. ခြေလှမ်းဦး များနှင့် ကခုန်ခြင်း ” ခြောက်” – ပါဝါ (18)
ဒီတစ်ခါ နှိုက် လိုက်တာ နံပါတ် ၁၈ တဲ့။
ဇီကလေး ရဲ့ စာရင်းပေါက် ကို ကြည့်လိုက်တော့ ရွာ့ဂုဏ်ဆောင် ကဘာဆြာကြီး အဘနီ (ခေါ်) နေဝန်းနီ ပါ။
ပါဝါ(၁၈) အဘနီ က လောလောဆယ် ပွိုင့်တစ်သိန်းပြည့် ထားသူပေါ့။
သူ ပျောက်မသွားပါ လို့ ဂတိပေးထားတာ။
ညဖက်မှာ ပေါက်ချလာတဲ့ ဧည့်ကောင်မလေး ဇာတ်လမ်းကလဲ တန်းလန်းနော်။
အဘနီ တစ်ယောက် ရွာထဲ ပို့စ်တင်ပြီး ခြေလှမ်းချတဲ့ နေ့ က Sep 25, 2010 ပါ။
၅နှစ် နီးပါး ရွာထဲမယ် ပျောက်လိုက် ပေါ်လိုက် နဲ့ စာပေါင်း ကဗျာပေါင်း ၄၁၄ ပုဒ် ကို ရေးခဲ့ သူပါ။
သူ့ ရဲ့ ပထမဆုံး က “ကံကောင်းတတ်ပါစေ(ကျွန်တော့အတွေးလေးပါ)” တဲ့။
လူတွေ ကိုစိမ်ခေါ်ပြီး မေးထားတဲ့ Post မှာ ဘယ်သူ မှ ဖြေမထားဘူး။
ဒီ ဆြာကြီး ရဲ့ ပထမဆုံး မှာ ပထမဆုံး မှတ်ချက် ပေးရတော့မယ်။
ဒါဟာ ကျွန်မ ရဲ့ ကိုယ်စွမ်းကိုယ်စ နဲ့ ရှာပြီး တွေ့ တဲ့ ပို့စ် လေး ကို ပြန်ဖော်ထုတ် နေတာလား။
မဲ ကျပြီး ရ သွားတဲ့ နံပါတ် အတိုင်း ဖြစ်ခဲ့တာလား။
ဒီ နံပါတ်တောင် မှ ဇီဇီ တင်လိုက် တဲ့ နံပါတ်။ ကိုယ့် နံပါတ် ဆို အဘ နီ မဟုတ်။ :-)))
ဒီအကြောင်း အရ ဆိုရင် လေ
အဘနီ ရေးခဲ့ သလိုဘဲ အတိတ် က စာလေးက အခု ပစ္စုပ္ပန် မှာ ပြန်ရောက်နေပြီ။
အနာဂတ် မှာ အတိတ် က အရာ တွေ ပြန်ပြန်ပေါ် တဲ့ သဘောပါဘဲ။
ကဲ ပိတ်သတ်ကြီး သူရေးတာ လေးဖတ်ပြီး ဝေဖန် ကြပါဦး။
သူ့ရဲ့ ဒုတိယ အပုဒ် Sep 25, 2010 မှာ “သစ်ပင်တွေပေါ်ကနာမယ်များ” ဆိုတဲ့ ကဗျာလေး ကလဲ ကောင်းလိုက်တာ။
ဒီလို အတွေးမျိုးတွေ ကို ရွာထဲ ခေါ်မလာတော့ ဘဲ ကျောခိုင်းမထွက်လိုက်ပါနဲ့ ပြောချင်ပါရဲ့။
အဲဒီမှာလဲ မှတ်ချက်မရှိဘူး။
တတိယ အပုဒ် Sep 26, 2010 မှာတင်လိုက်တာ က “ရပ်ကြည့်နေမလား?ဆက်လျှောက်သွားမလား?ပြုပြင်ယူမလား?” တဲ့။
ဒါဟာလဲ ဝင်ဆွေးနွေးဖို့ ကောင်းခဲ့လိုက်တာပါ။
မှတ်ချက် နှစ်ခု ကို ၁ဝ လ လောက် ကြာမှ ရခဲ့တယ်။
လုံမ မွန်မွန် က စပေးလိုက်တာ။ နောက် ဆူး လဲ ဝင်ပေး တယ်။
ဖတ်ကြည့်ပါ။
အခုချိန် မှာ ဖြစ်နေတာ ကို အဲဒီတုန်းက ရေးထားတဲ့ ပို့စ် လေး နဲ့ ယှဉ်တွေး ရင် အတော်စိတ်ဝင်စားဖို့ ကောင်း တဲ့ Study တစ်ခု ရလာမယ်။
အဲဒီ စာလေး ကို ကိုယ့်ဟာကို ပြန်ပြီး သုံးသပ် ဖို့ ကောင်းလှပါတယ် အဘနီ ရေ။
. ပြန်လာပြီး သုံးသပ်ပါဦး။
ကျွန်မ ကတော့ အဲဒီ အတွက် ရပ်မနေ ဘဲ ဆက်လျှောက်ပြီး ကြိုးစားပြီး ရနိုင်သလောက် ပြင်နေပါတယ်။
ကိုယ်တိုင်လဲ ပညာယူရင်းပေါ့။
အဲဒီကနေ တစ်ရွေ့ရွေ့ လှမ်းလာတာ Jun 12, 2015 မှာ “ချိန်ခွင်လျှာ” တော့ ထိုး ပြ နေပါသေးတယ်။
ဒီတော့ ရွာထဲ မှာ အဘနီ ဆက်ရှိ နေပါသေးတယ် နော်။
မဟုတ်လား။
ရွာအဝင် လည်နေတဲ့အဝိုင်း လေး လဲ တစ်နေ့တော့ မရှိသလောက် ပျောက်သွားနိုင်ကောင်းပါရဲ့။
အဲဒီအချိန် စာတွေ ပို တင်ဖို့ အခုထဲက အရှိန် ပြန်တင်ပါ လို့စ်။
လာမဲ့ ၁ ရေး အတွက် ကြိုတင်ခံစားရင်း ….
ပုံ
. မြစာကလေး
. သုဋေသဏပြဉ်ဉာသျှဉ်ဂြည်း
5 comments
ကိုပေါက်(မန္တလေး)
July 10, 2015 at 8:56 pm
ကိုလတ်ကြီးရေ
2010 ခုနှစ် ကျနော်တို့ မန္တေးလး ဂေဇက်မှာ စ ရေးခါစ က ဝင်သာဖတ်ကြတာ ကော်မင်းသိပ်ပေးလေ့မရှိပါဘူး။.
နောက်ပိုင်း မှ ကော်မင်းတွေအပြန်အလှန်ပေးလာကြတာ။
ကော်မင်းနဲ့ ပါတ်သက်လို့ ပြောရရင် ကိုယ့် ကို ပေးလာတဲ့ ကော်မင်း
တစ်ခုချင်းစီကို သေသေချာချာ ကော်မင်း ပြန်ပေး တဲ့ အလေ့အကျင့်ကောင်းကို
ရွာမှာ စ တင် ခဲ့ သူက တော့ ဘလက်ချော ပါဘဲ။
ဇီဇီခင်ဇော်
July 11, 2015 at 7:29 am
ကဗျာ ရော
စကားပြေရော
ရသစာရော
စွယ်စုံရတယ်
စိတ်မဆိုးးတတ်ဘူးး
သူများးကို နားလည်လွယ်တယ်
မအားးလို့ ထင်ပါရဲ့
ရွာကို ကောင်းးသော ဘက် က သံယောဇဉ်ကြီးး တဲ့ အထဲမှာ အဘနီ ပါပါတယ်
ပြန်လာမှာပါ အရီးးရေ..
Alinsett @ Maung Thura
July 12, 2015 at 3:20 am
အဘနီကို ကဗျာဆရာအဖြစ် အသိအမှတ်ပြုပါကြောင်းးး
.ရေးနိုင် တွေးနိုင် အား ကိုလည်း အားကျမိပါကြောင်းးး
:kwi:
Mike
July 13, 2015 at 2:51 pm
.ကိုနီကိုလေးစားပါတယ်…ဘဝအတွေ့အကြုံလည်းအတော်စုံခဲ့သူပေပဲ…ကဗျာတွေလည်းခံစားလို့ရပါတယ်
naywoon ni
July 28, 2015 at 6:16 pm
ပျောက်နေတာ တစ်ခြား မဟုတ်ဘူးဗျို့ကျနော့ရွာထဲစီးစီးလာနေတဲ့ ယာဉ်လေးပျက်သွားလို့ ( ဖုန်းကိုပြောတာပါ ) ခုတောင်ဖွဘုတ်မတ်စေ့ထဲ လင့်ပေးထားတာတွေ့လို့ဝင်ကြည့်ရင်းတွေ့တာ ။ ဖုန်းနဲ့ ပတ်သက်လို့ နားလည်သလို ပြန်ပြောပြချင်တဲ့ ပို့စ်တွေ စိတ်ကူးထဲတော့ ရှိတပဲ ။ ကဗျာတွေလည်း စိတ်ကူးထဲမှာ ပြည့်ကျပ်နေပါပြီ ။ နောက်တစ်ရက် နှစ်ရက်လောက်ဆို ကျနော့ ဖုန်းလေးလည်း ဆေးရုံက ဆင်းခွင့်ရတော့မှာပါ ။ အဲ့ဒိတော့မှ ရွာထဲက မထွက်လို့ မောင်းမထုတ်ကြေး 🙂