ကျွန်တော် နဲ့ ကဗျာ…။
အခုတစ်လော ဖေ့စ်ဘုတ် မှာ
ကဗျာလေးတွေ ရေးဖြစ်ပါတယ်…။
လက်ရှိသူ ကဗျာဆရာတချို့ ကို အားကျမိနေတာလည်း ပါပါတယ်…။
ကမ်းဝေးတို့ တိုးနှောင်မိုးတို့ ခက်သီ တို့ အစရှိသဖြင့်ပေါ့…။
သူတို့ရေးတဲ့ ကဗျာလေးတွေ ဖတ်ပြီး ကဗျာရေးချင်စိတ်က ပြင်းပြင်းထန်ထန်
ဝင်ရောက်လာပါတယ်…။
ဟိုး ခတ်ငယ်ငယ်က တော့ ကဗျာတစ်ချို့ ရေးခဲ့ဖူးပေမယ့်
ကိုယ့်ကိုယ်ကို ပါရမီမပါဘူး ထင်လို့
ကဗျာရေးခြင်း ကို စွန့်လွှတ်ထားခဲ့တာပါ…။
ကမ်းဝေး က အားပေးပါတယ်…။
ရေးတတ်သလို သာ ရေးချလိုက်…
တဖြေးဖြေး နဲ့ ကဗျာရေးရတာ ပျော်လာလိမ့်မယ်
တဲ့…။
အခု ကျွန်တော် ကြိုးစားရေးကြည့်ထားတဲ့ ကဗျာလေး သုံးပုဒ်ကို
စုစည်း တင်ပြလိုက်ရပါတယ် တမုံ့တကားတည်း…။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
အလွမ်း…။
————————————-
အလျားလိုက်
စီးဆင်းနေတဲ့ မြစ်ကြီးတစ်ခုမှာ
အလျားလိုက်
ကူးခတ် နေမိတဲ့ငါ
လွမ်းတတ်ရင်တော့ လွမ်းစရာ…။
ဘလက်ချော…။
ငကြောင်…။
ပြည်သူထဲက ပေါက်ဖွားလာသော ပြည်သူ့တပ်မတော်လို့
အော်နေရင်းက
တပ်မတော်သာ အမိ…၊ တပ်မတော်သာ အဖ ဆိုတဲ့
ခေတ်ကြီးထဲ လည်း ရောက်သွားခဲ့ဖူးပါတယ်။
တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အား ရှိမယ် လို့
အော်နေရင်းက
တပ်မတော်ထဲ ဝင်သူတွေ
ရှားပါးလာတဲ့ အဖြစ်မျိုးလည်း ကြုံနေရပါတယ်။
ဒူးမထောက် လက်မမြှောက် လို့ ကြုံးဝါးနေရင်းက
တရုတ်ကို ဒူးထောက်
ကုလားကို လက်မြှောက် ရမယ့်
အဖြစ်မျိုးတော့ မရောက်ပါရစေနဲ့ နော်…မောင်…။
ရဲသော်မသေ သေသော် ငရဲမလား ဆိုတဲ့ စကားဟာ
သွေးကြောင်သူတွေ အတွက်တော့ မဟုတ်လောက်ပေဘူး။
အရေးသုံးပါးထဲမှာ
စားဝတ်နေရေး မပါဘူးလားလို့
အလိုက်ကမ်းဆိုး မသိ
မေးခွန်းထုတ်တဲ့ ငကြောင်တစ်ယောက် ရှိသတဲ့
အဲဒါ ဘဘ ဘလက် ပေါ့…။
ဘဘ ဘလက်…။
ပြည်သူ နှင့် သူတို့တစ်သိုက်…။
—————————————
ပြည် သူ တွေ က
ကိုယ် ထူ ကိုယ် ထ
သူ တို ့ တ တွေ က
ကိုယ် ယူ ကိုယ် ရ
ဘလက်ချော
17 comments
ဦးကျောက်ခဲ
August 11, 2015 at 10:34 pm
နှလုံးသားနူးညံ့ပြီး ခံစားချက်ကြီးသူတွေက မျက်ရည်ကျရင် ကဗျာဖြစ်သတဲ့ …
ရယ်သွမ်းသွေးရင် ကဗျာတစ်ပုဒ် ၊ ခေတ် စံနစ်ကိုလှောင်ရီ(ရယ်) အဲဒါလည်း ကဗျာပဲတဲ့…
ဆြာဘလက်တို့ကို အားကျတယ်ဗျာ… 🙂
black chaw
August 12, 2015 at 1:16 am
@ ဦးကျောက်ခဲ ;
ကွန်းမန် ့လေး ချီးမြှင့် ပေးတာ
ကျေးဇူးပါ ကိုကျောက်ရေ။
အားကျရ လောက်အောင် မဟုတ်သေးမှန်း
ကိုယ့်ကိုယ်ကို သုံးသပ်လို ့ ရပါတယ် ဗျာ။
အဲလိုတော့ မကျီစားပါနဲ ့ ကိုကိုရယ်။
ကျနော်က ကဗျာလို ့ သတ်မှတ်ပြီးတော့ တင် လိုက်တာကို
ဖတ်မိသူတွေ ရင် ထဲ
ကဗျာလို ့ ခံစားလို ့ ရပါရဲ ့လား ???
အဲ့ဒါလေး ပါ။
အဲလောက်လေးပဲ ရည် ရွယ်တာပါ ကိုကို ရယ်။
ချစ်ခင် လေးစားတဲ့
ဘလက်ချော…။
aye.kk
August 12, 2015 at 12:28 am
ကဗျာဆိုတာ
နှလုံးသား”စိတ်”ခံစားချက်တစ်ခုသာ။
“စိတ်”နှလုံးသားလှမှတော့ကဗျာဆိုတာလှနေမှာပါဘဲ။။။
black chaw
August 12, 2015 at 1:29 am
@ aye.kk ;
ကွန်းမန် ့လေး ဝင် ရေးပေးသွားတာ
ကျေးဇူးပါ အစ်မ ရေ။
အစ်မလည်း ကဗျာလေးတွေ ရေးနေတာ
သတိထားမိပါတယ်။
ကျနော်လည်း အရင် က ကဗျာ တချို ့
တင် ခဲ့ဖူးပါတယ်။
အခုတစ်ခါ ကဗျာရေးချင် စိတ် တွေ
ပြန်ဖြစ်လာလို ့
ပြန်ရေးဖြစ်တာပါ။
ဖတ်သွားပေးတာကိုပဲ
ကျေးဇူးတင် ပါတယ် ဗျာ။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
ဇီဇီခင်ဇော်
August 12, 2015 at 8:26 am
ပထမဆုံး တစ်ပုဒ်လေးကို ကြိုက်တယ်။
🙂
black chaw
August 12, 2015 at 9:11 am
@ ဇီဇီခင်ဇော် ;
တကယ်တော့ အဲဒီ ပထမဆုံးတစ်ပုဒ်ကိုပဲ
ကျွန်တော်ကလည်း အကြိုက်ဆုံး ဖြစ်နေခဲ့တာပါ…။
တကယ်တော့ ကျွန်တော့် ဘဝတစ်ခုလုံးမှာ
မြစ်ကို အလျားလိုက် ကူးခတ်နေခဲ့သလိုမျိုးတွေ ချည့်
ဖြစ်နေခဲ့တာပါ…။
မည်သို့ပင် ဆိုစေကာမူ
ကွန်းမန့်လေးအတွက် ကျေးဇူးပါ ဗျာ…။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
kai
August 12, 2015 at 9:11 am
စီးဆင်းနေတဲ့ မြစ်ကြီးတစင်းမှာ
မြစ်ကျေလိုက် စုန်မျှောနေမိတဲ့ငါ
ကမ်းဖြတ်ကူးလာတဲ့ နင့်ကိုတွေ့
မြစ်မကွေ့ခင် လက်ချင်းဆုပ်..
ရေငုတ်ကြမယ်ပေါ့..။ ။
……. ဝှိုက်ကြမ်း..။
နောက်တာနော…
ကဗျာလေးတွေ… ကြိုက်ကြိုက်…။ :k:
black chaw
August 12, 2015 at 9:18 am
@ kai ;
သူကြီးရေ…။
ဘဝ ဆိုတာ ကူးခတ်ခြင်း လို့ ပြောရင်
နည်းစံနစ် မှန်မှ ကမ်းကို ရောက်မယ်ဗျ…။
လူတော်တော် များများက
ကမ်းဘယ်မှာ ရှိသလဲ သိနေတာပါပဲ…။
ကမ်းရှိရာ ကူးခတ်နိုင် တဲ့လူတွေ လည်း ရှိနေပေမယ့်
ကမ်း ဆီ ရောက်အောင် မကူးခတ်နိုင်ကြသူတွေလည်း ဒုနဲ့ဒေးပါပဲ…။
ဆိုတော့…။
ကျွန်တော့် ကဗျာလေးတွေ (ကဗျာလို့ ကျွန်တော်က သတ်မှတ်ပြီး တင်ထားလို့ပါ)
ဖတ်ပေးသွားတဲ့ အတွက် ကျေးဇူး ပါဗျာ…။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
အောင် မိုးသူ
August 12, 2015 at 9:35 am
အူးဘလက်ကလည်း ဆြာကြီးနော့်
black chaw
August 12, 2015 at 9:40 am
@ အောင်မိုးသူ ;
ကိုယ့်ညီတွေက မဂ္ဂဇင်းတွေမှာ ပါခွင့်ရနေချိန်
ဦးဘလက် က မြစ်ကို အလျားလိုက်ကူးခတ်နေရတုန်းရယ်ပါ ကွယ်…။
ကဗျာလေးတွေ ဖတ်ပေးသွားတာရယ်
ကွန်းမန့်လေးလည်း ဝင်ရေးသွားတာရယ် အတွက်
ကျေးဇူးပါ ညီလေးရေ…။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
Mike
August 12, 2015 at 10:10 am
.ဒီကဗျာတိုလေးကိုအကြိုက်ဆုံးပဲ
.တိုပေမဲ့အဓိပ်ပါယ်ကတသီကြီးဗျ…ဂွတ်
black chaw
August 12, 2015 at 10:21 am
@ Mike ;
ရှစ်လေးလုံး နှစ်ပတ်လည် မယ့် အကြိုညက
အတွေးထဲ ပေါ်လာတာ ကောက်ရေးချလိုက်တာဗျ…။
ကျွန်တော်ရေးတဲ့ ကဗျာလေးကို အားပေးသွားတာ
ကျေးဇူးပါဗျာ…။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
Alinsett @ Maung Thura
August 12, 2015 at 2:37 pm
ကဗျာဆရာကြီး လေးဘလက်
black chaw
August 12, 2015 at 3:14 pm
@ Alinsett ;
ကဗျာဘက်မှာတော့
အလင်းဆက်ကလည်း
ကိုယ့်ထက်မြင့် တဲ့ တစ်နေရာမှာ
ရှိနေသူပါဗျာ။
အားပေးသွားတာ ကျေးဇူးပါ ညီလေးရေ။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
manawphyulay
August 12, 2015 at 2:43 pm
သဲတစ်ပွင့်ထဲမှာ
ကမ္ဘာကြီးကိုရှာကြည့်
ပန်းရိုင်းတစ်ပွင့်ထဲမှာ
ကောင်းကင်ကြီးကိုထည့်ကြည့်
အဆုံးမရှိ ခရီးကို
လက်ဖဝါးပေါ်တင်ရင်း…..
မနောပြောတာမဟုတ်ဘူးနော်။ ဝီလျံဘလိတ် (အင်္ဂလိပ်ကဗျာဆရာနှင့် ပန်းချီဆရာ) ရေးတာပါ….
black chaw
August 12, 2015 at 3:22 pm
@ Manawphyulay ;
ဝီလျံဘလိတ် ရဲ ့ ကဗျာ နဲ ့
ကွန်းမန် ့ ရေးသွားလို ့
ဂုဏ်ယူပါတယ်ဗျာ။
စကားမစပ်
ဘာလေးလဲ ဟင် ???
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
HMM
August 17, 2015 at 10:02 am
ကဗျာကို ကဗျာလိုမခံစားပဲ တွေးချင်ရာတွေလျှောက်တွေး ရေးချင်ရာတွေလျှောက်ရေးတတ်တဲ့ HMMကို ကဗျာဆြာတွေ ဘယ်နေ့ချောင်းရိုက်ကြမဲ မစဉ်းစားရဲဘူး…
ဂဒါထက် အလျားလိုက် စီးဆင်းနေတဲ့ မြစ်ကြီးမှာ အလျားလိုက် ကူးခတ်နေတယ်ဆိုတော့ဂါ လွမ်းသင့်မသင့်တော့မသိ လမ်းသင့်တဲ့အတွက် မြန်မြန်ရောက်လိမ့်မယ်လို့… :k: