“ကောင်းဟိုခမ်း”စေတီတော်”
“ကောင်းဟိုခမ်း”စေတီတော်”
ကျနော်တို့ တစ်ရက် မှာ မူဆယ်မြို့မြောက်ဘက်ဖျားမှာရှိတဲ့
ကရုဏာစံအိမ်ဆိုတဲ့ မိဘမဲ့ကလေးကျောင်းလေးကိုရောက်သွားပါတယ်။
အဲဒီနေရာကနေ မြောက်ဘက်ခြမ်းကိုလှမ်းကြည့်တဲ့အခါ
ရွှေလီမြစ်ရဲ့ အထက်က တောင်ကုန်းပေါ်မှာရွှေရောင်ဝင်းလက်နေတဲ့ စေတီတစ်ဆူကိုတွေ့ရပါတယ်။
မေးကြည့်တော့ ဒီစေတီက ရွှေလီမြို့ထဲမှာရှိတယ်ပြောပါတယ်။
အတော်လေးဝေးတယ်လို့လဲသိရပါတယ်။
တစ်ရက်ရွှေလီမြစ်ကမ်းနံဘေးကို ရောက်တော့ ပိုပြီးထင်ရှားစွာဖူးမြင်ရပြန်ပါတယ်။
အဝေးကလှမ်းဖူးမြင်ရတာ အင်မတန်မှသပ္ပါယ်လှပါတယ်။
ဒီဘုရားအကြောင်းမေးကြည့်တဲ့အခါ ဂေါက်ကွင်းအိမ်ယာအထက်ကတောင်ပေါ်မှာတည်ထားတယ်။
ရှမ်းလူမျိုးတွေက တည်နေတယ်ဆိုတာရယ် စေတီတော်သာပြီးပေမယ့် လမ်းက မပြီးသေးဘူးလို့သိရပါတယ်။
ရွှေလီမြို့မြောက်ဘက် အတော်ဝေးတယ် လို့ဘဲသိရပါတယ်။
သင်္ကြန်ရက် မူဆယ်ချောင်းသာ လို့ အမည်ပေးထားတဲ့ ရွှေလီမြစ်ကမ်းနံဘေးကို သွားတဲ့အခါ
ဒီစေတီတော်ကို ဖူးမြင်ရပြန်ပါတယ်။
အဲဒီဘုရားကိုသွားချင်ပေမယ့် အဆင်မပြေခဲ့။
တစ်ရက်တော့ လိုက်ပို့မယ့်သူရှိတော့ အဆင်ပြေပြေနဲ့ရောက်ခဲ့ရပါတယ်။
တောင်တက်လမ်းပေမယ့် ကတ္တရာလမ်းဆိုတော့အဆင်ပြေပါတယ်။
အချိန်မရတာရယ် မိုးတွေက ရွာမလိုလို ဆိုတော့ အချိန်အကြာကြီးမနေခဲ့ရပေမယ် ကျနော်ဆန္ဒပြည့်ဝခဲ့ပါတယ်။
ကျနော်တို့ရောက်တဲ့အချိန်စေတီတော်သို့ တက်တဲ့လမ်းက အချောမသတ်ရသေးပါဘူး။
စောင်းတန်းတွေကလဲဆောက်လုပ်ဆဲ။
ကျနော်ကတော့ ကံကောင်းထောက်မစွာနဲ့ ရောက်ရှိခဲ့ရပါတယ်။
မိတ်ဆွေများအတွက် မျှဝေပေးလိုက်ပါတယ်။
ကိုပေါက်လမ်းသလားနေသည်
30-6-2015
13 comments
Alinsett @ Maung Thura
July 1, 2015 at 9:34 am
အဝေးကနေ လှမ်းမြင်ရတဲ့ပုံလေးတွေကို သဘောကျလိုက်တာ
မှိုင်းညှို့ညို့နဲ့. . .ရှုမောမဆုံး
ကိုပေါက်(မန္တလေး)
July 1, 2015 at 8:18 pm
အမှတ် တစ်ရယ် သုံးရယ် က ဖုန်းနဲ့ရိုက်ထားတာပါ
အပြင်မှာလဲ လွမ်းစရာကောင်းပါကြောင်း
အောင် မိုးသူ
July 1, 2015 at 11:43 am
စေတီတော်ပုံစံက တစ်မျိုးလေးပဲ
ကိုပေါက်(မန္တလေး)
July 1, 2015 at 8:19 pm
ဖေစ်ဘုတ်ထဲက အင်ဂျင်နီယာတစ်ယောက်ကတော့ ရှမ်း တိဘက်နဲ့ မြန်မာ သုံးမျုးိရောထားတဲ့ ဒီဇိုင်းလို့ ဆိုပါတယ်
Ma Ma
July 1, 2015 at 8:41 pm
အပေါ်ဆုံးပုံလေးရဲ့အရောင်က မှိုင်းညို့ညို့လေးဖြစ်နေတယ်နော်။
သဘာဝရဲ့အရောင်ကလှလိုက်တာ သဘောကျတယ်။ 🙂
ကိုပေါက်(မန္တလေး)
July 1, 2015 at 9:09 pm
မမရေ
ပထမဆုံးပုံရိုက်တာက ဆောင်းတွင်းဖြစ်နေတာရယ်
ဖုန်းနဲ့ ရိုက်တာရယ်ကြောင့် သဘာဝ အတိုင်း
မပြုမပြင်နဂိုရ်ယဉ်
2 က လဲ ဆောင်းတွင်းမှာကင်မရာနဲ့ ရိုက်ထားတာပါ
3 ကတော့ သင်္ကြန်တွင်း မူဆယ်ဘက်သွားလည်ရင်းဖုန်းနဲ့ရိုက်ထားတာပါ
4-5-6-7 ကတော့ ကင်မရာနဲ့ရိုက်ထားတာပါ
အောက်ဆုံးလေးပုံကတော့ Light room နဲ့ နည်းနည်းပြင်ထားပါတယ်
အရင်ကမပြင်ဘူး အခုနောက်ပိုင်း ပြောကြလွန်းလို့ နည်းနည်း ပြင်ပေးပါတယ်
အများအားဖြင့်ကတော့ သဘာဝ အတိုင်းဘဲ တင်ပါတယ်
မြစပဲရိုး
July 1, 2015 at 10:59 pm
မူဆယ် မှာ အဖေတာဝန်ကျဖူးတယ်။
. မောင်လေး တွေ လိုက်သွားပြီး လည်ကြတယ်။
ကျွန်မ ကတော့ မလိုက်သွားဖြစ်ဘူး။
အရမ်းလှ တယ်ပြောကြတယ်။
ဘုရားက မြန်မာ ရှေးရိုးပုံမဟုတ်ဘဲ တရုတ်ဘုရား နွယ်သလိုထင်မိတယ်။
မျှပေးလို့ ကျေးဇူး ကပေါက်ကြီး။
:-))
ကိုပေါက်(မန္တလေး)
July 2, 2015 at 12:09 am
မူဆယ် သူတို့အခေါ် မုကျယ် အရင်ကအေးချမ်းသာယာစည်ပင်သောမြို့
ဟိုတုန်းက တရုတ်ပြည်က ဆင်းရဲ
မြန်မာပြည်ဘက်က သာယာ
ရာစုနှစ်ဝက်အကြာမှာ
အစစ ပြောင်းပြန်လန်သွားပါတယ်
ကိုလတ်ကြီးရေ
Mike
July 2, 2015 at 10:04 am
.ဘုရားဖူးရလို့ကေ ျးဇူးပါကိုပေါက်ရေ
.ဘုရားဒီဇိုင်ကထူးခြားတော့ဆွဲဆောင်မှုရှိတယ်…ဓါတ်သေတွေလည်းလှတယ်ဗျာ
ကိုပေါက်(မန္တလေး)
July 3, 2015 at 9:01 pm
ဟုတ်တယ် ကိုမိုက် ရေ ကျနော်တို့ မြင်နေကျ စေတီ ပုံ တွေ နဲ့ မတူ တာအမှန်ပါဘဲ
Ma Ei
July 2, 2015 at 1:56 pm
စေတီပုံတော်က မြန်မာမဆန်ဘဲ ထူးခြားတယ်နော်
တောင်တန်းနဲ့စေတီ ၊ တိမ်ပြာတွေနဲ့ စေတီ ပဏာရလို့ လှပနေတဲ့ ဓာတ်ပုံလေးတွေပါဘဲ
4 5 6 ပုံလေးတွေ သဘောကျတယ် …
ကိုပေါက်(မန္တလေး)
July 3, 2015 at 9:03 pm
ဟုတ်တယ် မအိရေ
အဲဒီဘုရားပေါ်ကို ကျနော် ဆယ်မိနစ်လောက်ဘဲနေခဲ့ရတယ်
နောက်တစ်ခေါက် ထပ်သွားပါအုံးမယ်
အတော်သာယာတဲ့ နေရာပါ
ရာမည
July 4, 2015 at 1:52 am
ဦးလေး
ကင်မလာအယူအဆတွေ ပိုကောင်းလာတယ်မှတ်တယ်ခင်ဗျ
ဟီဟိ
အရင်တုန်းက တိမ်တွေ ကျုံးတွေလှည့်ပတ်ရိုက်ပီးတင်နေတာထက်
ဒီလိုလေးတွေမြင်တော့ အပြောင်းအလဲပေါ့ခင်ဗျာ
ဦးလေး လက်တက်လာပါတယ်ခင်ဗျာ
မကြာမီ ဆီမီးပိုလောက်တော့ ဖြစ်လာမယ် မှတ်ပါတယ်ခင်ဗျ