ကျနော် ပြောတဲ့ ပုံပြင် -၂
Post Production အကြောင်း အစပျိုး ရေးထားပြီးတော့
အဲ့ဒါရဲ့ အဆက် အနေနဲ့ သည်စာစု ကို ဆက်ရေးလိုက်ပါတယ်။
ပိုစ့် ရဲ့ size ကို ငဲ့ကွက်လို့ ဘယ်နေရာမှာ သွားပြင်တယ် ဆိုတာ ထက်
ဘယ်လိုပုံ ဖြစ်သွားတယ် ဆိုတာကိုပဲ ပြထားတာမို့ပထမပိုစ့် နဲ့ တွဲဖတ်မှ အဆင်ပြေပါလိမ့်မယ်။
0. Original RAW file

ဘာမှ မပြုမပြင်ရသေးတဲ့ Original RAW ပုံဖြစ်ပါတယ်။
လမ်းဘေးက ပန်းပေါက်စလေး တပွင့်ကို နေရောင်အောက်မှာ ဆင်ခြေလျော တခုက ကွန်ကရစ် မြောင်းဘောင် အမြင့် ကို နောက်ခံထားပြီး ရိုက်ထားတာပါ။
စူးရှတဲ့ နေရောင်ကြောင့် အရောင်အသွေးအချို့ ဆုံးရှုံးနေပါတယ်… ဒါကို ပြင်ဆင်ဖို့ လိုအပ်ပါတယ်။
သည်တော့ အောက်မှာ အဆင့်ဆင့် ပြင်သွားပါမယ်။
1. White Balance Correction

နဂိုပုံက အပြာသွေးများနေတာကို White Balance ပြင်ပါတယ် 3800K ထားလိုက်ပါတယ်။
ပုံမှာ သိသာမယ် မထင်ပါဘူး။ ပုံရဲ့ ဘယ်ဘက် အခြမ်းကို အသေအချာ ကြည့်ရင်တော့ သိသာပါလိမ့်မယ်။
(သည်အဆင့်အထိ စူးရှတဲ့ အလင်းရောင် နှောက်ယှက်တာကို မပြင်ရသေးပါဘူး)
အရင်ဆုံး သည်အဆင့် မလုပ်ဘဲ အလင်းအမှောင်ကို သွားညှိတဲ့အခါ နောက်ဆုံးပုံက အေးစက်စက် ခြောက်ကပ်နေတဲ့ပုံထွက်ပါလိမ့်မယ်။
2. Contrast

နောက်တဆင့်အနေနဲ့ ပုံရဲ့ အလင်းအမှောင်ပြတ်သားမှု အနေနဲ့Contrast + 30 တင်ပါတယ်။
နေရောင်ကြောင့် ဖျော့နေတဲ့ အရောင်တချို့ ပြန်ရလာပါပြီ။
3. Exposure Reduce

အဆင့် ၂ ဟာ နည်းနည်း လက်လွန်သွားတယ် ယူဆတာမို့
အဆင့် ၃ အနေနဲ့ Exposure ကို ပြန်ချလိုက်ပါတယ်။ Exposure -.65
(အဆင့် ၂ နဲ့ အဆင့် ၄ ဟာ မခြားနားလောက်ဘူး ထင်ရပါလိမ့်မယ်)
သည်အဆင့်ကို ဖြုတ်မထားခဲ့ဘဲ တခုတ်တရထည့်ထားရတာကတော့
(Highlights, Shadows, Lights, Darks) စတဲ့ Value ၄ခုလုံးကို ချိန်ညှိချင်လို့ပါ။
Exp, Contst ၂ခုတည်းနဲ့ ဇာတ်လမ်းမပြတ်ချင်လို့ပါ။
4. Highlights

subject ပေါ်ကျတဲ့ အလင်းရောင် နဲ့ BG ကွဲပြားစေဖို့ HL ကို -25 လျှော့ပါတယ်
5. Shadows

အရိပ်တွေအတွက် Shadows -40 ချိန်ညှိပါတယ်
6.

ပွင့်ချပ်တွေနဲ့ ရိုးတံ က အမျှင်များ နေရောင်ကြောင့်လင်းနေတာ သိသာစေဖို့ Whites +10 ပါ
7. Blacks

ညာဘက် အောက်ထောင့်နားက အမှောင်ရိပ်များ ပိုပြီး လေးနက်ဖို့ Blacks -25
8. Curve

Tone curve ကို manual မကစားတော့ဘဲ သူ့ ပါပြီးသား recipe တခုဖြစ်တဲ့ Medium Contrast ထားပါတယ်
9. Lens

Lens Profile Correction ပါ။
ပုံရဲ့ အပေါ်ဘက်က မမှောင်သင့်ဘဲ မှောင်နေတဲ့ နေရာတချို့ အနည်းငယ် ပြန်လင်းပြီး barrel distortion နည်းနည်းဝင်နေတာ ဖျောက်ပေးပါတယ်။
10. Rotate & Crop

လိုချင်တဲ့ ထောင့်ချိုး ရဖို့ ဘယ်ဘက်ကို ဒီဂရီ နည်းနည်း ချိုးပါတယ်
Cropping ကတော့ အောက်က ပုံမှာ ပါတဲ့ အတိုင်း Line ဆွဲကြည်ပြီး မှ ဖြတ်တာပါ ။ (11.)
11. Composition

Composition စဉ်းစားတော့ ပန်းပွင့် တစောင်းမှာ ညာဘက်အောက်ထောင့်က ရိုးတံအစွန်း
ဘယ်ဘက် က စတွက်ရင် သုံးချိုး တချိုးမှာ ပန်းပွင့်အစွန်းရဖို့ ချိန်ပါတယ်။ ဒါက အလျားလိုက် ချိန်ညှိတာပါ
ဒေါင်လိုက် အနေနဲ့ကတော့ အမြင့်ဆုံးအပိုင်းဟာ ဒေါင်လိုက် သုံးပုံတပုံ ခန့် နဲ့
subject ရဲ့ အဓိက (အပွင့်) ရဲ့ အခြေ နဲ့ ခါချဉ်ကောင် ကြားနေရာကို အောက်ဘက် သုံးပုံတပုံအတွင်း ဝင်အောင် ချိန်ပါတယ်။
12. Noise

Digital Noise လို့ ခေါ်တဲ့ ISO တင်ရိုက်တဲ့အခါမှာ ဖြစ်တတ်တဲ့ Grain ထခြင်း ကို ပြန်ချိန်ညှိပါတယ်။
မြောက်များလှစွာသော noise killing apps, plug-ins တွေ ရှိတာမို့ နှစ်သက်ရာ ရွေးချယ် အသုံးပြုနိုင်ပါတယ်။
noise ကို သတ်ရင်းနဲ့ ပုံရဲ့ sharpness ပါ ကျဆင်း သွားနိုင်သမို့ (အရင်ကပြောခဲ့တဲ့အတိုင်း Noise ကို မသေမရှင်) နဲ့ပဲ လက်လွှတ်ထားပါတယ်။
13. Final

Noise Killed ထားတဲ့ final image ပါ။
ရိုက်ခဲ့တုန်းက တကယ်တမ်း မျက်စိနဲ့ မြင်ခဲ့တဲ့ပုံကို အနီးစပ်ဆုံးဖြစ်အောင် ပြင်ထားတာဖြစ်ပါတယ်။
harsh ဖြစ်လွန်းတဲ့ အလင်းရောင် နှောက်ယှက်မှု ကို ပြင်တဲ့အပိုင်းပါ။
သည်နေရာမှာ ပြောစရာ တခုက မပြင်ချင်ရင်ကော ဆိုတာပါ။
မပြင်ချင်ရင်တော့ ပုံစရိုက်ကတည်းက သည်အနေအထားမှာ exposure meter မှာ 2-stops လောက် ချပြီး under-exposed ဆန်ဆန်ရိုက်လို့ ရနိုင်ပါတယ်။
သီအိုရီ အရတော့… အဲလိုလုပ်ရိုက်ရင် ရတယ်ဆိုပေမယ့် လက်တွေ့မှာတော့ ရိုက်နေတဲ့ အနီးအနား… ပုစဉ်းတကောင်လာလည်း ရိုက်ချင်သေး
လိပ်ပြာနားလည်း ဖမ်းချင်သေး… ဟိုဘက် သည်ဘက် လှည့်ပြီး ဟိုနားသည်နားက ပန်းလည်း ရိုက်ဦးမယ် ဆိုရင်တော့…. exposureဘီးကို လှည့်နေတာနဲ့ပဲ
frame ကောင်းကောင်းတွေ လွတ်သွားနိုင်သမို့… ကျနော်တော့ အဆိုပါ နည်းနဲ့ ရိုက်လေ့မရှိပါ။
14. Compare

Final Image နဲ့ Original နှိုင်းယှဉ်ထားပုံ ဖြစ်ပါတယ်။
အောက်ဆုံးပုံကတော့ Basic Edition မှာ ဘာတွေ ပြင်သလဲ စုစည်းထားတာပါ…(Curve, Lens, Noise စသည်တို့တော့ မပါဝင်ပါ)
ပုံတွေဟာ site မှာ တင်တဲ့ အခါ အရွယ်အစားကြောင့် ပြောင်းလဲသွားမှုဟာ တချို့ ပုံတွေမှာ တပုံနဲ့ တပုံ ကြား မကွာသလို ခံစားရပါလိမ့်မယ်…
တပုံချင်းစီ save ပြီး pic browser နဲ့ next နှိပ်ပြီး ကြည့်ရင်တော့ သိသာပါလိမ့်မယ်။
တော်သေးပြီ။
ခင်တဲ့။
8 comments
ဇီဇီခင်ဇော်
July 15, 2015 at 11:17 am
ဖုန်း အပလီတွေမှာ Noise သတ်တာ မပါဘူးအေ။
@QUIL@
July 15, 2015 at 11:31 am
try “Noise Master”
https://itunes.apple.com/us/app/noise-master/id489791020?mt=8
Mike
July 15, 2015 at 3:21 pm
.ကြည့်ရုံပဲတတ်နိုင်တယ်
မြစပဲရိုး
July 16, 2015 at 1:56 am
ပရွက်ဆိပ် ကို ဖင်ပိုင်း ပါ အောင် ရိုက်နိုင် တာ ချီးကျူး သကွယ်။ 😉
Online ထဲ က Free Photo editing software တစ်ခု စမ်း နေတာ ချာလပါတ်ရမ်း နေရော။
Terms တွေ ကို နားမလည် လို့ ထင့်။
အောင် မိုးသူ
July 16, 2015 at 1:31 pm
ကျေးဇူးပါ စိတ်ထဲမှာ ကြည့်ရင်း ပုံတွေကနေတစ်ဆင့်ချင်းပန်းပွင့်လာမလားမှတ်နေတာ ဟိဟိ
မွသဲ ( 17082011 )
July 16, 2015 at 4:32 pm
မှီဘူးအေ ၁၂ ကျပ်လာယူဒါ
YE YINT HLAING
July 16, 2015 at 5:13 pm
ကျနော် လည်း အဲဒီအပိုင်းတော့ ဝေးသဗျှ။ ၁၂ ကျပ်တော့ ယူသွားပြီ ဟီ…
Shar Thet Man
September 7, 2018 at 1:27 pm
ကျေးဇူး