ဘီဘီ နှင့် သူ၏ …
ဒီ တစ်ခါ အလှည့်ကျ ဖျော်ဖြေ မဲ့ သူ က ဘီဘီ ပါ။
British Beef အတိုကောက်ပေါ့။ နာမည်ကျော် ကိုဘေး အမဲသားတော့ မဟုတ်ဘူး။
အတုံး လေးတွေ တုံးထားပြီး သား အထုတ် ကို ဝယ်တာပါ။
တစ်ထုတ် ကို ၄၀ဝဂရမ် နဲ့ ၃ထုတ် ဝယ်ပြီး ချက်ပါတယ်။
အဲဒါဆို နှစ်နပ် ခွဲ စာလောက် စားလို့ ရပါတယ်။
အမဲသားဟင်းချက်ရင် ပဲထမင်း နဲ့ တွဲစားတာများပါတယ်။
ပဲ က ပဲနီလေး ကို သုံးပါတယ်။
Rice cooker ထဲ မှာ ထမင်း ၅ဗူး ပဲ ၃ဗူး အချိုး နဲ့ ရောပြီး ချက်လိုက်တာပါ။
ကရဝေးရွက် နဲ့ သစ်ဂျပိုး အခေါက် နဲနဲ လဲ ထည့်လိုက်ပါတယ်။
သကြား တစ်ဇွန်း နဲ့ ဆားနဲနဲ လဲ ထည့်ပါတယ်။
ထမင်းတည်ပြီးလို့ ရေဆူချိန် ထောပတ် ထည့် မွှေ လိုက်တာပါဘဲ။
ရှု “စား” တော်မူကြပါ။ :-)))
![BB01](https://myanmargazette.net/wp-content/uploads/2015/07/BB01-310x233.jpg)
![BB02](https://myanmargazette.net/wp-content/uploads/2015/07/BB02-310x233.jpg)
![BB03](https://myanmargazette.net/wp-content/uploads/2015/07/BB03-310x233.jpg)
![BB04](https://myanmargazette.net/wp-content/uploads/2015/07/BB04-310x233.jpg)
![BB05](https://myanmargazette.net/wp-content/uploads/2015/07/BB05-310x233.jpg)
![BB06](https://myanmargazette.net/wp-content/uploads/2015/07/BB06-310x233.jpg)
![BB07](https://myanmargazette.net/wp-content/uploads/2015/07/BB07-310x233.jpg)
![BB08](https://myanmargazette.net/wp-content/uploads/2015/07/BB08-310x233.jpg)
![BB09](https://myanmargazette.net/wp-content/uploads/2015/07/BB09-310x233.jpg)
12 comments
ဇီဇီခင်ဇော်
July 29, 2015 at 6:10 am
ဟားးးဟားးး
အမြင်တော့ အတော်လှတယ်…
အရသာလည်းး ကောင်းးမယ်လို့ ယုံကြည်တယ်…
ကျနော် က ထောပတ်ကို အရင် ဆီသတ်ပြီးးမှ ဆန်နဲ့ ပဲ ဖည့် မွှေ
ပြီးးမှ ရေထည့်တယ် …
:mrgreenn:
Ma Ei
July 29, 2015 at 9:45 am
အိမ်မှာတော့ ထောပတ်ထမင်းချက်ရင် ထုံးစံအတိုင်းချက် ကျက်ခါနီးမှ
ရယ်ဒီမိတ် ထောပတ်ထမင်းချက်စရာအထုပ်တွေဖေါက်ထည့်(ရယ်ဒီမိတ်ထုပ်မှာပါတဲ့ အဆာပလာကနည်းလို့)
သီဟိုဠ်စေ့၊စပျစ်သီးခြောက်၊ ကျောက်ဖယုံယို အတုံးပိစိလေးတွေထပ်ထည်မွှေပြီး ပြန်ချက်လိုက်တာဆိုတော့
ဒီထက် အီးဇီးကွတ်တာတော့ ရှိမယ်မထင်… 🙂
လုံမလေးမွန်မွန်
July 29, 2015 at 11:43 am
BB ဆိုတော့ အဟွာမှတ်လို့.. ဟီး…
သများက အမဲသားမစားဝူး.. အာ့မိုးတွေ ချက်စားချင်တာ.. တစ်ယောက်တည်းဆိုတော့ မတန်ဘူးရယ်.. အဖော်စပ်ရအောင်ကလည်း ဟိုတစ်ယောက်က စိတ်မဝင်စား…
အရီးဆီပဲ လာစားတော့မယ်.. 😀
kai
July 29, 2015 at 2:33 pm
ယူပြီးကြရင်.. ကလေးကိုတော့.. အမဲသား(ပြန်)ကျွေးပါကွယ်..
လောလောဆယ်တော့.. အမဲသားအစား. ခွေးဂတုန်းနဲ့ချက်ပေါ့…။
ကြက်သွန်ဖြူလျှော့ပြီး.. အနီပိုထည့်လိုက်..။ :k:
လုံမလေးမွန်မွန်
July 30, 2015 at 11:01 am
အမဲသား ကြိုက်တယ်..ဒါမယ့် စားကာနီး သူတို့ကို မြင်လာတာနဲ့ မစားတော့တာ…
ဒါမယ့် ဆိတ်သားတော့ စားသေးတယ်.. ဆိတ်သားလည်း အားဖြစ်တယ်ဟုတ်.. 🙂
တောင်ပေါ်သား
July 29, 2015 at 1:27 pm
ထောပတ် မလိုင် နွားနို့ အဲ့ဒါတွေ အနံ့တောင် မခံနိူင်
အရသာက ကောင်းမယ့်ပုံပဲ ၊ ဒါပေမယ့် ခွဲတမ်းက နဲသဗျာ ၊ 🙂
ဒါနဲ့ အရီးဟင်းတွေမှာ နံနံပင်က နေရာတကာပဲနော်
မြစပဲရိုး
July 29, 2015 at 9:33 pm
ဝင်ရောက် ရှုစား ကြတဲ့ အားလုံးဘဲ ကျေးဇူးကြီးပါရှင့်။ :-))
လာစားလုံမ ပိုပြီးချက်ထားတာ။ သူကြီး ပြောတဲ့ ” ခွေးဂတုန်း” ဆိုတာ နားအလည်ဝူး။ 🙄
kai
July 30, 2015 at 1:49 am
ဆိတ်ကိုပြောတာလို့.. မှတ်မိတာပဲ..။ :k:
Ma Ma
July 30, 2015 at 10:50 am
ဆိတ်ကတုံးသားဆိုတာတော့ ခွေးသားကိုပြောတာပဲ။
ရှု့စားတော်မူပြီး ချက်စားတော်မူချင်လာပြီ။ 😆
Mike
July 30, 2015 at 3:40 pm
.“ ခွေးဂတုန်း” မကြားဖူးပါဘူးဗျာ…ဆိတ်ကတုန်း ပါ..ခွေးသားကိုပြောတာ :k:
Alinsett @ Maung Thura
July 30, 2015 at 4:26 am
အမဲသားကို ကြိုက်လို့
.ဖြတ်ကြည့်တာ မရ။
.ပြန်ပြန်စားမိတာပဲ။
အခုတော့ မြွေသားတို့ ကြွက်သား ကြောင်သား ခွေးသားကလွဲရင် ကျန်တာ အတော်များများ မရှောင်ရေးချမရှောင်
ဟေသီ
July 30, 2015 at 3:23 pm
အမဲသားတော့ မစား၍ အရသာ မမှန်းနိုင်ပေမယ့် အမြင်မှာတော့ အတော်စားကောင်းမယ့် ရုပ် အဲ ပုံ.. ပဲထမင်းက တီးချင်စရာ ပုံတွေကြည့်ရင်း တံတွေးမျိုချသွားသည်… ဂလု….