Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လူတန်းစား ခွဲ သတဲ့လား

သူကြီးမင်း ရဲ့ “အင်္ဂလိပ်တိုင်းပြည် မှာနေသူများ လူမျိုးကြီးစိတ်ကြောင့် လူတန်းစား ခွဲကောင်းခွဲမယ်ထင်တယ်.” ဆိုတဲ့ မှတ်ချက် ကို တွေ့လိုက်ပါတယ်။ (မမ ရဲ့ ငါးခြောက်ထမင်းကြော် Post)
နဲနဲရှည်မှာမို့ လို့ လည်းကောင်း၊ နှစ်ရာရချင်၍ လည်းကောင်း ပို့စ် အဖြစ် တင်လိုက်ပါတယ်။

သူကြီး ကို မေးခွန်း တစ်ခု အရင် မေးချင်ပါတယ်။
မှန်မှန် ကန်ကန် အခွန်ထမ်း ရသည့် တိုင်းပြည် တွေမှာ လူတန်းစား မခွဲလို့ တကယ်ဘဲရလား?

တိုင်ပြည်က အခွန်ပေးသူ တွေဟာ ဝင်ငွေပေါ်တည်ပြီး အခွန်ထမ်းရတာပါ။
ဒီတော့ အခွန်များများဆောင်ရတဲ့ လူတန်းစား၊ သာမာန်ဆောင်ရတဲ့လူတန်းစား၊ လုံးဝ မဆောင်ရတဲ့လူတန်းစား ကွဲ သွားပါတယ်။
တစ်ချို့သော တော်တော်များများ က အလုပ်မလုပ်ဘဲ အခွန်ဆောင်သူလူတန်းစား ရဲ့ အခွန်ငွေ ကို အညွန့်ခူးစား ပါတယ်။
တစ်ချို့ကတော့ လစာ နည်းလို့ အခွန်ပေးရန်မလို ကြတာလဲ ရှိပေါ့။
အဲဒီလိုသူတွေ ကို အစိုးရက ထောက်ပံ့ ရပါတယ်။
. ထောက်ပံ့မှု ယူပြီး အညွန့်ခူးစား နိုင်ဖို့ ဆင်းရဲသားအဖြစ်ခံကြတာ၊ ဒုက္ခိတ အဖြစ်နေကြတာ မနည်းပါဘူး။
ထိုသူများအတွက် ကလေးများ ကျောင်းစရိတ် လဲ မပူရ။
စားစရိတ် ကိုလဲ အစိုးရ က အပါတ်စဉ်ပေး တာမို့ ကလေးများ လေ ပိုကိုက်လေ ၊ ကလေး တွေ အများကြီး မွေးကြတော့တာ။
အလုပ်မလုပ်ပေမဲ့ အစိုးရ စီစဉ်ပေးတဲ့ အိမ်ကြီးကြီး နဲ့ နေနိုင်သေး။
အဲဒီ တစ်ချို့က သာမာန် အလုပ်လုပ်သူလူတန်းစား ထက် ပိုပြီး သုံးစွဲနိုင်ကြ တာပါ။
Junk Food လို့ သတ်မှတ်ထားတဲ့ ဆိုင်တွေမှာ ပျော်ပျော်ကြီး စားနိုင်ကြပါတယ်။
သူတို့ကိုယ်ကို ဆင်းရဲသား လို့ ဝမ်းသာ ဂုဏ်ယူပြီး အသတ်မှတ်ခံကြတာပါဘဲ။
ကုသိုလ်ကံထူး ကြတယ်တောင် ပြောရမလားဘဲ။

Wiki ထဲ က အဆိုအရ
ဆင်းရဲသားလူတန်းစား ကို Lower class (သို့)  Working class လို့ သတ်မှတ်နိုင်ပါတယ်။
blue-collar workers နဲ့ အလုပ်လက်မဲ့တွေ၊ အိုးအိမ်မဲ့တွေ ပါမယ်။

အထက်တက်လိုက်ရင် Middle class လူတန်းစားကို တွေ့ပါ့မယ်။
အခွန်ထမ်း လူတန်းစား ဖြစ်လို့  “white-collar workers” လို့ ခေါ်နိုင်တယ်။
ပညာ အရည်အချင်းမြင့်ပြီး ဝင်ငွေကောင်း ချမ်းသာကြွယ်ဝ သူများ ကို Upper middle class ခေါ်နိုင်ပြီး သင့်တင့်သောပညာ ရှိပြီး ဝင်ငွေ သာမာန်ရှိသူများ ကို  Middle/Lower middle class ခေါ်နိုင်မလားဘဲ။

အဲဒီ ကနေ တစ်ဆင့်တက်ကြည့်တော့  Upper class ကို မြင်နိုင်ပါမယ်။
မင်းမျိုး မင်းနွယ်များ၊ မြေပိုင်ရှင်ကြီးများ၊ မျိုးရိုးစဉ်ဆက် ချမ်းသာသူ လုပ်ငန်းရှင်ကြီးများ ဖြစ်သည်ပေါ့။
ထိုသူများ ကတော့ အနည်းစု ဖြစ်နိုင်ပါတယ်။

Research  တွေ အရ အဲဒီလို Class ကွဲ ခြင်းပေါ် လိုက်ပြီး သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အခြေအနေတွေ ကွဲပြားကြတယ် ဆိုကြပါတယ်။

. လောလောဆယ် ကိုယ်တိုင် မြင်တွေ့ရတာတွေ ကို ပြောရရင်
. ဆေးလိပ်သောက်သူ ဆိုတာ ဒီနေ့အချိန် Lower class များတွင်သာ အများစုရှိ ပါတော့တယ်။
သာမာန် ရုံးဝန်ထမ်း များထဲ မှာတောင် ဆေးလိပ်ကို ရုံးအဆောက်အဦ အပြင်ထွက်သောက်ရသောကြောင့် တော်ရုံ စွဲ သူများ အလိုလို ပြတ်ကုန်တယ်လို့ ဆိုတယ်။
Middle class များ သည် ဘီယာ အရက် ဆိုင်များ သွားတာထက် ကိုယ်လက်လှုပ်ရှား မှု တွေကို ပိုလုပ်လာကြ တယ်။
အစားစားရာမှာလဲ   တွေထက် အသီးအရွက် လပ်လပ်ဆပ်ဆပ်တွေကို ပို စားလာကြတယ်။
ဆန် ကို အဖြူ ပေါ်ဆန်းမွှေး ထက် ငစိန်လို ဆန်လုံးညို များ စားလာတယ်။
အဆီ များ ရှောင်ကြတယ်။
အချို စားလွန်းရင် ကျန်းမာရေး အသိ မရှိ လို့ အထင်ခံရမှာမို့ ကြိုက်ရင်တောင်မှ သကြားမပါ ကော်ဖီ၊ လ္ဘက်ရည်များ သောက်ကြတော့တယ်။
အဲဒီ အချက်တွေကြောင့် ဒီမှာရှိတဲ့ Junk food ဆိုင်တွေမှာ Healthy Menu ဆိုပြီးဟု ထပ်ဖြည့် ရောင်းလာကြပါတယ်။
ပက်ပ်စီ တို့ ကုတ်တို့ အစား အသီးဖျော်ရည် တွေသောက်လာကြတယ်။
ကလေး ကျောင်းတွေမှာ ဒီလို အချိုရည်တွေ၊ အာလူးကြော်ထုတ်တွေ မရောင်းရတာ ကြာပြီ။

ကျန်းမာရေး ကို ဘယ်လောက် လိုက်စား နေလဲ၊ ဘယ်လို အစားတွေ စားလဲ ပေါ်မှာ Class ကွဲ သွားတာလား?
Class  ကွဲနေတာမို့ အသိနည်းသူများ က ကျန်းမာရေး အတွက် ဂရုမစိုက်တာလား?
ဆိုတာ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။

သူကြီး တို့ရဲ့ အမေရိကားတိုက်ထဲ က အမေရိကားနိုင်ငံ ကြီး မှာ လူများ အဝလွန် လာလို့ Junk Food အစားလျှော့ကြဖို့ နဲ့ ကျောင်း တွေရဲ့ ကန်တင်း တွေမှာ Junk Food တွေ ဖယ်ဖို့ ကန်ပိန်း တွေလုပ်နေတာ မစ်ချဲအိုဘားမား က ရှေ့ဆုံးမှာပါ။

ကျန်းမာရေး ကို အသာထားပြီး ဝင်ငွေ နဲ့ ကြည့်ချင်သေးလား။
ဒီမှာ အနိမ့်ဆုံး လုပ်ခ တစ်နာရီ ၆ပေါင်ခွဲ လောက် ရပါတယ်။
တစ်ရက် ကို ခြောက်နာရီ အလုပ်ချိန် ထားပါ။
KFC set တစ်ပွဲ ကို ၆ပေါင်ခွဲ နဲ့ ရတာမို့ ကျန်တဲ့ ငါး နာရီ လုပ်စာ ပေါင် ၃ဝ ကျော် ကို အိမ်သယ်သွားနိုင်တယ်။
ပေါင် ၃ဝ ဆိုတာ စားတတ်ရင် တစ်ပါတ်စာလောက် စားနိုင်တယ်။
တစ်ရက် လုပ်စာ နဲ့ ကလေး တွေခေါ်ပြီး မိသားစု KFC သွားစားရင် တစ်ပါတ် ကို နှစ်ခါလောက် စားနိုင်တယ်။
ဒါ အဆင်းရဲဆုံး ဝင်ငွေ အနဲဆုံး လူ အတွက် ပြောတာနော်။

. မြန်မာပြည်မှာ တစ်ရက် လုပ်ခ သုံးထောင် ကို မနဲ ဈေးဆစ်နေရတယ်။
တစ်ရက် ကို ခြောက်နာရီ အလုပ်ချိန် ထားပါ။
တစ်နာရီ ငါးရာ ကျပ်။ ကြက်သားကြော် တစ်တုံး တောင် ရနိုင်ပါ့မလား။
တစ်နေ့လုံးစာ သုံးထောင် ပေးတောင် Set  တစ်ခု ရနိုင်ရဲ့လား။ သူကြီး ပြထားတဲ့ ပုံမှာတော့ Set တစ်ခု က ၃၅၀ဝ တဲ့။

ဒါကို နှိုင်းပြတာ ပါ သူကြီး ရယ်။
လူတန်းစား ကို နှိမ့်ပြီး ပြောစရာ အကြောင်း မရှိပါ။

. မြန်မာပြည်ပြန်တုန်းက ဘာ ဂျန်းရှင်းလဲ တော့ မသိ၊ လမ်းမတော်နားမှာ။
အဲဒီထဲ စားသောက်ဆိုင်တစ်ဆိုင်မှာ စားတော့ တစ်ပွဲ ကို အနည်းဆုံး ၈၀၀ဝ က စတယ်။
. ဈေးကြီးလိုက်တာ လို့ ပြောမိသေးတယ်။
ကိုယ့်ဆီက လို ဝင်ငွေ နဲ့ မပြောလောက်ပေမဲ့ မြန်မာပြည်က ဝင်ငွေ နဲ့ ကြည့်ရင် ဈေးကြီးပါတယ်။
မလှမ်းမကမ်း မှာ အတွဲတစ်တွဲ ထိုင်စားနေတယ်။
ဒါပေမဲ့ ကြည့်ရတာ ချမ်းသာတယ်လို့ မပြောနိုင်အောင် ကို အတော်လေး နွမ်းပါးပုံရပါတယ်။
သူတို့ စားနေတာ သောင်းလောက်တန်တဲ့ ဆက် လိုမျိုး။
. ပြီးလို့ ထသွားချိန် ကောင်မလေး ရဲ့ ပန်းကန်ထဲ အများကြီး ကျန်သေးတယ်။
မကြိုက်လဲ ဘာလို့ မှာလဲ၊ မကုန်လဲ ဘာလို့ ပါဆယ်ထုတ်မသွားလဲ၊ (ဒါမှမဟုတ်) အသေးမမှာလဲ တွေးမိသေး။
. နှစ်သောင်းလောက် ဆိုတာ ဘာမှဟုတ်ဘူး ပြောနိုင်တဲ့ သူရှိသလို မိသားစု တစ်စုစာ လုံး ရဲ့ တစ်ပါတ်စာလဲ ဖြစ်နိုင်ပါတယ်။
သူတို့ ပိုက်ဆံ နဲ့ သူတို့ စားတာမှန်ပါတယ်။
ဒါပေမဲ့ ဒီလို သုံးလိုက်တဲ့ ပိုက်ဆံဟာ ကိုယ့်အတွက် ပိုပြီး အရေးကြီးတဲ့ နေရာမှာ သုံးတတ်တဲ့ အသိ မဝင်ရင် သူတို့ ဘဝ ဒုံရင်း မှာ ဘဲ ရှိနေမှာ များပါတယ်။
သူများ တွေ သုံးတာ၊ စားတာ၊ ပျော်တာ အားကျစရာပေမဲ့ မတူနိုင်တာ ကို လိုက်မတုကြစေလိုပါ။
ကိုယ်လုပ်ရမှာက ကိုယ့်ရေရှည် အောင်မြင်တိုးတက်ဖို့ အတွက် မှန်ကန်တဲ့ လမ်းကိုသွားနိုင်ဖို့၊ မှန်ကန် တဲ့ အမြင်ရှိနိုင်ဖို့ပါ။
ပိုက်ဆံ ကို ဖြုန်းတာ အလကားဝင်နေတဲ့ သူတွေ မှာ အကြောင်းမဟုတ် ပိုက်ဆံ အလကားမဝင်ဘဲ သူတို့လို ဖြုန်းချင်ရင် ဘဝ ပျက်တတ်တာမို့
အသုံး နဲ့ အဖြုန်း ကို ခွဲ သိဖို့ အသိလဲ ရှိသင့်ပါသေးတယ်။
ကိုယ့်ခွန်ကိုယ့်အားမပါဘဲ သူများ ကို မှီပြီး ကြီးပွါးရတာ၊  ကိုယ်မတတ်နိုင်ဘဲ အကြွေးယူပြီး ဟန်လုပ်နေတတ်ကြ တာတွေက ရှက်ဖို့ကောင်းတာ သိကြဖို့လိုတယ်။
ကိုယ့်ဝင်ငွေ ကို သမာအာဇီဝ ရှာပြီး အသုံးကို အတိုင်းအဆသိ ပြီး မလိုတာကို မဖြုန်းတာ ရှက်ဖို့ မလိုပါဘူး။

အဲဒီလို မသိနိုင်ကြလို့ အောက်တန်းလွှာတွေကလဲ ငွေရဖို့ ဘဲ ကြည့်ပြီး မရိုးသားတဲ့ အလိမ်အညာ အလှည့်အပတ် တွေနဲ့။
အထက်တန်းလွှာ တွေ ကလဲ ငွေရဖို့ ဆို သူလဲရ စေ၊ ငါလဲ ရ စေ စိတ်မရှိဘဲ တစ်ဘို့ထဲ ကြည့်ပြီး စာနာစိတ်တွေ ပျောက်လို့။

ဒီတော့ ပြောရရင် မြန်မာပြည် မှာ တံခါးဖွင့်ချိန် ကောင်းတာတွေ ရော၊ မကောင်းတာတွေပါ ဝင်နေတာ မြင်ရမှာပါ။
ဘယ်ဟာ က ကောင်းတယ်၊ မကောင်းဘူး ဆိုတာ တစ်ချို့ ဟာတွေ က မကွဲပါဘူး။
ဒါပေမဲ့ တစ်ချို့ဟာတွေ က ကွဲပြား သိနိုင်ပါတယ်။
နိုင်ငံ ပြင်ပမှာ ဒါတွေကတော့ မကောင်းဘူးဟေ့လို့ သူတို့ အစိုးရတွေ ကိုယ်တိုင် က တရားဝင်ပညာပေး လုပ်နေတဲ့ ဟာ တွေ ကို ကိုယ့်နိုင်ငံ ထဲ မှာလဲ သိစေချင်ပါတယ်။
ဒီလို Junk Food  တွေ ကို မစားကြ နဲ့ လို့ မပြောလိုပါဘူး။
ဒါပေမဲ့ အလွန်အကျွံ စားသင့် မစားသင့် လိုမျိုး အပြင် ငွေကြေး တတ်နိုင်ရင်တောင် ကလေး တွေ ကို အမြဲ ကျွေးသင့် မကျွေး သင့် အသိလေး တွေ ထားသင့်ပါတယ်။
. ရွှေပြည်က သူငယ်ချင်း ကလေး တော်တော်များများ over weight လို ဖြစ်နေကြတာ လဲ မြင်ခဲ့ရပါတယ်။

တိုင်းပြည် ထဲ က လူများ သိဖို့ အဝေးက လူများ ကလဲ အသိဝညာလေး တွေ မျှသင့်ပါတယ်။
အပေါ်စီး ဆရာကြီး/ဆရာမကြီး စတိုင် နဲ့ နှိမ်သလို မပြော ရင် အထဲ က လူ တွေ ကလဲ လက်ခံသင့်တာ လက်ခံ ဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။

ဟိုနေ့က ပြောတဲ့ ကမ္ဘာကြီး က ကောင်းတဲ့ ဘက် ကို များလာတယ် ဆိုတာ အနောက်တိုင်း နိုင်ငံကြီး တွေ မှာ မှန်ပေမဲ့ မြန်မာနိုင်ငံ အပါအဝင် အာဏာရှင်ကြီးစိုး တဲ့ နိုင်ငံတိုင်း မှာ တော့
ထင်ရာစိုင်း သုံးနိုင်အောင် ငွေ ကို အလွယ်ရနေတဲ့ သူများ ရဲ့ အခြေအနေ ကို မပျက်အောင် ပုံစံ မျိုးစုံ နဲ့ အာဏာမြဲစေ နည်း တွေ
သုံးနိုင်တဲ့ သူများ ကို အားကျပြီး မသုံးနိုင်တဲ့ သူများ ရဲ့ အောက်လမ်း က ငွေရှာနည်းတွေ
အဲဒီ နည်း တွေ အကြားမှာ စိတ်ဓာတ် တွေ ပိုပိုပြီး နိမ့်ကျလာတယ်လို့ ခံစားရပါတယ်။

အခုပြောတာ အစားအသောက် ကိစ္စ တစ်ခုထဲ မဟုတ်၊
ပိုက်ဆံပေါသော လူများ ကို ပုံစံမျိုးစုံ နဲ့ မြူဆွယ် ပြီး ကိုယ်နဲ့ ရုပ်ပြစား နေတဲ့ မိန်းမ တွေ များလာ ချိန် ကိုယ်တိုင် ပုခက်မလွှဲချင် တော့ တဲ့ လက်တွေ ထဲ မှာ တိုင်းပြည် ရဲ့ ရင်သွေး တွေ အငုံဘဝ မှာဘဲ ကြွေနေဦးမှာ ပါ။
လိင်ကိစ္စ Sex ပိုင်းတွေ မှာပါ မကောင်း တဲ့ ဘက် ကို လမ်းလွဲ လာတာ မြင်နေရလို့ ပါ။

Middle class  ကျောင်းတွေ မှာ ဆယ်ကျော်သက် တွေ အတွက် Sex ပညာပေး လုပ်နေတဲ့ အကြောင်း တွေ ကို ပြောပြချင်ပါသေးတယ်။
ဒီလို Sex ကိစ္စကို ပစ်စလက်ခတ် တွေးပြီး ထင်တိုင်းကြဲ နေတာ ဟာလဲ Lower Class  တွေ မှာ ပိုပြီး ရှိနေတာ လို့ ပြော လို့ ရနေပါတယ်။

ထို့ကြောင့်
သူကြီးမင်းရှင့်
. လူဘဝ နေရခိုက် လေး နေချင်သလို မနေရ၊ စားချင်သလို မစား ရရင် လူ့ဘဝ ရတာ မတန်ဘူး ဆိုတဲ့ ( မြန်မာ့နည်း မြန်မာ့ဟန် ) အစွဲကြီး ကို မဖျောက်နိုင်လဲ ကွကိုယ် စိတ်ချမ်းသာသလို နေနိုင်ပါကြောင်း။

အနောက်တိုင်းက လက်ရှိ ပြောင်းနေတဲ့ Life Style အကောင်း တွေ ကို မသိကျိုးကျွန်လုပ်ပြီး ဒိတ်အောက်နေတဲ့ ယဉ်ကျေးမှု ဘဝ နေနည်း တွေ ကို ရွှေပြည်ထဲ အဟုတ်မှတ်အောင် ဝါဒ မဖြန့်စေလိုကြောင်း။

Class ကွဲ သည် ဆိုတာမှာ ငွေကြေး အရ တိုင်းတာမှု ထက်
အသိပညာ နဲ့ စမ်းစစ် ဝေဖန်မှု
စိတ် ကို ထိန်းချုပ် နိုင်မှု
အပိုင်း များတွင် ကွဲ သွားခြင်း ဟုလည်း ပြောနိုင်ကြောင်း။

. ပြောချင်တာ တွေ ရှိနေသော်လည်း တော်ပါပြီ လို့စ်။  lol:-))))

DSCF1349
အနောက်တိုင်း UK မှာ မပေါ့တပေါ် စကပ်တို တာဟာ သူတို့ ယဉ်ကျေးမှု လို့ ထင်ရင် မှား လိမ့်မယ်။ USA မှာတော့ မသိ။

ဒီနေ့ဘဲ သတင်းပါလာတာ။ ကျောင်း တွေမှာ စကပ် အတို မဝတ်ရဖို့ နောက်ပိုင်း ပိုပြီး တားလာလိမ့်မယ်။
စိတ်ဓာတ်ရေးရာ အရ အဆင့်အတန်းမြင့်တဲ့ Life Style  တွေမှာပေါ့။
http://www.dailymail.co.uk/news/article-3147212/School-bans-girls-wearing-skirts-s-distracting-male-teachers-walk-stairs-sit-down.html

 

21 comments

  • မြစပဲရိုး

    July 3, 2015 at 4:58 am

    Print Screen လုပ်ပြီး တင်တဲ့ ပုံက မပေါ်ပါ။
    Screen ပေါ်ကပုံ ကို ကင်မရာ နဲ့ ရိုက်ပြီး တင်တဲ့ ပုံက မှ ပေါ်သည်။ 🙄
    ထို့ကြောင့် ပုံဝါး နေသည်၊ ခွေးလွှတ်။

  • @QUIL@

    July 3, 2015 at 5:27 am

    ခီညားဒို့ နှစ်ယောက်ကို သပ်မဲ…..
    နီးဂတခဲန်.. က ဂျော်ရှိ ကိုးကိုးဆေဲး တွေက စုကားတို နိပွန်း အိချိ မိဂျိကဲအဲ့အဲ့…။
    ဒင်းတို့လေးဒွေ မြင်သွားရင်…ခက်ရချီသေးရဲ့….။

    ဗြဲ….။

    • kai

      July 3, 2015 at 5:46 am

      ဂျပန်က.. ကိုးကိုးဆေး(အထက်တန်းကျောင်းသူ)တွေ… စကပ်မတိုရဖို့ကျောင်းမှာတားထားသမို့…အတန်းပြီးတာနဲ့..လမ်းတင် ရှိတဲ့စကပ်ကလေး.. ခါးကနေလိပ်လိပ်ပြီးတင်လိုက်တာ.. တွေ့ဖူး..
      အောင်မြလေး.. အောက်ခံ..ဖြူပြာပန်းရောင်မြင်နေရရော….

      ဆိုတော့…
      သူတို့လေးတွေ.. ပျိုပျိုမေအရွယ်.. ငွေကြေးဖူလုံတဲ့.. ချိုချိုဖေတွေဆီက… အဲဒီလို..အဲလိုတွေနဲ့ငွေရတယ်…။
      အဲဒီအရွယ်နဲ့မလိုက်အောင်.. သုံးနိုင်.. ဖြုန်းနိုင်တယ်..။

      တမျိုးကောင်းတာပါပဲ..။
      ကွိ…။

  • kai

    July 3, 2015 at 5:35 am

    .. တမြန်နေ့က.. ဘုရှ်အငယ်သမ္မတဟောင်းနဲ့.. ဒလိုင်လားမားတို့တွေ့ကြတယ်..
    စကားပြောနေတဲ့ပုံလေးသဘောကျလို့သိမ်းထား..။
    http://ww3.hdnux.com/photos/37/35/64/8248578/3/622×350.jpg

    တမြန်နေ့ကပဲ.. မဟနက.. ဆတော်ကြီးယူအက်စ်.. အယ်လ်အေကြွလာ.. မြန်မာတွေနဲ့တရားဟောနေပုံတွေ့တယ်..
    လူတွေထီးဖြူဆောင်း.. ဝိုင်းဝန်ပူဇော်နေပုံလေး.. အသက်အောင့်ပြီးသိမ်းထား..။

    ပြောချင်တာက…
    မြန်မာတွေ အတန်းအစားခွဲတာ.. (အဲဒီဘာသာရေးအယူမှားတွေကြောင့်).. ဟိန္ဒူဟောင်းအယူနဲ့ဆင်ပြီး.. ဇတ်ခွဲတယ်လို့ပြောရင်ပိုမှန်မလားပဲ..
    ဆင်းရဲသားဆိုတဲ့အထဲ… ဇတ်ခွဲနှိမ်ချ.. နိမ့်ကျတဲ့သဘောပါ…။

    ဆိုတော့..
    အရီးလတ်ရဲ့ အနောက်နိုင်ငံက..(အများစု) လူတွေအဆင့်အတန်းခွဲတာတွေနဲ့မတူရေးချမတူ….။

    ဇတ်ခွဲဝါဒကျဆုံးပါစေ…။

    • ဇီဇီခင်ဇော်

      July 3, 2015 at 6:20 am

      ဘာပြောပြော ဒီရောက်တယ် ညော်…!!!

      :mrgreenn:

  • ဦးကျောက်ခဲ

    July 3, 2015 at 8:58 am

    ကျောက်စ်ကတော့… ဘယ်ဆိုင်မှာစားစား စားမကုန်ရင် ထုပ်ပြီးပြန်သယ်လာဖို့ ဝန်မလေးဘူး…
    ကိုယ့်ပိုက်ဆံ ချွေးနှဲစာနဲ့ဝယ်စားတာ ၊ ပြန်သယ်ရတာ ရှက်စရာလို့ မမြင်ပေါင်…
    အဟိ… စကတ်တိုတဲ့ ကိစ္စကတော့ ဒီမှာအဆန်းတကျယ်မဟုတ်…
    Subway လှေခါးအတက်တွေဆို… ကိုယ်တွေက ခေါင်းငုံ့ထားရတယ်… ခွီး :k:

  • Mike

    July 3, 2015 at 10:23 am

    .က ျုပ်လည်း ကိုကေ ျာက်စ် လိုပဲ..က ျန်တာသယ်လေ့ရှိတယ်ဗ ျ..မရှက်ပေါင်ဗျာ
    .လူတန်းစားကတော့ ဗမာပြည်မယ်အခွဲဆုံးထင်မိတယ်…
    .စစ်သား
    .ရဲ
    .ဗွီအိုင်ပီဆိုသောလူဂျီးများ
    .ဝန်ထမ်းနဲ့လက်လုပ်လက်စားများ….အို..စုံလို့ပါပဲ

  • ၂၀၀၀ဝ ဆိုတာ သများ တစ်ပတ်သုံးလို့ရတယ်… ကိုယ့်ဘာသာကို ချက်စားမယ်ဆိုရင်ပေါ့လေ… အာ့ကြောင့် junk food တွေ သွားစားမယ်ဆို အနည်းဆုံး ၁၀၀၀ဝ လောက်ကုန်တယ်.. ဒါမျိုးဆို လခထုတ်ပြီးပြီးချင်း သွားစားပလိုက်တယ်… 🙂

    ကိုယ့်နိုင်ငံက အတော်လေးခေတ်နောက်ကျတာကို နယ်တွေကြည့်ရင် အတော်သိနိုင်တယ်… နယ်ဆိုတာ လတ်လတ်ဆတ်ဆတ် သိပ်ရနိုင်တာ.. ဒါပေမယ့် သူတို့က ခေါက်ဆွဲခြောက်ပြုတ်စားရတာ… ရယ်ဒီမိတ်တွေ ဝယ်ရတာကို ခေတ်မီတယ်လို့ ထင်နေကြတယ်… တော်ရုံတန်ရုံ ကိုယ်တိုင်လုပ်နိုင်တာမျိုးတောင် ဒိတ်အောက်နေပြီ… ရယ်ဒီမိတ်လေး ဝယ်လိုက်တာမှ ခေတ်မီတယ် ထင်နေကြတယ်… 🙁

  • Ma Ma

    July 3, 2015 at 2:32 pm

    (မကြိုက်လဲ ဘာလို့ မှာလဲ၊ မကုန်လဲ ဘာလို့ ပါဆယ်ထုတ်မသွားလဲ၊ (ဒါမှမဟုတ်) အသေးမမှာလဲ တွေးမိသေး။
    မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တယ် လို့ ပြောရင် ရိုင်းရာကျမလား မသိဘူး။

    လူတန်းစားအလွှာအသီးသီးမှာ အစားကို ကုန်အောင်စားရင်ပဲ ငတ်ကြီးကျသလို၊ ရှက်စရာကောင်းသလို ထင်ပြီး တပိုင်းတလက်စနဲ့ ချန်ထားတဲ့အကျင့်ရှိကြတယ်။

    အဲဒါအပြင် ရေဆိုလည်း အလွယ်တကူသွန်ပစ်ပြီး ဘာကိုမှတန်ဖိုးထားရကောင်းမှန်းမသိကြတော့တာ။

    ကျောက်စ်ပြောသလို ….
    ထိုင်ဝမ်ရောက်တုန်းက စိနတွေ စားတဲ့နေရာမှာ ဒီကလူတွေနဲ့ တခြားစီပဲ စားနိုင်ကြတာ သတိထားမိတယ်။
    ဒါပေမယ့်လည်း သူတို့ဆီမှာ အဝလွန်တာ သိပ်မတွေ့မိဘူး။

    နိုင်ငံအုပ်ချုပ်သူတွေရဲ့ စနစ်တကျ စီစဉ်အုပ်ချုပ်မှုအောက်မှာ ကျန်းမာကြံ့ခိုင်ကြတယ်။
    ဉာဏ်ရည်မြင့်မားပြီး စားသောက်နေထိုင်မှုလူမှုအဆင့်အတန်းတွေလည်း မြင့်ကြတာ အားကျစရာကောင်းတယ်။

    သဂျီးနဲ့ မလတ်ကြားက လူတန်းစား ခွဲခြားမှုကိုတော့ သူ့အတွေးနဲ့သူ လို့ပဲ…. :a:

    • kai

      July 3, 2015 at 2:56 pm

      လော့ကျတဲ့အိမ်က..မြန်မာတွေကတော့.. စားသောက်ပြီး ကျန်တာ အိမ်ပြန်မထုတ်သွားရင်.. ငပေါလို့တောင်ထင်မယ်…
      အကုန် ထမင်းဖြူလေး နည်းနည်းပိုတာကအစ..ထုတ်ယူပြန်..။

      ဟုတ်ပါ့..
      အနည်းဆုံးတော့နောက်တနေ့ မနက်စာ ချက်ရသက်သာသပေါ့..။
      =
      ဒီနေရာမှာ ဂျပန်တွေကတော့ အိမ်ပြန်မထုတ်..။
      မှာကတဲက အတိမှာ..။
      မှာထားပြီး အကုန်မစားရင်.. စိတ်ဆိုး….။
      ဆန်တစေ့ကအစ.. တန်ဖိုးထားဓလေ့သင်ထားပေးတယ်..။
      စားသောက်ခရှင်းရင်လည်း.. တပြားစေ့လေးကအစ ပြန်အမ်းတာသေသေချာချာသိမ်းယူသွားပြီး.. တစ်ပ်လည်းမပေး…။

      • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

        July 4, 2015 at 7:57 am

        သဂျီးပြောသလိုပါပဲ.. ဂငယ်တွေက ထမင်းစေ့ကျန်တာမကြိုက် မကုန်တာမကြိုက်တော့
        ကျွန်တေ်ာ့က စိန့်ပိုင်ဆိုင်တွေမှာ တာဘဲ နဲ့ နိုးမိ ဟိုးဒိုင် စားတဲ့ ပရိတ်သတ်အတွက်တော့
        ဘာမှမကျန်အောင် စားရင်း စားရင်းနဲ့ ပေါင် ၂၀ဝ ကျော်လာတာဘာဘဲ ဗျာ။ 😳

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    July 3, 2015 at 2:54 pm

    မြန်တျန့်ကတော့ ကမ်ဘာမှာ လှူဒန်းစား ခွဲခြားမှု အမြင့်ဆုံးပါ တယ်ဆိုရမယ်။ … 😳

  • aye.kk

    July 3, 2015 at 4:20 pm

    မလတ်ရေ
    ထိုင်းမှာအစ်ကိုကထမင်းလိုက်ကျွေးတုန်းကပြန်သတိရမိတာတွေ၊တိုက်ဆိုင်လို့ပြောပြချင်မိပါတယ်။
    ဒီရောက်ခါစ၊၁၉၉၄ခုနှစ်လောက်ကပါ၊
    သူတို့ဆီကထိုင်းအစားစာတွေမို့ကိုယ်ကမစားတတ်တော့၊အများကြီးပိုနေကုန်တာပေါ့နော်။
    အစ်ကိုကပိုနေတာတွေအားလုံးကိုအကုန်ပါဆယ်ပြန်ထုတ်ခိုင်းတော့၊ရှက်လဲရှက်၊အံ့အားသင့်သွားတယ်။
    ဘာဖြစ်လို့လည်းဆိုတော့၊အရင်ကရန်ကုန်မှာနေခဲ့ဘူးတယ်၊အသိမိတ်ဆွေ၊ဧည့်သည်တွေနဲ့
    မကြခဏ၊စားသောက်ဆိုင်တွေ၊ဟိုတယ်တွေမှာစားဘူးပါတယ်။ပိုနေလဲပြန်ပြီးပါဆယ်ထုတ်ပြီးပြန်သယ်တာမျိုး
    အလေ့အထမရှိခဲ့ဘူး။ရှက်စရာလို့ပဲအောင်းမေ့မိခဲ့တာပါ။အစ်ကို့ကိုမေးမိတော့ပိုက်ဆံရှင်းထားပြီးသားမို့၊နှမြောတာကို
    သိရပါတယ်၊အိမ်မှာမွေးထားတဲ့၊ခွေးတွေပြန်ကျွေးလို့ရတယ်ဆိုပြီးပြောပြပါတယ်။
    ၂၀၁၂ခုနှစ်ကရန်ကုန်သွားလည်တုန်းကမိတ်ဆွေမမကဟိုတယ်မှာလိုက်ကျွေးပါတယ်။မကုန်လို့ပိုနေတာတွေကို
    ပါဆယ်ပြန်ထုတ်ခိုင်းတာတွေ့ပါတယ်။ပိုက်ဆံရှင်းထားပြီးသားမို့နှမြောတဲ့အကြောင်းပြောပါတယ်။၁၉၉၄ခုနှစ်က
    နှမြောတတ်လို့ပါဆယ်ပြန်ထုတ်ခိုင်းတဲ့အစ်ကို့ကိုချက်ခြင်းမြင်ယောင်မိတယ်လို့မိတ်ဆွေမမကိုပြောပြမိတယ်။
    ဒါကရှက်စရာမှမဟုတ်တာလို့မမကရှင်းပြပါတယ်။နှမြောတတ်တဲ့အစ်ကိုနဲ့မိတ်ဆွေမမတို့ကတော့ပိုက်ဆံရှိတာခြင်း
    ဘဝခြင်းတူညီနေကြတယ်၊ရှက်တတ်တဲ့အငုံ ့စိတ်ကြောင့်၊ရှက်စရာမဟုတ်တာကိုရှက်တတ်တဲ့ကိုယ်က
    ၊ကိုယ့်ရဲ ့ဘဝနဲ့ဘဝခြင်းအတော်ကွာဟကွားခြားနေတာ လက်တွေ့ခံစားမိလိုက်ရပါတယ်။
    အရင်ကအဲလိုမျိုးအလေ့အထမရှိတော့၊ရှက်စရာလို့ပဲထင်မိခဲ့တယ်။အလေ့အထရှိတော့၊ရှက်စရာမဟုတ်ဘူးဖြစ်သွားတယ်။
    ငယ်ငယ်ကအလယ်တန်းကျောင်းသူဘဝတုန်းကစကဒ်ဝတ်ရင် အစ်ကိုကဆူတယ်။ခုတော့အစ်ကိုရဲ ့သမီးလေးက
    ဘောင်းဘီတိုတို၊စကဒ်တိုတိုဝတ်တာတွေ့မြင်ရတော့။နေရာဒေသနဲ ့နိုင်ငံအလိုက်နေထိုင်မှု
    အလေ့အထ အမူအကျင့်တွေအရ ကွဲပြားခြားနားသွားတာို ကိုယ်တိုင်ကလက်ခံလို့ စိတ်ကထားတတ်သွားခဲ့ပါတယ်။။
    (အမြင်တွေမတူကြတာက)ကွာဟမှုဖြစ်သွားစေတယ်လို့ပဲအောင်းမေ့မိပါတယ်။။။။။

    • ကူမားရ်

      July 3, 2015 at 10:08 pm

      အရီးရေ
      ရင်ထဲမှာ ရှိနေခဲ့တာ သိမ်းထားပြီး ပြောမထွက်ရက်ခဲ့တဲ့ ဗေတားဆူးတစ်ခုကို အရီးက ဒီပိုစ့နဲ့ နှုတ်ယူပေးလိုက်တာပါပဲ
      မြန်မာလူငယ်တွေ ဈေးကြီးပေးရတဲ့ ကော်ဖီဆိုင် မုန့်ဆိုင်တွေ မှာ ပိုက်ဆံတွေအများကြီး အကုန်ခံစားသောက်နေတာကိုမြင်ရတာ စိတ်မကောင်းဘူးဖြစ်နေခဲ့တာ
      သူတို့ကတော့ဒါစားဘူးမှ ခေတ်မှီမှာ လိုဖြစ်နေပေမယ့်
      သူများတွေဆီမှာ ဘာမှ မဟုတ်ဘူးဆိုတာ ကို မပြောပြရက်ဘူး အရီးရှင်းပြသလိုပဲ ချမ်းသာတဲ့လူမှစားရမှာလား ငါတို့လည်းလူပဲ အတန်ူအစားမခွဲခြားနဲ့ဆိုတဲ့ မသိမာန နဲ့ အဆဲခံရမှာကြောက်လို့
      ခုတစ်လောကပေါ်တဲ့ KFC မှာ တန်းစီတိုးပြီးစားနေတာမြင်ရ တော့ သူငယ်ချင်းတစ်ယောက်နဲ့ဒီကိတ်စပြောဖြစ်ခဲ့တယ်
      အရီးလို စေ့စေ့စပ်စပ် နဲ့ ထောင့်စေ့အောင် ပြန်မရှင်းတတ်တော့ ဝင်လာမယ့် ထိုးနှက်မှုတွေကို ကျောက်ပြီး ဗေတား ဂဇက်မန်ဘာမပီသ စွာ မရေးရဲ မထွက်ရဲခဲ့တာ ကို ရှက်ရွံ မိရင်း အရီးကို ကျေးဇူးတင်လိုက်ပါတယ်
      အရီးရဲ့ဗေတား

  • ဆိုင်သွားစားရင် ကုန်အောင်စားတယ် မကုန်ရင် ပါဆယ်ဆွဲ တယ်
    ဒါပေမယ့် လက်နဲ့ မသယ်ရတာများပါတယ်
    ဗိုက်ထဲအကုန်ထည့်သယ်တာ

    လူတန်းစား ခွဲ ခြားမူ့ ဆိုတာကတော့ ရှိနေမှာပါဘဲ
    ရှိလဲ ရှိသင့်ပါတယ်
    ဒါပေမယ့် ငွေကြေးပိုင်ဆိုင်မူ့အပေါ်မှာ မူတည်ပြီးခွဲခြားတာကတော့ မဖြစ်သင့်ပါဘူး

  • ဝင့်ပြုံးမြင့်

    July 4, 2015 at 1:38 pm

    .မြန်မာပြည်လူတန်းစားခွဲခြားမှုက လုပ်တဲ့အလုပ် အဆင့်တန်းနဲ့ သိပ်မဆိုင်လှဘူး။ ဘာမှန်းကို မသိပါဘူး။ အရာရှိမနဲ့ စာရေးမ ထိုင်ခုံနေရာချင်းတော့ ဘယ်တူပါ့မလဲနော်။ ကိုယ့်ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ နေရာမှာ နေရမှာပေါ့။ စာရေးမက အရာရှိမ ထိုင်ခုံပေါ်သွားထိုင်လို့ ဘယ်ရမလဲ။ ဒါပေမယ့်လည်း မြန်မာပြည်လူတန်းစားခွဲမှုက ဘယ့်နှယ့်ကြီးမှန်းကို မသိဘူး ။ ရှိကိုရှိနေတယ်။ အချင်းချင်းတောင် ခွဲကြတာ။ တစ်ယောက်ကို တစ်ယောက် မတူသလို မတန်သလို အဲလိုမျိုး ။ ဪ ဆိုတဲ့စကားလုံးလေး တစ်လုံးကိုတောင် အဓိပ္ပါယ်အများကြီးထွက်အောင် ပြောတတ်တဲ့လူမျိုးတွေ။

    .ချွေတာရေးနဲ့ မိမိဘဝကိုတည်ဆောက်တာတွေကို တော့ ကြိုက်ပါတယ်။ မြို့ပေါ်မှာ ရေခဲမုန့်လေး လက်တွန်းလှည်းနဲ့ ပတ်ရောင်းတဲ့ လူက တိုက်ဆောက်လိုက်တယ်။ ရေသန့်ပို့တဲ့ ကောင်လေးက ထော်လာဂျီ ဝယ်တယ်။ ဘာ ၂လုံးမှ မထိုး၊ ၁လုံးလည်း မလုပ်။ တခြား အပိုအလျှံရအောင်လည်း ဘာဆိုဘာမှ မလုပ်ဘဲ အဲဒီအလုပ်တစ်ခုထဲနဲ့ အောင်မြင်နေတာပဲ။ ပညာလည်း မတတ်ဘူး။ အဲဒါကျတော့ ဘယ်လိုပြောမလဲ။ .မျှစ်တောင် ပြောရရင် သူတို့ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် ရှက်မိပါတယ်။

    • Ma Ma

      July 4, 2015 at 4:44 pm

      မင်းကွန်းဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသက မေတ္တာပို့မှာ အထင်သေးခြင်း အချင်းချင်းကင်းရှင်းကြပါစေ ဆိုတာ ကြားဖူးကာစ သိပ်နားမလည်ဘူး။

      တဖြေးဖြေးနဲ့ အသက်ကလေးရလာတော့မှ လူတွေတစ်ယောက်နဲ့တစ်ယောက် စတွေ့တာနဲ့ ဘယ်လိုလဲဆိုပြီး ကြည့်တတ်ပြောတတ်တာတွေကို သတိထားမိလာတယ်။ 🙁

      ဒါပေမယ့်လည်း (အော်ပီကျယ်ကာတွန်းမှာလည်း ပါသလို) ကိုယ့်ကိုသူများက ဘယ်လိုမြင်တာ အရေးမကြီးဘူး။ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်တာက အရေးကြီးတယ်ဆိုတာ သဘောပေါက်သွားရင်း tension တွေ အတော်များများ လျော့သွားတယ်။ 🙂

  • Wow

    July 4, 2015 at 5:50 pm

    မားကက်တင်းမှာတော့ လူတန်းစားခွဲခြားပီး Target Consumer သတ်မှတ်မှပဲရဒယ်…. နောက်ပိုင်း လူကြားကောင်းအောင်၊ အထက်တန်းလွှာ၊ အောက်တန်းလွှာခေါ်မကောင်းလို့ SEC (Social Economic Class) A, B, C စသဖြင့် ပြောကြတယ်…
    အထက်တန်းလွှာမှာတောင် Old rich နဲ့ New rich ရှိသေးတယ်… မိဘဘိုးဘွားလက်ထက်ထဲက ချမ်းသာသူနဲ့ ခရိုနီသထေးတို့လိုပေါ့..
    အော့… အနော် လူတန်းစားခွဲခြားတာတော့ တော်တော်လေးလုပ်ရတယ်လို့စ်…. ဟီးးးးး ထင်ရာမြင်ရာ ဝင်ပြောတာ…
    .
    .
    .
    .
    စတာပါ.. စတာပါ… ဆက်ပြောဂျပါ… ဆေးရိုးလေးနဲနဲ ဝင်ရောင်းကျိဒါ :mrgreen:

  • Alinsett @ Maung Thura

    July 5, 2015 at 7:52 am

    လူကြီးတွေ ပြောတာတွေကို
    နားထောင်သွားပါကြောင်း

  • ​ဒေါ် လေး

    July 5, 2015 at 8:24 am

    တကယ်တော့ ကျောင်းနေအရွယ်ကလေးတွေကို ငယ်ကတည်းက လိုက်နာရမယ့်
    စည်ကမ်း တွေကို သင်ပေးသင့်တယ်
    သင်ပေးပြီးရင်လဲ လိုက်နာမလိုက်နာ ပြန်ကြည့်ပြီး အပြစ်ပေးသင့်ပေးရမယ်
    လူသားအရင်း အမြစ် ကို သေချာဂရုမစိုက်တော့
    စည်းကမ်း မဲ့တွေများလာတယ်
    လူတန်းစားခွဲချားမှုတွေ ကပုံစံမကျ ကွဲထွက်ကုန်တယ်

Leave a Reply