“ခါတော်မှီ အလှူ”
“ခါတော်မှီ အလှူ”
ဒီနှစ် ဝါထပ်တော့ ရေကြီးတာပေါ့။
ရေကြီးတာမှ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကို ကြီးတာပါ။
အဲတော့ အစိုးရကပစ်ထားတဲ့ရေဘေးဒုက္ခသည်တွေကို ပြည်သူအချင်းချင်းကဘဲ ဝိုင်းကူကြတာပေါ့။
ကိုယ်ဆိုင်ရာ နယ်ပယ် ကိုယ် ကျွမ်းကျင်ရာ နယ်ပယ် ကနေပြီး ကူညီဘို့ ငွေရှာကြရတာပေါ့။
ကျနော်တို့မန်းလေးက ဓါတ်ပုံဆရာများကလဲ ကျုံးနံဘေးမှာ ဓါတ်ပုံတွေခင်းကျင်းပြီး ရောင်းချပြီး
လှူဘို့လုပ်ကြတာပေါ့။
အဝေးရောက်နေတဲ့ကျနော်က ဒီပွဲမှာပါချင်ပေမယ့် မပါ နိုင်ဘူး။
မိတ်ဆွေတွေက ဘယ်ပုံ ရောင်းရပြီ ဆိုပြိး ဖေစ်ဘုတ်မှာတက်လာတော့ အားကျ ဝမ်းသာပေါ့။
ဒါနဲ့ကျနော်လဲ ကျနော်ပုံလေးတွေထဲက စိတ်တိုင်းကျတာတွေစုပြီး
ဖေစ်ဘုတ်က ကျနော် စာမျက်နှာမှာတင်လိုက်ပါတယ်။
ကြေးသတ်မှတ်မထားပါဘူး ကြိုက်တဲ့သူက ကကြိုက်တဲ့အရွယ်အစားကိုကြိုက်ဈေးနဲ့ဝယ်နိုင်အောင်လို့ပါ.
ဒီနေ့မနက်တော့ “ကံသာနွဲ” ဆိုတဲ့မိတ်ဆွေက 6×8 အရွယ်အစားလေးပုံ ကို တစ်ပုံ တစ်သောင်းနဲ့ ဝယ်ယူလှူဒါန်းသွားပါတယ်။
ရွွှာသူ snow smile ကလဲ (16×20) တစ်ပုံကို ကျပ်ငါးသောင်းနဲ့ဝယ်ယူထားပါတယ်။
ရောင်းလို့ရသမျှ ငွေကို မန်းလေးက ဓါတ်ဆရာတွေလှူဒါန်းတဲ့အထဲမှာ ပါဝင်လှူဒါန်းမှာဖြစ်ပါတယ်။
ကုသိုလ်ပါဝင်ကြပါလို့ နိူးဆော်အပ်ပါတယ်။







ထားသောပုံ
ဖေစ်ဘုတ်မှာကျနော်ပုံတွေတင်ထားပါတယ်။
ဒါမှမဟုတ်လဲ ကျနော်တင်ထားသမျှ ဓါတ်ပုံတွေထဲက ကြိုက်တဲ့ပုံကိုပြောပြပါ။
ရောင်းပါမည်။
ရောင်းပြီးလျင် လှူပါမည်။
09-259564699 ကို
(မနက် 8နာရီမှာ ည 7နာရီအတွင်း) ဆက်သွယ်နိုင်ပါသည်
ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ
7-8-2015
6 comments
ကိုပေါက်(မန္တလေး)
August 7, 2015 at 6:28 pm
ကိုခိုင်
ပွိုင့်တစ်သိန်းရ တဲ့ အတွက် ကျပ်တစ်သိန်းရယ်
စာမူတပုဒ် ပုံနှိပ်တဲ့ အတွက် ကျပ်တစ်သောင်းရယ် မပဒုမ္မာက တစ်ဆင့် လက်ခံရပြီးပါပြီ
ကျနော်နာမယ် ကို တောပ့်တင်းကနေဖြူတ်ချလို့ ရပါပြီ
Ma Ma
August 8, 2015 at 6:52 am
ဖဘလင့်ခ် ထည့်ပေးထားရမှာ။
ကိုပေါက်(မန္တလေး)
August 8, 2015 at 9:12 am
မနေ့ညက အမရာဖြူလေးက ကျပ်တစ်သောင်းနဲ့ တစ်ပုံ
ရွာသူ မပဒုမ္မာက ကျပ်နှစ်သောင်းနဲ့ တစ်ပုံဝယ်ထားပါတယ်။
အောင် မိုးသူ
August 11, 2015 at 9:43 am
ကြာပန်းပုံလေး သဘောကျမိ ပန်းချီလိုလိုလေးမို့ ။ သိပ်အဆင်မပြေလို့ မဝယ်ဖြစ်တော့တာ ခွင့်လွတ်ပါ ဗျ။
ကိုပေါက်(မန္တလေး)
August 11, 2015 at 2:46 pm
ကြာပန်းပုံလေးက မပဒုမ္မာ က ဝယ်ယူလှူဒါန်း သွားပါတယ်
Shar Thet Man
April 3, 2019 at 4:12 pm
လှတယ် ခုကောရောင်းသေးလား