“လက်ဆော့ထားသော ပုံများ”
“လက်ဆော့ထားသော ပုံများ”
အရင်က ကျနော်ရိုက်ထားတဲ့ပုံတွေကိုမပြင်ဘဲ ဒီအတိုင်းတင်လေ့ရှိပါတယ်။
နောက်ပိုင်း ဓါတ်ပုံသမားတွေနဲ့ပေါင်းမိတော့ အနည်းနဲ့အများ ပုံကိုပြင်ကြတာကိုတွေ့ရပါတယ်။
ကျနော်မိတ်ဆွေတွေက ကျနော်ကိုလဲ ပုံပြင်ဘို့ ပြောပေမယ့် ကျနော်က ပြင်တာကိုသိပ်မနှစ်သက်။
တစ်ယောက်က ဘယ်လိုပြောလဲဆိုတော့
“မိန်းကလေးတစ်ယောက်ဗျာ ဖီးဖီးလိမ်းလိမ်းနေရင် ပိုမလှပေဘူးလား”လို့ပြောလာတော့
သူပြောတာ မှန်တယ်လို့တွေးမိပါတယ်။
ဒါပေမယ့် မိန်းကလေးတစ်ယောက်လွန်လွန်ကဲကဲ အလှပြင်ထားရင်ကျနော်က မနှစ်သက်တတ်။
ထို့အတူဘဲ ပုံကို လွန်လွန်ကဲကဲပြင်ထားရင် ကျနော်သဘောမကျပါ။
နည်းနည်းပါးပါးတို့ရုံထိရုံလောက်ကတော့ သိပ်မဆိုးဟုထင်ပါတယ်။
ကျနော်က ဖိုတိုရှော့ မသုံးတတ်ပါ။
ကိုစိန်သော့ပြပေးထားတော့ လိုက်ရွမ်းနဲ့တော့ နည်းနည်းဆော့တတ်ပါတယ်။
လက်ဆော့တတ်သူတစ်ယောက် ထပ်လက်ဆော့ထားတာလေးတွေကို
ပြချင်ပါသေးတယ်။
သည်းခံပြီးကြည့်ကြပါတော့။








ဒီနေရာလေးက ကျနော်ခေတ္တရောက်နေတဲ့ရွှေလီမြို့ရဲ့ တောင်ဘက်က စိုက်ခင်းတွေဘဲဖြစ်ပါတယ်။
မိတ်ဆွေတစ်ယောက် က အလည်ရောက်လာတော့
တောင်တန်းတွေကိုနောက်ခံထားပြီးရိုက်ချင်တယ်ပြောတာနဲ့ လိုက်ပို့ရင်း
ကိုယ်ပါရောရိုက်လာတာပါ။
ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ
18-7-2015
10 comments
မြစပဲရိုး
July 18, 2015 at 9:52 pm
B&W နဲ့ မြင်ရတာ အဆန်းဖြစ်နေရတာပေါ့။
အရှုပ်ထဲ မှာ ရှင်းအောင် နေဖို့ ထိပ်တက်နားနေ တဲ့ ငှက်လေး ကို သဘောကျမိတယ်။ :-))
ကိုပေါက်(မန္တလေး)
July 18, 2015 at 10:01 pm
ကာလာနဲ့ ရိုက်ခဲ့တာကို အဖြူအမဲ ပြန်ပြောင်းလိုက်တာပါ ကိုလတ်ကြီး
အဲ့ငှက် ကလေး လို ကျနော် နေတတ်အောင်ကြိုးစားပါအုံးမယ်။
Alinsett @ Maung Thura
July 20, 2015 at 7:17 am
သဘာဝရဲ့ အငွေ့အသက်ရတဲ့ မြင်ကွင်းတွေ. . .
မြင်ရတာ ရင်အေးစရာာာာ
ကိုပေါက်(မန္တလေး)
July 20, 2015 at 8:15 pm
တောတောင်တွေ လယ်ကွင်းတွေဘက်သွားရာတ မြန်မာပြည်ဘက်လဲ အေးချမ်း
သလို
ဒီဘက်မှာလဲ အေးချမ်းပါတယ်
လိုအပ်ချက်မများ
အပူအပင်နည်းပါး
တောင်သူလယ်သမား
အောင် မိုးသူ
July 20, 2015 at 9:49 am
ပထမဆုံးပုံလေး နှစ်သက်မိ
ကိုပေါက်(မန္တလေး)
July 20, 2015 at 8:17 pm
အဖြူအမဲပြောင်းလိုက်မှ ပိုလှသွားတာ
ကာလာနဲ့ က ဒီလောက်မလှဘူးရယ်
Mike
July 20, 2015 at 1:46 pm
.မိုးသားတိမ်လိပ်တွေနဲ့ အုံ့ကာသာမှိုင်းတော့တယ်
.ဝိုးတဝါး အမှိန်အရိပ်တွေနဲ့ တိုးကာသာလွမ်းတော့တယ် :))
ကိုပေါက်(မန္တလေး)
July 20, 2015 at 8:21 pm
ဧည့်သည်လိုက်ပို့ရင်း ရောရိုက်လာတာ
သူစိတ်ကြိုက်ပုံရ မရတောင် မမေးလိုက်မိအောင်ကို အာရုံတွေများခဲ့တာ ကိုမိုက်ရေ
တောင်ပေါ်သား
July 20, 2015 at 2:07 pm
I like number 8 .
ကိုပေါက်(မန္တလေး)
July 20, 2015 at 8:23 pm
ကမျိုး
8 က ဓါတ်ပုံစကားနဲ့ပြောရင် TONE မကွဲ ဘူးဆိုရမယ်
အရောင်တစ်ခု နဲ့ တစ်ခု သိသာအောင်မပြတ်
သဘာဝကြီးက လှပြီးသား
ကျနော်က မှီအောင်မလိုက်နိုင်တာ
အပြင်မှာပိုလှတယ်