“လက်ဆော့ထားသော ပုံများ” အရင်က ကျနော်ရိုက်ထားတဲ့ပုံတွေကိုမပြင်ဘဲ ဒီအတိုင်းတင်လေ့ရှိပါတယ်။ နောက်ပိုင်း ဓါတ်ပုံသမားတွေနဲ့ပေါင်းမိတော့ အနည်းနဲ့အများ ပုံကိုပြင်ကြတာကိုတွေ့ရပါတယ်။ ကျနော်မိတ်ဆွေတွေက ကျနော်ကိုလဲ ပုံပြင်ဘို့ ပြောပေမယ့် ကျနော်က ပြင်တာကိုသိပ်မနှစ်သက်။ တစ်ယောက်က ဘယ်လိုပြောလဲဆိုတော့ “မိန်းကလေးတစ်ယောက်ဗျာ ဖီးဖီးလိမ်းလိမ်းနေရင် ပိုမလှပေဘူးလား”လို့ပြောလာတော့ သူပြောတာ မှန်တယ်လို့တွေးမိပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်လွန်လွန်ကဲကဲ အလှပြင်ထားရင်ကျနော်က မနှစ်သက်တတ်။ ထို့အတူဘဲ ပုံကို လွန်လွန်ကဲကဲပြင်ထားရင် ကျနော်သဘောမကျပါ။ နည်းနည်းပါးပါးတို့ရုံထိရုံလောက်ကတော့ သိပ်မဆိုးဟုထင်ပါတယ်။ ကျနော်က ဖိုတိုရှော့ မသုံးတတ်ပါ။ ကိုစိန်သော့ပြပေးထားတော့ လိုက်ရွမ်းနဲ့တော့ နည်းနည်းဆော့တတ်ပါတယ်။ လက်ဆော့တတ်သူတစ်ယောက် ထပ်လက်ဆော့ထားတာလေးတွေကို ပြချင်ပါသေးတယ်။ သည်းခံပြီးကြည့်ကြပါတော့။ ဒီနေရာလေးက ကျနော်ခေတ္တရောက်နေတဲ့ရွှေလီမြို့ရဲ့ တောင်ဘက်က စိုက်ခင်းတွေဘဲဖြစ်ပါတယ်။ မိတ်ဆွေတစ်ယောက် က အလည်ရောက်လာတော့ တောင်တန်းတွေကိုနောက်ခံထားပြီးရိုက်ချင်တယ်ပြောတာနဲ့ လိုက်ပို့ရင်း ကိုယ်ပါရောရိုက်လာတာပါ။ […]