. ခြေလှမ်းဦး များ နှင့် ကခုန်ခြင်း “တစ်ဆယ့်နှစ်” – ပါဝါ (167)
ဒီတစ်ခါ အလှည့်ကျ လက်ထဲ ပါ လာသူက တော့ “မှန်မှန် ပြောတဲ့ မနှင်းဖြူ” လေးပါ။
သူကလောင် နာမည်က “မနှင်းဖြူမှန်မှန်ပြော” တဲ့။
သူ ပို့စ် စတင် တော့ “Hnin” ဆိုတော့ ရွာထဲ “နှင်းနှင်း” (ယခု ဝီလီလေး တို့ အမေ) နဲ့ လူမှားခဲ့ ကြသေး။
ဒီကလေးမလေး ရွာထဲ ကို ချလိုက် တဲ့ အဦးဆုံး ခြေလှမ်း က Jan 7, 2013 နေ့မှာ “နောက်ဆုံး ဘူတာ “ ဆိုတဲ့ ဘာသာပြန် စာစု လေးနဲ့ပါ။
ရထားစီး ခရီးသည် ကောင်မလေး တစ်ယောက် နဲ့ ကောင်လေး တစ်ယောက် တို့ ရဲ့ သာမာန်ဇာတ်လမ်း လိုလို နဲ့ သာမာန်မဟုတ်ခဲ့ တဲ့ ဇာတ်လမ်းလေးပါ။
ဘာသာပြန် ချောမွေ့လွန်းတာမို့ ဖတ်ရ တာ အရမ်းကို အရသာရှိပါတယ်။
သူ့ရဲ့ ဒုတိယ ခြေလှမ်း က Jan 7, 2013 မှာ တင်ခဲ့တဲ့ “ဥဩငှက်နာရီအိမ်လေး” တဲ့။
ဝန်တိုမှုများတဲ့ လူ တစ်ယောက် ရဲ့ ဘဝ ဟာ သနားဖို့ တောင် ကောင်းသလား ဆိုတာ အဲဒီ စာစုလေးဖတ်ပြီး အတွေးများသွားမိသေး။။
“နွေနှောင်းမိုး – အပိုင်း ၁” နဲ့ “နွေနှောင်းမိုး – အပိုင်း ၂” မှာ ငယ်သူငယ်ချင်းလေး နှစ်ယောက် အကြောင်း
ဇာတ်လမ်း က အဆုံးမသတ်ဘဲ တို့လို့ တန်းလန်း ကျန်နေပါလား။
ပြန်လာပြီး အစသတ်ပေးဖို့ ကောင်းတယ်။
အဲဒီနောက် တောင်ကုန်းပေါ်ကအိမ် (သို့) မာယာ (၁) နဲ့ တောင်ကုန်းပေါ်ကအိမ် (သို့) မာယာ (၂) ကို ဆက်ဖတ်နိုင်ပါတယ်။
စွဲလမ်းခဲ့တဲ့ မိန်းကလေး လက်ထပ်သွားတာ ကို မမေ့နိုင်တဲ့ ကောင်လေး တစ်ယောက်။ ဘယ်လို မှ မှန်းမထားမိတဲ့ ဇာတ်သိမ်း။ အရမ်း ကို လှ ပါတယ်။
ဖတ်ကြည့်ကြပါ။
. နောက်ထပ် ဖတ်စရာ ပုလဲတစ်လုံး အပိုင်း(၁) မှ (၇) ဘာသာပြန် စီးရီး ကို ၂၀၁၃ ရဲ့ စက်တင်ဘာ ကနေ အောက်တိုဘာ အတွင်း ရေးခဲ့တယ်။
အဲဒီ စီးရီး တွေကြားမှာ ဟိုတစ်စ ဒီ တစ်စ သူ့ရဲ့ ဒသန တွေ အကြောင်း ရေးတဲ့ ပို့စ် လေးတွေ ရှိပါသေးတယ်။
ပုလဲတစ်လုံး စီးရီး ရဲ့ လင့်လေးတွေပါ။
(အပိုင်း – ၁)
(အပိုင်း – ၂)
(အပိုင်း – ၃)
(အပိုင်း – ၄)
(အပိုင်း – ၅)
(အပိုင်း – ၆)
(အပိုင်း – ၇)
သူ့ ဘာသာပြန်စာ တွေ တင်မက ကဗျာ လေး တွေ ကလဲ အင်မတန်ချို တာ ကို Sep 4, 2013 မှာ တင်ခဲ့တဲ့ “ကျွန်တော်ဆိုတာ” မှာ အရသာခံကြည့်လို့ရတယ်။ “ကျွန်တော်ဆိုတာ ခင်ဗျားကိုလွမ်းရင်တောင်မှ” ဆိုတဲ့ ပြတ်သားတဲ့ စကား နဲ့ တကယ်ဘဲ လမ်းခွဲ သွားနိုင်သူ တွေ ရှိတယ်လား။
သူ နောက်ဆုံး ချထားခဲ့တဲ့ “မကောင်းဆိုးဝါး”ဆိုတာလေး ကိုတော့ သဘောအကျဆုံး ဖြစ်မိတယ် ထင်ရဲ့။
လူစင်စစ် မကောင်းဆိုးဝါး များ ဟာ ပိုပြီး ကြောက်ဖို့ကောင်းတာ ပေါ်လွင်စေလိုက်တာ။
ဇာတ်လမ်းထဲ က မကောင်းဆိုးဝါး ဆိုတာ ကို အပြင်က လူယုတ်မာ တွေထက် ပိုပြီး မြင့်မြတ် စေအောင် ရေးဖွဲ့ထားတာ။
အဲဒီ စာလေးချ ခဲ့တဲ့ Nov 28, 2013 ကနေ အခု ဆို တစ်နှစ်ခွဲ လောက် ပျောက်နေတာပါရောလား။
ရွာ ထဲမှာ မနှင်းဖြူလေး Active ဖြစ်ခဲ့တဲ့ သက်တမ်း ၁နှစ် နီးပါးလောက် အတွင်းမှာ သူ့ရေးပြီး တင်ခဲ့တဲ့ ပို့စ်ပေါင်း ၃၂ ပုဒ် ရှိပြီး အဲဒီထဲ က ဘာသာပြန် စာစု လေး တွေ အားလုံးကို မဖတ်ရရင် ရွာသူ/ရွာသား ဖြစ်ရှုံးမယ်လို့ ပြောရလောက် အောင် ဆွဲဆောင်မှု အားကြီး တဲ့ စာတွေပါ။
ဒီလို စာရေးကောင်းသူ ရွာသူ လေး တစ်ယောက် ရွာထဲ ကို ပြန်ရောက်လာစေချင်ပါရဲ့။
အသံလေးများ ပြုနိုင်ရင် ပြုပေးပါဦးလို့ အမှတ်တရ စာဖွဲ့ပါတယ် မနှင်းဖြူ ရေ။
11 comments
ကိုပေါက်(မန္တလေး)
August 11, 2015 at 10:22 pm
ကျနော်သိသလောက်ရွာထဲမှာ နှင်းနှင်း သုံးယောက်ရှိပါတယ်။
နှစ်ယောက်က မန်းလေးက အဲဒီအထဲကတစ်ယောက်က အခုရွှေလီမှာ
နောက်တစ်ယောက်ကတော့ ကိုကျောက်ခဲ့ရဲ့ မနှင်း
အခု ကိုလတ်ကြီးအလှည့်ကျတဲ့ မနှင်းဖြူကတော့ ကျနော် သိပ်မမှတ်မိ
ဦးကျောက်ခဲ
August 11, 2015 at 10:26 pm
အနှီ လန်ဘား “မနှင်းဖြူ” လေးက ကျောက်စ်ရဲ့ဂျူနီယာ မယ်ဘူမိလေးပါ…
အရင် စလုံးကျွန်းမှာ ဓာတ်ဆြာမ လီလီကြဲ့နဲ့ အတူနေတယ်ခင်ဗျ…
စလုံးကနေ ရွာပြန်ရောက်သွားထဲက ဂဇက်ရွာကိုစွန့်ခွါသွားတာ…
အခုဆို … တစ်နှစ်ခွဲလောက် ရှိသွားပြီကိုး…
လီလီကြဲ့တို့ မနှင်းဖြူတို့ ရွာပြန်အဝင်ကို မျှော်လင့်နေပါတယ်ဗျား… 🙂
kai
August 12, 2015 at 7:04 am
မယ်ဘူမိတဲ့…
“မယ်မြေ”ပေါ့….။ :k:
သူ့စာတွေရဲ့လင့်ခ်…
http://myanmargazette.net/author/hninthaephyu
ကျောင်းကဆရာတွေထဲ..ဘယ်လိုလက်ဦးဆရာရှိနေတယ်မသိ…
မယ်မြေ..မောင်မြေတွေ.. အရေးအဖွဲ့ကောင်းကြတာကတော့ ..အံ့ဩစရာ..။
Ma Ma
August 12, 2015 at 7:21 am
ခြေလှမ်းဦးက ညွန်းတာကြောင့် မှန်မှန်ပြောတဲ့ဆီကို မြန်မြန်ပြေးလိုက်အုံးမယ်။ 🙂
Ma Ma
August 12, 2015 at 7:47 am
မနှင်းဖြူကို သူ့စာတွေနဲ့ တွဲမိမှပဲ အင်မတန်စာရေးကောင်းသော၊ ရေးအားရှိသော စာရေးသူတစ်ယောက်ဆိုတာ မှတ်မိတော့တယ်။
သူရေးခဲ့တဲ့ တကယ်ကောင်းတဲ့စာတွေထဲကမှ အခန်းဆက် ပုလဲတစ်လုံး ကို အကြိုက်ဆုံးပဲ။
နောက်ဆုံးဘူတာလည်း ကြိုက်တာပဲ။
မနှင်းဖြူလက်ရာလေးတွေကို မျှော်လင့်နေပါတယ်။
စာတွေကိုဖတ်ခြင်းဖြင့် ပြန်တော်ဝင်လို့ မပုတုနဲ့ ပေါင်းသင်းပြီး ရွာထဲမဝင်နိုင်တာများ ဖြစ်နေမလားးးးး 🙁
ဇီဇီခင်ဇော်
August 12, 2015 at 8:24 am
အရေးကောင်း
အပြောကလည်း ဟောဟောဒိုင်းဒိုင်းး
လူကလည်း နိုင်ငံတကာ မော်ဒယ် အရပ်အမောင်းပါ။
လှလည်း လှတယ်။
🙂
အောင် မိုးသူ
August 12, 2015 at 9:37 am
သူ့ဆီကို သွားလည်လိုက်ပါဦးမယ်။
Alinsett @ Maung Thura
August 12, 2015 at 9:55 am
ကဗျာပြခန်းထဲတောင် သူ့လက်ရာ ကဗျာလေးတွေ ထည့်ပြခဲ့သေးးး
”စာပေသမ”တစ်ယောက်အဖြစ် အသိအမှတ်ပြုထားပါတယ်
Mike
August 12, 2015 at 10:06 am
.ဘာသာပြန်စာလေးတွေရေးတာများပေမဲ့ ပြန်တာကောင်းတော့ ဗမာဝတ္ထုဖတ်ရသလိုချောနေတာပဲဗျာ
. “မကောင်းဆိုးဝါး”ဆိုတဲ့စာလေးတော်တော်သဘောကျတယ်…
.ပြန်ဖေါ်ထုတ်ပေးနေတဲ့ သုတေသနပညာရှင်ဂျီးကိုလည်းကျေးဇူးတင်ပါ၏ :))
Ma Ma
August 13, 2015 at 7:47 pm
ယုန်နဲ့လိပ်အတူပန်းဝင်ချင်တယ်ဆိုလို့……
အပျင်းကြီးသောလိပ်က လိပ်နှုံးနဲ့ ပြေးဖို့ စဉ်းစားနေပါတယ်။ :k:
သို့ကမို့ ယုန်ကလေးတော့ အိပ်မက်တွေ အများကြီးမက်လိုက်ပါအုံး။
တရေးနှိုးပြန်ထကြည့်ရင် အပျင်းကြီးသော လိပ်က တရေးမှ နိုးပါအုံးမလား မသိ။ :kwi:
မြစပဲရိုး
August 14, 2015 at 1:41 am
ချစ်မမ
လိပ်ကလေး မှာ မပုကြွယ် ရဲ့ ခရုငယ် က ရှေ့မှာကာ နေတာ သိပါတယ်။
ဒီ ခြုံ ကိုထွင် ထား မှတော့ ဒီ ယုန် ကလဲ စောင့်ပါ့မယ်။ lol:-)))
အခုလဲ မင်းလူ ရဲ့ နှစ်နှစ်ပြည့် အတွက် ရှိပြီး သား Post ကို ဘဲ တူးပြီး ဖော်လိုက်တော့ မယ်။
မဟုတ်ရင် ကျော်သွားလိမ့်မယ်။
ပုံ
ဂျီမလတ် 😉