. ခြေလှမ်းဦး များ နှင့် ကခုန်ခြင်း “တစ်ဆယ့်သုံး” – ပါဝါ (101)

မြစပဲရိုးAugust 14, 20152min4349

နံပါတ်တွေ က ကပ်ရက် ကပ်ရက် ဖြစ်နေလို့ မဲ နံပါတ် တွေ က မှောက်လိုက် သွန်လိုက် ဖွလိုက် မွှေလိုက် အမျိုးမျိုး လုပ်ပါတယ်။
စိတ်တိုင်းကျ ခနှောက်ဆန်ပြီး နှိုက်လိုက်ချိန် လက်ထဲ ပါလာတာ က ၁၀၁။
ပြီးခဲ့တဲ့ တစ်ခုကျော်က ကျထားတာက ၁၀၀။
ဘယ်တတ်နိုင်မလဲ ဆိုပြီး နာမည်ကြည့်တော့ “Asiamasters” တဲ့။
လူဟောင်းကြီး တွေကတော့ ကောင်းကောင်းသိမဲ့ ပုံပေမဲ့ ကိုယ့်အတွက်တော့ သိပ်ပြီး မယဉ်ပါးတဲ့ မမှတ်မိတဲ့ နာမည်ပါ။
ဒါနဲ့ ပိုပြီး စိတ်ဝင်စားသွားတယ်။

သူ့ရဲ့ ပထမဆုံးရွာကိုချခဲ့တဲ့ ခြေလှမ်းက Oct 17, 2010 မှာပါ။
၂၀၀၉ နှစ်နှောင်း ပိုင်းမှာမှ လူသိများ လာတဲ့ ရွာထဲ ၂၀၁ဝ က ဝင်ထား တဲ့ လူဆိုတာ တော်တော်လေး ကို အစောပိုင်းရှိခဲ့ တဲ့ လူတွေ ထဲ က တစ်ယောက်နေမှာပါ။
သူ့ ခြေလှမ်းဦး  “Asiamasters မိတ်ဆက်” ဆိုတဲ့ ပို့စ်က သူ့ရဲ့ ကိုယ်ပိုင်လုပ်ငန်းလေး တစ်ခု အကြောင်း ကြော်ငြာ ခဲ့တာပါ။
{{
“ကျွန်တော်တို့ Asia Masters ဆိုတာက မြန်မာလူမျိုးများမှ အလုပ်အကိုင်ရှာဖွေလိုသူတွေ၊ ကိုယ်ပိုင်လုပ်ငန်းငယ်တစ်ခုလုပ်လိုသူတွေ၊ လေ့လာသင်ယူလိုသူတွေအတွက် ဖွင့်လှစ်ထားတဲ့ Center တစ်ခုဖြစ်ပါတယ်။  ကျွန်တော်တို့ရဲ့ Mission Statement (ခံယူထားတဲ့တာဝန်) ကတော့ Change for the better ဖြစ်ပါတယ်။ ကျွန်တောတို့တန်ဘိုးထားတာက Income, Knowledge, Strength, Technology, humanity တို့ဖြစ်ပါတယ်။ အသင်းဝင်ဖြစ်ပြီး အခွင့်အရေးများရယူပါ။”
}}

ဒါနဲ့ နောက် ခြေလှမ်း Oct 23, 2010 မှာ ခေါင်းစဉ် ကလဲ“Mrs. Michael” ဆိုပြီး အဆန်း မို့ ဘာအကြောင်းပါလိမ့် ဆိုပြီး ဆက်ဖတ်ခဲ့တယ်။
ဒီမှာတင် စိတ်ထဲ နင် သွားတယ်။
အင်္ဂလိပ်နာမည် တွေမှာ Mrs. လို့ သုံးတာ ခင်ပွန်း ရဲ့ Family နာမည် Surnameကို ယူခေါ်တာပါ။
ခင်ပွန်း နာမယ် ရဲ့  First name နဲ့  Mrs. လို့ ခေါ်လေ့မရှိပါဘူး။
ကိုယ့်ရဲ့ မကောင်းတဲ့ စိတ် Bias ကလဲ ကြီးနေတော့ ဒီမှာ သူကြီး စတိုင် လေသံကို ငှား ပြောရရင် “ဆက်ဖတ်ချင်စိတ် မရှိတော့ဘူး”။
ဒါပေမဲ့ ကိုယ်က သူကြီး ဝေဖန်ဖူး တော့ မဖြစ်ပါဘူး ဆိုပြီး ဆက်ဖတ်ပါတယ်။
ကျွန်မ ဆက်ဖတ်လိုက်တာ အင်မတန် ကံကောင်း ပါခဲ့တယ်။
အင်မတန် ကောင်းတဲ့ တန်ဖိုးရှိ တဲ့ စာတွေ၊ စကား တွေ ကို လက်မလွတ် ခဲ့ ရတာမို့ပါ။

နောက် တစ်ပုဒ် မှာတော့ သူ့ရဲ့ တကဲ့ လက်စွမ်း ကို စမြင်ခဲ့ပါတယ်။
“ဘာအရေးကြီးဆုံးလဲ”  Oct 31, 2010 မှာ ရေးခဲ့ပါတယ်။
{{
လူသားတစ်ဦးဖြစ်လာရင် အရေးကြီးဆုံးလိုအပ်တာ (၅) ခုရှိပါတယ်။
ပထမဆုံးက ဝင်ငွေ (Income) ဖြစ်ပါတယ်။
ဒုတိယလိုအပ်ချက်က ဗဟုသုတ(knowledge) ဖြစ်ပါတယ်။
တတိယလိုအပ်ချက်က ခွန်အား (Strength) ဖြစ်ပါတယ်။
စတုတ္ထအချက်က နည်းပညာ (Technology) နဲ့
ပဉ္စမအချက်က လူသားဆန်မှု (Humanity) တို့ဖြစ်ပါတယ်။
ဒီလိုအပ်ချက် (၅)ခုမှာတစ်ခုခုချွတ်ယွင်းနေပြီဆိုရင် နောက်လိုက်ပါလာမှာက ဆင်းရဲခြင်းဖြစ်ပါတယ်။
ဆင်းရဲခြင်းဟာ ကူးစက်တတ်ပါတယ်။ မိမိကဆင်းရဲပြီဆိုတာနဲ့ မိမိရဲ့ သားစဉ် မြေးဆက်တွေအထိ ဆင်းရဲသွားတော့မှာဖြစ်ပါတယ်။
ဆင်းရဲပြီဆိုတာနဲ့ အနှိပ်အစက်ခံရတော့မယ်သာ အောက်မေ့ပေတော့။ နောက်တော့ အသက်ရှင်နေရက်နဲ့ ငရဲကျနေတဲ့ (Living Hell) အထိရောက်သွားမှာ ဖြစ်ပါတယ်။
}}

အဲဒီ ပို့စ် ထဲက ကွင်းဆက် တွေထဲ မှာ လူသားဆန်မှုဆိုတာဘာလဲ ဆိုတာကို “လူသားဆန်မှု (Humanity)”  ဆိုတဲ့ ပို့စ်မှာ ဆက်ဖတ်နိုင်ပါတယ်။

အချိန် နဲနဲ ယူပြီး ဆက်ဖတ် စေချင်တဲ့ ပို့စ် လေးတွေ အများကြီးပါ။
“ကျွန်ုပ်တို့၏ဘုံရန်သူနံပါတ် (၁)” on Dec 20, 2010
{{ လူသားအားလုံးအတွက် ပထမအဆိုးဆုံးရန်သူနံပါတ် (၁)ကတော့ လူသားတို့ရဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုကို အနှောက် အယှက်အဟန့် အတားပြုသူတွေ၊ ပြုလုပ်တဲ့အတွေးအခေါ်ယူဆချက်တွေ၊ ပြုလုပ်တဲ့နည်းတွေဖြစ်ပါတယ်။}}
“ကျွန်ုပ်တို့၏ဘုံရန်သူ နံပါတ် (၂) “ on Dec 22, 2010
{{ ကျွန်ုပ်တို့အားလုံးရဲ့ ဘုံရန်သူနံပါတ်(၂)ကတော့ အေးအေးချမ်းချမ်းနေလိုခြင်းနဲ့ ရောင့်ရဲတဲ့စိတ်ဖြစ်ပါတယ်။ }}

“ကျွန်ုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရများ ” စီးရီးတွဲ ကတော့ မဖတ်မနေ ဖတ်ကြည့်ကြပါလို့ ဘဲ ညွန်းပါရစေ။
အင်မတန်ရှားပါး ပြီး လူသိ နည်းခဲ့ တဲ့ အကြောင်းလေး တွေ ဖတ်ရပါလိမ့်မယ်။
“ကျွန်ုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရများ (၁)” on Aug 21, 2011
“ကျွန်ုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရများ (၂)” on Aug 21, 2011
“ကျွန်ုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရများ (၃)” on Aug 21, 2011
“ကျွန်ုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရများ (၄)” on Aug 21, 2011
“ကျွန်ုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရများ (၅)” on Aug 22, 2011
“ကျွန်ုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရများ (၆)” on Aug 22, 2011
“ကျွန်ုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရများ (၇)” on Aug 22, 2011
“ကျွန်ုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရများ (၈)” on Aug 23, 2011
“ကျွန်ုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရများ (၉)” on Aug 23, 2011
“ကျွန်ုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရများ (၁၀)” on Aug 24, 2011

နောက် တန်ဖိုးကြီး စီးရီး တစ်ခု က “နိုင်ငံသားတစ်ဦး၏ အကြံပြုတင်ပြချက်” ပါ။ ၂၀၁၃ က  ဝေဖန်ခဲ့တဲ့ အကြောင်းတွေဟာ ၂၀၁၅ မှာ သမိုင်းလို အတိတ် မှာ ကျန်ခဲ့ပါတယ်။
နိုင်ငံ က ဘာမှ ဖြစ်မလာဘဲ ပိုပျက်ခဲ့တာ ကလဲ ဝမ်းနည်းစရာ သမိုင်း တစ်ခု ပါဘဲ။
ဒီစာ ကို ရေးသူ တစ်ယောက် အနေနဲ့ ရော သူ့စာ ကို ထပ်ပြီး  review မလုပ်ချင်ဘူးလား မေးချင်ပါရဲ့။
“နိုင်ငံသားတစ်ဦး၏ အကြံပြုတင်ပြချက် (၁)” on Mar 1, 2013
“နိုင်ငံသားတစ်ဦး၏ အကြံပြုတင်ပြချက် (၂)” on Mar 2, 2013
“နိုင်ငံသားတစ်ဦး၏ အကြံပြုတင်ပြချက် (၃)” on Mar 5, 2013
“နိုင်ငံသားတစ်ဦး၏ အကြံပြုတင်ပြချက် (၄)” on Mar 19, 2013

နောက်ဆုံး သူ တင်ခဲ့တဲ့ ပို့စ် က Jul 2, 2013 မှာပါ။
“ကျွန်ုတို့ဘာလဲ၊ ဘယ်လဲ (အပိုင်း-၁) (Who are we and whither should we go?) “ လို့ ဆိုပြီး ကျန်တဲ့ အပိုင်း တွေ ကို မျှော်နေခဲ့သူ တွေ ကို ထားခဲ့ပြီး အဲဒီ ကထဲ က ပျောက်သွားခဲ့တာ ၂နှစ်ကျော်ပြီပေါ့။

တစ်ခါ က “လေထဲက သူရဲကောင်း တစ်ဦး” ရဲ့ ပုံပြင်ဟောင်း တွေ ကို ဆက်ပြီး နားထောင်ချင်ပါသေးတယ်။
သူကျင်လည်ခဲ့ဘူး၊ စကား တွေ ပြောခဲ့ဖူး တဲ့ ရွာကို မေ့သွား တဲ့ အထိ  အလုပ်များ နေနိုင်တာကိုလဲ နားလည်ပါတယ်။
ဒါပေမဲ့ လမ်းကြုံချိန်လေး ခဏလောက် အလည်လာနိုင်ရင် ပြန်လာပါဦး။
ရှုဒေါင့်တစ်နေရာ က အမြင်တွေ ဖလှယ်ပေးပါဦး လို့ ပြောချင်ပါတယ်။

ဒီလို Priceless စကားတွေ နဲ့ ဆွေးနွေးပေးနိုင် တဲ့ လူတွေ ရွာထဲ မှာ ရှိနေခဲ့တာ တကယ်ဘဲ ဂုဏ်ယူစရာပါ။

9 comments

  • kai

    August 15, 2015 at 8:38 am

    သူ့ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရတွေထဲမှာ..
    … ဗိုလ်ချုပ်အောင်ဆန်း.. နပ်စ်မ ဒေါ်ခင်ကြည်ကို.. လူပျိုလှည့်တဲ့နေရာတွေ..။ မင်္ဂလာဆောင်တဲ့နေရာတွေနဲ့ပါတ်သက် တဲ့.. နေရာ.. ဇတ်လမ်းတွေပါတယ်..။
    တလောက ပြဿနာတက်တဲ့…. ရွှေတိဂုံဘေးက..စစ်ရုံးကြီးနဲ့… ပရောဂျက်နေရာကြီးဖြစ်တာမို့..
    ရွာထဲ.. စုပြီးတောင်.. ကျုပ်ကတင်လိုက်ပေးသေးတယ်..။

    အခုတော့ သူ့အလုပ်ကအောင်မြင်နေသလားမသိ…။
    သူ့စာတွေကတော့.. လူငယ်တွေအတွက်တန်ဖိုးရှိမယ်.. သေချာပါကြောင်း…။

    • kai

      August 15, 2015 at 5:08 pm

      ဒီအဆောက်အဦဟာ အင်္ဂလိပ်ခောတ်မှာဆောက်လုပ်ထားခဲ့တဲ့ ဒိုင်အိုဆီဇန် (Diocese) လို့ခေါ်တဲ့ ခရစ်ယာန် မိန်းကလေး ကျာင်းတစ်ကျောင်းဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးက ၁၉၃၉ ခုနှစ်လောက်မှာစဖြစ်တာပါ။ အဲဒီနောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဂျပန်တွေနဲ့ မြန်မာ့မျိုးချစ်တပ်တွေဝင်လာတဲ့အချိန်ကိုတော့ ဂျပန်ခောတ် လို့ဆိုပါတယ်။ အချိန်ကတော့ ၁၉၄ဝ ခန့်ကနေ ၁၉၄၅ လောက်ထိကိုဆိုလိုတယ်။ အဲဒီဂျပန်ခောတ်မှာ ဒီအဆောက်အဦကို ဆေးရုံ အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒါကြောင့် ဒေါက်တာမြင့်ဆွေရေးတဲ့ ဂျပန်ခောတ်ဆေးရုံကြီးဆိုတာက ကျွန်တော် အလုပ်လုပ်နေတဲ့ နေရာဖြစ်နေမှန်းသိလာရပါတယ်။ ဒီနေ့ကနေစပြီး ကျွန်တော်ဟာ တစ်ခန်းဝင်တစ်ခန်းထွက် အကုန်လိုက်ရှာတော့တာပါပဲ။ တစ်ခါတရံ လူကြီးအခန်းတွေထဲမှားဝင်သွားလို့လဲ အဟောက်ခံခဲ့ရတာလည်းရှိပါတယ်။

      ဒီအဆောက်အဦဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လုံးဝပတ်သက်နေတဲ့ လွမ်မောစရာနေရာလေးတစ်ခုဖြစ်ခဲ့ပါတယ်။ ဂျပန်ခောတ်မှာ ဗိုလ်ချုပ်အောင်ဆန်းနေခဲ့အိမ်ဟာ ယခု အထက – ၁ (ဒဂုံ) ရှေ့မှာရှိတဲ့ အင်္ဂလိပ်သံအမတ်ကြီး နေအိမ် ဖြစ်ပါတယ်။ အထက -၁ (ဒဂုံ)ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့စစ်ရုံးဖြစ်ပါတယ်။ ဒီတော့ ဗိုလ်ချုပ်အောင်ဆန်းအိမ်နဲ့ ဆေးရုံဟာ မနီးမဝေလေးမှာတည်ရှိတာဖြစ်ပါတယ်။
      http://myanmargazette.net/62837
      =

      ဒီဆေးရုံကြီးမှာက ဒေါ်ခင်ကြည်နဲ့ ဒေါ်ခင်ရီညီအစ်မနှစ်ဦးစလုံးသူနာပြုအလုပ်လုပ်ကြပါတယ်။ သူတို့ဟာ မြစ်ဝကျွန်းပေါ်ဖက်ကဖြစ်ပါတယ်။ ရန်ကုန်ရောက်ခါစမှာတော့ ဗဟန်းမှာ အခန်းငှားပြီးနေပါတယ်။ နောက်ပိုင်းမှာတော့ ဆေးရုံကြီးမှာပဲ ပြောင်းရွှေ့နေထိုင်ပါတယ်။ သူတို့နှစ်ဦးနေတဲ့အခန်း က အဆောက်အဦရဲ့ အနောက်တောင်ဘက်အရပ် အပေါ်ဆုံးထပ်မှာဖြစ်ပါတယ်။ ကျွန်တော်ဟာ ဒီအခန်းကို အတော်ရှာရပါတယ်။ နောက်ဆုံးတော့ရှာတွေ့ပါတယ်။ အဲဒီအခန်းရဲ့ အရှေ့နားမှာ ကော်ရစ်ဒါအကျယ်ကြီးရှိပါတယ်။ ဒီကော်ရစ်ဒါကတော့ ဗိုလ်ချုပ် ရည်းစားရှာခဲ့တဲ့နေရာဖြစ်ပါတယ်။ ညနေမှောင်ရီဝိုးတဝါးမှာ ဗိုလ်ချုပ်ဟာ ဒီကော်ရစ်ဒါကိုလာပါတယ်။ ဒေါက်တာ ဘသန်းဟာ အဆိုအတီးကောင်းသူတစ်ဦးဖြစ်ပါတယ်။ ဒါနဲ့ ဒီကော်ရစ်ဒါမှာထိုင်ကြပြီး စိန်ခြူးကြာညောင်သီချင်းကို သီဆိုကြပါတယ်။ သစ်ပင်ကြီးတွေကလည်းအုပ်ဆိုင်းနေ၊ တေးဂီတကလည်းမြိုင် ချစ်ရသူကလည်းနံဘေးနားမှာထိုင်နေဆိုတော့ ဗိုလ်ချုပ်အတွက် ဘဝမှာ အကောင်းဆုံး အချိန်လေးလို့တောင်ဆိုနိုင်မယ်ထင်ပါတယ်။
      http://myanmargazette.net/62841
      =
      အခြေအနေက အတော်ကြီးကိုမြန်မြန်ဆန်ဆန်တိုးတက်လာပါတယ်။ ဆရာမကိုပဲ ချစ်မိပြီ သီချင်းကလဲ ပိုမြိုင်ဆိုင် လာပါတယ်။ မင်္ဂလာဆောင်ဖို့အခြေအနေထိရောက်လာခဲ့ပါတယ်။ မင်္ဂလာဆောင်တာကလည်း ဒီဆေးရုံကြီးရဲ့ ဆင်ဝင်နှစ်ခုကြား မြေညီထပ်မှာရှိတဲ့ ရုပ်ရှင်ပြခန်းမှာဖြစ်ပါတယ်။ စစ်သေနာပတိချုပ်ကြီးရဲ့ မင်္ဂလာပွဲလဲဖြစ်ပြန်တော့ ဂျပန်ဗိုလ်ချုပ်ကြီးတွေ အတော်များများတက်ရောက်ပါတယ်။ ဂျပန်ဗိုလ်ချုပ်တွေရဲ့ကားတွေဟာ အလံပြဘုရားလမ်း အတိုင်း အပေါ်က အောက်ကို ဆင်းလာပြီး လာရောက်အားပေးတဲ့အတွက် အလွန်ခန်းနားကြီးကြယ်တဲ့ မင်္ဂလာပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်ဒီအခန်းကို သွားရောက်ရှာဖွေခဲ့စဉ်က အတော်ရှာရမယ်ထင်ထားတာ၊ တကယ်တော့ ကျွန်တော့နေ့တိုင်း ထမင်းစား ဆင်းရင် ဖြတ်သွားနေတဲ့နေရာဖြစ်နေတယ်။ မင်္ဂလာပွဲမှာ ဒေါက်တာဘသန်းရဲ့ သမီးလေး ကစ်တီ (နောင် ဗိုလ်ချုပ်ကြီးနေဝင်းနှင့်အကြောင်းပါသည့် ဒေါ်ခင်မေသန်း) က စန္ဒယားတီးပါတယ်။

      ဗိုလ်ချုပ်အိမ်ထောင်ကျပြီးချိန်မှာတော့ တာဝါလိန်းလမ်းမှာရှိတဲ့ ယခုဗိုလ်ချုပ်ပြတိုက်ကိုပြောင်းနေပါတယ်
      http://myanmargazette.net/62885

  • ဇီဇီခင်ဇော်

    August 15, 2015 at 12:09 pm

    သူ့ပို့(စ) တွေက ရှယ်ချင်စရာတွေ အများကြီးပဲ။

    🙂

  • surmi

    August 15, 2015 at 3:14 pm

    ဖွဘုတ်မှာရှိတယ်
    ပြန်ဆက်သွယ်ကြည့်ပေးမယ်အရီး

    • မြစပဲရိုး

      August 15, 2015 at 3:38 pm

      Thanks a lot ကဆာမိ ရေ။ :-))
      ရွာထဲ က လူ တွေ နဲ့ စကားပြောချင်ပေမဲ့
      Facebook ထဲ မှာတော့ မနေချင်လို့ ဝေးဝေးကသာလွမ်းပါမည် ဖြစ်နေတော့ တယ်။

  • Mike

    August 15, 2015 at 3:42 pm

    .ကောင်းကောင်းသိပါတယ်..သူ့စာတွေလည်းဖတ်ခဲ့တယ်..အဲ့တုန်းက ကွန်မန့်တော့သိပ်မပေးဖြစ်ခဲ့ဘူး

  • ဦးကြောင်ကြီး

    August 17, 2015 at 2:37 am

    လေတပ်မှိုဗူးဂ ျီး အေးရှားမာစတာာအား …….အာ ……လေး………………ပြု

  • Ma Ma

    August 17, 2015 at 7:32 am

    asiamasters ကိုတော့ ရွာထဲမှာ အတော်ကြာကြာရှိခဲ့တယ်လို့ ထင်မိတယ်။
    ခြေလှမ်းဦးတွေ ကျေးဇူးနဲ့ ပိုစ့်ကောင်းတွေ အများကြီး ပြန်ဖတ်လိုက်ရတယ်။ 🙂

Leave a Reply