ချီလီ နှင့် သူ၏ …
ဒီတစ်ခါတော့ သများ လဲ ဟင်းချက် ပြဗျစီ။
တို့ မြန်မာများ ရဲ့ အကြိုက်တော့ ဟုတ်မယ် မထင်။
မူရင်း က ဘယ်က မှန်းမသိ ပေမဲ့ တောင်အမေရိက နိုင်ငံ တွေ ဘက်က ဆင်းသက်လာမယ် ထင်တာဘဲ။
Chili con carne (သို့) Chili လို့ ခေါ်ကြတယ်။ chili with meat ပေါ့။
အသားစင်းကော (အများအားဖြင့် အမဲသား) ထဲ ပဲကတီ္တပါ နဲ့ ခရမ်းချင်သီး ၊ ငရုတ်သီး နိုင်ချင်းထည့်ပြီး ချက်တာပါ။
ရိုးရိုးလေး နဲ့ အဆီတွေ မပါလို့ ကျန်းမာရေး နဲ့ ညီ မယ် လို့ ပြောလို့ ရမယ်။
ထမင်းဖြူ (သို့) နံပြား လို နဲ့ တွဲစားနိုင်တယ်။
ရှု ပြီး စား တော် မူကြပါ။







6 comments
ဇီဇီခင်ဇော်
July 21, 2015 at 1:02 pm
http://myanmargazette.net/201203
ဒါ တွေက သများရဲ့ ရိုက်လာတဲ့ ငရုတ်ပင်တွေ လာပြတာ။
ချီလီလို့ မြင်လိုက်လို့။
ဟင်းချက်နည်းထက် အလှဆင်တတ်တဲ့ မြကို ပိုချစ်သွားပြီ။
အမဲသားကို မစားသာမစားဖြစ်တာ ကြိုက်တယ်ရယ်။
အလှဆင်ထားတာ တကယ်စားချင်စရာဗျာ၊
:sar:
အောင် မိုးသူ
July 21, 2015 at 1:04 pm
စားချင်စရာလေးပဲ အဲ့မှာတော့ အဲ့လို ဘူးတွေ ဘာတွေ ဝယ်ရတာ အဆင်ပြေပေမယ့် ဒီမှာတော့ ဈေးအနည်းငယ် ကြီးနေသလိုရှိတော့ သိပ်ဝယ်မသုံးနီုင်သေးဘူး.။
ဦးကျောက်ခဲ
July 21, 2015 at 1:41 pm
အမဲသားလည်းကြိုက်တယ်… အစပ်လည်းကြိုက်တယ်…
အဲသည့်လို စိုစိုလေးဆို နံပြားနဲ့လိုက်မယ်ထင်ရဲ့… ရှလွတ်စ်… :k:
တောင်ပေါ်သား
July 21, 2015 at 2:27 pm
အဲသလောက်နဲ့ ဝဘူးဗျ
မြစပဲရိုး
July 21, 2015 at 11:41 pm
အားလုံးဘဲ ကျေးဇူးပါ။ :း))
ဇီကလေး – ရွာထဲ ဒီလောက် စူပါ ထရူပါ တွေ များတာ။ အတုမြင် အတတ်သင်ပေါ့။
. မောင်အောင် ဒီမှာ ပဲတစ်ဗူး ကို ၂၅ပြား၊ ခရမ်းချဉ်သီး တစ်ဗူး ၂၅ပြား၊ အမဲသား က ၂ကျပ် ဆိုပါစို့။
တစ်နာရီ လုပ်ခ က ရ ကျပ်။ တွက်သာကြည့်တော့။
. ကျောက်စ် – သများ က ဘားမီးစ် သွေး စစ်လေ တော့ အဲ ဒီ ဘပ်လဘိုင် ဟင်းကြီး ကို စားမရ။
အဲဟာ ချက်ရင် မသိမသာ တစ်ခြား အကြွင်းအကျန် ရှာ စားရ တယ်။ ကလေး ကတော့ ကြိုက်မှကြိုက် ဘဲ။
ကိုမျိုး – ဒီလောက် အစားပုပ် သလား။ နောက်တစ်ခါ ဘန်းကြီး နဲ့ ပြင်မေးမယ်။ :-))
Mike
July 22, 2015 at 10:09 am
.အမဲသားစင်းကောလည်းဖြစ်..ချင်စပ်လေးပါဆိုတော့ ကြိုက်မှကြိုက်ပါ..ရှလွတ်စ်… :k: