Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သင်၏မြို့နယ် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ပြီလား စစ်ဆေးပါ။

မြစပဲရိုးJune 26, 20151min2483

သင်၏မြို့နယ် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ပြီလား စစ်ဆေးပါ။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်လျက်ရှိရာ အခြေခံမဲဆန္ဒရှင်စာရင်းအား ကွန်ပျူတာစနစ်ဖြင့် ပြုစုခြင်းလုပ်ငန်းစဉ်ကို တစ်နိုင်ငံလုံးတွင် ဆောင်ရွက်နေဆဲဖြစ်ပါသည်။ထို့ကြောင့် ယခုအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံအရှေ့ပိုင်း၊ မြောက်ဥက္ကလာပ၊ သင်္ကန်းကျွန်း၊ သံလျင်၊ သုံးခွ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ထန်းတပင်၊ ခရမ်း၊ ကျောက်တန်း)မြို့နယ် (၁၄) မြို့နယ်၏ အခြေခံမဲဆန္ဒရှင်စာရင်းများကိုသာ ဤဝက်ဘ်ဆိုက်တွင် ရှာဖွေနိုင်ပါလိ်မ့်မည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အခြေခံမဲဆန္ဒရှင်စာရင်းများကို ဇွန်လ (၈) ရက်နေ့နှင့် ဇွန်လ (၂၂) နောက်ပိုင်းတွင် ရှာဖွေကြည့်ရှုနိုင်ရန် ဆက်လက်ဆောင်ရွက်နေပါသည်။

https://checkvoterlist.uecmyanmar.org/townships

+++++++++++++++++++++++++++++++++++

အခုလောလောဆယ်မှာ တစ်ချို့ မြို့နယ် တွေ မပါသေး ပါတဲ့။
ဘယ်လောက် မှန် မလဲ တော့ မသိ။ စမ်းကြည့်ကြပါလား။

3 comments

  • ဇီဇီခင်ဇော်

    June 26, 2015 at 4:09 pm

    https://www.facebook.com/events/606688176135204/permalink/607291836074838/
    Credit to Ye Naing Soe

    ရွေးကောက်ပွဲကျင်းပတဲ့ နေ့ရောက်ရင် အသည်းကြားက မဲတစ်ပြားဆိုပေမဲ့ သင်မဲပေးဖို့ ယေဘူယျ အားဖြင့် သင့်ဆီမှာ မဲသုံးပြား ရရှိလာမှာဖြစ်ပါတယ်။ အောက်ပါလွှတ်တော်သုံးရပ် ကို မဲပေးဖို့ဖြစ်ပါတယ်။

    ၁) တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်
    ၂) ပြည်သူ့လွွှှတ်တော် (အောက်လွှတ်တော်)
    ၃) အမျိုးသားလွှတ်တော် (အထက်လွှတ်တော်)

    ၁) တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်
    ————————————————–
    အောက်ဖော်ပြပါ ပုံ (၁) မှာ ပြထားတဲ့ အတိုင်း ပြည်နယ် (သို့) တိုင်း တစ်ခုစီမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် တစ်ခုစီရှိပါတယ်။ မြို ့နယ် တစ်မြို ့နယ်မှာ တိုင်းဒေသကြီး (သို့) ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၂ ခု ရှိပါတယ်။ ပုံ (၂) မှာ အဲဒီနယ်တွေကို အပြာနုရောင်ချယ်ပြထားပါတယ်။ သင့်အနေနဲ့ အဲဒီ ၂ နယ်ထဲက သင့်ရဲ ့ အိမ်ထောင်စုဇယား (ပုံစံ ၆၆/၆) ဝင်နေ တဲ့ အခြမ်းဖက်ကို မဲစာရင်းဝင်နေမှာဖြစ်ပါတယ်။ အဲဒီနယ် ကို ဝင်ပြိုင်တဲ့ အမတ်တွေထဲက မှ သင်ကြိုက်နှစ်သက်ရာ တစ်ယောက်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ် အတွက်မဲပေးရမှာဖြစ်ပါတယ်။ ပါဝင်တဲ့ မြို ့နယ်အရေအတွက်ပေါ်မူတည်ပြီး တိုင်းဒေသကြီး (သို့) လွှတ်တော် တစ်ခုမှာ အမတ်အရေအတွက် အနည်းအများ ကွာနိုင်ပါတယ်။

    ရွေးကောက်ခံ တိုင်းဒေသကြီး (သို့) လွှတ်တော်အမတ်တွေက လစာ ၅ သိန်းရရှိပြီး သူတို့ တွေက တိုင်း (သို့) ပြည်နယ် အစိုးရအနေနဲ့ အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်ပါတယ်။ ၂ဝဝ၈ အခြေခံဥပဒေမှာ တိုင်းဒေသကြီး (သို့) ပြည်နယ် ဝန်ကြီးချုပ် (ယခင် တိုင်းမှူးရာထူးနှင့်အလားသဏ္ဍာန်တူ) ကို သမ္မတ က လွှတ်တော်ကိုယ်စားလှယ်ထဲကသော်လည်းကော်း၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကသော်လည်းကောင်း ရွေးချယ်ပြီးတိုက်ရိုက်ခန့်ပါတယ်။ ဇွန် ၁ဝ ရက်နေ့က ထွက်တဲ့ ခြေဥ ပြန်ပြင်ဖို့ ၄၃၆(ခ) မူကြမ်းထဲမှာတော့ ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်အမတ်တွေကိုယ်တိုင်ကပဲ အချင်းချင်း မဲပေးပြီးရွေးရမှာဖြစ်ပါတယ်။ အဲဒီ ပြင်ဆင်ချက်မူကြမ်း က ဒီကနေ့ မဲခွဲဆုံးဖြတ်တဲ့အထဲမှာ ပါမလာပါဘူး။

    ၂) ပြည်သူ့လွွှှတ်တော် (အောက်လွှတ်တော်)
    —————————————————
    နောက်ပေးရမဲ့ မဲပြားတစ်ခုကတော့ သင်နေထိုင်တဲ့ မြို ့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အတွက် အမတ်ကို မဲပေးရွေးချယ်ရမှာဖြစ်ပါတယ်။ ပုုံ (၂) မှာ အဝါရောင် စက်ဝိုင်းနဲ့ပြထားပါတယ်။ အမတ်တစ်ယောက်က မဲန္ဒနယ် နှစ်ခု မပြိုင်ရတဲ့အတွက် သင်ရွေးချယ်ရမဲ့ အမတ်စာရင်းက တိုင်းဒေသကြီး (သို့) ပြည်နယ်မဲဆန္ဒနယ်အတွက်ပေးရတဲ့စာရင်းနဲ့ နာမည်တွေတူမှာမဟုတ်ပါဘူး။၏

    ပါတီတစ်ခုခြင်းဆီမှာတော့ ယခုအချိန်မှာ ဘယ်သူကတော့ ဘယ်နယ်ကနေ အောက်လွွှှတ်တော်အတွက်ပြိုင်၊ ဘယ်သူကတော့ အထက်လွှတ်တော်အတွက်ပြိုင် နဲ့ ဘယ်သူတွေကတော့ တိုင်းဒေသကြီး (သို့) ပြည်နယ်လွွှှတ်တော်အတွက်ပြိုင်ဆိုပြီး အခုကတည်းကဆုံးဖြတ်ပြီးလောက်ပြီဖြစ်ပါတယ်။ မြို ့နယ်တစ်နယ်စီမှာ အောက်လွှတ်တော်အမတ်တစ်ယောက်ရှိမှာဖြစ်တဲ့ အတွက် အောက်လွှတ်တော်ကပြည်သူနဲ့ပိုနီးပါတယ်။ အောက်လွွှှတ်တော် အမတ်တွေက ပြည်သူတွေကိုပိုကိုယ်စားပြုတဲ့အတွက် ပြည်သူ့လွှတ်တော်လို့ခေါ်ပါတယ်။

    ၃) အမျိုးသားလွှတ်တော် (အထက်လွှတ်တော်)
    —————————————————–
    နောက်ဆုံးမဲတစ်ပြားကတော့ သင့်မြို ့နယ် ပါဝင်တဲ့ ခရိုင် တစ်ခုအတွက် အထက်လွှတ်တော်အမတ် လောင်းတွေထဲကမှ သင်နှစ်သက်ရာတစ်ယောက်ရွေးရမှာဖြစ်ပါတယ်။ ပုံ (၂) မှာ အနီရောင်နဲ့ပြထားပါတယ်။ တိုင်းဒေသကြီး (သို့) ပြည်နယ်တခုမှာ ခရိုင်/မဲဆန္ဒနယ် ၁၂ ခုရှိတဲ့အတွက် တိုင်းဒေသကြီး (သို့) ပြည်နယ်တခုမှာ ၎င်းကို ကိုယ်စားပြုတဲ့ အထက်လွှတ်တော်အမတ် ၁၂ ယောက် ရှိမှာဖြစ်ပါတယ်။ အောက်လွွှှတ်တော်နဲ့ အထက်လွွှှတ်တော် ၂ ရပ်ပေါင်းကို ပြည်ထောင်စုလွှတ်တော်လို့ခေါ်ပါတယ်၊ ပုံ (၁) တွင် ရှုပါ။ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်အမတ်တစ်ယောက် က အများသိတဲ့အတိုင်း လစာ ၁ဝ သိန်းရရှိမှာဖြစ်ပါတယ်။

    အောက်လွှတ်နဲ့ အထက်လွွှှတ်တော် က ဥပဒေပြုရေးတာဝန်ကိုထမ်းဆောင်ပါတယ်။ အောက်လွှတ်တော်က ဆွေနွေးဆုံးဖြတ် အတည်ပြု တင်လိုက်တဲ့ ဥပဒေက အထက်လွှတ်တော်ဆီရောက်၊ အထက်လွှတ်တော်က အတည်ပြုပြီး ဥပဒေကို သမ္မတ လက်မှတ်ထိုးအတည်ပြု ၊ အဲလိုသွားပါတယ်။ အတည်ပြုပြီး ဥပဒေကို တိုင်းဒေသကြီး (သို့) ပြည်နယ် အစိုးရက လိုအပ်သလိုကျင့်သုံးပါတယ်။ ဥပမာ ကလေးမွေးဖွားမှု ထိန်းချုပ် ရေးဥပဒေကို လူဦးရေ ထူထပ်တဲ့ တိုင်း/ပြည်နယ်ကပဲ လိုသလိုကျင့်သုံးမှာဖြစ်ပါတယ်။

    စုစုပေါင်းအမတ်အရေအတွက် နဲ့ စစ်သား အမတ်
    ——————————————————-
    အားလုံးခြုံကြည့်ရင် ဥပဒေပြုရေးလုပ်ကိုင်တဲ့ အောက်လွှတ်တော်မှာ မြန်မာနိုင်ငံရဲ ့ စုစုပေါင်း မြို ့နယ် ၃၃ဝ ရှိတဲ့အတွက် ရွေးကောက်ခံကိုယ်စားလှယ် အမတ် ၃၃ဝ ဦး ရှိမှာဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်က ခန့်တဲ့ အမတ် ၂၅ ရာခိုင်နှုန်း ၁၁ဝ ဦးနဲ့ပေါင်းရင် အောက်လွှတ်တော်မှာ စုစုပေါင်းအမတ် ၄၄ဝ ဦးရှိမှာဖြစ်ပါတယ်။

    အထက်လွှတ်တော်မှာ တိုင်း/ပြည်နယ် ၁၄ ခုစီမှာ ခရိုင်/မဲဆန္ဒနယ် ၁၂ ခုရှိတဲ့အတွက် ရွေးကောက်ခံကိုယ်စားလှယ် ၁၂ x ၁၄ = ၁၆၈ ယောက် ရှိမှာဖြစ်ပါတယ်။ ကာချုပ်ကခန့်တဲ့ အမတ် ၂၅ ရာခိုင်နှုန်း ၅၆ ဦးနဲ့ပေါင်းရင် အထက်လွှတ်တော်မှာ စုစုပေါင်းအမတ် ၂၂၄ ယောက် ရှိမှာဖြစ်ပါတယ်။

    အဲဒါကြောင့်လွှတ်တော်နှစ်ရပ်ပေါင်း တဲ့ ပြည်ထောင်စုလွှတ်တော်မှာ အမတ်ပေါင်း ၆၆၄ ယောက်ရှိမှာဖြစ်ပါတယ်။

    တစ်နိုင်ငံလုံးအတွက် တိုင်းဒေသကြီး(သို့) ပြည်နယ်လွှတ်တော် ရွေးကောက်ခံ အမတ်ပေါင်းမှာကတော့ မြို ့နယ်ပေါင်း ၃၃ဝ x ၂ ယောက် = ၆၆ဝ ဦး + ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ရွေးကောက်ထားသော ၅ ဦး၊ စုစုပေါင်း ၆၆၅ ဦး (၂၀၁ဝ ရွေးကောက်ပွဲအရ) ရှိမှာဖြစ်ပါတယ်။ ကာချုပ်ကတော့ ဒီနေရာမှာ ပြည်ထောင်စုလွှတ်တော်နဲ့မတူတာက၊ ဒီမှာ သုံးပုံတစ်ပုံထိ တိုက်ရိုက်ခန့်ပါတယ်။ အဲဒါကြောင့် ကာချုပ်ကခန့်တဲ့ ၂၂၂ ဦးနဲ့ပေါင်းရင် တိုင်းဒေသကြီး (သို့) ပြည်နယ် လွှတ်တော်အမတ် စုစုပေါင်း ၆၆၅ + ၂၂၂ = ၈၈ရ ဦးရှိပါတယ်။

    တစ်နိုင်ငံလုံးမှာ လွှတ်တော် အမတ်ပေါင်း ၈၈ရ + ၆၆၄ = ၁၅၅၁ ဦးရေရှိပါတယ်။

    ဘယ်သူတွေကိုရွေးချယ်မှာလဲ
    ———————————-
    တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် အမတ်အတွက် ဘယ်လိုလူမျိုးကို ရွေးချယ်သင့်သလဲ —- ဆက်ရန်
    အောက်လွှတ်တော်အမတ် အတွက် ဘယ်လိုလူမျိုးကို ရွေးချယ်သင့်သလဲ — ဆက်ရန်
    အထက်လွှတ်တော်အမတ် အတွက် ဘယ်လိုလူမျိုးကိုရွေးချယ်သင့်သလဲ — ဆက်ရန်။

    အမတ်တစ်ယောက်ရဲ ့စွမ်းဆောင်ရည် ကို ဘယ်လိုတိုင်းတာမှာလဲ
    ————————————————————————
    အစ်ကို တစ်ယောက်နဲ့ နေ့လည်က စကားပြောဖြစ်တယ်.. အမတ်တစ်ယောက်ရဲ ့ စွမ်းဆောင်ရည် (KPI) ကို ပါတီစွဲ ပုဂို်လ်စွဲ မထားပဲ ဘယ်လိုတိုင်းကြမလဲတဲ့ —-

    နောက်ထပ် ၆ ပွင့်ဆိုင် ဖြစ်ဖို့ မဖြစ်ဖို့ကို အာရုံမထားပဲ ရွေးကောက်ပွဲကိုသာ အာရုံထားမယ်လို့ဆိုတာက အမေစုက ကျွန်တော်တို့ ပြည်သူတွေကိုတော့ ယုံကြည်လို့ပါ။ ကျွန်တော်တို့လဲ ကိုယ်ကြိုက်နှစ်သက်ရာအမတ်ကို မှန်ကန်စွာရွေးချယ်နိုင်ဖို့တင်ပြလိုက်ပါတယ်။
    (အချက်အလက်တွေ မှားလျင်လဲ ပြင်ပေးကြပါဦး.. No one is perfect ပါ)

  • ဇီဇီခင်ဇော်

    June 26, 2015 at 4:22 pm

    မြွေတစ်ကောင်ကို မြင်လျှင်။

    ခိခိ။ ဓာတ်ပုံနဲ့ မလုပ်တတ်လို့ စာနဲ့ပဲ ထရိုးမယ်။
    ချစ်ရို့စတာ စိတ်မဆိုးကြနဲ့။
    ခိခိ
    .
    .
    .
    ကိုကိုဘက် – မက်ခရို လေး စမ်းရိုက်မှ။
    .
    ကိုကိုကျောက် – မဆလာနဲ့ အုပ် ပြီး ချက်စားလိုက်ရရင်တော့ ကွာ။
    .
    တဂျား – ဒီ မြွေ က နိကက်နဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ မညီဘူးးး
    .
    ကိုကိုကြောင် – နာ့ လောက်တောင် မရှည်ဒဲ့ မြွေ
    .
    ကိုကိုမျိုး – မြွေကိုမြင်ပြီး မိုးကို လွမ်းလိုက်တာ။
    .
    ဂီ – ဒါ အတိုက်အခံမကောင်းလို့ မြွေမြင်တာ။
    .
    မိုးမင်းသား – ဆိုဂျူသောက်ချင်တယ်မြွေမြွေ
    .
    ဆက်ဆက် – ဒီ မြွေက မော်ဒန် လား။
    .
    တိမ်မည်း – သူဟာ ကိုယ့် အတွက် မိုးစဲ မြွေလေးးး
    .
    ကိုကိုစွယ် – ဒီမြွေကို ရွာကွပ်ပစ်မှာ လူစည်အောင် မွေးထားမှ။
    .
    ကိုကိုမိုက် – အရက်နဲ့ စိမ်နည်းသိကြလားဗျို့။
    .
    နီကိုလပ် – နာ့ မိန်းမ အသစ်စက်စတ်လေး ကဂျားဘို့
    .
    ကိုကိုခက် – ဒီ မြွေက လက်ယာလား လက်ဝဲလား
    .
    ကိုကိုနို – ဒီမြွေက ကိုယ်လုံးလည်း မလှဘူးး။
    .
    တဂျီးးး – ဒါ အနှစ်တစ်ထောင်မြွေ
    ~~~~~~~~~~~~~~~~~~~~

    အရီးကို တိုင်မို့။
    သများက အပေါ်ကလို စ တာကို မောင်ဂီရယ် မွသဲနဲ့ အရီးကို ပေါနေဒယ်.
    :mrgreenn:

    မဲသွပ် – မြွေမြွေ နိုင်မှ ဖျစ်မှာဘာ… ♪♫
    .
    လှော်ဘီမျ – သပ်တိယှိရင် မြင်မယ်။ သပ်တိ မစိရင် မမြင်ဘု

    • မြစပဲရိုး

      June 27, 2015 at 4:30 am

      ရီလိုက်ရတာ။ စိမ်းပဟေ့။
      ဒင်း တော့ တွေ့မယ်ပ။ အခုတော့
      Good Night
      &
      Good Morning! :-))))

Leave a Reply