.အိမ်နီးချင်း အိမ်တစ်အိမ်က လွန်ခဲ့တဲ့ တစ်လခွဲတုန်းက သိန်း ၁၀ဝ ထီပေါက်ပါတယ်။ စိတ်ထဲ ခြောက်လတော့ ခံမှာပေါ့လေလို့ ထင်လိုက်မိတယ်။ ထီပေါက်တဲ့လူတွေ သိပ် မကြာခင် ဒုံရင်းပြန်ရောက်သွားတာ မကြာခဏ ကြုံ ခဲ့ဖူးလို့ပါ။ တစ်ရက်ကမှ သိလိုက်ရတာကတော့ ထီပေါက်တဲ့အိမ်ဟာ တစ်လခွဲနဲ့ သိန်း ၁၀ဝ ပြောင်သွားပြီ ဆိုတဲ့ သတင်း၊ ဝတ်ထားတာ အတုတွေပါတဲ့။ အစစ်တွေကို ပြန်ရောင်းပြီး အရှက်သိပ် မကွဲအောင် အတုတွေ ဝတ်ထားတာပါတဲ့။ မြန်မာတွေ အသုံးကြီးတယ်၊ အကြွားသန်တယ် စသဖြင့် မပြောလိုတော့ပါဘူး။
.ဒါနဲ့ ဆက်စပ်ပြီးတွေးမိတာက မိမွေဖမွေကိစ္စ။ မြန်မာလူမျိုး နဲ့ တရုတ်လူမျိုး သားသမီးကို အမွေပေးပုံချင်း မတူပါဘူး။ တရုတ်တွေဟာ သားသမီးကို မိဘလက်ငုပ်လက်ရင်းပဲဖြစ်ဖြစ်၊ သီးသန့်စီးပွားပဲဖြစ်ဖြစ် လုပ်ငန်းတစ်ခုထောင်ထား ပေးပြီး သားသမီးကို လုပ်ငန်းအမွေ၊ တနည်းအားဖြင့် ဈေးကွက်အမွေကို ပေးထားပါတယ်။ လုပ်ငန်းတစ်ခုလုပ်တယ်ဆိုတာက သာမန်ဆိုင်လေးတစ်ဆိုင်တောင် ဝယ်လက်ရှိလာဖို့၊ ဈေးကွက်ရှိလာဖို့ (ထားပါတော့လေ၊ ဒီနေရာမှာ ကျမထက် ပိုသိတဲ့လူတွေများတယ်) အကြပ်အတည်းတွေ၊ အတွေ့အကြုံတွေ၊ အချိန်ကာလတွေ အများကြီး ရင်းနှီးထားရပါတယ်။ ပိုက်ဆံရှိမှ ကောက်လုပ်၊ ဗြုန်းဆို ဖြစ်ထွန်းလာတာမျို းက မရှိသလောက် ရှားမယ်ထင်ပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းတိုင်းဟာ တချိန်က ရုန်းခဲ့ရတာချည်းပါပဲ။ တရုတ်တွေ သားသမီးကို အမွေပေးတယ်ဆိုတာ ငွေကြေးသက်သက် မဟုတ်ဘဲ၊ .အတွေ့အကြုံ ရယ်၊ အချိန်ရယ်၊ ဈေးကွက်ရယ်ကို ပေးလိုက်တာပါ။
.မြန်မာမှာကျတော့ မိဘက သားသမီးကို ပညာသင်ပေးမယ်၊ မိဘဝတ်ကျေပြီပေါ့လေ။ ခေါင်းအေးအေးနဲ့ အချိန်ယူပျိ ုးထောင်ရတဲ့ လုပ်ငန်းတစ်ခု ထူထောင်ပေးဖို့ နေနေသာသာ၊ မတော်တဆ အိမ်ထောင်ကျသွားရင် အိမ်ပေါ်က ကြွပေတော့ပဲ။ တရုတ်နဲ့ မတူဘူး။ တရုတ်က ချွေးမ ရရင် ကိုယ့်သား ဟိုဘက် အပါမခံဘူး။ ချွေးမကိုသာ မရမက ခေါ်ထားတတ်ပြီး ဝိုင်းလုပ်ဝိုင်းစားနဲ့ အဆင်ပြေအောင် လူ့စွမ်းအားကို အသုံးချတယ်။ တစ်ပြိုင်တည်းမှာပဲ ကိုယ့်သားသမီးကို လုပ်ပိုင်ခွင့်လည်းပေး၊ ခိုင်းလည်း ခိုင်းနဲ့ စီးပွားရေးသမားဖြစ်လာအောင် ပျ ိုးထောင်ပေးလိုက်ကြတယ်။
.မြန်မာမှာကတော့ သားသမီးကို လုပ်ငန်းအမွေပေးတာမျိုး ရှိပေမယ့် အရေးကြီး တာဝန်တစ်ရပ်အနေနဲ့ သဘောမထားဘူး။ မိဘသေမှ ရှိတာထုခွဲရောင်းချ၊ မောင်နှမတွေ အမွေခွဲ၊ လုပ်ငန်းဆိုလည်း ခွဲ။ အဲဒီတော့ စောစောက ထီပေါက်တဲ့အိမ် ဥပမာလိုပါပဲ။ ငွေကြေးအကိုင်အတွယ်မတတ်၊ စိတ်ကိုလည်း အထားမတတ်၊ ငွေနဲ့ လူနဲ့ အသားမကျတော့ဘဲ မကြာခင် လုံးပါး ပါးရပါတော့တယ်။ ။
ဝင့်ပြုံးမြင့်
Post Views: 943
40 comments
ဇီဇီခင်ဇော်
August 28, 2015 at 1:59 pm
အဲတော့လည်း မြိုလည်ခေါင်က မြန်မာတိုက်တွေ
တရုတ်တွေ ကုလတွေ လက် ထိုးရောင်းပြီး မြိုပြင်ထွက်ရတာပေါ့။
ပြီးရင် တော့ နယ်ချဲ့တယ်ဆိုပြီး ဒေါသ က တခြါးလူမျိုးပုံကျပြီး အပြစ်ရှာကြအူးမယ်။
မပြေါတော့ပါဘူးး
မနှစ်ကမှ အဖိုးအမွေဆိုင်အိမ်ကို အမေတို့ မောင်နှမတွေ ဘေးအိမ် က တရုတ်ကို ရောင်းပြီးမှ ခွဲကြတာ။
ကိုယ်တွေလည်း ပါ နေတယ်။
ဟိဟိ။
:k:
ဝင့်ပြုံးမြင့်
August 28, 2015 at 4:57 pm
.အဲ အမွေဆိုင်အိမ်ကို သားသမီးတွေထဲက တစ်ယောက်မှ ပြန်အမ်းမယူကြတာလည်း ခက်တယ်။
အောင် မိုးသူ
August 28, 2015 at 2:00 pm
အမွေဆိုတာ ထိုက်မှ စံရတာလို့လည်း ကြားဖူးပါတယ်။ အမြော်အမြင်ရှိတဲ့ မိဘလည်း လိုသေးတယ်နော်။ သားသမီးတွေလည်း လိမ္မာမှ ရမှာပါ။
ဝင့်ပြုံးမြင့်
August 28, 2015 at 5:02 pm
.အမွေခံထိုက်တယ် ဆိုတာ သားသမီးထက် မိဘနဲ့ပိုဆိုင်ပါတယ်။ မိဘက စကတည်းက လမ်းကြောင်းပေးထားရတာ။ လက်ဗလာနဲ့ ရုန်းရတဲ့လူနဲ့၊ မိဘပျ ိုးထောင်ပေးထားတဲ့လူနဲ့ ခရီးရောက်တာချင်း ကွာတယ်။ မြန်မာတွေဟာ အတွေးအခေါ်တွေရဲ့ သားကောင်တွေလားလို့ အမ အမြဲသံသယရှိပါတယ်။ ကိုယ်တိုင်လည်း မိဘအတွေးအခေါ်တစ်ချက်မှားတာရဲ့ သားကောင်ပါပဲ။ သူတို့တွေးပုံခေါ်ပုံ မဟုတ်တော့ သားသမီးက ဘဝနဲ့ထိုးဆပ်နေရတာတွေ။
aye.kk
August 28, 2015 at 2:31 pm
မိမွေဖမွေနဲ ့ပါတ်သက်ပြီး
မိဘကလည်းမိဘဝတ္တရားကျေပွန်
သားသမီးကလည်းသားသ္မီးဝတ္တရားကျေပွန်
ကျေပွန်ကြမှသာမွေခံထိုက်မှာ အမှန်မလွဲပါဘဲ။
ဝင့်ပြုံးမြင့်
August 28, 2015 at 5:06 pm
. အမအေးဆိုလိုတဲ့အတိုင်း မိဘနဲ့ သားသမီး သူ့ကျေးဇူး ကိုယ့်ကျေးဇူး အပြန်အလှန် ကူးလူးတုန့်လှယ်ကြတဲ့ စနစ်သာ အောင်မြင်နိုင်ပါတယ်။ မြင့်မိုရ်တောင်ဦး ဘာညာနဲ့ တစ်ဖက်စောင်းနင်း တွေ အလုပ်မဖြစ်ပါဘူး။ အထက်နဲ့အောက် အချင်းချင်း ထိန်းညှိတဲ့ စနစ်ကို မိဘနဲ့သားသမီးကြား အရင်တည်ဆောက်သင့်ပါတယ်။
black chaw
August 28, 2015 at 2:52 pm
ကျွန်တော် ဆရာခင်မောင်ညို (ဘောဂဗေဒ) ရဲ့
ဟောပြောပွဲ တစ်ခု တက်ခဲ့ဖူးတယ် ဗျ။
အဲဒီမှာ ဆရာက ဘာ ပြောလဲဆိုတော့ Money Education ဆိုတာကို
ရုပ်ပုံလေးတွေနဲ့ အသေအချာ ရှင်းပြတယ်ဗျ။
သုံးတာက ဘယ်လို၊ ဖြုန်းတာက ဘယ်လို၊ စု တာက ဘယ်လို စသည်ဖြင့် ပါတာပေါ့ဗျာ။
တရုတ် က သားသမီးတွေ ကို ဘယ်လို သင်တယ်။
ကုလား က သားသမီးတွေ ကို ဘယ်လို သင်တယ်။
စသည်ဖြင့်ပေါ့။
အဲဒါ နားထောင်ပြီးမှ ပိုက်ဆံ အကြောင်းကို ကျွန်တော် တော်တော် နားလည်သွားတယ်လို့
ဝန်ခံရမှာပါပဲ။
အဲဒါ ၂၀၁၂ လောက်က မန္တလေး မှာ လုပ်တဲ့ ဆီမီနာ မှာ ဗျ။
ကျွန်တော်တို့ မြန်မာ မိဘ တော်တော် များများ သားသမီးတွေကို
Money Education ကို သေသေချာချာ သင်ပြမပေးနိုင်ခဲ့ကြဘူးလို့ ထင်တယ်ဗျ။
ကျွန်တော့် အသက် ၄၂ နှစ်မှာ မှ Money Education ဆိုတာ ရှိမှန်း
နားလည်သွားတယ်။
ပိုက်ဆံ အကြောင်းနားမလည် သူတစ်ယောက် လက်ထဲကို
ပိုက်ဆံ အစုလိုက်အပြုံလိုက်သွားထည့်ရင် ကောင်းကျိုးထက် ဆိုးကျိုး ဖြစ်ဖို့က
များတယ်ဗျ။
ငွေ အကြောင်း မသိ နားမလည်သေးတဲ့ လူတစ်ယောက်အတွက်
ငွေ ဆိုတာ အဆိပ်ပါပဲ။
ကျွန်တော့် အယူအဆကတော့ ကျွန်တော်တို့ မြန်မာ လူမျိုးတွေ အနေနဲ့
သားသမီးတွေကို Money Education အကြောင်း သင်ပေးဖို့ လိုလိမ့်မယ်ထင်ပါတယ်။
ဆရာမ ပြောတဲ့ ထီပေါက်တဲ့ အိမ်ကလူတွေဟာ Money Education ကို မသိနားမလည်သူတွေ
ဖြစ်ပါလိမ့်မယ်ဗျာ။
လိုရင်းရောက်မရောက်တော့မသိ။
ရေးချင်ရာ ရေးသွားပါတယ်ဗျာ။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
ဝင့်ပြုံးမြင့်
August 28, 2015 at 5:08 pm
.အသက် ၄၂ နှစ်ရောက်မှဆိုတော့ သိပ်နောက်ကျတာပေါ့နော်။ စောစောသာသိရင် ဒီ့ထက် ပိုဖြစ်ထွန်းတယ်။ ကျမကတော့ ခုထိ ငွေသုံး မတတ်သေးဘူး။ ပိုက်ဆံအကြောင်း ကျမ မသိဘူး။ သဘောသွားလေးလောက်ပဲ ရိုးတိုးရိပ်တိပ်သိတာပါ။
Alinsett @ Maung Thura
August 28, 2015 at 3:01 pm
အစ်မက…တရုတ်….အမျိုးအနွယ်ထဲကလား…
ဝင့်ပြုံးမြင့်
August 28, 2015 at 5:10 pm
.ဗမာစိတ်ပေါက်သွားတဲ့ တရုတ်တွေရှိတယ်။ အဲဒါတွေ ပိုဆိုးတယ်။ ဗမာစိတ်ပေါက်သွားတဲ့ တရုတ်ကျတော့ အိမ်ထောင်ရေး အားမပေးတော့ဘူး။
Alinsett @ Maung Thura
August 28, 2015 at 5:42 pm
ဒါဆို…အစ်မက…ဗမာစိတ် မပေါက်သေးတဲ့ တရုတ် ပေါ့နော်..
:k:
Ma Ma
August 28, 2015 at 3:23 pm
အဲဒါကြောင့် ထီပေါက်တာ ကံကောင်းတာလား၊ ကံဆိုးတာလားဆိုပြီး ပြောတာကို ကြားဖူးတယ်။
အရင်တုန်းက မရှိရင် မရှိသလိုနေခဲ့ပေမယ့် ရှိပြီးမှ မရှိသလိုလည်း မနေနိုင်၊ ရှိလည်းမရှိတော့ အရင်ကထက်ပိုပြီး ဒုက္ခရောက်ကြရတယ်တဲ့။
မိမွေဖမွေဆိုတာကို ပြောရရင် ဟိုးတုန်းကတော့ မိဘလက်ငုတ် သားသမီးဆက်လုပ်နဲ့ အစဉ်အဆက်လုပ်လာကြတာပဲ။
ခုခေတ်မှာတော့ ပညာရေးအတွက်ဆိုပြီး ကလေးတွေကို နိုင်ငံခြားမှာပညာသွားသင်ခိုင်းရင်းနဲ့ မိဘလက်ငုတ်လက်ရင်းကို ဆက်ခံမယ့်သူမရှိတဲ့အဖြစ်မျိုးတွေ များလာပြီ။
ဝင့်ပြုံးမြင့်
August 28, 2015 at 5:22 pm
.ဒါက လူချမ်းသာလူနည်းစုအတွက်ပါ တီမရေ။ သာမန်လူများစုကတော့ ပညာသင်ပေးတယ်ဆိုတာ သာမန်ဘွဲ့တစ်လုံးလောက်ပါပဲ။ ပြီးတာနဲ့ အလုပ်လိုက်ရှာ။ ကိုယ့်အားကိုယ်ကိုးဆိုပြီး သဘောတရားနဲ့ ကိုင်ပေါက်ထည့်လိုက်တာ။ တကယ့် လူတွေကြားထဲ နေကြည့်။ မိဘဝတ်တရားငါးပါးမှာ ပေးဝေနှီးရင်း ထိမ်းမြားခြင်းလျှင် ဆိုတဲ့ ဝတ် ၂ဝတ်ကို ဘယ်မိဘမှ မသိကြဘူး။ မသိချင်ယောင်ဆောင်နေကြတာ။ ဒီအရွယ်ထိရောက်လာအောင် ကျွေးမွေးပြီးပြီ၊ ပညာသင်ပေးပြီးပြီ ကျန်တာ ကိုယ့်အားကိုယ်ကိုးဆိုပြီး လုပ်ထည့်လိုက်ကြတာချည်းပဲ။ အိမ်ထောင်ရေးဆိုရင်လည်း နည်းမျိုးစုံ နှောက်ယှက်တယ်။ ဗမာမှာက မိဘနဲ့သားသမီး အချင်းချင်း အပြန်အလှန်ထိန်းချုပ်တဲ့ စည်းကမ်း မရှိဘူး။ ဒီကြားထဲ ဘယ်စာရေးဆရာက ထဖောက်သလဲ မသိဘူး။ ကိုယ့်မိဘတောင်ကိုယ် အကောင်းမထင်ရင် ဒီလူ ဘယ်သူ့ပေါ်မှ ကောင်းမှာမဟုတ်ဘူးဆိုတဲ့ အတွေးအခေါ်တစ်ရပ် ခေတ်စားခဲ့သေးတယ်။ သားသမီးကိုသာ မိဘတွေ သူတို့ပြောတဲ့အတိုင်း မြင့်မိုရ်တောင်ဦး ကျေးဇူးရှိအောင် လုပ်ခဲ့ရင် ဒီကနေ့မှာ မြန်မာလူငယ်တွေ မွဲနေမလား။
kai
August 28, 2015 at 3:40 pm
ယူအက်စ်မှာလည်း.. ဒီအတိုင်းပါပဲ..။
ထီပေါက်ပြီး.. အကုန်ပြောင်…။
========
20 Lottery Winners Who Blew It All – Business Insider
http://www.businessinsider.com/lottery-winners-who-lost-ever...
Business Insider
Dec 14, 2013 – As one of the largest jackpots in U.S. lottery history climbs to $550 million and potentially beyond, we’re reminded that winning the lottery will not solve all problems.
In fact many people’s lives became notably worse after they got super rich, and they managed to lose it all quite quickly.
Read more: http://www.businessinsider.com/lottery-winners-who-lost-everything-2013-12#ixzz3k6D4l3Iq
ဝင့်ပြုံးမြင့်
August 28, 2015 at 5:28 pm
.ဟုတ်ပါ ့ သဂျီး သိန်း ၁၀ဝ ကို တစ်လခွဲနဲ့ ပြောင်းသွားတာ အံ့ဩလို့ မဆုံးဘူး။ ၆လလောက်တော့ ခံမယ်ထင်တာပေါ့။
တောင်ပေါ်သား
August 28, 2015 at 3:42 pm
သတင်းစာထဲမှာ သားသမီးတွေ အမွေလုတဲ့အမှုတွေမြင်တိုင်း
တစ်ဦးတည်းသောသား ဖြစ်ရတာ ခပ်ကောင်းကောင်းလို့တွေးမိပါရဲ့
အမွေကတော့ အဖေ့သွေးကြောင့် သီချင်းဆိုတာ ဝါသနာပါသလို
အမေ့သွေးကြောင့် စာရေးရတဲ့ အယ်ဒီတာဘဝမှာ ပျော်နေပါတယ် ၊
ဒါတွေအတွက် အဖေ နဲ့ အမေကို ကျေးဇူးတင်မဆုံးပါဘူး ၊
ဂျက်စပဲရိုး
August 28, 2015 at 3:55 pm
ကျေးဇူး တင်ရင်ဖြင့် အမေ စီမံ တာ လက်ခံ လိုက်ပါ ဦးမျိုး ရယ်… 😛
ဝင့်ပြုံးမြင့်
August 28, 2015 at 5:26 pm
.ဂျက်စပဲရိုးကို ထောက်ခံပါသည် ဟီဟီ။
တောင်ပေါ်သား
August 29, 2015 at 12:59 pm
လူဆိုးတွေ 🙂
ဦးကျောက်ခဲ
August 28, 2015 at 4:15 pm
ပိုက်ဆံနဲ့ စီးပွါးဥစ္စာခန့်ခွဲမှုက လူမျိုးနဲ့မဆိုင် လူနဲ့ပဲဆိုင်ပါတယ်…
ဒီမှာလည်း ထီပေါက်လို့ သုံးဖြုန်းပြီး အကြွေးအဆစ်တင်သွားသူတွေ ဒုနဲ့ဒေး…
အရွယ်ရောက်ရင် ကိုယ့်လမ်းကိုယ်လျှောက်ဆိုပြီး ကန်ချလိုက်တာပဲ…
သားမက်တွေ ချွေးမတွေ အိမ်ပေါ်တင်ဖို့ဆိုတာ စဉ်းတောင် မစဉ်းစားကြဘူး…
အလုပ်အကိုင်အရမ်းကောင်းတဲ့ ရှေးရိုးစွဲတွေပဲ လူရွေးပေးစားပြီး စီးပွါးရေးထဲထည့်ကြတာ
ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အနှိမ်ခံ အခွဲခြားခံရတဲ့ ဒုတိယတန်းစား နိုင်ငံသားတွေက
နယ်ပယ်စုံမှာ ပိုပြီးအောင်မြင်တတ်တာ ဓမ္မတာပါပဲ …
စီးပွါးရေးသမားက စီးပွါးရေးအမွေပေး ၊ ပညာတတ်က ပညာအမွေပေးတာလည်း …
တွက်ကြည့်ရင်သိပ်တော့ မထူးဆန်းပါဘူး …
စိနတိုင်းမှာနေတာမို့ သူတို့လည်း ခေါင်းတစ်လုံးအပိုမပါတာ မျက်မြင်ပါ …
မြန်မာပြည်မှာက အစိုးရလုပ်ငန်းတွေမှာ FRC တွေကို ကန့်သတ်ထားတော့ …
အသက်ရှင်နေထိုင်မှုအတွက် စီးပွါးရေးကလွဲရင် စိတ်ဝင်စားစရာ အခြားမရှိ …
ဝင့်ပြုံးမြင့်
August 28, 2015 at 5:33 pm
.ကျောက်စ်ပြောတာ သိပ်တော့ နားမလည်ဘူး။ ဒါပေမယ့် ကိုယ်ကလည်း ကြိုးစားနေတဲ့လူပါပဲ၊ ဒါပေမယ့် မိဘကမြေတောင်မြှောက်ပြီး ရှေ့ကပြေးထားပြီးသားလူတွေကို ဘယ်လိုမှ မမီနိုင်တော့ဘူး။ ကိုယ်တွေ့။ ဘာပဲဖြစ်ဖြစ်၊ မိဘတွေသာ မှန်တာများခဲ့မယ်ဆိုရင် ဒီကနေ့ မြန်မာလူငယ်လေးတွေ ဒီ်အခြေအနေ ဆိုက်မလား။
Shwe Ei
August 28, 2015 at 4:44 pm
-လက်ဖွာတဲ့ အမေ တစ်ယောက်ကို ပို်င်ဆိုင်ထားတဲ့ သမီးမို့
-ပို့စ်ရဲ့ဆိုလိုရင်းကို ကောင်းကောင်းနားလည်ပါတယ်..
-ဒါပေမဲ့ အမေ့ကျေးဇူးကြောင့်တတ်ခဲ့တဲ့ ပညာတွေကို အသုံးချပြီး
-အကောင်းအဆိုး ခွဲခြားသိဖို့က သားသမီးတာဝန်ဖြစ်သွားပါပြီ
-ကို့အမေလက်ထက်က မစုဆောင်းနိုင်ခဲ့တဲ့ ပစ္စည်းဥစ္စာ တွေ ကို့လက်ထက်ကျ
-ကြိုးစားပြီး စုဆောင်းမယ်လို့ တွေးတဲ့ သားသမီးကလဲ ခပ်ရှားရှား
-မြန်မာစကားပုံတွေကလဲရှိတာကိုး
-သားသမီးမကောင်း မိဘခေါင်း
-တပည့်မကောင်း ဆရာ့ခေါင်း.. စသည်ဖြင့်
-ကို့အပြစ်ကို သူများခေါင်းပေါ် တင်လို့ ရမဲ့ လမ်းညွှန်မှုတွေလဲ ရှိကြတယ်လေ 😛
ဝင့်ပြုံးမြင့်
August 28, 2015 at 5:36 pm
.ဟုတ်ပါတယ် မရွှေအိရေ။ အမွေဆိုတာ အတွေ့အကြုံရယ်၊ အချိန်ရယ်၊ ဈေးကွက်ရယ်ကို ပေးနိုင်မှ။ ကွန်ချက်ပြပေးတာကို ဆိုလိုတာပါ။ အထက်က ကိုဘလက် ပြောတဲ့ money education
ဝင့်ပြုံးမြင့်
August 28, 2015 at 6:12 pm
.ပြီးတော့ တိုင်းပြည်စီးပွားရေးကျတာ ယေဘုယျအားဖြင့် အစိုးရမကောင်းဘူးပေါ့လေ။ ဒါလည်း မှန်ပါတယ်။ ဒါပေမယ့် တရုတ်တွေ ကုသလတွေ ဘာလို့ကြီးပွားနေတုန်း။ ကျမထင်တယ်။ မိဘက သားသမီးကို ပြုစုပျိ ုးထောင်မှု အရေးကြီးတယ်။ အတွေးအခေါ်အချို့ ပြောင်းလဲသင့်တယ်။ ဗမာမှာက ဘုရားရှိခိုး မေတ္တာပို့ ဆုတောင်းရင်တောင် လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ လို့ မေတ္တာပို့ကြတယ်။ စဉ်းစားကြည့်ကြစမ်းပါဦး။ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း။ သတ္တဝါတွေ တစ်ကောင့်တစ်ကောင် မစားမသောက်ဘဲ နေရမလား။ ဘာဖြစ်လို့ ဒီလောက်မဟုတ်တာကြီးကို ဘုရားရှိခိုးထဲ ထည့်ဆိုနေကြသလဲ။ ဘာဖြစ်လို့ အမှန်တရားတစ်ခုဟာ တန်ဖိုးမရှိသလဲ။ အမှန်တရားတစ်ခုဟာ မိရိုးဖလာအယူအဆထက် ဘာဖြစ်လို့ တန်ဖိုးပိုမရှိရတာလဲ။
ကိုပေါက်(မန္တလေး)
August 28, 2015 at 8:36 pm
အဲလိုဖြစ်တာ ငွေကြေးစီမံခန့်ခွဲမူ့ မတတ်လို့ဖြစ်ကုန်တာပါ။
နောက်တစ်ချက် ထီပေါက် ချဲပေါက်ဆိုတဲ့ လောင်းကစားလို ကိုယ်တိုင်အလုပ် မလုပ်ဘဲ
အလွယ်ရလိုက်တဲ့ ငွေကြောင့် လဲ ဖြစ်နိုင်ပါတယ်။
ကိုယ်ပင်ပင်ပန်းပန်းမရှာရဘဲ ရတဲ့ငွေဆိုတော့ မနှမျောဘဲ သုံးချင်သလို သုံး သပေါ့။
အဲလို ငွေရရင်
အချို့ကတော့ ဘာအလုပ်မှာ မလုပ်တော့ ဘဲ အရင်က မသုံးခဲ့မစွဲခဲ့ရတာတွေကို
အတိုင်းချပြီးသုံးတယ်
အကြွားပိုပြီး ဝတ်တယ် စား တယ် သုံးပြတယ်
အချို့ကတော့ ရသမျှ ကို အကုန်လှူဒါန်းလိုက်တယ်
အမျုးိမျုုးိပါဘဲ
လူတစ်ယောက် ရဲ့အပြုအမူပုံစံက မြန်မာပြည်လို အနေအထားနဲ့ပြောရရင်
မိဘ ဆွေမျိုးသားချင်း မိတ်ဆွေ ဆရာသမားတို့ရဲ့ သွန်သင်ဆုံးမမူ့အပေါ်မှာ
မူတည်ပြီး ပြောင်းလဲ သွားမယ်ထင်ပါတယ်။
ဝင့်ပြုံးမြင့်
August 28, 2015 at 8:45 pm
.မှန်ပါတယ် လေးပေါက်။
ဦးကြောင်ကြီး
August 29, 2015 at 9:19 am
အနော ်ဆို ဗိနားမှ အိမ်ငှားနေပိုက်မှာ…
Mike
August 29, 2015 at 10:14 am
.က ျုပ်က ျတော့ ဝန်ထမ်းမျိုးရိုးကဆင်းသက်လာတာဆိုတော့…ပညာကလွဲပီးဘာမှရစရာမရှိခဲ့…
.က ျုပ်ရဲ့မျိုးဆက်လေးတွေကိုလည်း ပညာပဲပေးစရာရှိတယ်…စီးပွားရေးနားမလည်
.ခုအလုပ်ကပင်စင်ယူရင်တောင်ဘာလုပ်စားရမှန်းမသိဘူး…ကလေးတွေကကေ ျာင်းမပီးလောက်သေးတော့
.ထိုင်စားလို့လည်းမဖြစ်သေး…ငိငိ
ဦးကြောင်ကြီး
August 29, 2015 at 11:40 am
အနော ်ရှိလှယ် ပါပါမိုက်…။ ဒီမှာ စတော ့ကစားတာ သမ်းနဲ့ခ ျီ မြက်နေပီ။ အဲလာ နောင်ရေးအတွက် ဆိတ်အေးခြင်ယင် ပါမိုက်လှ ျှာဖွေ ဆုစောင်းထားတဲ့ငွေတွေ အနော ်ပွားအောင်လှုပ်ပေးမြည်။ နောင်လည်း အမြွေဆိုပီး ပေးရမည့်တူတူ ဂုထဲက ပေးထားလှိုက်…
ဝင့်ပြုံးမြင့်
August 29, 2015 at 5:11 pm
.ဒါပေမယ့် ဦးကြီးမိုက်ကတော့ သားသမီးတွေကို ပညာအမွေ ထိထိရောက်ရောက် ပေးနိုင်မှာပါ။ ကျမကတော့ မလွယ်။
Mr. MarGa
August 29, 2015 at 12:14 pm
ဘယ်လို သုံးရမယ် ဆိုတဲ့ “အသိ” မရှိတာ…
ဘယ်လို သုံးရမယ် ဆိုတဲ့ “အသိ” ကို မရှာခဲ့တာ…
ဘယ်လို သုံးရမယ် ဆိုတဲ့ “အသိ” ကို အမွေမရခဲ့၊ မပေးခဲ့တာကြောင့် လို့ မြင်မိ…
ဝင့်ပြုံးမြင့်
August 29, 2015 at 5:20 pm
.မှန်ပါတယ် သဂျားရေ။ အမစဉ်းစားနေတာ အမသာ ခုနေ သိန်း ၁၀ဝ ထီပေါက်ရင် ၁ဝ ရက်နဲ့ကုန်မလား မသိဘူး။ အမက ငွေနဲ့ ပိုပြီးအသားမကျဘူး။
ဦးဦးပါလေရာ
August 29, 2015 at 11:40 pm
.တရုတ်တို့ ဟိန္ဒူကုလားတို့က မိသားစုကြီးစံနစ်ကို အခုထိဆက်ခံကျင့်သုံးဆဲဖြစ်တယ်..
.ဒီစံနစ်မှာ မကောင်းတာတွေ စိတ်တိုင်းမကျစရာတွေ စိတ်ဆင်းရဲစရာတွေ မတရားမမျှတတာတွေ အများကြီးရှိပါတယ်..
.ဒါပေမယ့် ဒီစံနစ်ရဲ့ အားသာချက်က မျိုးဆက်သစ်တွေကို ထိန်းရင်းကျောင်းရင်း ဖြည့်ဆည်းပေးရင်းနဲ့
.အခြေတကျ ဖြစ်တန်သလောက်ဖြစ်စေတယ်…။
.လူ့ဘဝရဲ့ အရေးအကြီးဆုံးအရာဖြစ်တဲ့ ရပ်တည်ရှင်သန်နိုင်ရေးကို ဇောင်းပေးတဲ့အတွေးအခေါ် စိတ်ဓါတ် အလေ့အကျင့်မျိုးကို ရိုက်သွင်းပေးတယ်…။
.ဆိုတော့…….
.အဲသည်ဓလေ့မျိုးက ဖွံ့ဖြိုးပြီး ချမ်းသာတဲ့ ဘဝအာမခံချက်ရှိတဲ့ လူတိုင်းလူလိုနေရတဲ့နိုင်ငံမျိုးတွေမှာမသင့်တော်
.ဒီမိုကရေစီစံနဲ့မကိုက် လူ့အခွင့်အရေးပေတံနဲ့ မမီ..
.သို့သော်….
.ကျုပ်တို့နိုင်ငံလို မနက်ဖန်ဘာဖြစ်မယ်မှန်းတောင်သေသေချာချာမပြောနိုင်တဲ့
.ငတ်မသေအောင် တသက်လုံး(လိုအပ်ရင်အသက်နဲ့ရင်းပြီး)လုပ်ရတဲ့ နိုင်ငံမျိုးမှာတော့
.တော်တော်အသုံးကျတယ်ထင်မိတယ်..။
ဝင့်ပြုံးမြင့်
August 30, 2015 at 6:01 pm
.ကျေးဇူးတင်လိုက်တာ ဦးဦးပါရေ။ ကျမ ပြောချင်တာ အဲဒါ။ မြန်မာပြည်မှာ အဲဒီလို စနစ်နဲ့မှ ရှင်သန်မယ်။ ခု ကြီးပွားနေတဲ့ တရုတ်တွေ မိသားစုကြီးစနစ်နဲ့သွားနေကြတာ။ ကျမ မအူရောက်စက လမ်းထိပ်မှာ ကုသလသားအဖ စက်ဘီးပြင်တယ်။ ခုဆို ကုသလလေး လူပျိုပေါက်ဖြစ်ပြီး ဆိုင်နဲ့ ကနားနဲ့ ဖြစ်နေပြီ။ ခုခေတ်က ဆံပင်ညှပ်ဆိုင်လေး ထဖွင့်တောင် အရင်လို ကတ်ကြေးရယ် ပညာရယ်နဲ့ မရတော့ဘူး။ ဆိုင်ခန်းဖိုးမပါ ပစ္စည်းတင် အောက်ထစ် သိန်း ၅ဝ လောက်ရင်းရတယ်။ ပညာ(အတွေ့အကြုံ ရယ်)၊ ဖောက်သယ်ရယ်(ဈေးကွက်ရယ်)၊ အချိန်ရယ်ပါ ထည့်ပေါင်းပြီး ရင်းရတယ်။ ဒါတွေမပါဘဲ လုပ်ငန်းသေးသေးလေး တစ်ခု ဖြစ်လာဖို့ ဆိုတာ မလွယ်ပါဘူး။
ဦးကြောင်ကြီး
August 30, 2015 at 12:02 am
တလှုပ်တွေရဲ့ မိသားဇု တံဖိုးထားစနစ်၊ စီးပွားလည်ပတ်ပုံစနစ် ပို့ခြမှု ကောင်းပါအိ.. သို့သော ်စဉ်းစားရမှာ သစ်မရှိဂင် ဝါးဘောင်ကွပ်ဆိုသလို ပိုမိုခေတ်မှီ တိုးတက်ပွင့်လင်းတဲ့ စနစ်၊အသိအမြင်၊အတွေးအခေါ် လေ့လာသင်ယူလို့ရနေခ ျိန်မှာ ပိုကောင်းတာကိုပဲ ယူစေခြင်သည်။ တလှုပ်တက်တာ အနှောက်ကမာ္ဘကြောင့်၊ သူတို့ မလိုခြင်တဲ့ ကုန်ထုတ်လုပ်ငန်းတွေ ပေးစားလိုက်လို့။ တကယ်လေ့လာ သင်ယူရမှာ တလှုပ်မဟုတ်.. သခင်ဂ ျီးတွေဆီက ဖြစ်တယ်။ အရှေ့တိုင်းသားမှ ယုန်တယ်ဆို ခူးရားဘက်ကဲရိုး မာစတာဂ ျီးတွေဆီကသင်။ ဘယ်ကောင်မှတော ့မကောင်းဘူး။ ကိုယ်တူ ကိုယ့်သား ကိုယ်အမ၊ညီမ ရလ ျင် အကုန်တီးသွားမြည့်ကောင်တွေခ ျည်း…။ ဒါဆို မြန်တ ျန့်ကရော ရလ ျင်မတီးဘူးလား.. သာဆိုးအူးမြည်။ တလှုပ် ဒဂယ်တော ်လ ျင် အနောက်တိုင်း ဈေးဂွက်မှာ လူစွာလှုပ်နိုင်ရမည်ပေါ့။ အာဆီယံမှာတင် မက ျယ်နဲ့လေ။ ကမာ္ဘ့စီးပွားရေး တလှုပ် ကိုင်လှုပ်တယ်ဆိုတာ အနောက်ကမာ္ဘက ရင်းနှီးမြှုပ်နှံထားလို့၊ အပေးအယူတွေရှိလို့ ဖြစ်တာ။ သူ့ဖာသာဆို မိသားစု စီးပွားရေးအဆင့်သာသာပဲရှိသည်။ ကော ်ပိုရိတ် ယဉ်ကေ ျးမှုဆီ မသွားနုိုင်သေး။ မြန်တ ျန့်တွေ သူတို့ကို အတုယူလ ျင် မိသားစု၊ ခရိုနီ စီးပွားရေး အဆင့်မှာတင် ရပ်နေမြည်။ တိုင်းပြည်အတွက်လည်း ထိုက်သင့်သလောက် အက ျိုးမဖြစ်။ ကိုရီးယားတောင် အဲဒီသဘော ဖြစ်သည်။ စွန့်စားရင်းနှီးမြှုပ်နှံမှု၊ စုပေါင်းစပ်ပေါင်း စီးပွားလုပ်ဆောင်မှု တွေဖြစ်ဖို့ဆို ယုံကြည်မှု လိုသည်။ မိမိအခြင်းခြင်း ယုန်နေလို့ မပီး သူတပါးကိုပါ ယုန်မှ လာဘ်တွဲလုပ်နိုင်မှ ခိုင်မာသော စီးပွားရေး အခြေခံဂေါင်းရမည်။
ဝင့်ပြုံးမြင့်
August 30, 2015 at 6:05 pm
.ကွန်မင့်အတွက် သိုင်းကျူးပါ။ ဒါပေမယ့် သိပ်တော့ နားမလည်ဘူး။
Shwe Ei
August 31, 2015 at 11:25 am
-အူးကျောင် ကွန်မန့်ကို +1 ပေးပါသီ 😛
လုံမလေးမွန်မွန်
August 31, 2015 at 3:02 pm
အမှန်အတိုင်းပြောရင် ခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတစ်ခု သိပ်လုပ်ချင်နေတယ်… ဒါပေမယ့် မလုုပ်တတ်သလို.. မလုပ်လည်း မလုပ်ရဲဘူး..
အကြောင်းရင်းကို ပြန်ကြည့်ရင် အမေက တစ်ဦးတည်းသောသမီး.. အဖေက အမေနဲ့ အိမ်ထောင်ကျတော့ အမေ့ဘက် ပါလာတယ်.. အမေ့ရဲ့ အမေကလည်း အသုံးအစွဲစေ့စပ်တယ်.. အဘိုးဆုံးတော့ သားအမိနှစ်ယောက် ရှိတာလေးတွေနဲ့ ဆွေမျိုးတွေဆီမှာ အပေါင်ခံတယ်.. လယ်လေး (၁၄) ဧကလောက်ကို သီးစားချထားတယ်.. ဆန်ရတယ်… အဖေ့အလုပ်က မချမ်းသာဘူး.. အမေနဲ့အဘွားရဲ့ အပေါင်ခံတဲ့ဝင်ငွေလေးကြောင့် လူတန်းစေ့နေနိုင်ခဲ့တယ်..
ဆိုတော့ အမေကလည်း ဘာစီးပွားရေးမှ မလုပ်တတ်ဘူး.. အဖေကလည်း လုပ်တတ်တဲ့ပညာလေးနဲ့ လုပ်တာကလွဲရင် စီးပွားရေး မကျွမ်းကျင်ဘူး.. အမေဆို အမြဲပြောတယ်.. ပိုက်ဆံများချမ်းသာရင် အလုပ်လုပ်မနေတော့ဘူး.. အပေါင်ခံစားမယ်… ဘဏ်အပ်မယ်တဲ့… တစ်သက်လုံး ဘာစီးပွားရေးမှ မလုပ်ခဲ့တဲ့အမေက ဘာမှ မလုပ်ရဲဘူး… အဲဒီတော့ အမေ့သမီးဖြစ်တဲ့ လုံမလည်း ဘာမှမလုပ်ရဲတာ သိပ်တော့ မဆန်းဘူး… အရင်းအနှီးကလည်း မစုမိဘူး… စိ်တ်ညစ်တဲ့ယ်.. (ခွက်ဒစ်တူ ဂီဂီ)
ဝင့်ပြုံးမြင့်
August 31, 2015 at 7:11 pm
.မွန်မွန်ပြောတာ ပိုတောင် သဘောပါသေး။ အမပြောတာကမှ လည်ထွက်နေသေးတယ်။
kai
August 31, 2015 at 3:16 pm
.. မဟာယာန.. ကြီးမြတ်တဲ့လမ်းကြောင်းနဲ့.. ဘဝနေမှုသွားကြည့်ပေါ့..
အောင်မြင်မယ်.. တိုးတက်မယ်..။ လက်ငင်းအကျိုးပေးမယ်..။ အကာလိကော.. တဲ့..။
ဒါမှမဟုတ်.. ဟိန္ဒူစစ်စစ်ရဲ့.. လမ်းအတိုင်းသွား..။
အဲ… သက်သတ်လွတ်စားရင်တောင်.. နွားနို့နဲ့..နို့ထွက်မလိုင်လေးတော့စား…။
စိနတိုင်းသား… အိနိ္ဒယသား.. အမေရိကန်.. အင်္ဂလိပ်.. ဂျပန်.. စသဖြင့်.. လူမျိုးကြည့်ဖို့ထက်.. သူတို့အတွေးအခေါ်မူလဘူတ.. ဘာသာရေး.. အယူအဆကိုလှမ်းနှိုက်သင့်တယ်.။
ငွေကြေးစီမံခန့်ခွဲပုံ.. အမွေခွဲပေးပုံ.. ဆရာမိဘ..တပည့်သားသမီးဆက်ဆံရေးကအစပေါ့…။