Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နားဦးတည့်ရာ သုံးဆယ့်ခွန် – “Mr Big” vs “ထွဏ်းထွဏ်း” (“To Be With You” vs “အချစ်ရူး”)

မြစပဲရိုးJuly 27, 20153min5457

တစ်ရက် မှာ ရေဒီယို က “Hold on little girl  … Show me what he’s done to you” ဆိုတဲ့ အသံကြားလိုက်တော့
ဟိုးအရင် နှစ်ဟောင်း ကိုယ် ဖလမ်း ဖလမ်း ထ နိုင် တုန်း က အချိန်တွေ ကို ပြန်ရောက်သွားသေးတယ်။

အဲဒီတုန်းက ရွှေပြည်ကြီး ထဲ တီဗီ ပေါ်ပြီး နောက်ဆက်တွဲ ဗီဒီယိုတွေပါ လိုက်လာသပေါ့။
ဒါပေမဲ့ ဗီဒီယိုအခွေတွေ ကတော့ ပြည်တွင်း ဘယ်ဖြစ်နိုင်ပါဦးမလဲ။
အနောက်တိုင်း က အခွေတွေ အားပြုပြီး ကြည့်ရချိန်ပေါ့။
၈၈ နောက်ပိုင်းမှာ ကျောင်းတွေပိတ်တော့ ကွန်ပျူတာသင်တန်း တွေ၊ အင်္ဂလိပ်စာစကားပြောသင်တန်း တွေ အတော်ခေတ်စားလာခဲ့တော့တာ။
ပိတ်ထားတဲ့ တံခါး ကို နဲနဲ ဟ ပေးထားလာတာမို့ အပြင် လောကကြီးကို ချောင်းကြည့်ဖို့ အခွင့်တွေ စပြီး ရလာတယ်။
ဒီတော့ သိုးဆောင်းသီချင်း တွေ ကို မှ နားမထောင်ရင်၊ လိုက် မညည်းတတ်ရင်ဘဲ ရေစီးကြောင်းထဲ နောက်ကျန်ခဲ့ ရတော့ မလို မို့ ဘိုသီချင်း MTV တွေ ကို လှိမ့်ကြည့်တော့တာဘဲ။

အဲဒီ အထဲ တွေက ကြိုက်ခဲ့တဲ့ MTV သီချင်းတွေထဲ မှာ American Boy band တစ်ခု Mr. Big ရဲ့
ရေဒီယိုထဲ ဒီ နေ့ထိ ပြန့်လွှင့်နေဆဲ သီချင်း “To Be With You” ဆိုတာ ကို အတော်လေး နှစ်ခြိုက်ခဲ့တယ်။
ကိုယ့်နဲ့ ဂျန်နရေးရှင်းတူ ရော့ခ်ဘိုးအေကြီးများ ရဲ့ ဆံပင်ရှည်ရှည် စတိုင် ကလဲ ကိုယ့်မျက်စိ ထဲ အင်မတန် ကြည့်ကောင်းသကိုး။
သူတို့ ထဲ က lead vocals သမား Eric Martin ရဲ့ စတိုင် ကို ပိုကြိုက်ပါတယ်။
အဲဒီ MTV ထဲ သူက မိန်းကလေး တစ်ယောက် လို ဘဲ ချစ်ဖို့ကောင်းတယ်။
(သများ က ကျားကျားလျားလျား အားကိုးချင်ဖွယ် ကြီး များ ကို ကြိုက်ဝူး)
အဲဒီအချိန် လူကြီး များ အမြင်မှာတော့ လမ်းသရဲ များပေါ့။
အခုခေတ်လူငယ် တွေ ရဲ့ ထိုးထိုးထောင် ဆံပင်စတိုင် နဲ့ ဆိုးဆေးများ ကို ကြည့်မရသလို နေခဲ့မှာပေါ့။
Boy Band တွေထဲ ဒီ အဖွဲ့ ကလဲ ကွဲ ပြီး လက်ရှိမှာ ပြန်ပေါင်းထုတ်ထားတာပါ။

အဲဒီ “To Be With You” သီချင်း က နိုင်ငံ ၁၅ နိုင်ငံ ရဲ့ နံပါတ်(၁) နေရာ ကို ရပြီး အတော်ပေါက်ခဲ့တဲ့ သီချင်းပါ။
. မြန်မာပြည် ထဲ ၁၉၉၅-၆ လောက်မှာ ထင်ရဲ့။
ထွဏ်းထွဏ်း ရဲ့ “အချစ်ရူး” ဆိုပြီး ကော်ပီ သီချင်း ဖြစ်လာတယ်။
ဒါကလဲ အတော်လေး ပေါက် တဲ့ သီချင်း ဖြစ်ခဲ့ပြန်တယ်။
အဲဒီ အချိန်ကလဲ မိန်းကလေး တစ်ယောက် ကို ရီးစား တော် ရဖို့ မဟာပုရိသများ အောက်ကျို့ ပြီး လိုက် ရ တဲ့ အချိန်ကိုး။
ဒီနေ့ အချိန်မှာတော့ သူတို့ က စင်ပေါ် မှာပေါ့။
မိန်းကလေးတစ်ယောက်ကို သူတို့ က စကြိုက် ပြီး အသဲအသန် စွဲလမ်း တယ် ဆိုတာ ရှိမယ် မထင်တော့။
မိန်းကလေး တွေ က ကိုယ့်အဆင့်ကိုယ်ချပြီး ရီးစားစကား စပြောနေမှတော့ ကွယ်။
. တော်ပါပြီ။ နိုင်ငံရေး တွေ ပါတော့မယ်။ lol;-)))))

ဒီ မူရင်း နဲ့ ကော်ပီ သီချင်းလေး တွေ ကိုသာ နားထောင်ကြပါတော့။

Mr Big  – “To Be With You”

Hold on little girl
Show me what he’s done to you
Stand up little girl
A broken heart can’t be that bad
When it’s through, it’s through
Fate will twist the both of you
So come on baby come on over
Let me be the one to show you

I’m the one who wants to be with you
Deep inside I hope you feel it too
Waited on a line of greens and blues
Just to be the next to be with you

Build up your confidence
So you can be on top for once
wake up who cares about
Little boys that talk too much
I seen it all go down
Your game of love was all rained out
So come on baby, come on over
Let me be the one to hold you

I’m the one who wants to be with you
Deep inside I hope you feel it too
Waited on a line of greens and blues
Just to be the next to be with you

Why be alone when we can be together baby
You can make my life worthwhile
I can make you start to smile

When it’s through, it’s through
Fate will twist the both of you
So come on baby come on over
Let me be the one to show you

I’m the one who wants to be with you
Deep inside I hope you feel it too
Waited on a line of greens and blues
Just to be the next to be with you

I’m the one who wants to be with you
Deep inside I hope you feel it too
Waited on a line of greens and blues
Just to be the next to be with you

Just to be the next to be with you

ထွဏ်းထွဏ်း – “အချစ်ရူး”

စိုးမိုးငါ့ရင်ထဲ လှုပ်ခါနိုင်စွမ်းရှိလေသူ
အသဲစွဲရူးမှာဘဲ
အဆိပ်တွေနဲ့ ဆူးရှိသူရယ်
အချစ်ရဲ့ဆူး၊ အသည်းဆူး
အသက်ပါယူမဲ့ အဆိပ်နဲ့ဆူး
မိတ်ဆွေများရယ် တားနေကြတယ်
ဒီမိန်းကလေး ကို မချစ်နဲ့ ရူးမယ်
ဒီကောင်မလေး အတွက်နဲ့ အချစ်ရူး ရူး
ဒီကောင်မလေးကြောင့် မူး
အချစ်တွက်မူး (အချစ်တွက်မူး)
မဖြေနိုင်အောင် အဆိပ်တက်မဲ့ အချစ် ဆူး ဆူး
အချစ်ရဲ့ ဆူးတွေဆူး
စိတ်မကုန်ခင် နောက်ဆုံးရူး အချစ်ရဲ့ရူး

မတားနဲ့ နောက်မဆုတ်ဘူး
ချစ်မယ် ဆက်ပြီးချစ်နေမယ်
မပြောနဲ့ သူ့အပြစ်တွေအတွက်
သိတယ် ငါခွင့်လွှတ်နိုင်တယ်
တအားချစ်နေတော့ သူကြောင့်
အသည်းတွေ ကြွေမွ ကွဲအက်သွားလည်း
ခွင့်လွှတ်ဦးမယ် ချစ်နေဦးမယ်
ဒီမိန်းကလေးကို အသက်ထက်ဆုံး

ဒီကောင်မလေး အတွက်နဲ့ အချစ်ရူး ရူး
ဒီကောင်မလေးကြောင့် မူး
အချစ်တွက်မူး (အချစ်တွက်မူး)
မဖြေနိုင်အောင် အဆိပ်တက်မဲ့ အချစ် ဆူး ဆူး
အချစ်ရဲ့ ဆူးတွေဆူး
စိတ်မကုန်ခင် နောက်ဆုံးရူး အချစ်ရဲ့ရူး

Mr Big
Mr Big Now & Then အဖိုးကြီး များ ဖြစ်နေပြီ။ ကြိုက်တော့ဝူး။ lol:-)))

7 comments

  • မြစပဲရိုး

    July 27, 2015 at 10:31 pm

    Build up your confidence .. So you can be on top for once
    wake up who cares about .. Little boys that talk too much
    I seen it all go down .. Your game of love was all rained out
    So come on baby, come on over .. Let me be the one to hold you

    https://www.youtube.com/watch?v=5QD5n98R_nk

  • မြစပဲရိုး

    July 27, 2015 at 10:36 pm

    မတားနဲ့ နောက်မဆုတ်ဘူး .. ချစ်မယ် ဆက်ပြီးချစ်နေမယ်
    မပြောနဲ့ သူ့အပြစ်တွေအတွက် .. သိတယ် ငါခွင့်လွှတ်နိုင်တယ်
    တအားချစ်နေတော့ သူကြောင့် .. အသည်းတွေ ကြွေမွ ကွဲအက်သွားလည်း
    ခွင့်လွှတ်ဦးမယ် ချစ်နေဦးမယ် .. ဒီမိန်းကလေးကို အသက်ထက်ဆုံး

    https://www.youtube.com/watch?v=jPj-uY0v2ds

  • ဇီဇီခင်ဇော်

    July 28, 2015 at 6:27 am

    သများးက ၉တန်းး ထွဏ်းးထွဏ်းး သီချင်းး စ နားးထောင်ဖူးးတုန်းးက…
    ရန်ကုန်သွားးလည်တော့ မှ မူရင်းး သီချင်းး ကို နားးထောင် ဖူးးတယ်…
    ကြိုက်တာ ကို….
    အဲဒီတော့ အကိုတွေက Mr Big အဖွဲ့ ကို ပြတဲ့ အချိန်
    ကိုယ် ကြိုက်တဲ့ သီချင်းးနဲ့ အသံဟာ အဲ့ဒီ ဆံရှည်တွေ လို့ ဘယ်လို မှ ခံစားးးမရ…

    ——–
    ဘွန်ဂျိုဘီ လေးး ၁ ပုဒ်လောက် နားးဦးးတည့်ပေးးပါအူးးးး
    သူ့ မျက်နှာလေးးတော့ ဆဲရှည်တွေ ကြားးထဲ က မြင်ပြီးးး စွဲလန်းးဖူးးတာမို့

    :mrgreenn:

  • kai

    July 28, 2015 at 9:08 am

    ကိုထွဏ်းထွဏ်း.. ယူအက်စ်ရောက်စက.. အင်တာတောင်ဗျူးဖူးသေးတယ်..။
    မှတ်မှတ်ရရ.. ဆန်တာမော်နီကာဘိချ်မှာ…။
    ခုတော့.. သူလည်း ဘာသာရေးဖက်ရောက်သွားပြီးကထဲက.. သိပ်မမြင်ရတော့…။

  • @QUIL@

    July 28, 2015 at 9:23 am

    အောင်းမြမင်း
    Mr.Big ကိုများ ဘွိုင်းဘန်တဲ့….
    ပြောရက်ထှာ…

    ဘွိုင်းတွေချည်းပဲ စုထားတဲ့ ဘန်မို့
    ဘွိုင်းဘန် လို့ခေါ်ရင် သဒ္ဒါအရတော့ မမှားဘူးဗျ…
    ဒါပေသိ… တကယ် ဘွိုင်းဘန် လို့ခေါ်တဲ့အနက်က …. အိုင်ဒိုးဆန်ဆန် ဆယ်ကျော်သက် ချာတိတ်တွေ စုထားတဲ့ ဘန်ဗျ…
    ထားပါတော့ … ဒါဆို Mr.Big က ဘာဘန် လဲပြောရမယ် ထင်တယ်
    အတိအကျ တံဆိပ်ကပ်လို့ရတာ …hard rock band ဗျ…
    ပြီးတော့ ၄ယောက်စလုံးက တယောက်မှမခေဘူး..

    အရီးနှစ်သက်တယ်ဆိုတဲ့ အဲရစ်မာတင် ဆိုတဲ့ဘီးကျဲက … အမေရိက နာမည်အကျော်ဆုံး ဗိုကယ်ထရိန်နာ လက်ထွက်
    to be with u က သူ့လက်ရာ… အဲ့သီချင်းက သင်ရိုးညွှန်းတန်း ဆန်လွန်းသဗျ…
    သူ့ရိုးဂုဏ်နဲ့ အကူတစီကာ သီချင်း…
    အဲရစ်မာတင် အဲ့သီချင်းရေးသွားတာ E Major နဲ့ဗျ…
    ဂီတာမှာ ထိပ်ဆုံးနဲ့ အောက်ဆုံးကြိုး ၂ချောင်းက E …

    သည်တော့ … ပေါ်လ် က အဲဒါတွေကို open string တွေနဲ့ လှအောင် တီးသွားတယ်…
    ဆိုလိုမှာ … ဟာမိုးနစ် တွဲသုံးသွားတယ်…
    သဘောက နုတ်တခုရဲ့ 1.5 over or under ဟာ အနှီ note နဲ့ ဟာမိုနီပြန်ကိုက်သွားတယ်ဆိုတာ..
    (အဲဒါမျိုး ကာလာသီအိုရီမှာလည်း ရှိသဗျ..)
    နောက်ဆုံးအပိုက်မှာ Gb အထိ ကီးတင်ပြီး ဆိုသွားတော့လည်း E +1.5 ပြန်ကိုက်နေပြန်တယ်…
    သိတဲ့ တတ်တဲ့လူတွေလုပ်တော့လည်း … လှနေတာချည်းပါပဲဗျာ…။

    အဲ့ဒါကို ဟိုဘီးကျဲ ကော်ပီယူဆိုတော့ … E-major နဲ့မဆိုဘဲ သူကီးနိုင်တဲ့ D-major ချဆိုတော့… အရသာပျက်ကုန်ရော…

    ကီးချဆိုတာကို အပြစ်မတင်ပါဘူး (ကီးတင်ဆိုလည်း အသားလွတ်တော့ လေးစားစရာမရှိ)
    အခုက open string နဲ့ တီးသံတွေ ပျောက်ကုန်ရော
    12th မှာ တခါပြန်ပြီး open string E-major ရဲ့ octave သံ ပြန်ထွက်တယ်…
    အဲဒါတီးထားတာလည်း လွဲကုန်တယ်……
    နောက်ဆုံးဗျာ…D-Major ချဆိုပြီး ကီးတင်ဆိုတဲ့နောက်ဆုံးအပိုဒ်ရောက်တော့
    E-Major ဖြစ်သွားရော….

    အဲ့လို…
    ခုဟာက …ဆြာ သောမက်စ် လက်ရာဗျ….
    စကားမစပ် …အဲ့သီချင်းကို မကော်နီ ဆိုထားတာ ရှိသဗျ…
    ကီးတော့ မသိဘူးဗျာ…စာသားမတူဘူး.. ဦးလှိုင်ထင်တယ်…

  • တောင်ပေါ်သား

    July 28, 2015 at 2:27 pm

    ( အဲဒီ အချိန်ကလဲ မိန်းကလေး တစ်ယောက် ကို ရီးစား တော် ရဖို့ မဟာပုရိသများ အောက်ကျို့ ပြီး လိုက် ရ တဲ့ အချိန်ကိုး။
    ဒီနေ့ အချိန်မှာတော့ သူတို့ က စင်ပေါ် မှာပေါ့။
    မိန်းကလေးတစ်ယောက်ကို သူတို့ က စကြိုက် ပြီး အသဲအသန် စွဲလမ်း တယ် ဆိုတာ ရှိမယ် မထင်တော့။
    မိန်းကလေး တွေ က ကိုယ့်အဆင့်ကိုယ်ချပြီး ရီးစားစကား စပြောနေမှတော့ ကွယ်။ )

    မထင်ပါနဲ့ အရီးရယ် ၊ အလဲလဲအကွဲကွဲသမားတွေ ဒု နဲ့ ဒေးပါဗျာ ၊

Leave a Reply