O… Oh… Rossie
ခုတလော ခေတ်စားနေတဲ့ ပန်းတမျိုး ပဲ ပြောရမှာပေါ့…။
အင်း… ပန်းအိုးကျကွဲတာတို့ ငလျင် လှုပ်တာတို့တော့ မပါဘူးပေါ့ဗျာ..။
စိတ်ရှင်းရှင်းနဲ့ ဝင်ကြည့်လို့ရပါတယ်။
၁။
Natural Lighting ဗျ… ။
နည်းနည်းတော့ပူတယ်… ညနေဘက်မို့လို့ပါ..။
အပင်ပေါ်မှာတော့ မဟုတ်ဘူး..။
အမည်းရောင် BG ထားပြီး ရိုက်ထားတာပါ။

၂။
နံပါတ် ၁ ကိုရိုက်ခဲ့တဲ့ နံရံဘေးနားက အခန်းကန့်ထားတဲ့ဘောင်ပေါ် တင်ရိုက်လိုက်တာပါ..။
ပြတင်းပေါက်က ဝင်တဲ့အလင်းသက်သက်ပါပဲ။

၃။
ဒါလည်း ပထမပုံရဲ့ အဆက်ပါပဲ။
ပထမပုံက အလျားလိုက် မှာ နောက်ခံ သစ်ရွက်က အလင်းရောင်ကြောင့် ဖွေးတက်သွားတာမို့
အဲ့သည့်တရွက်ကို ဖယ်ပြီး ဒေါင်လိုက် ပြန်ရိုက်ထားလိုက်တာပါပဲ။
တခြား ထူးထူးခြားခြား မရှိ။

၄။
ပြတင်းပေါက် ကို ကာထားတဲ့ သံဇကာကွက်ထဲ ထည့်ညှပ်ထားတာပါ။
အနှောင်အဖွဲ့ မလွတ်လပ်ခြင်း နဲ့ ကန့်သတ်ချုပ်ခြယ်ခြင်း သဘော ဆိုပါတော့..။
လိုင်းတို့ရဲ့ လားရာလည်း ထည့်ပြချင်လို့ပါ။

၅။
တချို့ က ခရု မှ ကြိုက်တယ် ဆိုလို့ စိတ်ပေါက်ပေါက်နဲ့ ခရုပါ ထည့်ရိုက်ထားတာ..။
😛
ရေစင်အောက် (အလယ်ဆင့်) မှာပါ ။ သဘာဝ အလင်းရောင်ပါပဲ။
ရေညှိ moss တွေကြားမှာမို့ အမြင်တမျိုး ဖြစ်ပါလိမ့်မယ်။

သည်အောက်က စပြီး ကျနော် ရေတောက်ပြီး ရိုက်ပါ့မယ်။
၆။
သည်ပုံကတော့ lighting သပ်သပ် ပေးထားတာပါ။
ဘယ်ဘက် အောက်ကနေရယ် အပေါ် တည့်တည့်ကရယ်ပါ။
ရေမွှေးပုလင်း အလွတ်ထဲ ရေထည့်ပြီး ဖြန်းထားတဲ့ ရေစက်တွေပါ။
(သာမန်ရေစက် သည်လောက် မသေးကွေးပါ)

၇။
Pure black BG လိုချင်လို့ အလင်းရောင် နည်းနည်း လျှော့ရိုက်ထားတာပါ။
ဘေးဘက်လည်း နည်းနည်း စောင်းရင်းပေါ့။

၈။
နည်းနည်း ထပ်ပြန်တိုးပြီး Grey BG ချိန်ထားတာပါ

၉။
နောက်ခံ အဖြူလိုချင်လို့ အဖြူပြောင်းပြီး ရိုက်ထားပါတယ်။
Setting ပိုင်း သီးခြား ပြောစရာ မရှိပါ။

သည်အောက်ကစပြီး နှင်းဆီပန်းတွေ မီးပူဇော် ပါတော့မယ်။
do not try this @ home
😛
(နှင်းဆီ ပရိတ်သတ်များ ဆဲတော်မူကြပါစေကုန်)
၁၀။
ကျနော် တကယ်လိုချင်တာက Blue flame ဗျ…။
မီးတောက်အရက် လည်း မရှိ။ ရှိတဲ့ ဘီပီအိုင် အရက်ပျံကလည်း ဘာတွေ ဘယ်လောက် ရောထားတယ်မသိ…။
လောင်ပုံက စိတ်ကျေနပ်ဖို့ မကောင်း..။
အဲ့ဒါနဲ့ပဲ …မတတ်သာတဲ့အဆုံး ဂတ်ဆိုလင် တဖုံးလောက် လောင်းလိုက်ပါတယ်။
😀
သည်ပုံက timer နဲ့ လွှတ်ချလိုက်တာမို့…ဟုန်းကနဲ လောင်လောင်ချင်း ပုံမို့… မြင်တော်မူတဲ့အတိုင်း….

၁၁။
သည်ပုံမှာတော့ နည်းနည်း အထူအပါး နားလည်သွားပါပြီ
မီးခိုးလည်း ပါချင်သလို မီးတောက်လည်း အစအဆုံး ဖရိမ်ထဲဝင်ချင်တယ်…
ပန်းလည်း သိပ်ပုံမပျက်သေးစေချင်ဘူး…..
အစပ်အဟပ် တည့်သွားသည်ပဲ ဆိုရမယ်ဗျာ…။

၁၂။
နောက်ဆုံး ပုံ အဖြစ် သည်ပုံကလေးကတော့ လက်ဆောင်ပါ။
(မီးမရှို့ခင် ဆက်တင် ချိန်စဉ် ပုံလို့ ပြောနိုင်ပါတယ်)
ကဗျာတွေဘာတွေ ရေးတဲ့ ရွာသူားတွေ သုံးချင်ရင် သုံးနိုင်ဖို့အတွက် ဆိုပြီး ဆစ်ဂနေချာ မထည့်ဘဲ တင်ထားလိုက်ပါတယ်။
ပုံအကြီးလိုချင်ရင် right-click—-new tab ဖွင့်ပြီး save နိုင်ပါကြောင်း။

ကနေ့ နှင်းဆီပန်း ၆၀ဝဖိုးဝယ် ဘုရားတင်…. အဲ…
၃ပွင့် ဖယ်ထား ရိုက်ချင်သလိုရိုက် နောက်ဆုံး မီးရှို့ပြီး … လက်စတုံးရင်း ခရီအေးတစ်ဗ် ဒီစထွက်ရှင်းန် လိုက်ကြောင်းရယ်ပါ။
တော်သေးပြီ။
11 comments
ဦးကျောက်ခဲ
July 3, 2015 at 9:25 am
♪ ♫ O… Oh… Rossie… ဆူးနဲ့ အဆိပ်ကို လက်ဆောင်ပေး… ♫ ♪
ဓာတ်သေကို ရိုက်လည်းမရိုက်တတ် … အရိုက်လည်းမခံချင်… စိတ်လည်းမရှည်… :k:
ဇီဇီခင်ဇော်
July 3, 2015 at 9:33 am
လှတာထက် ဘိုလိုပြောရမယ်မသိ။
နာက နှင်းဆီ မီးတောက် ၁ ကို ပိုကြိုက်တယ်။
နှင်းဆီက မီးမကျွမ်းသေးတာ ပိုလှတယ်။
မီးတောက်နဲ့ မီးခိုးကတော့ ၂ က ပိုလှတယ်။
ဟို ရေစက်လေးတွေနဲ့ ပုံတော့ စကရင်မှာ ထားလိုက်ပြီ။
Ma Ei
July 3, 2015 at 9:35 am
ဒလောက်လှတဲ့ ပန်းကလေးတွေကို မီးရှို့ပစ်တယ်…
လှလှပပ ကို ရက်စက်လိုက်တာအေ…
Mike
July 3, 2015 at 10:02 am
.♫♪♫ပန်းနီနီမပေးနဲ့ကွယ် ပန်ချင်ဘူး♫♪♫……….လွဲမှာစိုးလို့…ငိငိ
kai
July 3, 2015 at 10:20 am
ဒေါ်စုဘိုနာမယ်က… ရိုစီဆိုတာပဲ…
ဟုတ်မဟုတ်တော့မသိ…။
ရေးအေးစက်ကလေးလို..အလှကျယ်သလောက်…
အာဏာပါဝါတွေဟုန်းဟုန်းတောက်.. မဲ့နိမိတ်ပေါ့…။
နံပါတ်၁၁ ကို … ပန်းပွင့်လွှာဒီလောက်မီးမလောင်သေးပုံလေး. .. မြင်ယောင်ကြိုက်မိ… :k:
Ma Ma
July 3, 2015 at 1:41 pm
နံပါတ် ၅ ခရုနဲ့ပုံ
နံပါတ် ရ ရေစက်တွေနဲ့ပုံတွေကို ကြိုက်တယ်။
နံပါတ် ၁၁ မီးတောက်ကြားထဲက မပျက်စီးသေးတဲ့ နှင်းဆီပုံကတော့ အမြင်ဆန်းလို့ အကြိုက်ဆုံးပဲ။ 🙂
မြစပဲရိုး
July 4, 2015 at 4:29 am
. ရေဖြန်းပုံ တင်မဟုတ် ရေနှစ်ပုံ လေး လဲ ရိုက်တင်ပါဦးလား လို့စ်။
မီးကျွမ်း ပုံ တင်မဟုတ် ရေခဲရိုက် ပုံလေးလဲ စမ်းရိုက်ပါဦးလား လို့စ်။ 😉 :-)))
warsojuly
July 5, 2015 at 8:20 am
ပန်းကိုမီးရှို့ပြီးပြီးချင်းရေပြန်လောင်းလို့ရှဲခနဲထွက်လာတဲ့မီးခိုးထွက်တဲ့ပုံလေးဆို..ဘယ်လိုနေမလဲ..
ဦးလေး..
ဦးကြောင်ကြီး
July 6, 2015 at 1:11 am
အိုးအိုးရိုးစီ
ပိုးမ ျိုးထိုးသီ
ဂိုးရှိုးဒိုးပြီ
သိုးကိုးကြိုးမြည်..
Alinsett @ Maung Thura
July 6, 2015 at 8:42 am
လှတယ်ဆိုတဲ့ စကားလုံးထက် လှတဲ့ စကားနဲ့ ပြောချင်တယ်…
လှတဲ့အကြောင်းဆိုပါတော့ …
aye.kk
July 6, 2015 at 9:05 pm
လှသောနှင်းဆီနဲ ့
နှင်းဆီရဲ ့အလှကိုပုံစံအမျိုးမျိုးနဲ့ကြည့်ရလို့
ကျေးဇူးတင်မိပါတယ်,နှစ်သက်အားရမိပါတယ်။။