လွမ်းမပြေသာ ကမ်းဇေယျာ………….(ဓါတ်ပုုံ့ပိုစ်)
“လွမ်းမပြေသာ ကမ်းဇေယျာ………….(ဓါတ်ပုုံ့ပိုစ်)”
29-10-2014 နေ့မှာ စစ်ကိုင်းဘက် ကမ်းကို အလှူ တစ်ခုရှိလို့သွားခဲ့ပါတယ်။
စစ်ကိုင်းတံတားပေါ်ရောက်တော့ ဧရာဝတီမြစ်အလယ်မှာ သောင်ထွန်းနေတာကို
မြင်လိုက်ရတော့ ဓါတ်ပုံရိုက်မယ်လို့စိတ်ကူးမိပါတယ်။
ဒါပေမယ့် အချိန်မရတော့ ဓါတ်ပုံမရိုက်ခဲ့ရ။




နောက်ရက် ကိုစိန်သော့က ရွှေကြက်ကျ ဘုရားကနေ ဓါတ်ပုံရိုက်ရအောင်လို့ပြောတော့
ညနေလေးနာရီလောက်ကတည်းက နှစ်ယောက်သားဆိုင်ကယ်တစ်စီးနဲ့ထွက်ခဲ့ပါတယ်။
ဘုရားနားရောက်တော့ စောနေသေးတာနဲ့ ရွှေကြက်ယက်ဘုရားနားကလက်ဖက်ရည်ဆိုင်ထိုင်
အဲ့ဆိုင်နံဘေးနားက မုန့်ပစ်စလက် ဝယ်စားပြီးအချိန်စောင့်ကြပါတယ်။

စစ်ကိုင်း လို့ခေါ်တဲ့ ဇေယျာရွှေမြေ က မင်းဝံတောင်ရိုးပေါ်မှာရှိနေတဲ့မြင်ကွင်းက
အင်မတန်လှပ ပါတယ်။
နောက်လူတွေမျက်စေ့ပသာဒဖြစ်အောင်ကြည်နူးအောင် စေတီပုထိုးတွေကို တည်
ထားခဲ့တဲ့ရှေးလူတွေကို ကျေးဇူးတင်ပါတယ်။
စေတီပုထိုးရှိနေတော့ သစ်ပင်ဝါးပင်တွေလဲရှိဆိုတော့ စိမ်းစိမ်းစိုစို နဲ့ အမြင်တင့်တယ်ပါတယ်။




အဲဒီနေ့ညနေက ကျနော် ကိုစိန်သော့ ဖောဂိုင်းအပြင် ရွာသားမဟုတ်တဲ့
မန်းလေးက ဓါတ်ဆရာအချို့လည်းလာပြီး ဓါတ်ဖမ်းကြပါတယ်။
ကိုစိန်သော့ကတော့ ဓါတ်ဆရာများနှစ်သက်တဲ့ အပြာရောင်အချိန်(blue hour) ကိုလာဖမ်းတာပါ။
ကျနော်တို့ကတော့ အဖော်လိုက်ရင်း အတော်ရိုက်ဖြစ်ခဲ့တယ်ပေါ့။
ကဲမရိုးနိုင်တဲ့ ဇေယျာကမ်းက ပုံလေးတွေကိုကြည့်လိုက်ပါအုံးနော်။
ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ
1-11-2014
23 comments
ကေဇီ
November 1, 2014 at 9:32 am
No. 9
No. 9
I like it..
:k:
ကိုပေါက်(မန္တလေး)
November 1, 2014 at 10:10 am
ကေဇီ မန်းလေးပြန်လာရင် အဲ့ ပုံ ကို ပုံကြီးချဲ့ ပြီး လက်ဆောင်ပေးမယ်
manawphyulay
November 1, 2014 at 10:17 am
နံပါတ် ၅ နှင့် ၉ က
နိုင်ငံခြားစတိုင်ပုံတွေကို မြင်နေရသလိုပဲ လေးပေါက်ရေ
ဓာတ်ပုံတွေစုပြီး ဓာတ်ပုံပြပွဲလေး လုပ်ပါလား။ အဲကျ လာခဲ့မယ်လေ…
တောင်ပေါ်သား
November 1, 2014 at 10:21 am
နံပါတ် ရ ကဘယ်မတုန်းဗျ ၊ 🙂
နံပါတ် ၆ ကြိုက်၏ ၊
ကိုပေါက်(မန္တလေး)
November 1, 2014 at 11:58 am
မယ်မနောရယ်
ဒီလောက်နဲ့ နိုင်ငံခြားပုံ မယှဉ် နိုင်သေးဘူးဗျ
တောင်ပေါ်သား ရေ
နံပါတ် 7 ကမှားဖျုက်လိုက်တာ ပြန်တင်ပေးပါမယ်
Yae Myae Tha Ninn
November 1, 2014 at 1:18 pm
ဦးမျိုးနဲ့ အကြိုက်တူတယ်… ၆ ကို အရမ်းသဘောကျတယ်… Blue Night လေး… 🙂
ရွှေကြက်ကျ နဲ့ ရွှေကြက်ယက် ဘယ်လို ကွာလဲ ရှင်းပေးပါ… 😀
ကိုပေါက်(မန္တလေး)
November 1, 2014 at 2:05 pm
ပြည်ရှင်မင်းကြီးရေ
မင်းကွန်းနဲ့ စစ်ကိုင်း မြစ်ရိုးတစ်လျောက်ကရွာတွေက ရွှေကြက်….နဲ့စတဲ့နာမယ်တွေများပါတယ်။
ရွှေကြက်ယက် ရွေကြက်ကျ ရွှေကြက်နား ရွှေကြက်အိပ် ဆိုတဲ့ နာမယ်တွေနဲ့ရှိပါတယ်။
အဲလို့ နာမယ်လေးကိုမြင်လိုက်ရင် ရွှေကြက်ယက်နဲ့ရွေကြက်ကျ ဘာကွာလဲ ဆိုတာ သိနိုင်ပါပြီ
ရွှေကြက်ယက်ရောရွှေကြက်ကျပါ ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ကမ်းမှာရှိကြတာပါ။
ရွေကြက်ယက်က လမ်းတောင်ဘက် ရွှေကြက်ကျ က လမ်းမြောက်ဘက် ခြမ်း တည်ထားပါတယ်။
ရွှေကြက်ကျ ဘုရားက မြစ်ကမ်းနဲ့ ပိုနီးတော့ ဓါတ်ပုံထဲမှာ ပိုအပါများပါတယ်။
သင်္ကြန်မိုး ဇာတ်ကားထဲ မှာနေအောင်နဲ့ခင်သန်းနု ချိန်းတွေ့တာရွှေကြက်ကျ ဘုရားပေါ့.။
ဘုရားသမိုင်းကတော့ ရှိတာပေါ့။
ဘုရားသမိုင်းကို ပြောပြရင် သူကြီးမင်းနဲ့ငြင်းနေရမှာစိုးလို့ မပြောတော့ ဘူး။
kyeemite
November 1, 2014 at 1:25 pm
.ဂွတ်ဖိုတိုရှော့
ကိုပေါက်(မန္တလေး)
November 1, 2014 at 4:50 pm
ကိုမိုက်ရေ မန်းလေးကို လာပါ အုံး ည ဘုရားပေါ်သွားထိုင်ရအောင်
ကိုမြစာကလေး ရေ မြန်မာမုန့်ဆိုင်လေး တွေ တစ်ခါ လောက်ရိုက်ပြပါအုံးမယ်
မြစပဲရိုး
November 1, 2014 at 4:23 pm
ကောင်းကင်ပြာပြာ
မိုးတိမ်ဖြူဖြူ
တောင်တန်း စိမ်းစိမ်း တွေ ရှိနေလဲ အဲဒီ ဧရာဝတီ ကြောင့်
အမိမြေ ကို အမြဲလွမ်းပါတယ် ကပေါက်ကြီး။
ပုံလေး တွေ အတွက် ကျေးဇူးပါ။
မုံ့ပြစ်သလက် လေး ပါ ရိုက်ပြလိုက်ရင် အကြိုက်ဆုံး ပုံ ဖြစ်သွားဟာ အသေအချာ။
အလင်းဆက်
November 1, 2014 at 7:07 pm
လှလိုက်တာ…
ဒီမြင်ကွင်းမျိုး…
ဖွေးဖွေးကိုသာ…ပုခုံးလေးဖက်ပြီး..ကြည့်လိုက်ရရင်တော့လား….ကွာ…
:k:
ကိုပေါက်(မန္တလေး)
November 2, 2014 at 2:19 pm
ဖွေးဖွေးကို ဘုရားပေါ်ဖက်လို့ မရ ဘူး
weiwei
November 2, 2014 at 6:21 pm
နံပါတ် ရ ပုံကို အကြိုက်ဆုံးပဲ ..
အဲလိုမျိုး ရိုက်ကြည့်ချင်တယ် ..
ကိုပေါက်(မန္တလေး)
November 3, 2014 at 8:46 am
မဝေ က မပါတဲ့ ပုံ မှ ကြိုက်တယ်ပြောနေတယ်
ကျန်နေခဲ့တာပြန်တင်ပေးပါမယ်
ကိုပေါက်(မန္တလေး)
November 3, 2014 at 9:54 am
ကျန်နေခဲ့ တဲ့ အမှတ် 7 ပုံလေး ပြန်တင်ပေးလိုက်ပါပြီ
Ma Ei
November 3, 2014 at 10:47 am
4 နေဝင်စ ဧရာဝတီ ရယ်
8 တစ်ဖက်ကမ်းမှာ မီးထိန်ထိန် ရယ်
အတော်လှတယ်…
ကိုပေါက်(မန္တလေး)
November 3, 2014 at 11:55 am
မအိရေ
အခုရက်ပိုင်းကျနော်က ည မြင်ကွင်းတွေဘဲ အရိုက်များနေတယ်
aye.kk
November 3, 2014 at 2:05 pm
ကမ်းလှဇေယျာ
မှန်းဆ မရည်ရာ
တမ်းတသံသရာ ရှည်လှသည်လေး။
ကိုပေါက်(မန္တလေး)
November 3, 2014 at 3:36 pm
ကမ်းဇေယျာ တစ်ဖက်ကမ်း
စံမြန်းပါတဲ့ ရွှေစေတီ
နိဗ္ဗာန်ဆီ မျှော်ရည်မှန်း
လှမ်းကြစို့ တူ ညီ ညီ
Mr. MarGa
November 3, 2014 at 2:53 pm
အပြာနှင့် ရွှေ လွှမ်းနေသည်များကို ကြိုက်မိကြောင်းးးးးး
ကိုပေါက်(မန္တလေး)
November 3, 2014 at 3:47 pm
ကြိုက်ရင်အတူ သွားကြည့် ရအောင်လေ
we R one
November 4, 2014 at 4:20 pm
ဒီတစ်ခေါက် မန်းလေး ရောက်ရင် သွားရိုက်ရအောင်ဗျာနော့……။
ကိုပေါက်(မန္တလေး)
November 4, 2014 at 4:45 pm
ဓါတ်ပုံရိုက်ဘို့ကတော့ အဆင်သင့် ပါ
အတူ ရိုက်နေကျ မိတ်ဆွေတွေနဲ့ သွားကြတာပေါ့