မြစပဲရိုးAugust 20, 20151min41919
ပွိုင့် တစ်သိန်း ပြည့်သွားပေမဲ့ လက်ကျန် မဲ တစ် မဲ ကျန်နေသေး သည်။ ထိုနောက်ဆုံး နံပါတ် ကိုကြည့်ပြီး ဗိုက်နှိပ်ရီ မိသည်။ (အမှန်တကယ်ကြီး ပါ၊ ပြဇာတ်ကတာ မဟုတ်ပါဘူး) ရွာထဲ လက်ရှိ ငုတ်တုတ် ရှိနေဆဲသူ တစ်ယောက် အပြင် ရွာ့ ကင်မ်ချိ တုံး ကြီး မို့ နှိုက်မိတဲ့လက် ကို ဆုပေးရမလား၊ ဒါဏ်ပေး သင့်သလား မသိ။ ဒါပေမဲ့ ဒီလောက် သောင်းကျန်း နေသူ ရဲ့ ရာဇဝင် ကို တူးရမှာလဲ စိတ်ဝင်စားဖို့ကောင်းတာမို့ တစ်ဖက်ကလဲ ဝမ်းသာမိသည်။ ထိုသူသည် မည်သူဟု ထင်ပါသလဲ။ သူ့ ခြေလှမ်းဦး ကို ဖတ် ကြည့်ကြည့် ကြပြီးရင် […]


မြစပဲရိုးAugust 19, 20151min1455
ရွာ မှာ ပျောက်နေတဲ့ လူတွေထဲ မှတ်မှတ်ရရ ရှိဖူး တဲ့ တစ်ယောက် ရှိခဲ့ပါတယ်။ နောက်ဆုံး မဲ တစ်မဲ ကို မနှိုက်ခင် Result လုပ် ထားတဲ့ အဲဒီ ကလေးတစ်ယောက် ရဲ့ ခြေလှမ်းလေး တွေ ကိုလဲ ပြောပြလိုက်ချင်ပါသေးတယ်။ သူကတော့ ဂဇက်ရွာထဲ အသက်အငယ်ဆုံး ဖြစ်တယ်လို့ သတ်မှတ်နိုင်တဲ့ “သားပု” ပါ။ ရွာထဲ သူစ ဝင်ချိန်တုန်းက ၉တန်း တက်နေပြီး ၁ဝတန်းစာမေးပွဲ ဖြေခါနီး ပျောက်သွားတာ အခုထိပေါ့။ ဘယ်ရောက်လို့ ဘာတွေလုပ်နေလဲ သိချင်စမ်းပါရဲ့။ သူ့ ကလောင်နာမည်က တော့ Burma ပါ။ သူ ရွာထဲ ရှိတုန်း မှာ စုစုပေါင်း ၄၆ ပုဒ်ရေးထားပါတယ်။ […]


မြစပဲရိုးAugust 18, 20151min1576
Quota က သုံးပုဒ် ဘဲ ကျန်တော့ လို့ မဲ ဆက် မနှိုက် သေးဘဲ Result ထားတဲ့ ကိုယ့်ရဲ့ ဖေးဘရိတ် ရွာသူ တစ်ယောက်ကို အရင် ဖော်ပြလိုက်ပါတယ်။ သူကတော့ ဂဇက်ရွာ ရဲ့ “အမေ” တီချယ်ကြီး တီတီနု ပါ။ တီချယ်ကြီး တီတီနု ကို လူတိုင်း နီးပါး သိကြမှာပါ။ သူ့ရဲ့ တတ်ကျွမ်းတဲ့ ပညာရပ် ကို ရွာထဲ က သား သမီး တွေ ကို အချိန်တွေမျှပေးပြီး သင်ကြားပေးခဲ့တာပါ။ တီချယ်ကြီး ကို ရွာထဲ ဆွဲခေါ်လာပေးတဲ့ ပုချ်လေး ကို လဲ အထူးကျေးဇူးတင်ပါတယ်။ တီချယ်ကြီး ရဲ့ ပထမ ခြေလှမ်း က […]


မြစပဲရိုးAugust 16, 20151min1824
ဒီတစ်ခါ မဲ ကျသူက Aye Lwin Oo လို့ခေါ်ပါတယ်။ နာမည်ကြည့်ပြီး သိပ်ပြီး မမှတ်မိဘူး။ ဒါပေမဲ့ သူ့စာ တွေ ဖတ်လိုက်တော့ မှတ်မိခဲ့ပါတယ်။ သူ့ ပထမဆုံး ရွာထဲ အဝင် ခြေလှမ်းက Sep 25, 2013  မှာ “မင်းနဲ့အတူ” ဆိုတဲ့ ကဗျာတစ်ပုဒ် ပါ။ တစ်ချို့ ချွဲတတ်သူ တွေကတော့ ” မင်းလေးသာ အနားရှိ တစ်ခြားဘာမှ မလိုပါ” ဘာညာ သာတကာပေါ့။ ဒါပေမဲ့ သူကတော့ အဲလိုမဟုတ်။ တစ်ခြား အရာ တွေ လိုသေးပုံရေးထားတာရော။ အသေအချာဖတ်ကြည့်တော့  သူက အဲဒီ တစ်ခြားဟာ တွေ ကို ပိုတောင် လို နေတာလား မသိပါဘူး။ […]


မြစပဲရိုးAugust 14, 20152min2799
နံပါတ်တွေ က ကပ်ရက် ကပ်ရက် ဖြစ်နေလို့ မဲ နံပါတ် တွေ က မှောက်လိုက် သွန်လိုက် ဖွလိုက် မွှေလိုက် အမျိုးမျိုး လုပ်ပါတယ်။ စိတ်တိုင်းကျ ခနှောက်ဆန်ပြီး နှိုက်လိုက်ချိန် လက်ထဲ ပါလာတာ က ၁၀၁။ ပြီးခဲ့တဲ့ တစ်ခုကျော်က ကျထားတာက ၁၀၀။ ဘယ်တတ်နိုင်မလဲ ဆိုပြီး နာမည်ကြည့်တော့ “Asiamasters” တဲ့။ လူဟောင်းကြီး တွေကတော့ ကောင်းကောင်းသိမဲ့ ပုံပေမဲ့ ကိုယ့်အတွက်တော့ သိပ်ပြီး မယဉ်ပါးတဲ့ မမှတ်မိတဲ့ နာမည်ပါ။ ဒါနဲ့ ပိုပြီး စိတ်ဝင်စားသွားတယ်။ သူ့ရဲ့ ပထမဆုံးရွာကိုချခဲ့တဲ့ ခြေလှမ်းက Oct 17, 2010 မှာပါ။ ၂၀၀၉ နှစ်နှောင်း ပိုင်းမှာမှ လူသိများ လာတဲ့ […]


မြစပဲရိုးAugust 11, 20151min25111
ဒီတစ်ခါ အလှည့်ကျ လက်ထဲ ပါ လာသူက တော့ “မှန်မှန် ပြောတဲ့ မနှင်းဖြူ” လေးပါ။ သူကလောင် နာမည်က “မနှင်းဖြူမှန်မှန်ပြော”  တဲ့။ သူ ပို့စ် စတင် တော့ “Hnin” ဆိုတော့ ရွာထဲ  “နှင်းနှင်း” (ယခု ဝီလီလေး တို့ အမေ) နဲ့ လူမှားခဲ့ ကြသေး။ ဒီကလေးမလေး ရွာထဲ ကို ချလိုက် တဲ့ အဦးဆုံး ခြေလှမ်း က Jan 7, 2013  နေ့မှာ  “နောက်ဆုံး ဘူတာ “ ဆိုတဲ့ ဘာသာပြန် စာစု လေးနဲ့ပါ။ ရထားစီး ခရီးသည် ကောင်မလေး တစ်ယောက် နဲ့ ကောင်လေး တစ်ယောက် […]


မြစပဲရိုးAugust 4, 20151min28310
ဒီတစ်ခါ မဲ နံပါတ် ကို ဒေါ်ဇီဇီ ရဲ့ စာရင်းမှာ သွားပြီး ကြည့်လိုက်ချိန် ပြုံးရုံမက အသံပါထွက်ပြီး ရီ လိုက်မိတာ။ ရွာ ထဲ က  ဝမ်းအော့သီ စူပါစတားအကြီးကြီး ရဲ့ နံမည် “ဘုန်းကျော်” ကို မြင်လိုက်ရလို့ပါ။ .  ဖေ့စ်ဘုတ် ထဲ မှာ နာမည်ကြီးနေတာမို့  သွေးကြီးပြီး ရွာထဲ မလာတော့ တာလားမသိ။ FB Friend တစ်ယောက်က ကဘုန်းကျော် ရဲ့ အော်ဇီမှာ အိမ်ဝယ်တဲ့ အကြောင်း ပို့စ်တစ်ခု ကို  ဖေ့စ်ဘုတ် ထဲ မျှထားတာ တွေ့တော့ ရွာက ကဘုန်းကျော် ဘဲ လို့ သိလိုက်ရတာ။ အဲဒီထဲ မှာ သူတို့ အိမ်လေး […]


မြစပဲရိုးAugust 2, 20151min1948
ဒီတစ်ခါ မဲကျ သူကတော့ စက်ကွင်းလွတ်ကောင်းပါရဲ့။ ဒါတောင် ဟိုတစ်ကောင် ရှိတယ်လို့ ဆိုတဲ့ အရပ်မို့ သူ နဲ့ စက်ကွင်းလွတ်ပါ့မလား ပူ ရသေး။ ဘယ်တော့မှ မအိပ်တဲ့ “Big Apple’s” မြို့သူ “မစုဉာဏ်” ရယ်ပါ။ တကဲ့ စူပါစတား (၆ဝ နဲ့ ၆၂)  နှစ်ယောက်ကြား က ရ လာခဲ့တဲ့   ၆၁ နံပါတ်ပိုင်ရှင် ဟာလဲ အဖိုးတန်စာလုံးများ နဲ့ ရွာကို အလှဆင်ပေးသူ တစ်ယောက်ပါ။ . သွေးစပ်ရင် တော်နိုင်မဲ့ ရှမ်းမလေး က ရွာထဲ သူနေခဲ့တဲ့ ၃လတာ အတွင်းမှာ ပို့စ် ရပုဒ် တင်ပြီး အခုတော့ ရွာထဲ မှာ အသံမကြားတော့ဘဲ ပျောက်နေခဲ့တာ ဝမ်းနည်းစရာပါဘဲ။ […]


မြစပဲရိုးJuly 31, 20151min27319
ဒီတစ်ခါ မဲနံပါတ်က ၁၁၀။ ကလောင်အမည်က “မောင်ပေ” ပါတဲ့။ “ရွာ သို ့ခ ဏ ပြန် ဝင် ခြင်း” ဆိုတာကို တင်သွားခဲ့တာ Oct 1, 2013 က ဆိုတော့ ရွာထဲ ပြန်ပြီး ပို့စ်မတင်တော့ တာ ၂နှစ်နီးပြီ။ အဲဒီ ပို့စ်ထဲ သူပြထားတဲ့ Sexiest Women of 2013 တွေ ကတော့ ရွာပျက်တုန်း ပုန်းနေကြပြီ။ သူ့ကို စသိတဲ့အချိန်မှာ သူ့ရဲ့ စပယ်ရှယ်  က ဘော်လုံးပွဲ တွေ ကို တစ်ကြို ဝေဖန်ပေးတာပါ။ ဒါပေမဲ့ သူ့ရဲ့ ပထမဆုံးခြေလှမ်း ကတော့ ဘောပွဲ အကြောင်းမဟုတ်။ ဂျာနယ်တစ်ခုထဲ က ဆောင်းပါး […]


မြစပဲရိုးJuly 22, 20151min1496
ဒီ တစ်ခါ အလှည့်ကျလာသူ ကတော့ ကြီးမြတ်သော မဟာ။ “မဟာ မြန်မာ” ပါ။ မှတ်မိကြဦးမယ် ထင်ပါရဲ့။ အရေးအသားကောင်းပြီး ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်စရိုက် ရှိပုံ ရတဲ့ ကလေး တစ်ယောက် ရွာထဲ က ပျောက်သွားတာ နှမြောဖို့ ကောင်းလိုက်တာ။ အဝင်ခက်လဲ တစ်ချက်ကလေး မှ ပြန်လှည့် မကြည့်နိုင်တော့အောင် အလုပ်တွေ ပိ နေခဲ့တယ် ထင်ပါရဲ့။ “တွေ့ဆုံ ကြုံ ကွဲ” ဓမ္မတာ လေးဘဲ ထားရတော့ မယ်လား။ “ခြင်္သေ့ ဆိုတာ”  ဆိုတဲ့ ဘာလိုလို ပို့စ်လေး ကို Oct 31, 2013 တင်ပြီး ပျောက်သွားတာ  နှစ်နှစ် နီးပါး ရှိတော့မယ်။ သူ့ ပထမဆုံး […]


မြစပဲရိုးJuly 18, 20151min1525
ဒီတစ်ခါ တော့ ဒီ နံပါတ် တစ်ဝိုက် မှာ တကဲ့ ဇော်တွေချည်း ဘဲ။ အဲဒီ ဇော် တွေ ကြားထဲ က နေ လက်ထဲ ပါလာတဲ့ နံပါတ် က အရင်က “ပိတောက်မိုး” လို့ သိခဲ့ကြတဲ့  ကဗျာချစ်သူ တွေ ထဲ က တစ်ယောက်ပါ။ အခုတော့ “ကာရံ” လို့ အမည်ပြောင်းထားတယ်။ သူက ရွာထဲ မှာ သိပ်တော့   ဖြစ်တဲ့ သူ မဟုတ်ပေမဲ့ သူ့ ကဗျာလေး တွေ ကို မကြာမကြာ လာလာပြီး တော့ ချ ပေးပါတယ်။ ကာရံ ရွာထဲ ကို စပြီး ခြေချခဲ့တာ Oct 3, […]


မြစပဲရိုးJuly 10, 20151min1605
ဒီတစ်ခါ နှိုက် လိုက်တာ နံပါတ် ၁၈ တဲ့။ ဇီကလေး ရဲ့ စာရင်းပေါက် ကို ကြည့်လိုက်တော့ ရွာ့ဂုဏ်ဆောင် ကဘာဆြာကြီး အဘနီ (ခေါ်) နေဝန်းနီ ပါ။ ပါဝါ(၁၈) အဘနီ က လောလောဆယ် ပွိုင့်တစ်သိန်းပြည့် ထားသူပေါ့။ သူ ပျောက်မသွားပါ လို့ ဂတိပေးထားတာ။ ညဖက်မှာ ပေါက်ချလာတဲ့ ဧည့်ကောင်မလေး ဇာတ်လမ်းကလဲ တန်းလန်းနော်။ အဘနီ တစ်ယောက် ရွာထဲ ပို့စ်တင်ပြီး ခြေလှမ်းချတဲ့ နေ့ က Sep 25, 2010 ပါ။ ၅နှစ် နီးပါး ရွာထဲမယ် ပျောက်လိုက် ပေါ်လိုက် နဲ့ စာပေါင်း ကဗျာပေါင်း ၄၁၄ ပုဒ် ကို ရေးခဲ့ […]


ဒီနံပါတ် ကို ဒီရက် အတွင်း မြင်ဘူး ခဲ့ ကြတယ်ဟုတ်။ မဲ အနှိုက်ခင်လေးမှာ အတိတ်စိမ်း ပေးလိုက်သူ ဝုန်းကနဲ ပေါ်လာလို့ သူ ချ သွား တဲ့ နံပါတ် ကို ဝမ်းသာ အားရ ယူလိုက် တယ်။ 😉 . အောင်မြလေး လက်စသတ်တော့ စပ်ရင်တော်ရမဲ့ အမျိုး ဖြစ်နေတော့ သကိုး။ မျက်နှာပြုံးချိုချို နဲ့ သူ ကို ဒီတစ်ခါ ရွာ အပြန် မှန်းမထားဘဲ တွေ့လိုက်သေး။ သဘာဝ ကို သဘာဝ အတိုင်း ရိုးသားစွာ ရှုမြင်လို သူ တစ်ယောက် ရဲ့ ကလောင်အမည် ကို ပေးထားတာ ကို က “နေချား” […]