ပါတယ်လို့ သိမှတ်ထားမိပါတယ်။
aye.kk
June 24, 2015 at 12:16 pm
courageရယ်
မှန်လိုက်တာ၊အမ်တီကံကေါင်းတယ်ပဲခေါ်ရမှာလားမသိပါ။
အမ်တီနိမ့်ပါးတဲ့အချိန်မှာလဲ၊အမ်တီကိုလေးစားချစ်ခင်တဲ့
ဂုဏ်ရှိသူမိတ်ဆွေမမပေါ့နော်။အမ်တီအပေါ်မှာညီမလေးလိုချစ်ခင်လေးစားတာသိရတော့
အမ်တီအနေနဲ့အမ်တီမိတ်ဆွေမမရဲ ့အပေါ်မှာမလးစားပဲမနေနိုင်ခဲ့ဘူး။
မိတ်ဆွေမမဆိုတာလဲအမ်တီငယ်စဉ်တောင်ကျေးကတည်းကချစ်ခင်လေးစားခဲ့ရတဲ့
အမ်တီရဲ ့မိတ်ဆွေဘဘကြီးရဲ ့သမီးပါပဲ။။။။